Wednesday, June 19, 2013

Homosexuality: Biblical Overview လိင်တူနှင့်သမ္မာကျမ်းစာ

လူသည် လွတ်လပ်မှု Freedom ကြိုက်နှစ်သက်သည်။ ဘုရား၊ ငွေ စသည်တို့ကို အလွန်လိုလားသော်လည်း လက်တွေ့တွင် လူအများစုသည် လွတ်လပ်မှုကို အထူးခင်တွယ်ကြသည်။ ယခုခေတ်တွင် Privacy ကို မထိပါးရန်၊ မည်သူမဆို မိမိကို အတင်းအကျပ်လုပ်ပါက မကြိုက်ကြ၊ မိမိစာအုပ်မပြောနှင့် မိမိတယ်လီဖုန်း မက်ဆေ့ခ်ျကို ဘေးလူက ခေါင်းငဲ့ကြည့်လျှင့် မိမိခင်ပွန်းသည်ပင်လျှပ် မကျေမနပ်ဖြစ်သော ခေတ်ကြီးဖြစ်သည်။ သားသမီး အလွန်ငယ်ရွယ်သူများကို မရိုက်နှက်ရန်
အစိုးရက ဥပဒေဖြင့်ကာကွယ်ပေးသည်။ စာရေးသူသည် အသက်ငယ်စဉ်က မိန်းမလျှာဆရာဝန်တစ်ဦး၊ ယောင်္ကျားသူနာပြုတစ်ဦး နှင့် ယောင်္ကျားလျှာ ဘော်လီဘောအားကစားမယ်တစ်ဦးတို့နှင့် အထူးခင်မင်ခဲ့ပါသည်။ မိန်းမလျှာနှင့်တော့ အတူမနေခဲ့သော်လည်း မိန်းမလျှာနှင့်အတူအိပ်မိသောကြောင့် ညတွင်းချင်းအိမ်ပြန်ပြေးရသည့် အတွေ့အကြုံရှိပါသည်။ နောက်ပိုင်းအတွေ့အကြုံများတွင် ဆန်ဖရန်စစ္စကိုရောက်စဉ်က Proposition 7 မဲပေးမှုကို၊ သမ္မတအိုဘားမား မဲပေးချိန် ၂၀၀၉တွင် ကြုံတွေ့ ခဲ့ရသည်။ ဆန်ဖရန်စစ္စကိုမှာ မြန်မာအသင်းတော်တွင် လိင်တူကိစ္စ ကျမ်းစာလေ့လာရင်း၊ ဆွေးနွေးရာတွင် စာရေးသူက ကျမ်းစာနှင့်မညီသဖြင့် ပြက်ပြက်သားသား နှိပ်ကွပ်ရမည်..ဟု မြန်မာစစ်အာဏာရှင်စရိုက်အတိုင်း ပြောကြားရာတွင်၊ မြန်မာအမျိုးသမီးတစ်ဦးနှင့်အမျိုးသားကြီးတစ်ဦးက ကိုယ့်သားသမီးတွေထဲမှာ ဒါမျိုးတွေရှိလာရင် ခင်ဗျားရဲ့ အယူအဆတွေ ပြောင်းလဲသွားပါလိမ့်မယ်...ဟု ချိုသာစွာ ဆွေးနွေးသွားကြသည်။ မိမိအိမ်တွင် အပတ်စဉ် အသက်၂၀လူငယ် ယောင်္ကျားလျှာ၊ မိန်းမလျှာ စိတ်ရှိနေသူ ၂၀ဦးခန့် ချက်ပြုတ်စားသောက်၊ပျော်ပွဲလုပ်နေသော လူငယ်များနှင့် မလွဲမရှောင်သာ တွေ့နေရသော စာရေးသူမှာ ဘာမှမပြောနိုင်တော့ပါ။ သြော်...သူတို့ဆီမှာ ဒါလောက်တောင် လွတ်လပ်မှုကို ခွင့်ပြုနေပြီလား...ဟု တွေးတောမိသည်။ မိမိပတ်ဝန်းကျင် ဆွေမျိုးများတွင် ဒါမျိုးမရှိဟု ကျေးဇူးတော်ချီးမွမ်းနေစဉ် မြန်မာပြည်မှ တူမဖြစ်သူ ယောင်္ကျားရှာနှင့်သူငယ်ချင်းမလေး အတွဲအတူနေထိုင်ကြသည်ကို ကြုံမိသောအခါ စိတ်ပျက်ရသည်။ စင်ကာပူမှ လူငယ်တစ်ဦးက MRT ပေါ်မှာ ဗလတောင့်တောင့် မိန်းမလျှာလူငယ်အတွဲ ချစ်ကြည်နူးယုယနေသည့်ကို တွေ့ကြောင်းပြောပြသည်။ အမေရိကန်သမ္မတအိုဘားမားက ဖခင်များနေ့အတွက် အိမ်ဖြူတော်ကို ဖိတ်ကြားမည့် မိန်းမလျှာစုံတွဲ၊ သူတို့မွေးစားထားသည့် ၃နှစ်ခန့်သားငယ်လေးပုံကို မြင်သောအခါ ထိုသတင်းကိုပေးပို့သော DENISON FORUM သို့ ကျမ်းစာနှင့်မညီညွတ်ကြောင်း အကြောင်းပြန်ရာ၊ သူတို့က လစ်ဘရယ်ခရစ်ယာန်မဟုတ်ကြောင်း၊ သူတို့ပို့ပေးသော ဆောင်းပါးကို အကျဉ်း ဘာသာပြန်လိုက်ပါသည်။

ရေးသူ၊ ဒေါက်တာဒယ်နီဆင်
ကျွန်ုပ်သည် ကျမ်းစာအနက်ဖွင့်၊ဘာသာပြန်မှု သင်ခဏ်းစာများကို
Southwestern Baptist Theological Seminary ပိုချခဲ့သည်။  လိင်တူပြဿနာ ကို ကျမ်းစာနှင့်အညီ လေ့လာရာတွင် လိင်တူနှင့်ကျွန်  (Homosexuality  & Slavery) ဟုနှိုင်းယှဉ်သုံးသပ်ပါမည်။ အကယ်ဒမစ် ပညာရှင်များရေးသားချက်ကို ကိုးကားပါမည်။

အပြစ်နှင့်သောဒုံမြို့တွင် လောတက ကောင်းကင်တမန်ကဲ့သို့ လူများကို သောဒုံမြို့သားများက မိန်းမလျှာကဲ့သို့ ဆက်ဆံလိုသည်ဟု တောင်းဆိုချက် ကမ္ဘာဦးကျမ်းတွင် ရေးထားသည်။ ထိုစဉ်ကတည်းက လိင်တူဆက်ဆံခြင်းသည် အပြစ်ဟု သတ်မှတ်ခဲ့သည်။

ဝတ်ပြုရာကျမ်းတွင်လည်း လိင်တူမဆက်ဆံရန် အတိအလင်း တားမြစ်ထားသည်။ ထိုအပြစ်ကို ကျူးလွန်သူများ သေဒဏ် အပြစ်ပေးရမည်ဟု ရေးထားသည်။ ယခုခေတ်တွင် သေဒဏ်မပြောနှင့် အပြစ်ဟုပင် မယူဆသည့် လွတ်လပ်သော အတွေးခေါ်များ လူမှုရေး၊ နိုင်ငံရေးတို့တွင်သာမက ဘာသာရေးတွင်ပင် ထိုးဖေါက်လာသည်။ ရှေးတုံးကနှင့် ယခု မတူသည့်အတွက် ဓမ္မဟောင်း ဖေါ်ပြချက်များ ယခုခေတ်နှင့် အကျုံးမ၀င် ဆိုသူများ ပေါ်လာပါသည်။

ကျွန်စနစ်အကြောင်းကို ဓမ္မဟောင်းတွင် များစွာ ရေးထားသည်။ ကျူးလွန်သူဦးခေါင်းကို ထိုသူ၏ သွေးတွင်နှစ်ထားရမည် ..ဟု ပြင်းထန်စွာရေးထားသည်။ ထိုခေတ်က ကျွန်စနစ် နည်းဥပဒေ၊ လုပ်ထုံးဥပဒေများမှာ သာမန်လူနားလည်ဖို့ မလွယ်ပါ။ ဂျူးလူမျိုးချင်း၊ အခြားတိုင်းနိုင်ငံများ ကျွန်ပြုမှု စစ်ရှုံးသောကြောင့် ကျွန်ဖြစ်ရခြင်း၊ လူမျိုးချင်းပြိုင်ဆိုင်မှုတွင် ဥပမာ အီဂျစ်နိုင်ငံတွင် ဂျူးလူမျိုးမျာ နှစ်၄၀၀ ကျွန်ခံရခြင်း၊ အကြွေးမဆပ်နိုင်သဖြင့် ကျွန်အဖြစ်သိမ်းခံရခြင်း..စသည်တို့ရှိသည်။ ကျွန်ကို သတ်ပိုင်ခွင့်ရှိသည်ဆိုသော်လည်း မတရားသတ်ဖြတ်မှု မလုပ်ရ။ ဂျူးလူမျိုးချင်း အကြွေးမဆပ်နိုင်တော့သည့် ခိုင်လုံသောအချက်ရှိပါက ၇နှစ်တွင် လျှော်ပစ်ရမည်..စသည့် ဥပဒေများ၊ ထိုခေတ်တိုင်းပြည်များက ကျင့်သုံးကြသည်။ ကျေးပိုင်ကျွန်ပိုင်စနစ်ဖြစ်သည်။ ဓမ္မသစ်ခေတ်တွင် ကျေးကျွန်စနစ် ကျင့်သုံးသော်လည်း ရေးသားထားမှု နည်းပါးသည်။ ထိုကာလ ရောမအင်ပါယာ အလွန်တန်ခိုးထက်မြက်ချိန်ဖြစ်ပြီး၊ လက်အောက်ခံဒေသများ၊ အာဏာပိုင်များ ညိုငြင်ပါက ကြီးမားသောအပြစ်ဒဏ်များကျရောက်နိုင်သဖြင့်၊ ဓမ္မသစ်တွင် ရေးသားချက်နည်းသည်။ ဂျူးလူမျိုးများ ပုန်ကန်မှုကြောင့်ကို ယေရုဆလင်ဗိမာန်ကို ရောမစစ်တပ်က အပြီးတိုင်ဖျက်ဆီးပြီး ဂျူးလူမျိုးများ နိုင်ငံပျောက်ဖြစ်ရခြင်းကြောင့် ကျွန်စနစ်အကြောင်း ဓမ္မသစ်တွင် များစွာမပါခြင်းမှာ ဘုရားအလိုတော်ဖြစ်၏။ ကျွန်စနစ်ကို ဓမ္မသစ်ကျမ်းစာက ငြင်းခုံပါသလား မေးလျှင် မငြင်းသည့်အပြင်၊ ထောက်ခံထားသည်ပုံစံတွေ့နိုင်သည်။  (ယခုခေတ်တွင်ပင် တရားမ၀င်လာရောက်သူများ၊ ပြည်တွင်းဆင်းရဲသောလူတန်းစားများသည် ခေတ်သစ်ကျွန်ပင်ဖြစ်သည်။ စာရေးသူ)

လိင်တူဆက်ဆံသူများကို ဓမ္မဟောင်း ပြစ်ဒဏ်မှာ သေမိန့်ပင်ဖြစ်သည်။ ဓမ္မသစ် ရောမသြ၀ါဒစာစောင်တွင် လိင်တူဆက်ဆံမှုများကို အပြစ်အဖြစ် ဒဏ်ပေးရမည်ဟု အတိအလင်း ဆိုထားပါသည်။ ဓမ္မဟောင်းအပြစ်ဒဏ်ကဲ့သို့ ပြင်းထန်စွာ ရေးမထားပါ။ ကောရိန္တုသြ၀ါဒစာစောင်တွင်လည်း လိင်တူကိစ္စ ကျူးလွန်သူကို ဘုရားသခင်နိုင်ငံတော်အတွက် အနှောက်ရှက်များဟု ရေးသားထားသည်။ ဓမ္မသစ်ရေးသားချက်များမှာ ဂရိဘာသာဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာပြန်ရာတွင် စာလုံးအသုံးအနှုန်းများ ကြောင့်၊ အဓိပ္ပါယ်အတိကျ ရရန် သေချာစွာလေ့လာရမည်ဖြစ်သည်။

ခြုံငုံသုံးသပ်ချက်
ကျွန်ုပ်သည် ယောင်္ကျားလျှာမဟုတ်၊ မိသားစုတွင်လည်း လိင်တူမရှိ၊ လိင်တူများ၏ ဘ၀ကို နားမလည်ပါ။ သို့ဖြစ်ပါလျှက် အဘယ့်ကြောင့် ကျွန်ုပ်သည် လိင်တူများကို စီရင်ရင်သနည်း။ သူများတွေ (ကိုယ့်ကို) မထိခိုက်ဘူးဆိုရင် လူငယ်တွေ လုပ်ကြပါစေ ..ဟု လူအများတို့က ဖာသိဖာသာ နေကြသည်။ (ဟောင်ကောင်ဘီလျံနာသူဌေးသမီး Gigi Chao ယောင်္ကျားလျှာ ဘ၀မှ လက်ထပ်ယူမည့်ယောင်္ကျား ဒေါ်လာ၄၆သန်းဆုငွေချမည်ဟု ဖခင်ကြော်ငြာစာထုတ်။ စာရေးသူ)။ ဘုရားသခင်အလိုတော်ပဲ..ဟု နေမြဲနေထိုင်မှုသည် ဖာသိဖာသာ ခွင့်ပြုခြင်းဖြစ်သည်။ အချို့ကလည်း လိင်တူ ပတ်ဝန်းကျင်နှင့် ဝေးစေလိုသည်။ မည်သူက လိင်တူဆက်ဆံသူတစ်ဦးနှင့် ရင်းနှီးသောမိတ်ဆွေဖြစ်လိုပါနည်းဟု မေးခွန်းကို မည်သို့ဖြေမည်နည်း။ သုံးသပ်ချက်မှာ
၁။ လိင်တူဆက်ဆံခြင်းသည် ကျမ်းစာနှင့်မညီသော အပြစ်ကြီးတစ်ခုဖြစ်သည်။ Mark 3:29
၂။ ထိုသို့ဆိုလျှင် လိင်တူဆက်ဆံသူကို ရှောင်ဖယ်မည်လော။ (သို့မဟုတ်) အပြစ်တင်ရှုံချမည်လော။

နိဂုံးချုပ်ခြင်း
ဤစာကို အထူးသဖြင့် လိင်တူဆက်ဆံသူ ၏ မိခင်၊ ညီအစ်ကိုမောင်နှမများ၊ မိခင်ကိုကွာရှင်းပြီး မိမိလိင်တူဘ၀ဖြစ်သည်..ကြေငြာသော ဖခင်၏ သား၊ အသင်းတော်မှာ ထွက်ခွာသွားသော လိင်တူများ၏ ရင်းနှီးသောသူငယ်ချင်း၊မိတ်ဆွေများကို ဦးတည် ရေးသားပါသည်။

ပထမအချက်။  ဘုရားသခင်သည် အားလုံးကိုချစ်သည်။ (၁ပေ၃း၉၊ ယော၃း၁၆)။ ကျမ်းစာနှင့်မညီသော အကျင့်ဖြစ်ပါစေ..ဘုရားသခင်သည် သူ့ကိုချစ်သည်။

ဒုတိယအချက်။ လိင်တူဆက်ဆံသူလည်း ထိုက်တန်သည့် ဂုဏ်သိက္ခာ၊လေးစားမှု ရသင့်သည်။
တတိယအချက်။  ဂုဏ်သိက္ခာ၊လေးစားမှုနှင့် အပြည့်ဝ မချစ်နိုင်ခြင်းမှာ၊ ကျမ်းစာနှင့်မညီသောကြောင့်ဖြစ်သည်။ သူတို့ကို ပွင့်လင်းစွာ၊ ကျမ်းစာနှင့်မညီကြောင်းကို ချစ်မေတ္တာထားပြီး ပြောပြရမည်။ ဆုတောင်းပေးရမည်။ သူတို့အတွက် နောင်တရခြင်းနှင့်ဘ၀ပြောင်းလဲခြင်းဖြစ်ရန် လိုအပ်သည်။

ကျမ်းစာ ၁ကော၆း၁၀တွင်  ..မတရား သောမေထုန်၌မှီဝဲသောသူ၊ ..ဆိုသည်မှာ လိင်တူဆက်ဆံခြင်းကို ဆိုကြောင်း၊ အပိုဒ်၁၁တွင် အထက်ကသင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း၊ ယခုတွင် ယေရှုခရစ်၏ နာမတော်အားဖြင့်၎င်း၊ ငါတို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်၎င်း၊ ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ ..ဟု ဖေါ်ပြထားသည်။ သူတို့ကို ကယ်တင်ချင်လျှင် မိမိကိုယ်တိုင်၊ နှုတ်ကပတ်တော်အတိုင်း၊ ခရစ်တော်အတိုင်း အပြည့်အ၀ စွန်လွတ်အနစ်နာခံရမည်။ ခရစ်တော်ပုံသက်သေနှင့်  မိမိကိုယ်တိုင် နေထိုင်ဖို့ လိုသည်။ မိမိချစ်သော လိင်တူဘ၀ရောက်နေသူအား ပြောင်းလဲစေရန် ကျွန်ုပ်၏အကြံပြုချက်ဖြစ်သည်။

နောက်ဆုံး အကြံပြုချက်တစ်ခု ပြောလိုသည်။ လိင်တူအသိုင်းဝိုင်း များစွာမှ ခုခံမှု၊တွန်းအားများစွာ ရှိသည်။ သူတို့သည် လိင်တူမျိုးရိုးဗီဇကြောင့် သူတို့မှာ လိင်တူဘ၀ဖြင့် နေထိုင်ဆက်ဆံခွင့်ရှိသည် ..ဟု ဆိုသည်။ မှန်ပါသည်။ သို့သော် လိင်တူအကျင့်သည် ကျမ်းစာအားနှင့် မကိုက်ညီကြောင်း ရှင်းလင်းစွာ ရေးထားပါသည်။ သူတို့ လုပ်ကိုင်မှုများသည် ဘုရားသခင်အလိုတော်မှ လုံးဝသွေဖယ်သွားမည်။ ဘေးအန္တရယ်များသော လမ်းကို ဦးတည်နေသည်။ ကျွန်ုပ် ဆန္ဒမှာ အပြစ်လုံးဝ မတင်ပါ။ သို့သော် ကျမ်းစာနှင့်မညီကြောင်းကိုသာ ချစ်မေတ္တာဖြင့် ပြောလိုသည်။

ဤစာစောင်ဖတ်ရသူများထံမှလည်း ဆုတောင်းပေးမှု တောင်းဆိုပါသည်။ ယခု ကျမ်းပိုဒ်များမှ လိင်တူ မိသားစုများအတွက် အနာရေးဂါကင်းခြင်း၊ မျှော်လင့်ခြင်း၊ နှလုံးသာအိမ်များမှကူညီမှု၊ လိုအပ်ပါသည်။ အတွင်းမှအတွေးခေါ်ဒီဂရီများသည် ပြင်ပမှမီးအပူအားထက် ပိုပြီးပူလောင်ပါသည်။ ဆုတောင်းပေးသူများ ၏အဖြေလိုအပ်ပါသည်။



ကျမ်းချက်များ။
Genesis 19,  ကမ္ဘာဦး ၁၉   The two angels arrived at Sodom in the evening, and Lot was sitting in the gateway of the city. When he saw them, he got up to meet them
Leviticus 18:22,  ၀တ်ပြုရာကျမ်း ၁၈း၂၂ 
" 'Do not lie with a man as one lies with a woman; that is detestable.
Deuteronomy 23:17-18, တရား ၂၃း၁၇-၂၈  which outlaws all prostitution
Romans 1:26-27, ရောမ ၁း၂၆-၂၇   shameful lusts
 


1 Corinthians 6:9-10  ၁ကော၆း၉-၁၀   Neither the sexually immoral nor idolaters nor adulterers nor male prostitutes nor homosexual offenders


ကိုးကားချက်။
Homosexuality: a biblical overview  စာရေးသူ၊ ဒေါက်တာဒင်နီဆင် Dr. Denison
http://www.denisonforum.org/morality/24-homosexuality-a-biblical-overview.

1 comment:

Witmone said...

အမေရိကန်ပြည်ထောင်စုအတွင်းမှာ နိုင်ငံသားလူတန်းစားအစုံကြား အငြင်းပွားနေရတဲ့ လိင်ကွဲသူချင်းသာလက်ထပ်ထိမ်းမြားမှု ကာကွယ်ရေးဥပဒေ (Defense of Marriage Act – DOMA) နဲ့ ကယ်လီဖိုးနီးယားက လိင်တူချင်းလက်ထပ်ခွင့် ပိတ်ပင်တဲ့ဥပဒေ (Prop 8) ကို အမေရိကန်ရဲ့ ပြည်ထောင်စု တရားရုံးချုပ်က ယမန်နေ့ ဇွန် ၂၆ က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

တရားရုံးတော်က လိင်ကွဲသူချင်းသာ တရားဝင်လက်ထပ်ခြင်းမြောက်တယ်ဆိုတာကို ပယ်ချလိုက်ပါတယ်။ ပြီးတော့ လိင်တူချင်းလက်ထပ်ခွင့်ကို ပိတ်ပင်တဲ့ကယ်လီဖိုးနီးယားဥပဒေကိုလည်း ပယ်ချလိုက်တာ ဖြစ်ပါတယ်။ သည်တော့ ပြည်ထောင်စုအဆင့် (Federal) မှာ လိင်တူ အချင်းချင်းပဲဖြစ်ဖြစ် လိင်ကွဲတွေအချင်းချင်းမှာပဲဖြစ်ဖြစ် လူ ၂ ဦးကြား၊ တရားဝင်လက်ထပ်ခွင့်ရှိတယ်ဆိုတာကို လက်ခံလိုက်တဲ့ သဘောဖြစ်သွားပါတယ်။
မိုးမခ ၂၈-ဇွန်-၂၀၁၃
http://moemaka.com/archives/35908