Tuesday, July 29, 2014

စံချိန်မီခရစ်ယာန်အသက်တာ (Watchman Ngee - ဂျီဇော်ခွန် ဘာသာပြန်သည်)။

ကျမ်းစာသင်တန်းများက သင်ကြားချက်များကို လက်တွေ့အသုံးပြုဖို့ အလိုအပ်ဆုံးကတော့ ဝိညဉ်တော် ရရှိခြင်းဖြစ်ပါတယ်။ ကယ်တင်ခြင်း ရရှိပြီးတဲ့ ခရစ်ယာန်တစ်ယောက်က ဧဝံဂေလိသိပ်လုပ်ချင်ပါတယ်။ တစ်ခြားလူတစ်ယောက်ကို ကယ်တင်ခြင်းရစေချင်၊ ခရစ်ယန်ဖြစ်စေချင်လို့ ကျမ်းစာကျောင်းများမှာ ၉နှစ်ကျော် မြန်မာဓမ္မဆရာတစ်ဦးရဲ့ ကြိုးပမ်းချက်ဟာ၊ မအောင်မြင်ပါဘူး။ အလားတူ ကမ္ဘာကျော် ဆရာကြီးများလည်း အစမကောင်းခဲ့ပါဘူး။ မြန်မာဓမ္မဆရာဟာ ဘာဘွဲ့မှမရှိ၊ ကျမ်းစာကျောင်းလဲ မတတ်ဖူးတဲ့ ဓမ္မဆရာတစ်ဦး လူတွေရဲ့ ဝိညာဉ်ရေးကို ပြောင်းလဲပေးနေတာ တွေ့ရတော့၊ အံ့သြမိပါတယ်။ ဘုရားကို ဘာကြောင့်လဲလို့ ဆုတောင်း၊မိတ်သဟာရပြုပြီး အချိန်များစွာကြာမှ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို ရရှိခဲ့ပါတယ်။ ကိုယ်တိုင်တောင်မှ ဝိညာဉ်တော် မရနိုင်သေးဘူးဆိုရင် တခြားလူကို တကယ်ပြောင်းလဲပေးနိုင်ဖို့ မဖြစ်နိုင်ပဘူး။ နှစ်ခြင်းပေးနိုင်ခဲ့ရင်လဲ အမည်ခံ ခရစ်ယန်ပဲ ရမှာဖြစ်ပါတယ်။ ကိုယ်တိုင်က ဝိညာဉ်တော်ရရှိမှ (အပြစ်လွှတ်ခြင်းခံရပြီးမှ) တကယ် အသီးမသီးနိုင်ပါမယ်။
.
ခရစ်တော်နဲ့တည်ခြင်း Live in Christ ဖြစ်ဖို့ဆိုတာ နောင်တ၊ ကယ်တင်ခြင်း၊ ဗတ္တိဇံ၊ ဝိညာဉ်တော်ရရှိခြင်း အဆင့်ဆင့်ကို ကျော်လွှားရပါတယ်။
၁။ သိခြင်း
၂။ သိမှတ်ဝန်ခံခြင်း
၃။ ဘုရားသခင်ထံ မိမိကိုယ်ကို အပ်နှံခြင်း
၎။ ဝိညာဉ်တော်နှင့် လျှောက်လှမ်းခြင်း လို့ စံချိန်မီခရစ်ယာန်အသက်တာ စာအုပ်မှာ ရေးပါတယ်။
.
ကယ်တင်ခြင်းရပြီးတဲ့ ခရစ်ယာန်အများစုဟာ ဝိညာဉ်တော်ရအောင် ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဘုရားကျောင်းတက်၊ ဆယ်ဖို့တစ်ဘို့ထည့်၊ လှုဒါန်ခြင်း၊ စတဲ့ဘုရားအမှုတော်များစွာ နဲ့ ကြိုးစားကြပါတယ်။ ကောင်ပါတယ်။ တကယ်တော့ ဝိညာဉ်တော်ဟာ မိမိအထဲမျာ ရှိနေပြီးသားဆိုတာ မသိကြတာ ဝမ်းနည်းစရာကောင်းပါတယ်။
.
ဝိညာဉ်တော်ရခြင်းဟာ၊ အပြစ်လွှတ်ခံရခြင်းနဲ့ အတူတူဖြစ်ပါတယ်။ ယေရှု ကားတိုင်ပေါ်မှာ အသေခံပြီး၊ အသွေးသွန်းလောင်းသွားခြင်းကို လက်ခံတဲ့အတွက် ဝိညာဉ်တော် ရရှိခြင်းဖြစ်ပါတယ်။
.
အရေးကြီးဆုံးကတော့ မိမိရဲ့ ဆုတောင်းခြင်းများဟာ ချီးမွမ်းခြင်းအဖြစ် ပြောင်းလဲသွားခြင်းနဲ့ ဝိညာဉ်တော်ရရှိကြောင်း သိနိုင်ပါတယ်။ ဝိညာဉ်တော်ရရှိရင် အတွင်းသက်သေ၊ စကားသက်သေ၊ အပြင်သက်သေ ၃မျိုးစလုံး ပြောင်းလဲသွားပါတယ်။
.
ချီးမွမ်းခြင်းဟာ ဘုရားဂုဏ်တော်၊ အံ့သြဘွယ်များ၊ ကောင်းမြတ်ခြင်းများကို နှုတ်ကပတ်တော်နဲ့အညီ ဖေါ်ကျူးခြင်းဖြစ်ပါတယ်။ ဆုတောင်း၊ ငြိမ်သက်စွာဝတ်ပြုခြင်းများမှာ ရွှေငွေ၊ တိုက်အိမ်၊ ကားများကို တောင်းဆိုနေခြင်းဟာ သမ္မာကျမ်းစာမှာ လုံးဝရှာလို့ မတွေ့ပါဘူး။ သမ္မာကျမ်းစာမှာ မပါတဲ့ ဆုတောင်းနည်းတွေကို ဆက်ကာ၊ ဆက်ကာ တောင်းနေခြင်းဟာ ကယ်တင်ခြင်းရတဲ့ ခရစ်ယာန်ဘဝက ကြီးထွားရင့်ကျက်မှုမရှိခြင်းကို ပြပါတယ်။ ယုံကြည်သူများအတွက် သူတို့လိုအပ်တဲ့ လောကအရာများကို ဓမ္မဆရာများက ဆုတောင်းပေးရတာလည်း နှစ်သိမ့်မှုပေးရန်အတွက်ဖြစ်ပါတယ်။
.
သမ္မာကျမ်းစာ (နှုတ်ကပတ်တော်) ဆုတောင်းချက်က စိတ်ဒုက္ခများ၊အနာရောဂါငြိမ်းခြင်း၊ သက်သာရစေခြင် များအတွက် ဆုတောင်းချက် များစွာရှိပါတယ်။ ဥစ္စာပစ္စည်းရရှိဖို့ ဆုတောင်းပေးတာမျိုး ကျမ်းစာမှာ မရှိပါဘူး။ ကျမ်းစာမှာ မပါတဲ့အရာများကို ချဲ့ထွင်၊ ကိုယ့်ထင်သလို ဆွဲသုံးနေသူများဟာ စာတန်ရဲ့လက်အောက် ရောက်သွားနိုင်ပါတယ်။ မိစ္ဆာာပရောဖက်များအဖြစ် ရောက်သွားနိုင်ပါတယ်။ ဝိညာဉ်တော် ရတယ်လို့ထင်နေတာ တကယ့်သန့်ရှင်းသော ဝိညာဉ်မဟုတ်ပဲ၊ ဝိညာဉ်ဆိုး၊ စာတန်၊ မှောင်မိုက်တန်ခိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကခုန်၊ သီဆို ချီးမွမ်းခြင်းနဲ့ ဝိညာဉ်ရပြီ ဆိုတဲ့ ယုံကြည်သူများ နှုတ်ကပါတ်တော် ပါလာဖို့ အလွန်အရေးကြီးပါတယ်။
.
ရောမသြဝါဒစာစောင်ဟာ ရှင်ပေါလုရဲ့ ဝိညာဉ်တော်ရခြင်းအကြောင်း သွန်သင်ပြသတဲ့ ကျမ်းစာဖြစ်ပါတယ်။
- ခရစ်တော်၏အသွေးတော်
- ခရစ်တော်၏ ကားတိုင်
- သိခြင်း၊ သိမှတ်ဝန်ခံခြင်း၊ ကားတိုင်ဖြင့် ပိုင်းခြားခြင်း
- တိုးတက်မှု၊ ဘုရားသခင်ထံအပ်နှံခြင်း
- သန့်ရှင်းသောဝိညာဉ်တော်
- တိုးတက်မှု၊ ဝိညာဉ်တော်နှင်လျှောက်လှမ်းခြင်း
- ဇာတိစိတ်နှင့်ကားတိုင်
- တိုးတက်မှု၊ ကားတိုင်ထမ်းခြင်း
- ဧဝံဂေလိတရား၏ပန်းတိုင်.. စသဖြင့်ရေးထားပါတယ်။
.
အားလုံး သန့်ရှင်းသော ဝိညာဉ်တော်နဲ့ လျှောက်လှမ်းပါစေ။ မုရန်...
.
.
(မှတ်ချက်၊ စင်ကာပူရောက် ဓမ္မဆရာများဖြစ်သော ဆရာအောင်နိုင်၊ ဆရာမျိုးသူ၊ ဆရာကွယ်ဝါး၊ ဆရာမိုးဇက်ဖ၊ ဆရာချိုမနားလိန်း ..စသည်တို့နှင့်၊ Non - Prosperity Gospel တရားဒေသနာများကို မှီညမ်းတင်ပြပါသည်)။
Book Review - Normal Christian Life
http://www.slideshare.net/murannezine/watchmanngee

No comments: