Sunday, September 28, 2014

မလုံတလုံဝတ်ပြီး ဆွဲဆောင်ခြင်းများမှ ကင်းလွတ်ချင်ပါသလား

Bible Genesis:   joseph and potiphar's wife
တနေ့ အလုပ်ထဲမှာဝန်ထမ်းအမျိုးသမီးတစ်ယောက် ရင်သားပြူးအောင်ဝတ်ဆင်ထားတာကို ဝန်ထမ်းစားသောက်ဆိုင်မှာ သတိပြုမိတယ်။ စားသောက်သူ ဝန်ထမ်းတစ်ရာခန့်လည်း သတိပြုမိပေမဲ့၊ မသိဖာသာပဲနေကြပါတယ်။ သူငယ်ချင်းအမျိုးသားဝန်ထမ်း တစ်ဦးကို.. အေးကွာ.. အလုပ်ခွင်ထဲမှာ ဒီလိုပြူးနေအောင်ဝတ်တာတော့ မကောင်းဘူးထင်တယ်... လို့ပြောမိပါတယ်။ သူငယ်ချင်းက ... ကြည့်သောသူမြင်တယ်လေ... လို့ပြန်ပြောပြီး၊ မသိသလိုပဲ၊ သူ့ဖာသာစားသောက်နေတယ်။ အင်းလေ..မိန်းကလေးကို နှာဘူးစိတ်ကူးသူလို့ ထင်ခံရလဲ မတတ်နိုင်ဘူး။ ယောင်္ကျားတိုင်း နှာဘူးပေမဲ့၊ လူရှေ့သူရှေ့တော့ ခပ်တည်တည်ပေါ့။ ဒါကြောင့် အခု ၂၀၁၄ မှာ စင်ကာပူ ရထား၊ ဘတ်စကားတွေမှာ မိန်းမတွေ ဘောင်းဘီတိုတိုဝတ်ပြီး အလုပ်သွားလာနေကြတာကို နည်းနည်းဆွေးနွေးကြည့်ချင်လာပါတယ်။
ဘတ်စ်ကားပေါ်မှာ အမျိုးသမီးတစ်ဦး၊ ဘောင်ဘီတိုနဲ့ပိန်ညောင့်နေတဲ့ မိန်းကလေးငယ်ကို တွေ့တယ်။ ဘတ်စ်ကားပေါ်က ဆင်းတော့ သူ့နောက်ကလိုက်ဆင်းရင်း၊ ကိုယ့်ဘေးက အမျိုးသားသူငယ်ချင်းကို မေးလိုက်မိပြန်ပါတယ်။ ...မိန်းမတွေ ဘာကြောင့်ဘောင်းဘီတိုတိုလေးတွေ ရုံးသွားတာတောင်ဝတ်ကြသလဲ မသိဘူး... လို့ပြောမိတယ်။ အမျိုးသားမိတ်ဆွေက သူတို့ယောင်္ကျားတွေ နောက်မိန်းမရအောင် လုပ်နေတာဖြစ်မှာပေါ့...လို့ ရယ်စရာပြောလိုက်ပါတယ်။
တကယ်တော့ မိန်းမအများစုဟာ သူတို့ကို ယောင်္ကျားတွေစိတ်ဝင်စားအောင် လှလှပပဝတ်ဆင်ကြပါတယ်။ ဒါက မိန်းမသဘာဝ လှပချင်တာပါပဲ။ ဒါပေမဲ့ သူတို့ ရင်၊ တင်တွေကို ပေါ်လွင်အောင် တင်းကျပ်အင်္ကျီ၊ ထမီတွေ ဝတ်ဆင်ကြတာကိုလည်း လက်ခံလို့ရပါတယ်။ အခုခေတ်မှာတော့ ဘောင်းဘီတို၊ ပေါင်အတွင်းသားအထိပေါ်အောင်၊ လက်မောင်း၊ရင်သားပေါ်အောင် ဝတ်ဆင်တာတွေ ဘတ်စကား၊ ရထားတွေမှာ တွေ့ရတော့ စိတ်ပျက်မိပါတယ်။ ယောင်္ကျားသဘာဝ ကြည့်ချင်တာတော့ ယောင်္ကျားတိုင်းဆန္ဒဖြစ်ပေမဲ့၊ လူတွေ စာရိတ္တပျက်ပြားလာပြီး ကျောက်ခေတ်ကိုများ ပြန်သွားနေပြီလို့ပဲ ကောက်ချက်ချချင်ပါတယ်။

တိရိစ္ဆာန်နှင့်လူ ဘာကွာပါသလဲ
ဒီမေးခွန်းကို အမျိုးမျိုးဖြေနိုင်ပါတယ်။ လူတွေမှာ စဉ်းစားတတ်တယ်။ အရှက်ရှိတယ်။ အဝတ်အစားဝတ်တယ်၊ စားဝတ်နေရေး အခြေခံလိုအပ်ချက် ၃ခုကို ကိုယ့်ဖာသာဖန်တီးတယ်။ စားဖို့စိုက်ပျိုး၊မွေးမြူတယ်၊ ဝတ်ဖို့ အဝတ်ထည်ချုပ်လုပ်တယ်။ နေဖို့ အိမ်ဆောက်တယ်။ တိရိစ္ဆာတွေ စားဝတ်နေရေးအတွက် လူလိုမျိုး မဖန်တီးနိုင်ပါဘူး။ နောက်ဆုံး ပြောရရင်တော့ လူမှာစဉ်းစားဥာဏ်ရှိတယ်လို့ အဖြေတစ်ခုကိုပဲ ရွေးရပါမယ်။ ဗုဒ္ဓဘာသာမှာတော့ တိရိစ္ဆာန်ဆိုတာ အပယ်၎ပါးမှာ ပါတယ်လို့ဆိုပါတယ်။ ဘယ်သူမှ တိရိစ္ဆာဘဝ မဖြစ်ချင်ပါဘူ။ ဒါပေမဲ့ လူ့ဘဝမှာ၊ စားမယ်၊ အိပ်မယ်၊ မေထုံမှီဝဲမယ် အဲဒီ ၃မျိုးကိုပဲ ဦးစားပေးပြီးအသက်ရှင်နေတဲ့ လူတွေ အရမ်းများပါတယ်။ မိန်းမတွေ အဝတ်အစားလှပရုံတင်မက ခန္တာအတွင်းအင်္ဂါတွေ ပေါ်လွင်အောင် ရင်၊လက်မောင်း၊ပေါင်၊ခြေသလုံး လူမြင်အောင်။ ငရံ့ကိုယ်လုံးဖြစ်အောင် ဝတ်ဆင်သွားလာခြင်းကို Sexy လိင်စိတ်နှိုးထစေတယ်လို့ ပြောကြပါတယ်။
ဒီတော့ အခုမိန်းမအချို့ ပေါင်၊ရင်၊လက်မောင်းသားတွေ ထုတ်ဖေါ်၊တင်းကြပ်စွာ ဝတ်ဆင်ခြင်းဟာ ယောင်္ကျားတွေကို လိင်စိတ်နှိုးထအောင် လုပ်တယ်လို့ သတ်မှတ်ရပါမယ်။ ဒါကို ဦးစားပေးနေသူများကို တိရိစ္ဆာန်လိုလူ လို့လည်း ခေါ်နိုင်ပါတယ်။ အလုပ်ခွင်ထဲမှာ ပျော်အောင်လုပ်ပြတာမျိုးဆိုရင်၊ သင်္ဘောသား၊ စစ်သား ယောင်္ကျားသားများအလုပ်တွေမှာ ဒီလိုမိန်းမမျိုး တခါလမ်းလျှောက်ပြရင် ယောင်္ကျားအားလုံးနီးပါး သွားဖြဲ၊ပြုံးကြည့်ကြမှာသေချာပါတယ်။ လိင်စိတ် ဆိုတာ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားခြင်းဖြစ်ပါတယ်။ လူဖြစ်ရင် လိင်စိတ်ရှိကြပါတယ်။ လိင်စိတ်မှာ ယောင်္ကျားများက လက်တွေ့လိင်ဆက်ဆံခြင်းကို နှစ်ခြိုက်ကြပေမဲ့၊ အမျိုးသမီးများကတော့ ပွတ်သပ်၊တဝဲဝဲနေတာကိုပဲ နှစ်သက်ကြပါတယ်။
လူနဲ့တိရိစ္ဆာန်မှာ လူတွေက ပိုပြီးလိင်သောင်းကျန်းနေကြပါပြီ။ အခုခေတ် စမတ်ဖုန်းတွေကြောင့် အရင်နှစ်ပေါင်း ၂၀လောက်က ခိုးကြည့်ရတဲ့ ပလေးဘွိုင်အဝတ်မပါမိန်းမပုံ၊ လိင်ဆက်ဆံနေပုံများကို အင်တာနက်မှာ ရု့ပ်ပုံတင်မက၊ အသံ၊ဗွီဒီယိုပါ အလွယ်တကူကြည့်နိုင်နေပါပြီ။ ဒီတော့် မိန်းမတွေလူမြင်ကွင်းမှာ မဖွယ်မရာ၊ ဝတ်ဆင်ခြင်းဟာ စိတ်မထိန်းနိုင်တဲ့ ယောင်္ကျားများအတွက် ပြသနာကြီးဖြစ်လာပါမယ်။ တိရိစ္ဆာန်အဆင့်ကို ကျဆင်းသွားနိုင်ပါတယ်။
စိတ်ဝင်စားစရာတစ်ခုက တိရိစ္ဆာန်တွေမှာ သဘာဝအင်္ကျီတွေ ရှိပါတယ်။ အမွှေးအတောင်များနဲ့ လှလှပပ၊ သူတို့လိင်အင်္ဂါတွေကို သဘာဝအလျှောက် ဖုံးအုပ်ထားပါတယ်။ အဲ.. လူတွေမှာတော့ အဝတ်အစားဝတ်မှ ဖြစ်မှပါ။ အဝတ်မပါတဲ့ ယောင်္ကျားတစ်ယောက် ဘယ်လောက်ရှက်ဖို့ကောင်းပါသလဲ။ ဒါကြောင့် ရက်စက်အရှက်ခွဲတတ်တဲ့ နိုင်ငံရေး၊ စစ်အကျဉ်းသားတွေကို အဝတ်စားချွတ်ပြီး ကိုယ်တုံးလုံးထားလိုက်ခြင်းနဲ့ နှိပ်စက်ပါတယ်။ ဒါကြောင့် အကျီ၊ လုံချည် မလုံမလဲနဲ့ သူများမြင်အောင်လုပ်ခြင်းဟာ ရိုင်းစိုင်းတဲ့အကျင့်လို့ ရှေးကတည်းက သတ်မှတ်ပါတယ်။ အခုလဲ မလုံတစ်လုံ မိန်းကလေးများဝတ်ဆင်ခြင်းဟာ နောက်ဆုံးသောကာလ၊ ရိုင်းစိုင်းတဲ့ခေတ်ကို ဦးတည်နေကြောင်း ကျမ်းစာနဲ့ညီပါတယ်။ တကယ်တော့ ၁၀ယောက်မှ တစ်ယောက်ပဲ မလုံတစ်လုံ လူရှေ့သူရှေ့ဝတ်ဆင်ပြပါတယ်။ ၉၀% အမျိုးသမီးများကတော့ ယဉ်ကျေးနေဆဲပါ။ လူမျက်စိက မဟုတ်တာမှ မြင်တတ်တော့ မိန်းမအားလုံး မလုံတလုံ ဝတ်နေကြပြီလား စိုးရိမ်မိခြင်းပါ။ ဘယ်လိုကာကွယ် တားဆီးလို့ရမလဲ...။


အရှက်တကွဲလုပ်နည်း

စစ်ပွဲတွေမှာ စစ်ရှုံးသူများကိုတောင် ကိုယ်လုံးတီးနဲ့ လူပုံအလယ်မှာ အရှက်မခွဲပါဘူး။ ဒါပေမဲ့ လူတစ်ယောက် သိက္ခာတပြားမှ မကျန်အောင် လုပ်ဆောင်ခြင်းက အဝတ်စည်းချည်း နဲ့လူပုံအလယ် အရှက်ခွဲခြင်းဖြစ်ပါတယ်။ ဒါမျိုးလုပ်သူများဟာ လူစိတ်မရှိသူများ၊ အလွန်နာကျည်းစိတ်နဲ့ ညှင်းပမ်းနှိပ်စက်ခြင်းတခု ဖြစ်ပါတယ်။ ယောင်္ကျား၊ မိန်းမ တစ်ဦးကို အရှက်တကွဲ လုပ်ဖို့ သူ့အဝတ်အစားတွေ လူရှေ့သူရှေ့ အကုန်ချွတ်ပစ်လိုက်ခြင်းပါပဲ။ အခုခေတ်မှာ မိန်းမများအဖို့ မလုံတလုံ ဝတ်ပြခြင်းဟာ ဥပဒေအရ အရေးမယူနိုင်ပေမဲ့၊ ကိုယ်လုံးတီး လူရှေ့သူရှေ့ ဆိုရင်တော့ ဖမ်းဆီးအရေးယူပါတယ်။ မပေါ်တစ်ပေါ် ဝတ်ဆင်ခြင်းဟာ အရှက်မကွဲတဲ့အပြင် မိန်းမအတွင်းအင်္ဂါများ ဖွင့်လစ်ပြခြင်းဟာ တကယ်တော့ မိန်းမတစ်ယောက်အဖို့ သူ့ကိုယ်သူ အရှက်တကွဲလုပ်နည်းပါပဲ။ ဒါပေမဲ့ ... သိက္ခာနဲတဲ့ အမျိုးသမီးများအတွက် .. အလှဖေါ်ပြသလို ခံယူကြတာတော့ စိတ်မကောင်းစရာပါ။ 

လိင်စိတ်ထိန်ချုပ်ခြင်း
လူတော်၊လူကောင်းများဟာ လိင်စိတ်ထိန်းချုပ်နိုင်ကြပါတယ်။ ခရစ်ယာန်ကျမ်းစာမှာ ချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း.. တို့ကို ဝိညာဉ်အသီး၉လုံး လို့ရေးသားထားပါတယ် (ဂလာတိ ၅း၂၂)။ နောက်ဆုံးအချက်ကတော့ ကာမဂုဏ်ချုပ်တည်းခြင်းဖြစ်ပါတယ်။ ကာမရာဂ ဆိုတာ ယောင်္ကျားတွေမှာ ပိုပြီးများပါတယ်။ သိပ္ပံအချက်လက်များအရ ယောင်္ကျားတွေမှာ မိနစ်ဝတ်တိုင်း လိင်စိတ်ပေါ်တတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ထိန်းချုပ်ဖို့နည်းလမ်းများစွာ ရှိပါတယ်။ ယောင်္ကျား၃မျိုးရှိတယ်လို့ ခရစ်ယာန်ကျမ်းစာမှာ ဆိုပါတယ်။
ရယ်စရာ စကားလုံးများသုံးပြီး ရေးလိုက်ပါတယ်။ မယဉ်ကျေးဘူး ထင်ရင်လဲ ခွင့်လွှတ်ဖတ်ရှုကြပါခင်ဗျာ။
၁။ မိန်းမစိုး လို့ခေါ်တဲ့ သင်ကွပ်ခံထားရခြင်း။ ရှေးကာလက ဘုရင်များ၊ သူတို့ဘုရင့်နန်းတော်က မိဘုရား၊ သမီးတော်၊ ကတော်များကို စောင့်ထိန်းဖို့ ခေါ်တဲ့ ယောင်္ကျား၊သန်သန်မာမာတွေ ရှိပါတယ်။ သင်ကွပ်ခံထားရတဲ့အတွက် လိင်မဆက်ဆံနိုင်တဲ့ ယောင်္ကျားဖြစ်ပါတယ်။
၂။ မိန်းမရှာ လို့ခေါ်တဲ့ မိန်းမစိတ်ရှိသူ ယောင်္ကျားများဖြစ်ပါတယ်။ အခုခေတ်တော့ မိန်းမ၊ ယောင်္ကျား စိတ်၂မျိုးရှိတဲ့ ယောင်္ကျားကို ဂေး Gay လု့ခေါ်ပြီး၊ မိန်းမကိုတော့ လစ်စဘီးယန်း Lisbian လို့ခေါ်ပါတယ်။ ကာမဂုဏ်၂မျိုးစလုံးကို ခံစားနိုင်ပါတယ်။
၃။ နှာဘူး လို့ခေါ်တဲ့ ယောင်္ကျားစစ်စစ်တွေ ဖြစ်ပါတယ်။ လိင်စိတ် သိပ်ဦးစားပေးလာတဲ့ ယောင်္ကျားတွေက လိင်တူဆက်ဆံမှုတွေအထိ၊ မိန်းမကို တက်မက်ရုံမက၊ ယောင်္ကျားချင်းပါ တက်မက်လာတဲ့အထိ ဆိုးဝါးလာပါတယ်။ ဒီထက်ပိုဆိုးဝါးတာကတော့ ကိုယ်တိုင်ပဲ ယောင်္ကျားချင်းလိင်ဆက်ဆံခံလိုတဲ့ အဆင့်ထိရောက်လာပါတယ်။ ရောမရာဇဝင်မှာ လိင်စိတ်ကို ဦးစားပေးလွန်းတဲ့ ရောမဧကရာဇ် ဂျူးလီယက်ဆီဇာကို အဲဒီလိုယောင်္ကျားလို့ စွတ်စွဲချက်များရှိပါတယ်။ သူဟာ မိန်းမ၊ယောင်္ကျားများကို လိင်ဆက်ဆံရုံမက၊ ကိုယ်တိုင်လဲ ယောင်္ကျားအချစ်တော်ရဲ့ လိင်ဆက်ဆံခြင်းကို ခံတယ်လို့ ဆိုပါတယ်။ ဒါက ကာမဂုဏ် အရမ်းလွန်ကျူးတဲ့အဆင့်ရောက်သူ အထူးသဖြင့် ငွေ၊အာဏာရှင် ယောင်္ကျားများမှာ ဖြစ်တတ်ပါတယ်။

ကာကွယ်တားဆီးရေး
တခြားလမ်းမရှိတော့ပါဘူး။ ကိုယ့်သားသမီး၊ ကိုယ့်ဇနီး၊ ကိုယ်ရီးစားက ဒီလို မလုံတလုံ ဝတ်နေရင်၊ စိတ်တော့ပျက်မှာပါ။ ဒါဆိုရင် တခြားမိန်းကလေးများ မလုံတလုံ ဝတ်နေတာကို တစ်ခါပဲ၊ တစ်ချက်ပဲ ကြည့်ပြီး မျက်နှာလွှဲနေလိုက်ပါ။ တစ်ခါကြည့်တာ ခဏပဲကြည့်တာ အပြစ်မရှိပါဘူး။ အဲ..၂ခါကြည့်တာ၊ ဗွီဒီယိုနဲ့ ရိုက်ကူးထားသလို တစိမ့်စိမ့်ကြည့်နေရင်တော့ ပညာတ်တော်ကို ချိုးဖေါက်နေပြီဖြစ်ပါတယ်။ ကိုယ့်ကို လူတစ်ယောက်က မတ်တပ်ရပ်ပြီး စောင့်ကြည့်နေတယ်ဆိုရင် တဏှာစိတ်တွေ ပျောက်သွားပြီး၊ ခပ်တည်တည်နေလိုက်ရပါတယ်။ နှာဗူးဖြစ်ပေမဲ့ လူမြင်မခံနိုင်ဘူးမဟုတ်ပါလာ။
ဒါကြောင့် ကိုယ့်ကို မခြားမလတ် စောင့်ကြည့်နေတဲ့ ထာဝရဘုရားရှိနေတယ်ဆိုတာကို သိထားသူအတွက်တော့ ကာကွယ်ဖို့သိပ်မခဲရင်းတော့ပါဘူး။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်းဟာ ကိုးကွယ်ခြင်းရဲ့ အထွဏ်အမြတ်ဆုံး ဖြစ်ပါတယ်။ ထာဝရဘုရားကို (ခရစ်ယာန်မဟုတ်ပါက၊ သန့်ရှင်းသောဝိညာဉ်၊ နတ်ကောင်းနတ်မြတ်တွေကို) ချစ်နေရုံ၊ အားကိုးနေရုံမကပဲ ဖိန့်ဖိန့်တုံ ကြောက်သောသူဖြစ်ပါစေ။
လိင်စွဲလမ်းတက်မက်ခြင်း၊ သူ့တပါးကိုမလုံတလုံဝတ်ပြီး ဆွဲဆောင်ခြင်းများမှ ကင်းလွတ်သူများ ဖြစ်ကြပါစေ။ ဝတ်မှုန်

No comments: