Monday, December 15, 2014

ဝိုင်အရက်နှင့်ဆေးတံ Wine & Smoking

လူတွေမှာ လေးစားစရာကောင်းသူများကို ဘာသာရေးဘုန်းတော်ကြီးများအဖြစ် တွေ့ရပါတယ်။ အတွေးခေါ်ရှင်၊ပညာရှင်များကိုလည်း လေးစားသလို၊ နိုင်ငံခေါင်းဆောင်များကိုလည်း လေးစားကြပါတယ်။ သောက်စားမူးရစ်၊ လိင်၊ရာဇဝတ်မှု သတ်ဖြတ်၊ရက်စက်မှု၊ လူမဆန်သူများကို ကြောက်ရွံ့၊ရွံ့ရှာကြပါတယ်။ တစ်ချို့လည်း သူတော်ကောင်းယောင်ဆောင်၊ ဝံပုလွေများဖြစ်ပါတယ်။ ခွဲခြားသိမြင်ဖို့တော့ သန့်ရှင်းသောဝိညာဉ်တော်နဲ့ ထိတွေ့နိုင်မှ ဖြစ်မှာပါ။
.
ခရစ်ယာန် သင်အုပ်ဆရာများကတော့ ဝိုင်အရက်နဲ့ဆေးတံ သောက်သုံးသူများ ရှိကောင်းရှိနိုင်ပေမဲ့၊ အများစုကတော့ လူရှေ့သူရှေ့မှာ ဒီအကျင့်တွေကို မကောင်းဖူးလို့ သတ်မှတ်ထားတဲ့အတွက်၊ ဘာသာရေးခေါင်းဆောင်များက မလုပ်ကြပါဘူး။ အနည်းစုကတော့ ကွယ်ရာမှာ ဒါတွေလုပ်တတ်ကြပါတယ်။ ဒါကတော့ ဘုရားနဲ့သူတို့ရှင်းရမဲ့ ကိစ္စပဲဖြစ်ပါတယ်။ လူတွေကလည်း ခွင့်လွှတ်ကြမယ်ထင်ပါတယ်။ တစ်ချို့ ငွေကြေးကြွယ်ဝလာတဲ့ အပြောကောင်းသူ ဘာသာရေးဆရာများ.. ငွေနောက်ပါသွားပြီး လိင်ကိစ္စတွေ ပြသနာတက်လာတယ်။ ဂီတရုပ်ရှင်လောက၊ အားကစားလောက ကျော်ကြားသူများကို ခေါ်ပြီး သူတို့အသိုင်းဝိုင်းထဲ ဝင်မိတဲ့ ဘာသာရေးဆရာများ ရှိပါတယ်။ အဲဒီ အသိုင်းဝိုင်းဆိုတာ .. ထုံးစံအတိုင်း မူးယစ်ဆေးဝါးသုံးစွဲသူများစွာ ရှိတော့ မကောင်းဘူး၊ ဒါကို သိရက်နဲ့ အဲဒီလူတွေ (စာတန်နောက်လိုက်-မူရစ်သောက်စား၊ ဂီတရုပ်ရှင်သမား)တွေနဲ့ ပေါင်းသင်း၊ တရားဟောနိုင်သူများကို ချီးကျူးလေးစားမိပေမဲ့ သာမန်အဆင့် ဘာသာရေးဆရာများ မလုပ်သင့်ပါဘူး။
.
ဒါကြောင့် ဆေးတံနဲ့ဝိုင်အရက်ကို သောက်သုံးသူ ဘာသာရေးဆရာများအတွက် ..လုပ်သင့်သလားဆိုတာ၊ ဘုရားကြိုက်သလား ဆန်းစစ်ကြည့်စေလိုပါတယ်။
.
အဲ.. လောကအကျိုးပြူသူ လို့ သတ်မှတ်ထားတဲ့ ပညာရှင်များ၊ အတွေးခေါ်ရှင်များ၊ နိုင်ငံရေးခေါင်းဆောင်များကတော့ ဆေးတံ၊ ဝိုင်အရက်လေး နဲ့ စားသောက်ပွဲတွေမှာ သာမန်လုပ်နေကြပါပဲ။ ဘယ်သူမှ အပြစ်မတင်ပါဘူး။
.
လောက သဘာဝအကြောင်းပါပဲ..

No comments: