Friday, March 6, 2015

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာ (ကျမ်းပိုဒ်အချို့)
သခင်ယေရှုသည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသည်..လို့ ..ကျမ်းစာမှာရေးသားထားပါတယ်။ သခင်ယေရှုကို ရရှိပြီးသူ၊ က..ကယ်တင်ခြင်း... ရပြီးသူတိုင်း ချစ်ခြင်းမေတ္တာ ရရှိနေပြီဖြစ်ပါတယ်။ အဲဒီနောက် ..ခ..ခရစ်ယာန်အသက်တာ လျှောက်လှမ်းဖို့ ဘုရားသခင်နဲ့မိတ်သဟာရပြုခြင်း၊ နေ့စဉ်အမျှ လုပ်ဆောင်ရပါတယ်။ ဓမ္မဟောင်းကျမ်းမှာ ပညာတ်တရားများနဲ့ ချစ်ခြင်းမေတ္တာ ..တွဲပြီးပါဝင်နေပါတယ်။ ဓမ္မသစ် သခင်ယေရှု ဟောကြားချက်များကို အနှစ်ချုပ်ရင် ...
*
*
အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ကြီးသနည်းဟုမေးလျှောက်သော်၊ ၃၇ယေရှုက၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံး အကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်လော့၊ ၃၈ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်သည်လည်း ဖြစ်၏။ ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။ ဤပညတ်နှစ်ပါး တို့ကားပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။
မသဲ ၂၂း၃၆၊ မာကု ၁၂း၃၀
*
*
ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာ သတင်းကောင်းကို လိုက်လံပြောကြားခြင်းဟာ ဧဝံဂေလိ ဖြစ်ပါတယ်။ ယေရှုအကြေင်း ဧဝံဂေလိပြောသူဟာ တခြားလူတွေ၊ အသင်းတော်၊ အဖွဲ့အစည်းတွေကို ပုတ်ခတ်ပြောဆိုခြင်း မလုပ်ပါဘူး။ ဖုံးအုပ်ထားပေးပါတယ်... မေတ္တာသည် စိတ်ရှည်တတ်သည် ဆိုတဲ့အတိုင်း အပြစ်မမြင်ပဲ၊ အပြစ်တွေကို ဖုံးအုပ်ပေးပါတယ်။ အပြစ်လုပ်သူများဟာ မေတ္တာနဲ့ဝေငှသူ ကြောင့် သူတို့ဘဝတွေ ပြောင်းလဲလာကြပါတယ်။ ပြောင်းလဲလာတဲ့ ဘဝဟ စစ်မှန်တဲ့ ခရစ်ယာန်အသက်တာ ဖြစ်ပါတယ်။
.
ခရစ်ယာန်အသက်တာ အကြောင်းကို ရောမ အခန်းကြီး၁၂ မှာ အသေးစိတ် တစ်လုံးခြင်း ဖတ်ရှု လေ့လာကြစေလိုပါတယ်။ ခရစ်ယာန် အသက်ရှင်ခြင်းလို့လဲ ခေါ်ပါတယ်။ လက်တွေ့ကျင့်သုံးဖို့ ယုံကြည်သူများဟာ မေတ္တာအားဖြင့် ၊ ခရစ်တော်၏သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အပြစ်တရားကို အောင်နိုင်ပြီး၊ ကယ်တင်ခြင်းရပြီးတဲ့နောက် .. ဘုရားသခင်ပေးထားတဲ့ ဆုကျေးဇူးများနဲ့
* အစိုးရကို ရိုသေခြင်း
* အငြင်းပွားစေတဲ့အရာများမှာ ကရုဏာနှင့်၎င်း၊ မေတ္တာနဲ့၎င်း အသုံးပြုရန်ဖြစ်ပါတယ်။
*
*
ဧဖက်သြဝါဒစာ အခန်း ၄၊ ၅၊ ၆ တွေမှာလည်း ချစ်ခြင်းမေတ္တာအားဖြင့် ခရစ်တော်ရဲ့ အကြံစည်တော်များဟာ ယုံကြည်သူတိုင်း ခရစ်ယာန်အသက်တာ လိုက်လျှောက်ဖို့ ဖြစ်ပါတယ်။ ခရစ်ယန်မျာျး အသက်ရှင်ခြင်းမှာ ခွန်အားနဲ့ပြည့်စုံတဲ့ နည်းလမ်းများ၊ အထူးသဖြင့် အိမ်ထောင်စု မိသားစုအတွင်းမှာ၎င်း၊ အသင်းတော်မှာ၎င်း၊ မည်သို့အသက်ရှင်ရမည်ကို လက်တွေ့ကျကျ ဖော်ပြထားပါတယ်။ ခရစ်တော်နည်းတူ တပါးသူအတွက် အသက်ရှင်ခြင်း၊ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဒုစရိုက်အပြစ်ကို တွန်းလှန်သော တန်ခိုး၊ သန့်ရှင်းသော ဝိညာဉ်တော်များ၊ ဆုတောင်းခြင်းများနဲ့ ရရှိခြင်း၊ ဘုရားသခင်ပေးထားသော မိမိကိုယ်ကို ကာကွယ်သော ဝိညာဉ်လက်နက်အစုံ၊ စာတန်ကိုတိုက်ခိုက်အောင်နိုင်တဲ့ နှုတ်ကပတ်တော် ပေးထားပါတယ်။
*
ချစ်ခြင်မေတ္တာအကြောင်း ရေးမကုန်၊ ပြောမကုန်ပေမဲ့ ယေရှုရဲ့ချစ်ခြင်းမေတ္တာကို ရသွားရင်တော့ အံသြဝမ်းမြောက်ခြင်းကြီးစွာ ခံစားရတဲ့ အသက်တာဖြစ်ပါတယ်။
*
*
ဘုရားသခင်သည် နှုတ်ကပတ်တော်ဖြစ်ပြီး၊ ယေရှုဟာ ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ်။ ဘယ်လိုအခက်အခဲ တွေ့ပါစေ၊ ယေရှုကို ခေါ်လိုက်ပါ။ ယေရှုဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။ ယေရှုကိုသာ စေ့စေ့ကြည့်ပါ။
*
*

////////
။ယေရှုက ချစ်ခြင်းမေတ္တာသည် ပညာတ်တရားအားလုံး၏ အချုပ်ဖြစ်သည် ဟုဆိုသည်။ ဘုရားသခင်ကိုချစ်ပါ။ ကိုယ်နှင့်ဆက်ဆိုင်သူကို ချစ်ပါ ..ဟူသော ပညာတ်ချက်သည် မလွယ်ကူလှပါ။ အထူးသဖြင့် ပထမဦးဆုံးစတင်ရမည်မှာ ဘုရားသခင်ကိုချစ်ပါ ...ဟူသောအချက်ဖြစ်သည်။ 

.
ဘုရားကိုချစ်ဖို့ဆိုသည်မ
ှာ အပြောလွယ်သလောက လက်တွေ့ခက်သည်။ မိမိကိုယ်ကိုသာ ချစ်တတ်သော လူ့သဘာဝကြောင့် မိမိက ဘုရားသခင်ကိုချစ်ရန် ခက်ခဲနေခြင်းဖြစ်သည်။ 
.
ဘုရားကို ချစ်ရန် အတင်းကြိုးစားမနေပါနှင့်...။ 
.
ယေရှု ငါ့ကိုချစ်ပေသည် ၊ ငါဘယ်လိုပဲဖြစ်နေပါစေ၊ လူအားလုံးငါ့ကို ဖယ်ရှောင်သွားပါစေ..အထီကျန်နေပါစေ... ငါ့ကို ယေရှုချစ်တယ် ..လို့ ထပ်ခါထပ်ခါ ရင်ထဲ၊ နှလုံးသားထဲမှာ ခံယူပါ။ ငါ့ကို ဘယ်တော့မှ ပစ်မထားတဲ့ ယေရှု၊ အိုး.. ဘုရားသခင်ရဲ့ ချစ်ခြင်းကား အံ့ဘွယ်တည်း...ဆိုတာသိသွားတဲ့နောက် မိမိကလည်း ယေရှုကိုချစ်လာမယ်ဖြစ်ပါတယ်။ 
.
ဆရာစောပက်ထရစ် တရားဟောချက်မှ ကောက်နုတ်တင်ပြသည်။
///////


ယေရှုမေတ္တာ၊ ဘဝစာမေးပွဲဖြေခြင်း
အောင်မှတ်က ၅၀ဖြစ်ပါတယ်။ ယေရှုမေတ္တာ ၅၀% ရာပြီဆိုရင်၊ ကိုယ့်အားနည်းချက်တွေကို ဘုရားထံဝန်ချတောင်းပန်တတ်လာပါတယ်။ ပြင်နိုင်တာတွေ ပြုပြင်လာပါတယ်။ နောက်ပြီး ..ကိုယ့်မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေ တကိုယ်ကောင်း ဆန်တာတွေကို ခွင့်လွှတ်လာနိုင်ပါတယ်။ ယုံကြည်ခြင်း Faith လဲ ပိုခိုင်မာလာပါတယ်။  ယေရှုမေတ္တာ ၇၅% ရပြီဆိုရင် .. ကိုယ်နဲ့မသိသူတွေ၊ မဆီမဆိုင်၊ ကိုယ်လက်အမူရာနဲ့ တိုက်ခိုက်မှုတွေကိုပါ ခွင့်လွှတ်၊ခံနိုင်ရည် ရှိလာပါတယ်။ ဂုဏ်ထူးထွက်ပြီပေါ့နော်....။ 

No comments: