လူသည် လွတ်လပ်မှု Freedom ကြိုက်နှစ်သက်သည်။ ဘုရား၊ ငွေ
စသည်တို့ကို အလွန်လိုလားသော်လည်း လက်တွေ့တွင် လူအများစုသည် လွတ်လပ်မှုကို
အထူးခင်တွယ်ကြသည်။ ယခုခေတ်တွင် Privacy ကို မထိပါးရန်၊ မည်သူမဆို မိမိကို
အတင်းအကျပ်လုပ်ပါက မကြိုက်ကြ၊ မိမိစာအုပ်မပြောနှင့် မိမိတယ်လီဖုန်း မက်ဆေ့ခ်ျကို
ဘေးလူက ခေါင်းငဲ့ကြည့်လျှင့် မိမိခင်ပွန်းသည်ပင်လျှပ် မကျေမနပ်ဖြစ်သော
ခေတ်ကြီးဖြစ်သည်။ သားသမီး အလွန်ငယ်ရွယ်သူများကို မရိုက်နှက်ရန်
Labels
- ကိလေသာ (8)
- ကျမ်းစာလေ့လာခြင်း (29)
- ရသ၊စာပေ (23)
- သက်သေခံ၊ဒေသနာ (11)
- သတင်း၊ဗဟုသုတ (43)
- ဆောင်းပါး (27)
- တေးသီချင်း၊ဗွီဒီယို (17)
- ၀ိညာဉ်ရေး (26)
Showing posts with label ကျမ်းစာလေ့လာခြင်း. Show all posts
Showing posts with label ကျမ်းစာလေ့လာခြင်း. Show all posts
Wednesday, June 19, 2013
Wednesday, June 12, 2013
ဓမ္မပညာအထောက်အကူပြု လစဉ်စာစောင် - ဇွန်လ ၂၀၁၃
သခင်အလိုရှိသောအရာကိုပေးပါ - ညီအစ်ကိုကြီးဦးတင်မောင်ထွန်း
လူဦးဆောင်သောအသင်းသည် ရေရှည်မခံပါ၊ ပြသနာများဖြစ်လာတတ်သည်။ ဘုရားဦးဆောင်သော အသင်းတော်သည် ထာဝရတည်သည်။ အသင်းတော်တိုင်း ယခုခေတ်တွင် မပေးလှုနိုင်ပါ။ သခင်အလိုရှိသောအရာကို ပေးလှုတတ်သူ၊ နာခံလိုက်လျှောက်တတ်သူဖြစ်ရန် တိုက်တွန်းနှိုးဆော်ပါသည်။
ကြီးစွာသောကယ်တင်ခြင်းတရား - ညီအစ်ကိုဦးကပ်ခန့်ခုပ်
တနေ့တော့ လောကမှ ထွက်ခွာရမည့်သူချည်းဖြစ်သည်။ ယုံကြည်သူချင်း See You ဟုနှုတ်ဆက်နိုင်သည်။ မယုံကြည်သေးသူဆိုပါက Bye ဟုနှုတ်ဆက်ရမည်သာ...
http://burmesebible.com/pulpit/Pulpit%20Jun%202013.pdf
ကားတိုင်တော်အားဖြင့် - ဆရာဦးညွန့်လှ
သီဆိုချီးမွမ်းရာတွင် မတ်တပ်မရပ်နိုင်၊ လက်မမြှောက်နိုင်၊

Friday, May 24, 2013
မိမိဘ၀အတွက် မှန်ကန်သောမိတ်ဆွေဖွဲ့မှု တည်ဆောက်ခြင်း
အထီးကျန်ခြင်းသည် အလွန်အဖြစ်များလှသောပြသနာဖြစ်သည်..ဟုဆိုကြသည်။ တကမ္ဘာလုံး အထီးကျန်ပုဂ္ဂိုလ်များနှင့် ပြည့်နှက်နေလေသည်။ ဘာကြောင့်လဲဟု မေးပါက ကျွန်ုပ်တို့တွင် မိတ်ဆွေစစ်မရှိသောကြောင့်ဖြစ်ပေသည်။
ဘာကြောင့် ကျွန်ုပ်တို့ မိတ်ဆွေစစ် အလွန်လိုအပ်နေရပါသလဲ။ အကြောင်းမှာ ကျွန်ုပ်တို့သည် မိတ်ဆွေဖြစ်ခြင်းနှင့်မိတ်သဟာရဖြစ်ခြင်းတို့ လိုအပ်သောကြောင့်ဖြစ်သည်။ လူကိုဖန်ဆင်းသော ဘုရားသခင်က တစ်ဦးတည်းရှိခြင်းသည်မကောင်းပါ ..ဟု
Sunday, March 24, 2013
Daily Hope 10May2011 ဆုတောင်းခြင်း၌ ထိရောက်သောအကျိုးရှိသည်။
ဆုတောင်းခြင်းက အမှန်တကယ် အကျိုးရှိရဲ့လားဟု သင်စဉ်းစားဖူးပါသလား။ တစ်စုံတစ်ခုအတွက် သင်ဆုတောင်းနေစဉ် စာတန်မှ “ဒါအလကား အချိန်ဖြုန်းနေတာပဲ၊ မေ့လိုက်စမ်းပါ.. မင်းကိုယ်မင်း ဘယ်လိုလူထင်နေလဲ? မင်းဘာတွေလုပ်နေတယ် ထင်နေလို့လဲ? ဘုရားက နားထောင်နေတာမဟုတ်ဘူး အချိန်ကုန်ခံမနေနဲ့” ဟု တီးတိုးပြောဖူးပါသလား။
ဘုရားသခင်သည် အရာအားလုံးကို ထိန်းချုပ်သောကြောင့် ဆုတောင်းခြင်းသည် အကျိုးရှိပါသည်။ အံ့ဖွယ် တန်ခိုးတော်များအားလုံး၏ အရင်းအမြစ်မှာ ဘုရားသခင်၏ အုပ်စိုးနိုင်ခွင့် အချုပ်အခြာအာဏာ ပင်ဖြစ်သည်။ သူသည် အဘယ့်ကြောင့် တစ်စုံတစ်ခုကို ပြုလုပ်ပြီး အခြားတစ်ခုအား မပြုလုပ်သနည်း။ အကြောင်းမှာ သူ့သည် ထိန်းချုပ်နိုင်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူ၏ ဥာဏ်ပညာတော်နှင့် သူ၏ ကောင်းမြတ်ခြင်းအား ယုံကြည်ရန်သာဖြစ်သည်။
ဧဖက် ၃း၂၀ ပြောသည်မှာ “ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း၊ ငါတို့တောင်း ပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှါတတ်နိုင်တော်မူသော ဘုရားသခင်သည် ..”
ဘုရားသခင်တတ်စွမ်းနိုင်သမျှကို ဆုတောင်းခြင်းသည် တတ်စွမ်းနိုင်ပါသည်။ သူ၏ အရင်းအမြစ်များသည် သင်အသုံးပြုရန် အဆင်သင့်ရှိပါသည်။ “တောင်းကြလော့” ဟူသော စကားကို ဓမ္မသစ်ကျမ်းထဲတွင် အကြိမ် (၂၀) ပြောထားသည်။ ကျွန်ုပ် မထိန်းချုပ်နိုင်သောအရာများသည် ဘုရားသခင် မထိန်းချုပ်နိုင်သောအရာများမဟုတ်ကြောင်း သိရခြင်းမှာ အလွန် အားတက်စရာဖြစ်ပါသည်။ ကျွန်ုပ်သည် အခြေအနေတစ်ခုကို ပြောင်းလဲချင်မှ ပြောင်းလဲနိုင်မည်၊ သို့သော် ကျွန်ုပ် ဆုတောင်း၍ ထိုအရာအား ဘုရားသခင်သည် ပြောင်းလဲပေးနိုင်သည်။
မီမီချို
Original: http://murann.com/dailyhope1.htm
Thursday, March 14, 2013
အလွန်ဖတ်ကောင်းသော Attitude စိတ်နေသဘောထား စံနာမူပြုကျမ်းစာတစ်ခုဖြစ်သည်။
သမ္မာကျမ်းစာ ကမ္ဘာဦးကျမ်း အခန်း၂၄ တွင် အာဗြာဟံ၏ သား က္ကုဇက်အတွက် ကြင်ယာရှာသည့် အဖြစ်အပျက်ကို ကျေးဇူးတော်ချီးမွမ်းစရာဖြစ်ပါသည်။ မိမိသားသမီးများ ကြင်ယာလိုအပ်ပါက ဘုရားသခင်အား အဆက်မပြက်ဆုတောင်းခြင်းဖြင့် စတင်ရသည်။ သွက်လက်၊ချက်ချာ၊ မိဘလူကြီးရိုသေသော၊ ချောမောလှပါသော ရေဘက္ကာ ဆိုသည့် မိန်းကလေးငယ်အား တစိမ်းတစ်ဦးဖြစ်သည် အာဗြာဟံ၏ လူယုံကျွန်တစ်ဦး လာရောက်တောင်းရမ်းသည်ကို မိဘများက သဘောတူသည်။ သမီးဖြစ်သူ သဘောဟု ဆိုသောအခါ သမီးဖြစ်သူက ဘုရားသခင်အလိုတော်ကို လက်ခံပြီး က္ကုဇက် ရှိရာဒေသသို့ လိုက်လာ လက်ထပ်ပေါင်းသင်းသည့် လှပသော အိမ်ထောင်ထူထောင်သည့် သမ္မာကျမ်းစာ မင်္ဂလာပုံပမာ တကယ့်အဖြစ်ပျက် ဖြစ်သည်။ ဖတ်ကြည့်ပါ။
ကမ္ဘာဦးကျမ်း အခန်း၂၄
http://burmesebible.com/buglish/Genesis24.htm
ထိုနည်းတူ ရိုမင်ကက်သလစ်ကျမ်းစာ တိုဘိဆိုသည်၏ ဇတ်လမ်းသည်လည်း အံ့သြဘွယ်ဖြစ်သည်။ ဘုရားကို အလွန်ရိုသေ၊ ချစ်မြတ်နိုး၊ နာခံ၊လိုက်လျှောက်သောသူ၊ အလွန်စေတနာစိတ်ရှိသူ၊ ပေးကမ်းရက်ရောသူ တိုဘိ ဆိုသူ သူဌေးတစ်ဦး ရှိသည်၊ အစ္စရေးလူမျိုးများအား စစ်နိုင်သော ဘုရင်တစ်ဦး ရှာမာနေဇာ ဖမ်းဆီးခံရပြီး၊ ကျွန်အဖြစ်ရောက်ခဲ့ရသည်။ ကိုယ့်လူမျိုးများကို မတရားသတ်ဖြတ်ခံရသည့် လူသေများကို လိုက်လံမြှတ်နှံပေးသူ၊ နောက်ဆုံး မျက်စိကွယ်ပြီး ဆင်းရဲဒုက္ခရောက်စဉ် သားဖြစ်သူအား ကြင်ယာရှာပေးသော အလွန်ကျော်ကြားလှသည့် စာရိတ္တပြုပြင်ရေး အစ္စရေးလူမျိုးများ စံနမူနာထားရသော ဇတ်လမ်းကြီးဖြစ်သည်။ နောက်ဆုံးတွင် နှစ်ပေါင်းများစွာ မျက်စိကွယ်သွားသော အဖိုးကြီး တိုဘိ၊ ငါးကြီးအဆီလိမ်းရာမှ ပြန်လည်မျက်စိမြင်ပြီး၊ သားလည်း လှပသောကြင်ယာရရှိ၊ ချမ်းသာကြွယ်ဝသည့် ဘ၀သို့ ရောက်ရှိသွားခြင်း၊ ဆင်းရဲ၊ ချမ်းသာ အမြဲတမ်း ဘုရားသခင်ကို ချီးမွမ်း၊ကျေးဇူးတင်နေသော တိုဘိဇတ်လမ်းလည်း အလွန်ဖတ်ကောင်းသော Attitude စိတ်နေသဘောထား 15 minutes reading စံနမူနာပြုကျမ်းစာတစ်ခုဖြစ်သည်။
ဒေါင်းလုပ်ဖတ်ရှုရန် လင့်ခ်
http://burmesebible.com/document/rc/1Tobit.pdf
https://sites.google.com/site/mdycym/1Tobit.pdf?attredirects=0
Thursday, February 14, 2013
ကတိတော် "GOD's Promis" ကြွယ်ဝချမ်းသာစေမဲ့ ဘုရားရဲ့ဂတိတော်
အာဗြာဟံရဲ့ ဂတ်တော် ၈၈ခု ရှိပါတယ်။ ဂတိတော်များစွာရှိပါတယ်။ သို့သော်လည်း ဘုရားကို အလွန်ယုံကြည်သူများစွာ ..ဆုတောင်းတယ်၊ ကျေးဇူးတော်ချီးမွမ်းပါတယ်။ ကြွေးကြော်ပါတယ်။ ဒါပေမဲ့ ဆုတောင်းချက်များ မရပါဘူး။
ဟေဗြဲ ၁၁း၃၉ ကိုဖတ်ပါ။ ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းဖြင့် ကျေးဇူးတော်ချီးမွမ်းကြသော်လည်း ဂတိတော်ကို အကျိုးကျေးဇူးမခံစားရပါဘူး။ ဒီလို လောကမှာ ယုံကြည်ပါလျှက်နဲ့ အကျိုးကျေးဇူးမခံစားရသူများ တွေ့ကြုံဖူးပါသလား။ ချီးမွမ်းခြင်းများစွာလုပ်ဆောင်
အခန်းငယ် ၄၀မှာ ..ထိုသူတို့သည် ငါတို့မပါပဲ
Thursday, June 28, 2012
ငြင်းခုံခြင်းကို အနိုင်ယူလိုရင်၊ -ဟေရှာယ၏ယေရှုနည်းလမ်း
ထိုသူသည် ညှင်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏၊၊ အသက်သတ်ခြင်းငှါ ဆောင်သွား သော သိုးငယ်ကဲ့သို့သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သော သူရှေ့မှာမမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏၊၊ ဟေရှာယအနာဂတ္တိကျမ်း:၅၃း၇
မစ္စတာဖိုင်း ဆိုသော ဆူပါဗိုင်ဇာက အင်ဂျင်နီယာကြီး မစ္စတာစိုး ခိုင်းတာကို မလုပ်ပဲ၊ သံမဏိများကို ဂဟေဆော်၊ ဖြက်ထုတ်၊တပ်ဆင်ရာတွင် နှစ်ယောက်သား အခက်အခဲဖြစ်နေသည်။ နောက်ဆုံးတွင် ဆူပါဗိုင်ဇာ မစ္စတာဖိုင်းက ရိုးသားစွာ အင်္ဂလိပ်စကား အကောင်းဆုံးသုံးပြီး စကာတခွန်းပြောသည်။ You dont talk too much, you talk many and I have problem လို့ဆိုလာပါတယ်။ အင်ဂျင်နီယာကြီးလည်း ထောင်းကနဲဒေါသဖြစ်သွားတယ်။ တကယ်တော့ ဒီကောင်က ကိုယ်ခိုင်းလိုက်ရင် အတွန့်အတက်လုပ်ပြီး၊ ဟိုလိုကောင်းတယ်၊ ဒီလိုကောင်းတယ် ...ပြန်ပြန်ပြောနေကျဆိုတော့

Tuesday, June 19, 2012
Trust and truth goes hand in hand. Without truth, there is no trust.
Trust and Truth
Trust and truth goes hand in hand. Without truth, there is no trust. The Lord Jesus is the Truth (Jn 14:6). This is why we can trust Him without reservation. The lack of honesty causes friction in relationships. There can be no trust without truth. The world’s legal foundation is built on people being sworn to “tell the truth, the whole truth, and nothing but the truth.” Let truth prevails amongst the Baptist community, binding us together as a family who cares dearly and deeply for one another. “Therefore each of you must put off falsehood and speak truthfully to his neighbor, for we are all members of one body.” (Eph 4:25) Every organization and person has a history of weakness and faults. But thank God that with repentance, He offers forgiveness instantly. There is no need for us to dwell in the past flaws when we can celebrate His present grace. Past failures, though painful to the memory, must not remain as present truths. Let go of the past hurts and let us march forward together in truth, for we are all members of the same body.
by Peter Lim
ED Update - June #1 2012Ann Luo
Sunday, March 4, 2012
ကျမ်းစာအဓိပ္ပါယ်ဖွင့်ချက်များ - ကမ္ဘာဦး
ဖန်ဆင်းခြင်း ကမ္ဘာဦး ၁း၁
ဖန်ဆင်းခြင်းသည် ဘုရားသခင်၏ လက်ရာတော်ဖြစ်သည်။ အစဦး၌ လွတ်လပ်လဟာဖြစ်ခြင်းမှ ယေရှုခရစ်တော်အားဖြင့် အရာ ခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည်။ ဖန်ဆင်းတော်မူခဲ့သော ကမ္ဘာလောကကြီးသည် ဘုရား၏ ဘုန်းတော်၊ တန်ခိုးတော်၊ ထာဝရအဖြစ်တော်နှင့် ဥာဏ်ပညာကို ဘော်ပြနေသောကြောင့် ဘုရားသခင်ကို မသိ၊ ရိုသေလေးမြတ်ခြင်းမရှိ ဟု မည်သူမျှ ဆင်ခြေပေး၍ မရပါ။
ခရစ်ယာန်အားလုံးတို့က ဘုရားသခင်သည် ကမ္ဘာလောကကြီးကို ဖန်ဆင်းသည်ဟု ခိုင်မာစွာ ပြောနေစဉ်၊ အချို့က ကမ္ဘာကြီး၏ သက်တမ်းနှင့်၊ သက်ရှိသက်မဲ့များ အဆင့်ဆင့် တိုးတက်ပြောင်လဲ လာသည်ဟူသော အယူအဆတို့အပေါ် ကွဲပြားမှုများ ဖြစ်ပေါ်နေသည်။ အချို့က ဘုရားသခင်သည် လွန်ခဲ့သော အနှစ်ခြောက်ထောင်နီးပါးက ၆ရက်အတွင်း ကမ္ဘာလောကကြီးကို ဖန်ဆင်းခဲ့သည်ဟု ယုံကြည်ကြသည်။ အချို့က ကမ္ဘာဦးကျမ်း အခန်းကြီး ၁ တွင် ဘော်ပြထားသော နေ့ရက်များသည် သက်ရှိသက်မဲ့ အမျိုးမျိုးတို့ တရွေ့ရွေ့ တိုးတက်ဖွံ့ဖြိုး ပြောင်းလဲလာသည့် အချိန်အတိုင်းအတာ တခုအထိ ကြာငြောင်းသည် ဟု ယုံကြည်ကြသည်။ သမ္မာကျမ်းစာကို ဘာသာပြန်သူများသည် ဤအမြင်နှစ်မျိုး စပ်ကြား၌ ရပ်တည်လျှက်ရှိသည်။
ဘုရားသခင်၏ ကောင်းမြတ်သော ဖန်ဆင်းခြင်းသည်၊ အပြစ်ဝင်ရောက်လာခြင်းအားဖြင့် တိမ်းပါး ယိုယွင်း လာခဲ့သော်လည်း၊ ကောင်းကင်သစ်နှင့် မြေကြီးသစ် ဖန်ဆင်းထားတော်မူသော အရာဝတ္တုများအား ရွေးနှုတ်ကယ်တင်မည်ဟု ကတိထားတော်မူပါသည်။
ဘုရားသခင်၏ သဏ္ဍန်တော် ကမ္ဘာဦး ၁း၂၆
ဘုရားသခင်သည် လူသားများကို မိမိ၏ ပုံသဏ္ဍန်တော်နှင့် အညီ ဖန်ဆင်းတော်မူခဲ့သည်။ အာဒံနှင့်ဧ၀ တို့သည် အပြစ်ပြုခဲ့သဖြင့် ထိုသဏ္ဍန်တော်သည် ပျောက်ကွယ် သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဓမ္မသစ်ကျမ်းတွင် ခရစ်တော်သည် သူ၌ရှိသော ဘုရားသခင်၏ သဏ္ဍန်တော်ကို ကျွန်ုပ်တို့ ပြန်လည် ရရှိစေရန် ကြွလာတော် မူခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့အား အသိပညာ၊ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ဖြင့် အသစ်တဖန်ပြုပြင်ရန် အလိုရှိတော်မူသည်။ ယေရှုခရစ်တော်သည် ဘုရားသခင်၏ ထူးမြတ်သော ပုံသဏ္ဍန်တော်ဖြစ်သည်။ ဘုရားသခင်သည် မည်သို့သော ပုံသဏ္ဍန်တော်ရှိသည်ကို ကျွန်ုပ်တို့ တွေ့မြင်လိုပါလျှင် ခရစ်တော်ကို မျှော်ကြည့်ရပါလိမ့်မည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍန်တော်ကို ဆောင်ထားသောအလျောက် ဘုရားသခင်သည် မိမိ ဖန်ဆင်းထားတော် မူသော အရာများကို မိမိကိုယ်စား ဥာဏ်ပညာနှင့်အုပ်စိုး စေလိုတော်မူ၏။ ကိုယ်တော်သည် တနေ့သောအခါ ကျွန်ုပ်တို့အား သူ၏ ပုံသဏ္ဍန်တော်အတိုင်း ပြန်လည်အသစ်ပြုပြင်မည် ဟု ဂတိထားရှိတော်မူသည်။
တနည်းဆိုသော် လူသားအားလုံးသည် ဘုရားသခင်၏ ပုံသဏ္ဍန်တော်နှင့် အညီ ရှိနေကြပါသည်။ ထိုအကြောင်းကို အခြေခံလျှက် ဘုရားသခင်သည် လူ့အသက် သတ်ခြင်းနှင့် သူ့တပါးအား ကြိန်ဆဲခြင်းကို မပြုလုပ်ရန် တားမြစ်တော်မူသည်။ ထို ပုံသဏ္ဍန်တော် အားဖြင့် လူတို့သည် ဘုရားသခင်ကို တွေ့ရှိရန်နှင့် ကိုယ်တော်ထံသို့ ရောက်ရန်၊ မွေးရာပါ ဆန္ဒရှိကြပါသည်။
ထိမ်းမြားစုံဖက်ခြင်း ၂း၂၄
ဘုရားသခင်သည် ဧဒင်ဥယျာဉ်အတွင်း၌ ယောင်္ကျားတဦးနှင့် မိန်းမတဦးအားဖြင့် ထိမ်းမြားစုံဘကခြင်းအမှုကို စတင်ထူထောင်ခဲ့သည်။ ကိုယ်တော်သည် ထိန်းမြားခြင်း မင်္ဂလာကို ဂုဏ်အသရေရှိစွာဖြင့် ကျင်းပစေလိုတော်မူသည်။ လူသားမျိုးနွယ်၏ ပျော်ရွှင်ချမ်းမြေ့မှုအတွက် မေတ္တာလမ်းကြောင်းကို ရင်းနှီးသော အပြုအမူ (ချစ်ခြင်းမေတ္တာ - သီ၁း၂ တွင်ကြည့်ပါ။) နှင့် လူသားမျိုးဆက် ပွားများရန်အတွက် ထိမ်မြားစုံဖက်ခြင်းအမှုကို ဘုရားသခင် ဖန်တီးခဲ့သည်။ သမ္မာကျမ်းစာရှိ ထိမ်းမြားစုံဖက်ခြင်းနှင့်ပတ်သက်၍ တခုတည်းသော တားမြစ်ချက်မှာ ယုံကြည်သူနှင့် မယုံကြည်သူတို့၏ ထိမ်းမြားခြင်းဖြစ်သည်။
ထိမ်းမြားခြင်း၌ ဇနီးမောင်နှံ နှစ်ဦးစလုံး တာဝန်ရှိသည်။ ခင်ပွန်သည်၊ ဇနီးသည်၏ ကောင်းကြိုးအတွက် သစ္စာရှိပြီး၊ ဇနီးသည်၊ ခင်ပွန်းသည်၏ အလိုကို လိုက်လျောရပါမည်။ အချို့သော သူတို့က ထိုနှစ်ဦးတို့သည် သဘောတူညီစွာ အပြန်အလှန် လိုက်လျောရန်နှင့်၊ သာတူညီမျှသော ၀တ္တရားရှိကြပါသည် ဟု မြင်ပြီး၊ အချို့တို့က ခင်ပွန်း၏ အနွံအတာကို ဇနီးမှ ခံယူရမည်ဟု အလေးအနက်သဘောထားကြသည်။ (ကော ၁း၁၈)

Thursday, September 8, 2011
စိတ်ချယုံကြည်ခြင်း
မာရ်နတ်ပစ်ခတ် သော မီးစက် လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက် တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။
ဧဖက်သြ၀ါဒစာ (၆း၁၆)
ဝိညာဉ်တိုက်ပွဲဆင်နွဲရာမှာ လုပ်ရမယ့် နံပါတ် လေးခုမြောက်အရာကတော့ ယုံကြည်ခြင်း ဒိုင်းလွှားကို ကိုင်စွဲထားဖို့ ဖြစ်တယ်လို့  တမန်တော်ကြီးရှင်ပေါလုက ဧဖက်သြ၀ါဒမှာ ဆိုပါတယ်။ ဘုရားသခင်ရဲ့ ကာကွယ်တဲ့လက်နက်စုံထဲမှာ စည်းလုံးခြင်း၊ သန့် ရှင်းခြင်း၊ တည်ငြိမ်ခြင်း နဲ့  စိတ်ချခြင်းတို့  ပါဝင်ပါတယ်။
ဒိုင်းလွှားတခုရဲ့ အစွမ်းဟာ ဘယ်လောက် ထက်သလဲဆိုရင် ဘီစီ ၄၈၀ လောက်တုန်းက ဖြစ်ပွားခဲ့ပြီး သမိုင်းဝင်ကျော်ကြားလှတဲ့ Thermopylae တိုက်ပွဲကို ကြည့်ပါ။ အဲဒီတိုက်ပွဲဟာ စပါတန် တပ်သား ၃၀၀ လောက်က ပါရှန်းတပ်သား ၁ သိန်းကျော်ကို တန်ပြန်ခုံခံ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ပါရှန်းတပ်တွေက စပါတန်တပ်သား ၃၀၀ ရှိတဲ့ဘက်ကို မြှားအစင်းပေါင်းများစွာ အတွဲလိုက် အတွဲလိုက် ပစ်ထည့်လိုက်ပါတယ်။ စပါတန်တပ်တွေက အားလုံး တပြိုင်နက်တည်း ဒူးထောက်ထိုင်လိုက်ကြပြီး၊ သူတို့ ရဲ့ ဒိုင်းတွေနဲ့  နံရံတံတိုင်းသဖွယ် ကာရံလိုက်တာကြောင့် မြှားအစင်းပေါင်းများစွာရဲ့ အန္တာရယ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ကိုယ့်ရဲ့ဘ၀မှာလဲ အဲဒီလိုမျိုး တွေ့ ကြုံခံစားရတဲ့ နေ မျိုးရှိပါသလား။ ထောင့်ပေါင်းစုံကနေ ကြောက်မက်ဖွယ်ရာ မြှားတွေ ထောင်နဲ့ ချီပြီး ချိန်ရွယ်ထားသလိုမျိုး ခံစားရတဲ့ နေ့ မျိုးပေါ့။ အဲဒီလိုမျိုးအချိန်မှာ လိုအပ်တဲ့အရာက ရှင်ပေါလုပြောတဲ့ "ယုံကြည်ခြင်းဒိုင်းလွှား" ပဲ ဖြစ်ပါတယ်။ " မာရ်နတ်ပစ်ခတ် သော မီးစက် လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက် တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြဖို့ "(ဧဖက် ၆း၁၆) ရှင်ပေါလုက ဆိုပါတယ်။
မာရ်နတ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မြှားတွေက ဘာတွေလဲ။ မာရ်နတ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မြှားတွေကတော့ သံသယရှိမှု၊ စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျမှု၊ အချိန်လင့်မှု၊ လမ်းပေါက်ပိတ်မှု၊ မျှော်လင့်ချက်မဲ့မှု မြှားတွေပဲ ဖြစ်ပါတယ်။
"သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော် မူသလော" (ကမ္ဘာဦးကျမ်း ၃း၁)
လို့ ဧ၀ကို မာရ်နတ်က အေဒင်ဥယာဉ်မှာ ပြောတဲ့အချိန်ကစပြီး လူသားတွေရဲ့ စိတ်ထဲမှာ သံသယစိတ်ကို ရိုက်သွင်းခဲ့ပါတယ်။ သံသယ၀င်ဖို့  တံခါးကို ဖွင့်ပေးလိုက်တာနဲ့ ( နဲနဲလေးပဲဖြစ်ဖြစ် ဟပေးလိုက်တာနဲ့ ) မာရ်နတ်က သံသယရှိမှု၊ မျှော်လင့်ချက်မဲ့မှု၊ စိတ်ဖိစီးမှု ဆိုတဲ့ မြှားတွေနဲ့ ချင်းနင်းဝင်ရောက်တိုက်ခိုက်တော့တာပါပဲ။ မာရ်နတ်ပစ်ခတ်တဲ့ မီးမြှားတွေနဲ့  ရင်ဆိုင်နေရတဲ့အချိန်မှာ လိုအပ်တာကတော့ "ယုံကြည်ခြင်း နဲ့ စိတ်ချခြင်း" ပဲ ဖြစ်ပါတယ်။
ကိုယ့်ဘ၀မှာ အစစအရာရာ အဆင်မပြေဖြစ်နေတဲ့ အချိန်မှာ စိတ်ချမှုရဖို့  ဘုရားသခင်ရဲ့ ကတိတော်တွေကို ယုံကြည်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ယုံကြည်ခြင်း ဒိုင်းလွှားကို ကိုင်ဆွဲပြီး၊ ကိုယ့်ရဲ့ သံသယတွေကို တန်ပြန်သံသယရှိဖို့ ၊ ကိုယ့်ယုံကြည်ချက်တွေကို မြဲမြံစွာ ယုံကြည်ဖို့ လိုပါတယ်။ လူအများစုကတော့ အဲဒါနဲ့ ဆန့် ကျင်ဖက် လုပ်တတ်ကြပါတယ်။ တကယ့်ကို မိုက်မဲရာ ကျလွန်းလှပါတယ်။ ကျွန်တော်တို့ အမှန်တကယ် လုပ်ရမှာက ကိုယ့်မှာရှိတဲ့ သံသယစိတ်တွေကို ပြန်ပြီး သံသယရှိဖို့ နဲ့  ကိုယ်ယုံကြည်သင့်တဲ့ အရာကို ယုံကြည်ဖို့ ဖြစ်ပါတယ်။ ကိုယ့်မှာ ယုံကြည်ခြင်း မရှိရင်တော့ မာရ်နတ်ကတိုက်ခိုက်လာရင် လဲပြိုကြသွားနိုင်ပါတယ်။
"ယုံကြည်ခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်" မယ်လို့ (မဿဲ ၉း၂၉) ကျမ်းစာကဆိုပါတယ်။ အဲ့ဒီ ယုံကြည်ခြင်းက ဘာလဲဆိုရင် ဘုရားသခင်ရဲ့ ကတိတော်ဟာ မမှန်တော့ဘူးလိုလို ဖြစ်နေတဲ့အချိန်မှာ ကတိတော်ကို မမှိတ်မသုန် စွဲမြဲ ယုံကြည်ခြင်းပဲ ဖြစ်ပါတယ်။
နာမတော်မြတ်၌
လှမင်းသူ
ရစ်(ခ်)၀ါရင်၏ နေ့ စဉ်မျှော်လင့်ချက် စာစောင်များမှ ၂ ရက် စက်တင်ဘာရက်စွဲပါ စာမျက်နှာအား ဆီလျော်အောင် ပြန်ဆိုပါသည်။
Monday, August 15, 2011
မြန်မာပြည်ပြန်လိုသော ပြည်ပရောက်မြန်မာများ (စင်ကာပူ)
ကျွန်တော်တို့ ခရစ်ယာန်တွေရဲ့ ငွေကြေးဆိုင်ရာသွန်သင်ချက်ကတော့ ငွေသည်ဘုရားပေးသောပစ္စည်းဖြစ်သည်။ ၁၀၀% ဘုရားပိုင်သည်။ ဘုရားဥစ္စာပစ္စည်းကို အထူးဂရုပြုသုံးစွဲရမည်။ ဘုရားပိုင်ငွေ (ဂေါပဂပိုင်ငွေ) ကဲ့သို့သော မိမိပိုင်ဆိုင်မှု၊၀င်ငွေများကို မဆင်မချင်သုံးစွဲသူများအား ဘုရားမနှစ်မြို့ပါ ...
ကျေးဇူးတင်ပါတယ်။ ဇနီးမောင်နှံ နားလည်မှုရဖို့ နံပါတ်တစ်ပါ။ ပြသနာတွေ သိပ်မစဉ်းစားပဲ ဘုရားထံအပ်နှံရင် အကောင်းဆုံးပါ။ ချင်းမိုင်မှာ အိမ်မြေယာ အကြွေးနဲ့ Installment ၀ယ်လို့ရတယ်။ ရေမီး၊ ပတ်ဝန်းကျင် အရမ်းကောင်းတယ်။ အိမ်စားရိတ်ကလည်း ရန်ကုန်ထက်ချိုတယ်။ လူတွေလည်း ရန်ကုန်လို ငွေမဖေါင်းပွဘူး၊ စင်ကာပူလို မကြီးကျယ်ဘူး။ ၃ခေါက်လောက်သွားလည်တာ အလွန်သဘောကျမိတယ်။ မြန်မာများစွာရှိကြတယ်။ အဲဒီမှာ မြန်မာပြည်နဲ့ အသေးစားစီးပွားရေးတွေလည်း လုပ်လို့ရတယ်။ စင်ကာပူလိုတော့ ၀င်ငွေမကောင်းဘူးပေါ့။ Just my thinking...
အမေရိကား၊ သြစတြေးလျှားက မိတ်ဆွေများကတော့ စီးပွားရေးလုပ်ချင်ရင် စင်ကာပူကိုလာလုပ်ပါ။ စီးပွားတဖက်နဲ့ ဗမာပြည်နဲ့ ပြန်နီးချင်ရင် ထိုင်းနိုင်ငံ၊ ချင်းမိုင်ကို လာအခြေစိုက်ပါ။
ကျွန်တော်တို့ ၂၀၀၀ ခုနှစ်လောက်က ငွေကောက်ပြီး အဆင်မပြေဆုံး တက္ကသိုလ်ဆရာတစ်ဦးအတွက် ငွေကောက်ခံပေးခဲ့ဖူးပါတယ်။ ဒီဆရာ ရန်ကုန်မှာ ငွေထုတ်ကြီးနဲ့ ဒုက္ခရောက်ပြီး၊ သွားလေရာသယ်သွားနေလို့ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ခဲ့ရဖူးပါတယ်။ ငွေဆိုတာ ပူလောင်ပါတယ်။
ဆင်းရဲသားများ ဆူဆိုက်မလုပ်ကြပါဘူး။ အောက်ပါ တကယ့်အဖြစ်အပျက်ကို ကြည့်ပါ။ ကျွန်တော် ဒီ ၁၉၂၁က ကမ္ဘာ့ထိပ်တန်းသူဌေး၉ယောက် ငွေကြေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ၀ီကီပီဒီယာမှာ အထုပတ္တိရှာကြည့်ပြီးပါပြီ။ ၂၅နှစ်အကြာမှာ ဒီသူဌေးတွေ ငွေရဲ့ကျေးကျွန်ဘ၀ စုတ်ပျက်သတ်အောင် ရောက်သွားကြရှာတယ်။
In 1921, nine of the world's most successful money-making business men got together at the Edgewater Hotel in Chicago. They included the head of the greatest monopoly, the most successful speculator on Wall Street, the president of the largest independent steel company, the president of the largest utility company, the president of the largest gas company, the greatest wheat speculator in the United States, the president of the New York Stock Exchange, the president of the Bank of International Settlements, and a member of the president's cabinet.
Twenty-five years later, where were these men of fantastic wealth and power?
Ivar Krueger, head of the greatest monoploy, died of suicide. Jessie Livermore, the most successful speculator on Wall Street, died of suicide. Charles Schwab, president of the largest independent steel company, died in bankruptcy. Samuel Insull, the president of the greatest utility company, died penniless, a fugitive from the law in a foreign land. Howard Hopson, president of the largest gas company, went insane. Arthur Cotton. the greatest wheat speculator died abroad, bankrupt. Richard Whitney, president of the New York Stock Exchange, was convicted of fraud and went to Sing Sing Penitentiary. Leon Fraser, president of the Bank of International Settlements, died of suicide. Albert Fall, a member of the president's cabinet, went to prison for wrongdoing and was finally pardoned from prison so he could die at home.
Download: http://murann.com/ebooks/Managing.Finances.pdf
ဟုတ်ပါတယ်။
သေခြင်းတရားကတော့ ကုစားလို့မရပေမဲ့၊ ငွေကြောင့် စိတ်ဓါတ်ကျ သေဆုံးရတဲ့လူတွေအတွက် စိတ်မကောင်းပါဘူး။ ပထမတော့ ကိုယ်ပဲလွတ်အောင် လုပ်ရပါမယ်။ ဒီငွေနဲ့ပိုင်ဆိုင်မှုများဟာ သုခထက်၊ ဒုက္ခပဲ ဖြစ်စေပါတယ်။ စင်ကာပူဟာ ကမ္ဘာ့စီးပွားရေးထိပ်တန်းနိုင်ငံဖြစ်ပါတယ်။ ငွေကိုအလွန်သတိကြီးစွာ ရင်းနှီး၊သုံးစွဲနိုင်လို့ အစ္စရေးနိုင်ငံထက်တောင် ချမ်းသာပါတယ်။ အံ့ဘွယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ အနားယူ Retire လုပ်ရန် ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ မည်သို့ဖြစ်စေ ဘုရားနဲ့သွားလာ၊ ဆက်ဆံတတ်သူဆိုရင် မဖော်ပြနိုင်သော ကိုယ်စိတ်မချမ်းသာသော်လည်း ၀ိညာဉ်ရေးမှာ ကြွယ်ဝချမ်းသာ၊ ၀မ်းမြောက်ရပါမယ်။
ကျေးဇူးတင်လျှက်
ဇော်အောင်

Friday, May 20, 2011
မိမိနှင့် အခြားသူနဲ့ မနှိုင်းယှဉ်ခိုင်းပါ
မနေ့က ကျွန်တော် တစ်ခု သတိပြုမိတယ်။ အဲဒါက ဘာလဲဆိုတော့ နတ်ဆိုးဟာ မိတ်ဆွေရဲ့ ဘ၀၊ အလုပ်အကိုင်၊ မိသားစုခရီးမှာ ၀မ်းမြောက်ခြင်းကို ခိုးယူဖို့ ကြိုးစားနေတာပါပဲ။ နတ်ဆိုးသုံးတဲ့ နည်းတစ်နည်းကတော့ မိတ်ဆွေရဲ့ ဘ၀၊အလုပ်အကိုင်၊ မိသားစုခရီ လုပ်ရပ်ကို အခြားသူများရဲ့ လုပ်ရပ်များနဲ့ ယှဉ်ပြိုင်လိုစိတ်ကို မွေးပေးမယ်။ နောက်တစ်နည်းကတော့ အခြားသူများရဲ့ လိုချင်တဲ့ ပုံစံအတိုင်း လုပ်ဖို့ ဖျားယောင်းလိမ့်မယ်။ ဒီနည်းနှစ်နည်းလုံးဟာ နတ်ဆိုးရဲ့ သေမင်းထောင်ချောက်တွေဖြစ်ပြီး မိတ်ဆွေအတွက် ရည်ရွယ်ထားတဲ့ ဘ၀ကံတရား or (ဘုရားသခင် ကောင်းမြတ်စေခြင်း) လမ်းကြောင်းကို သွေဖည်သွားစေမဲ့ အရာများ ဖြစ်ပါတယ်။
ဘယ်ဘာသာတရားမဆို ကျွန်တော်တို့ကို အခြားသူများနဲ့ ယှဉ်ပြိုင် မနှိုင်းယှဉ်ကြဖို့ သတိပေးထားပါတယ်။
"Do your own work well, and then you will have something to be proud of. But don't compare yourself with others." (Galatians 6:4)
မိတ်ဆွေရဲ့ လုပ်ရပ်ပုံစံကနေ့ ရလာတဲ့ အသီးအပွင့်တွေကို အခြားသူနဲ့ မနှိုင်းယှဉ်ခိုင်းတာ အကြောင်းကြီး နှစ်ရပ် ရှိပါတယ်။
ပထမ တစ်ရပ်ကတော့ - မိတ်ဆွေထက် သာလွန်တဲ့ လူတစ်ယောက်ကို မိတ်ဆွေ မတွေ့ပဲ မနေပါဘူး။ အဲဒီအခါမှာ ယှဉ်ပြိုင်စိတ် မွေးလိုက်ရင် စိတ်ဓါတ်ကျစရာ ဖြစ်လာလိမ့်မယ်။
ဒုတိယ တစ်ရပ်ကတော့ - မိတ်ဆွေထက် ညံ့ဖျင်းတဲ့ အခြားလူတစ်ယောက်ကိုလည်း တွေ့ဦးမှာပဲ။ ယှဉ်ပြိုင်စိတ်ကလေး မွေးလိုက်ရင် ကိုယ့်ကိုကိုယ် ဘ၀င်မြင့်စရာ ဖြစ်လာလိမ့်မယ်။
စိတ်ဓါတ်ကျရင်ပဲ ဖြစ်ဖြစ်၊ ဘ၀င်မြင့်ရင်ပဲ ဖြစ်ဖြစ်၊ မိတ်ဆွေရဲ့ ဘ၀ခရီး လမ်းကြောင်းမှန်ကို ရပ်တန့်သွားစေနိုင်ပါတယ်။
ဓမ္မသစ်ကျမ်းစာများစွာ ရေးသားခဲ့သူ ရှင်ပေါလုကလည်း မိမိကိုယ်ကို သူများနဲ့ နှိုင်းယှဉ်ခြင်းဟာ မိုက်မဲရာကျကြောင်း ဆိုပါတယ်။ သူက ဘာပြောသလဲ ဆိုရင်
"In all this comparing and grading and competing, they quite miss the point." (2 Corinthians 10:12b)
မိတ်ဆွေရဲ့ ဘ၀၊ အလုပ်အကိုင်၊ မိသားစုခရီး လုပ်ရပ်ပုံစံကို နားမလည် နိုင်ပဲ ဝေဖန်ပြစ်တင်တဲ့ လူတစ်ချို့ ကို မိတ်ဆွေ တွေ့ ကြုံရမှာပါပဲ။ သူတို့ က သူတို့လိုချင်တဲ့ ပုံစံထဲကို မိတ်ဆွေကို ဆွဲသွင်းကြလိမ့်မယ်။ ဂရုမစိုက်ပါနဲ့။
ရှင်ပေါလုကိုယ်တိုင်လည်း ဝေဖန်သူ တစ်ချို့ နဲ့ ကြုံတွေ့ ခဲ့ရပါတယ်။ သူရဲ့ တုန့်ပြန်ချက်ကတော့ အမြဲတမ်း အတူတူပါပဲ။ ယှဉ်ပြိုင်တာတွေကို ရှောင်ကျဉ်တယ်။ ပုံကြီးချဲ့  ပြောတာတွေကို တွန်းလှန်တယ်။
Pilgrims Progress စာအုပ်ကို ရေးတဲ့ စာရေးဆရာ John Bunyan က ဘာပြောသလဲဆိုရင်
”လူတွေ ဘယ်လောက် ချီးမွမ်းနေပါစေ အကျိုးမရှိဘူး ဆိုရင် ငါ့ဘ၀ဟာ အလကားပဲ။ လူတွေ ဘယ်လောက် ကဲ့ရဲ့ နေပါစေ အကျိုးရှိရင် တော့ ငါ့ဘ၀ဟာ တန်ဖိုးရှိတယ်။”
Don't compare or conform your shape to others
by Rick Warren ဆီလျှော်အောင် (မယုံကြည်သူများအတွက်) ဘာသာပြန်သည်။
Reference Link: Click Here
Saturday, April 9, 2011
ဘုရားပြောစကားကို စောင့်ကြည့်ပါ 31/03 Daily Hope
ဂျပန်ငလျှင် ပြန်လည်တည်ဆောက်ရေးကို ပေးလှုပါ။
ဘုရား စကားသံသည် မကြာခဏ တွေ့မြင်ရသည်။ ဘုရားထံမှ ကြားနာလိုပါက မျက်စိဖြင့်နားထောင်တတ်ဖို့ လိုသည်။ သင်၏ဆုတောင်းချက်အဖြေကို စိတ်ပုံရိပ်လွှာအဖြစ် ထင်ပြပေးခြင်း မကြာခဏတွေ့ကြုံနိုင်သည်။ ထိုသို့ဖြစ်လျှင် သင့်တွင် အမြင်အာရုံရပြီ ဖြစ်သည်။
အမှန်တကယ်ဆိုလျှင် သမ္မာကျမ်းစာတွင် ရာပေါင်းများစွာသော အဖြစ်ပျက်များမှာ ဘုရားထံမှ လူတစ်ယောက်အား စိတ်အာရုံအားဖြင့် ပေးခြင်းမျိုး ဥပမာများတွေ့နိုင်သည်။ ထိုသို့ဖြစ်ခြင်းကို အမြင်အာရုံရခြင်းဟုလည်း ခေါ်ကြသည်။ စိတ်အိပ်မက်ဟုလည်း ဆိုကြသည်။ ဟေရှာယ၊ ဧဇရ၊ ဒံယေလ၊ ဟောရှေ၊ ယောလ၊ အာမုတ်၊ သြဗဒိ၊ မိက္ကာ၊ နာဟုံ စသည်ပရောဖက်များမှာ ထိုအမြင်အာရုံများ ရရှိခဲ့ကြသည်။
ဆာလံ ၇၃း ၁၆ - ၁၇ တွင်ရေးထားသည်။ " ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။ နောက်မှ ဘုရားသခင်၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင်၍ ၊ သူတို့၏အဆုံးကို နားလည်ရပါ၏။"
သင်သည် ယာယီခဏ ပြောင်းလဲခြင်း လိုအပ်ပါက သင့်အပြုအမူများကို အာရုံစိုက်ပါ။ သင်သည် ထာဝရ ရေရှည်အတွက် ပြောင်းလဲမှု လိုအပ်သည်ဆိုပါက စိတ်အာရုံကို စူးစိုက်ပေးရပါမည်။ ရုပ်ပုံအသစ်တခုလုံး၊ သင့်ကိုယ်ကို၊ သင့်ဘ၀တခုလုံးကို နည်းသစ်ဖြင့် ပြန်လည် ဆန်းဆစ်၊ ကြည့်မြင်တတ်ဖို့ လိုပေသည်။ မည်သို့ ကြည့်မည်နည်။ ဘုရားကို သေချာ စောင့်ကြည့်ရင်း မိမိဘ၀၊ မိမိပြဿနာများကို ကြည့်မြင်ရပေမည်။
လွန်ခဲ့သော ၁၀နှစ်တာနှင့် မတူသောအမြင်ဖြင့် ကြည့်ရမည့် အရာများမှာ သင့်ငွေကြေးကိစ္စ၊ သင့်စားအသောက်ကိစ္စ၊ သင့်မိသားစုကိစ္စ၊ သင့်ဘ၀တိုးတက်ရေးကိစ္စ စသည်တို့ဖြစ်သည်။ အမြင်သစ်ဖြင့် ကြည့်ရှုနိုင်ရမည်။ သို့မှသာ တိုးတက်သော အပြောင်းအလဲဖြစ်လာပေမည်။
ထို့ကြောင့် ဘုရားထံမှ စကားကို စိတ်အာရုံမည်သို့ ရရန်အတွက်
၁။ ဘုရားကို မေးခွန်းမေးပါ " သင်တို့တွင်တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ၊ ခပ်သိမ်း သောသူတို့အားစေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင် ရလိမ့်မည်။ သို့ရာတွင်တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့် တောင်းရမည်။ တွေးတောခြင်း ရှိသော သူသည်ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။" ယာကုတ် ၁း ၅-၆ သင့်မေးခွန်းမှာ တိကျပြတ်သားသော မေးခွန်းဖြစ်ရပေမည်။
၂။ ဘုရားသခင့်စကား ကို မျက်ခြေမပျက်ကြည့်ရှုရန်။ "တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ၊" ဆာလံ ၁၁၉း ၁၈
Watch For What God Says
Thursday March 31 2011 12:00 AM
Posted by Rick Warren

Monday, March 28, 2011
နေ့စဉ်မျှော်လင့်ချက် Daily Hope - 26 March 2011
သင်၏အားနည်းခြင်းသည် ဘုရားသခင်၏တန်ခိုးတော်ဖြင့်အကောင်းဆုံးဖြစ်ရသည်
“ငါ့ကျေးဇူးသည် သင့်အဘို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကို၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွား ခြင်းငှါ သာ၍ငါအလိုရှိ၏။”(၂ကော ၁၂း၉)
ကျွန်တော်ခင်ဗျားရဲ့ မှတ်စုဖတ်ရတယ် ဘုရားသခင်က ခင်ဗျားကိုနောက်ဆယ်စုနှစ်တစ်စုအတွင်း လုပ်ဆောင် ရန်ပေးထားသည်များကို တွေးကြည့်သည်အခါတွင်လုပ်နိုင်မည် မဟုတ်ကြောင်းအဖြေရသည်။
ကျွန်တော်ပြောတာကို ခင်ဗျားကြားလျှင် အံ့အားသင့်မည် ဒါပေမဲ့ကျွန်တော်သဘောတူသည်။ ဘုရားသခင် ကခေါ် ၍ လုပ်ခိုင်းသည်၊ သင်သည်ဘုရားသခင်မပါဘဲမလုပ်သင့်ပါ။ အကယ်၍ဘုရားသခင် မပါဘဲ လုပ် ဆောင်၍ရလျှင်၊ ဤအရာသည် ဘုရားသခင်က ခိုင်းစေခြင်းမဟုတ်ပါ။
သင်ခံစားရသည်ကို ကျွန်တော်သိသည် ဘုရားသခင်သည် သင့်ကိုခိုင်းစေသည်၊ သင်၏အင်အားနှင့်ဆန့်ကျင် သောအလုပ်ဖြစ်သည်၊ သို့သော် ဤအလုပ်သည်ဘုရားသခင်ခေါ်၍ခိုင်းခြင်းဖြစ်သဖြင့်သူ၏အင်အားသည် သင့် အပေါ်သို့သက်ရောက်ပြီး၊ပေးသောလုပ်ငန်းတာဝန်အတွက်လုံလောက်မည်။
ဘုရားသခင် ပြောသည်မှာ သင်၏အားနည်းခြင်း၊ မယုံသင်္ကာခြင်း၊ နှင့် မိမိကိုယ်မိမိ ယုံကြည်မှုနည်းခြင်းတို့ သည် ဘုရားသခင်အတွက် အံ့သြစရာများမဟုတ်တော့ပါ။ တခြားသူများကို ကျိုးစား၍ဖုန်ကွယ်လို့ရသည်။ သို့သော်လည်း သင်ကိုဖန်ဆင်းသူအား ဘာကိုမှဖုန်းကွယ်၍မရပါ။
အမှန်က ဘုရားသခင်က သင်ကိုဖန်ဆင်းကထဲက အားနည်းစေသည်။ သူသည်ဘုရားသခင်ဖြစ်၍ အမှားတော့ မလုပ်ပါ၊ သင်ကိုဖန်ဆင်းထဲကအားနည်းစေသည်မှာ ဖြစ်နိုင်ခြေရှိသည်။ သင်သည်ဘုရားသခင်ရှေ့မှာ ဒူးထောက်ရန်? “ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။ သို့ သော်လည်း ဆင်းရဲဒုက္ခကို ငါခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာပြုကြပြီ။” (ဖိ ၄း၁၃-၁၄)
သူငယ်ချင်းခင်ဗျာ ဘုရားသခင်သည်အခြားလူများကို ဤအလုပ်လုပ်ရန်မခေါ်ပါ၊ သင်ကိုသာ သူ၏အင်အားနှင့် ခေါ်၍သင်လုပ်နိုင်ခြင်းဖြစ်သည်။ သင်ကိုချစ်သော ဘုရားသခင်သည်၊ သခင်ခရစ်တော်နောက်လိုက်သည့် သင်ရဲ့ကံကြမ္မာအတွက် သင်၏ခြေလှမ်းတိုင်းတွင်ပါဝင်သည်။Daily Hope Your Weakness: God’s Power Made Perfect Saturday March 26, 2011 Posted by Jon Walker
စံဝင်းချို (ဘာသာပြန်သည်)
စံဝင်းချို (ဘာသာပြန်သည်)
Thursday, March 24, 2011
သင်၏ရည်ရွယ်ချက်ကို အာရုံမစိုက်နိုင်မဖြစ်ပါစေနှင့်
Daily Hope
Don’t Be Distracted From Your Purpose
Tuesday March 22, 2011
“ကိုယ်ကိုကိုယ် လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာ ပြုသောသူမဟုတ်၊ တရားကိုကျင့်သော သူဖြစ်ကြလော့။” (ယာ ၁း၂၂)
ဤဆယ်စုနှစ်တစ်စုနေထိုင်၍ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန်၊ ဦးစားပေးပြောင်းလဲမှုများလိုအပ်သည်၊ သင်၏အစီအစဉ်၊ သင်၏ဆက်ဆံရေး၊ နှင့် ထို့ပြင်အားလုံး။ တခါတလေ ခက်ခဲသောလမ်းကိုရွေးချယ်ခြင်းသည် လွယ်ကူသောလမ်းကို ရွေးချယ်ခြင်းထက် အကျိုးသက်ရောက်မှုရှိသည်။
Steve Adam ခလေးများ သင်းအုပ်ဆရာ Saddleback အသင်းတော်မှ ပြောသည်မှာ ကျွန်တော် တို့သည် အရှေ့သို့ ဘုရားသခင် ညွှန်ကြားပြောဆိုသည်အတိုင်း၊ “လုပ်ဆောင်ချက်သည် ဆွဲအား လိုအပ်သည်၊ ဒါပေမဲ့ ရန်သူက အာရုံအနှောင့်အယှက်ဖြစ်ပေါ်စေသည်။” တနည်းအားဖြင့်၊ ကျွန်တော်တို့သည် ဘုရားသခင် ၏ အစီအစဉ်ကို ယုံကြည်ပါတယ်ဟု ပြောယုံနှင့်မပြီးပါ၊ သို့မဟုတ် ကျွန်တော်တို့ ခြေလှမ်းအချို့လိုအပ်ပါသည်။ ဘုရားသခင် အလိုရှိသည်က ကျွန်တော်တို့ခြေလှမ်းအမှန်ကိုယူ၍ရှေ့သို့ရွေ့လျားစေခြင်သည်။
ဒါပေမဲ့ Steve ရှင်းလင်းချက်လိုဘဲ ရန်သူသည်တဟုံတိုးတက်တိုက်ပြီးစိတ်ရှုတ်ထွေးစေပြီး၊ ကျွန်တော်တို့ကို ဘုရားသခင်၏အစီအစဉ်မှဆွဲထုတ်ရန် စီစဉ် စီမံထားသည်။ ကျွန်တော်တို့သည် ယာကုပ်ကျမ်းစာတွင် ဖော်ပြ သည့်လူလိုဖြစ်ကြရသည်။ မှန်ထဲသို့ကြည့်သည် ဒါပေမဲ့ လမ်းလျှောက်သွားတော့ သူဘာနှင့်တူသည်ကိုမေ့သွား သည်။ စိတ်ရှုပ်ထွေးသည် မကောင်းသော သဘောထားလို အကြောင်းပြချက်များ၊ နှောင့်နှေးကြန့်ကြာမှု။ နှင့် မအားမလပ်ခြင်းများသည် ဘုရားသခင်ခေါ်၍အလုပ်လုပ်စေခြင်သည်အခါများတွင် “မလုပ်ဆောင်နိုင်” ဘဲ “နားထောင်သူ”တစ်ဦးသာဖြစ်နေပေသည်။
ရွေးချယ်မှုများကိုရင်ဆိုင်ရသည် ခြေလှမ်းတိုင်းသည် ဤဆယ်စုနှစ်တစ်စု၏ကံတရားဖြစ်ပါသည်၊ ကျွန်တော်တို့ ဘုရားသခင် ရည်ရွယ်လျက်ကိုကျေပွန်အောင် ဆောင်ရွက်နိုင်ပါ့မလား၊ သို့မဟုတ် လုပ်ဆောင်ရန်နောက် တွန့်ပြီး သက်သောင့်သက်သာရှိစွာနေထိုင်တော့မည်လား၊ ကိုယ်အကျိုးဘဲကြည့်သည့် အသက်၌ ဘဲနေတော့ မည်လား။? ကျွန်တော်တို့ ကိုယ်ရည်မှန်းချက်ပန်းတိုင်အတွက်ဘဲ၊ နှစ်သိမ့်မှု၊ နှင့်ကြည်နူးမှု၊ သို့မဟုတ် ကျန်တဲ့အသက်တာကို ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေရန်ဆောင်ရွက်မည်၊ ဘုရားသခင်၏ ထာဝရဆုလာဘ် ဂတိပေးသည်ကို သတိရသည်။
စံဝင်းချို ဘာသာပြန်သည်။
Posted by Rick Warren
http://murann.com/dailyhope.htm or http://murann.com/dailyhope1.htm
http://murann.com/dailyhope.htm or http://murann.com/dailyhope1.htm
Friday, January 21, 2011
ဘေးဒါဏ်ကြီးများ Famine and Disasters
> OTHER HISTORICAL disasters:
>
> Krakatau volcanic eruption 26 Aug 1883 ( 36,000 dead )
> China earthquake 26 July 1976 ( 255,000 dead )
> Portugal earthquake 26 Jan 1951 ( 30,000 dead )
> Kansu, China earthquake 26 Dec 1932 ( 70,000 dead )
> Turkey earthquke 26 Dec 1939 ( 41,000 dead )
> Sabah Tidal waves 26 Dec 1996 ( 1,000 dead )
> Bam, Iran earthquake 26 Dec 2003 ( 60,000 dead )
> Myanmar Nargis, Storm May 2008 (200,000 dead)
မိုးခေါင်းရေငတ်တာ အငတ်ဘေးဆိုတာ မြန်မာပြည်သမိုင်းမှာ မကြားဖူးသေးပါဘူး။ ငတ်လို့သေတဲ့ မသာ မြန်မာပြည်မှာ မရှိသေးဖူး ပြောစကားရှိသော်လည်း တစ်ယောက်တစ်လေရှိနေပြီပြောပါတယ်။ အငတ်ဘေးဆိုတာ မိုးခေါင်ရေရှား၊ စိုက်ပျိုးရေး၊မွေးမြူရေး တနှစ်မက ဖြစ်တာကြောင့် ငတ်မွတ်ခေါင်းပါးခြင်းဖြစ်တာပါ။ အထက်က ရေကြီး၊ မုန်တိုင်း၊ မြေငလျှင်၊ စစ်ဖြစ်လို့ သေကြေတာတွေထက် အဆပေါင်းများစွာဆိုးဝါးပါတယ်။ အိမ်နီးချင်း တရုပ်ကွန်မြူနစ်ခေတ်က ကမ္ဘာနဲ့အဆက်ဖြတ်ပြီး မိုးခေါင်ရေရှားမှု Farmine ကြောင့် သန်းပေါင်း၆၀ကျော် သေဆုံးခဲ့ပါတယ်။ အာဖရိကမှာတော့ အငတ်ဘေးဆိုတာ သိပ်မထူးဆန်းလှပါ။ သန်းနဲ့ချီပြီးသေကြပါတယ်။ ရောဂါဘယကြောင့် သေဆုံးရတာကလည်း ကြောက်မက်ဖွယ်ပါ။ ကျောက်ရောဂါကြောင့် ဥရောပတိုက်မှာ လွန်ခဲ့တဲ့ အနှစ်၁၅၀မှာ လူသန်းပေါင်း ၆၀၀ သေကြတယ်။ အံ့သြစရာပဲ။ ပလိပ်ရောဂါကြောင့်လဲ သန်းနဲ့ချီသေဆုံးကြတယ်။
Conclusion:
1. Famine is the most people died (~1920-1960, millions people died under communist rule in China, Soviet..etc.. No.1 in Chinese communist - 45millions Chinese died.
2. Myanmar Nargis cyclone is No.6 (126,000 people died)
3. Small pox - last 150 years ago, 600 millions people died. (believe it or not)
4. Some disease (Flu, Plague...also Big disasters)
http://en.wikipedia.org/wiki/List_of_disasters
ငတ်ပြတ်ပြီး သေတယ်ဆိုတာ အသေဆိုးကြီးတစ်ခုပါ။ ယေသပ်ကတော့ အီဂျစ်ဘုရင်ရဲ့ ၇နှစ်အငတ်ဘေးကနေ ကယ်တင်နိုင်ခဲ့တဲ့ ဒုတိယဘုရင်ခံအဖြစ် သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ပါတယ်။
မြန်မာပြည်သားများ အငတ်ဘေးမှ မကြုံရတဲ့အတွက် ကျေးဇူးတော်ချီးမွှမ်းပါတယ်။ နာမတော်ဖြင့် ဆက်လက်ဆုတောင်းကြပါစို့...။
The End...
Saturday, February 6, 2010
ဓမ္မပညာ အထောက်အကူပြု လစဉ်စာစောင် Jan 2010
Friday, January 1, 2010
ဒီနှစ်အတွက်ခရစ်တော် 2010 Christ and We
ု အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသောလက်ဝါးကပ်တိုင်မှာ အသေခံတော်မူသောသခင်မှတပါး၊ အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိမမှတ်ဟု ငါစိတ်ပြဌာန်းခြင်းရှိ၏။ ၁ကော၂း၂
ယနေ့ ဧည့်သည်တော် Jon Walker ရဲ့ ကျမ်းပိုဒ်နဲ့ ခွန်အားယူရန်ဖြစ်ပါတယ်။ နှစ်သစ်အတွက် ပြဌာန်းချက်များလုပ်ဆောင်ရန် သင်စဉ်းစားနေရင် ရှင်ပေါလု ပြောကြားချက်လေးနဲ့ စဉ်းစားပါ။ သူရဲ့ "ဒီနှစ်အတွက် ခရစ်တော်လက်ဝါးကပ်တိုင်မှာ စွန့်လွှတ်အသေခံခြင်းကလွဲရင် ငါ့အသိဟာ ဗလာနတ္တိပဲ" ဆိုတဲ့ ပြဌာန်းချက်ပါပဲ။
ဒီ အချက်ဟာ ပြက်သားစွာပဲ ရိုးစင်းပါတယ်။ ကယ်တင်ခြင်းဟာ ခရစ်တော် တခုတည်းပါ။ ဘယ်လို အဓိပ္ပါယ် ပေါက်ပါသလဲ ....
- ဘုရားနဲ့ သင့်ရဲ့ ကောင်းတဲ့ကျင့်ဝတ်များ ပေါင်းစပ်ထားခြင်း မဟုတ်ပါဘူး
- ဘုရားနဲ့ သင်ံရဲ့ နှစ်ပေါင်းများစွာ ကျမ်းစာလေ့လာခြင်း ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ ဆယ်ဘို့တစ်ဖို့ အလှုငွေ ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ သင့်ရဲ့ ဘုရားရှိခိုးကျောင်း ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ အလွတ်ရတဲ့ ကျမ်းစာပိုဒ်များ ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်နောက်ဆုံးတက်ခဲ့တဲ့ ခရစ်ယာန်သင်တန်းတခုမှ ရခဲ့တဲ့ဓမ္မပညာ ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ညစာ (သို့မဟုတ် - အစာရှောင်ခြင်း) ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ ယာဉ်မောင်းကောင်းမွန်ခြင်း ရဲစခန်းကမှတ်တမ်း ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ လိမ္မာသိတတ်တဲ့ သားသမီးများ ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့အလုပ်ကောင်းကောင်းရှိနေခြင်း ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင့်ရဲ့ ခင်ပွန်းသည်ကောင်းကောင်းရှိနေခြင်း ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
- ဘုရားနဲ့ သင်တို့မှာရှိတဲ့ နောက်ဆုံးပေါ် တက်ကနိုလော်ဂျီအတတ်ပညာများ ပေါင်းစပ်ထားခြင်းမဟုတ်ပါဘူး
ရိုးစင်းတဲ့ ဘုရားရှင် ဖြစ်ပါတယ်။ ဘုရားနဲ့ သင့်ရဲ့ ဗလာနတ္တိ ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ "ဒီနှစ်အတွက် ခရစ်တော်လက်ဝါး ကပ်တိုင်မှာ စွန့်လွှတ်အသေခံခြင်းကလွဲရင် ငါ့အသိဟာ ဗလာနတ္တိပဲ" ဆိုတဲ့ ပြဌာန်းချက်ပါပဲ။
Ref: A Resolution Worth Keeping by Jon Walker
Saturday, December 26, 2009
ဓမ္မပညာအထောက်အကူပြု စာစောင် ၂၀၀၉၊ ဒီဇင်ဘာ Pulpit-Dec2009
ဓမ္မပညာအထောက်အကူပြု စာစောင် ၂၀၀၉၊ ဒီဇင်ဘာ လထုတ် ဖတ်ရှုနိုင်ပါသည်။
ဓမ္မစာစောင်များ - အံ့သြဘွယ်နာမမရှိသောအရှင် (ညီအစ်ကိုကြီးDr ဦးတင်မောင်ထွန်း)၊ အသက်တာများကို ပြင်ဆင်လျှက် (ညီအစ်ကို ဦးကပ်ခန့်ခုပ်)၊ ကျွန်ုပ်တို့သိအပ်သောဘုရား (ညီအစ်ကို ဦးဒင်နီယယ်)၊ ကတိတော်များကို ယုံကြည်စိတ်ချ၍ (ညီအစ်ကိုကြီး ဦးတင်မောင်ညို)၊ ခရစ်တော်၌ထိတွေ့ခဲ့ကြသူများ (ညီအစ်ကို ဦးတင့်အောင်)၊ ဗျာဒိတ်ရုပါရုံနှင့် တာဝန်ဝတ္တရား (ညီအစ်ကို ဦးခင်မောင်အေး) တို့နှင့် သက်သေခံချက်အချို့ ..... ဒေါင်းလုပ်ဖတ်ရှုနိုင်ပါသည်။
Monday, December 7, 2009
ဘုရားသခင်၏ သားတော် ခရစ်တော် ဖြစ်တော်မူသည် .
ခရစ်တော်တေးရေး- Fr. ခင်မောင်အေး
တေးဆို - ဇမ်နူး
ပုသိမ်ကက်သလစ်သာသနာ
ခရစ်တော် တို့အတွက် ... နုံခြာနွားစာခွက်ထဲမှာ ဖွားမြင်
ခရစ်တော် တို့အတွက် .. ကယ်တင်ရာသတင်းတော်
ခရစ်တော် တို့အတွက် .. ယုံကြည်ရာ ပေးစွမ်းနိုင်တဲ့သူ
ချည်နှောင်ခဲ့တဲ့ .. အမြစ်ကြိုးများကို ပြေစေလေပြီ...
ခရစ်တော် တို့အတွက် ... နုံခြာသစ်တိုင်ကို ထမ်းပြီ
ခရစ်တော် တို့အတွက် .. သူအသေခံပြီ ..
ခရစ်တော် တို့အတွက် .. ရှင်ပြန်ရာ ပေးစွမ်းတဲ့သူ..
တို့အားလုံးအတွက် .. ကယ်တင်ရှင်ခရစ်တော်.....
ခရစ်တော်ရဲ့ တမလွန် အသက်တာမျှော်လင့်ရာ
သေခြင်းကင်းရာ သုခဘုံနန်းပေးပိုင်ရှင်
ခရစ်တော်တို့ရဲ့ မျှော်လင့်ခြင်းတွေ တည်ရှိရာ
ယုံကြည်တို့အတွက် ခိုင်မာကတိစကားတော်တည်နေပြီ...
ခရစ်တော် တို့အတွက် ... အသေခံခဲ့ပြီ နောက်ဆုံးမှာ
ခရစ်တော် တို့အတွက် .. သူရှင်ပြန်ခဲ့ပြီ ..
ခရစ်တော် တို့အတွက် .. ရွှေပြည်ဘုံသုခနန်းမှာ ..
တို့အားလုံးအတွက် .. နေရာပြင်ထားပြီ .....
ခရစ်တော် တို့ရဲ့ တမလွန် .. အသက်တာမျှော်လင့်ရာ
သေခြင်းကင်းရာသုခဘုံနန်းပေးပိုင်ရှင်.
ခရစ်တော် တို့ရဲ့ .. မျှော်လင့်ခြင်းတွေတည်ရှိရာ ..
ယုံကြည်သူတို့အတွက် ခိုင်မာကတိတော် တည်နေပြီ..
ခရစ်တော် တို့အတွက် ... အသေခံခဲ့ပြီ နောက်ဆုံးမှာ
ခရစ်တော် တို့အတွက် .. သူရှင်ပြန်ခဲ့ပြီ ..
ခရစ်တော် တို့အတွက် .. ရွှေပြည်ဘုံသုခနန်းမှာ ..
တို့အားလုံးအတွက် .. နေရာပြင်ထားပြီ .....
The End.. http://www.youtube.com/watch?v=F1JU1yjxp0Q&NR=1
Subscribe to:
Posts (Atom)