Showing posts with label သက်သေခံ၊ဒေသနာ. Show all posts
Showing posts with label သက်သေခံ၊ဒေသနာ. Show all posts

Sunday, April 22, 2012

ကင်ဗက်ခရူးဆိတ်၊ခရစ်တော်သံအမတ်များ


ပေါလ်ခေကျိုင်း (Rev, Dr Paul Kay Kyaing)

သက်သေခံချက်
ငယ်စဉ် အမွှာမွေးရာ၊ အမဖြစ်သူ အသက်ရှင်ပြီး၊ နောက်မှမွေးသည့် သူအသက်မရှိတော့။ ထုပ်ပိုး၊သဂြိုလ်ရန်အချိန်တွင် ဓမ္မဆရာတဦးရောက်လာပြီး၊ ရေနွေး၊ရေပတ်တိုက်၊ လေမှုတ်၊ ဆုတောင်းပေးခြင်းဖြင့် အသက်ပြန်ရှင်လာခဲ့သော ကျွန်တော်ဖြစ်သည်။ ချင်းတောင်တွင် ကြီးပြင်းခဲ့ပြီး ရန်ကုန်သို့ ရောက်လာခဲ့သည်။

ငယ်စဉ်က ပြည်ပအစိုးရ (ဦးနု) ၁၉၆၈ ဖြင့် ဘန်ကောက်မြို့တွင် လုံခြုံရေးတာဝန်ခံလုပ်ခဲ့သည်။ ထိုစဉ်တွင်ပင် ပြောင်းလဲခဲ့ပါသည်။ ခရစ်တော် ရရှိတိုင်း ပြောင်းလဲမှု၊ ချက်ခြင်း မဖြစ်ပါ။ တော်လှန်ရေး ၈နှစ်လုပ်ပြိး၊ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာပြည်ပြန်ရောက်လာခဲ့သည်။ ၃နှစ် မြန်မာပြည်ကွန်မြူနစ်၊ ရှမ်းပြည်တွင် ထောက်လှမ်းရေးတာဝန် ထမ်းဆောင်ရသည်။ သို့သော် ထိုနေရာ လားဟူဒေသတွင် ၃နှစ် နေခဲ့ပြီး၊ တောင်တန်းများကြားတွင် ကျမ်းစာတအုပ်ဖြင့် ခရစ်တော်အမှုတော်ဆောင်ခွင့်ရခဲ့ပါသည်။ လားဟူစာနှင့်စကား တတ်မြောက်ခဲ့သည်။ မိမိလူငယ်တဦးက မယုံကြည်သူ မိခင်ကြီး သေဆုံးသွားပြီး၂ရက်အကြာ၊ လူငယ်၏ မရမကတောင်းဆိုမှုကြောင့်၊ မတတ်သာပဲ ဆုတောင်းပေးခဲ့ရသည်။ အံ့သြဘွယ် အေးစက်နေသူ မိခင်အသက်ပြန်ရှင်ထထိုင်ခဲ့ရာမှ (ချောင်းကြည့်သူများထွက်ပြေး၊ ခင်ပွန်းသည်လည်းပြေး) မိခင်ဖြစ်သူက လမ်း၂သွယ်ကို တွေ့ခဲ့ကြောင်း၊ မယုံကြည်သူများအား ပြန်ပြောပြရန်အတွက် အသက်ပြန်ရှင်ကြောင်း ပြောပြပါသည်။ ရိုးရာနတ်စား၊ လားဟူရွားသားများ ခရစ်တော်ကို ယုံကြည်လာခဲ့သည်။

ခရစ်တော်အတွက်သံအမတ်
မိမိဇနီးသည်သည် ဂျာမဏီအမျိုးသမီးဖြစ်သောကြောင့် ဂျာမဏီသံရုံးညစာပွဲတွင် ဖိတ်ကြားခံရလေ့ရှိသည်။ သူတို့ထုံးစံအရ အမဲရောင်ဝတ်စုံဖြင့် တက်ရောက်စဉ်၊ မြန်မာ ဒေါက်တာ Ph.D ရသူက တဦးက အစားမစားမှီ၊ မိမိဆုတောင်းသည်ကို မေးမြန်းသည်။ ၂၀၁၀တွင်ဖြစ်သည်။ သူက မမြင်ရသောဘုရားကို ကိုးကွယ်ခြင်းအတွက် အခြေတင်မေးလာပါသည်။ မိမိကလည်း သူပြောသော ဇနီး၊သား၊သမီး များ ဂျာမဏီတွင်ရှိသည်ဟု ပြောရာ၊ မိမိက မမြင်ရသောကြောင့် ကျွန်တော်မယုံပါ ..ဟု အခြေအတင်ပြောနေကြသည်။  သူ့ကို ခရစ်တော်ရှိတာကို ယုံသလား မေးသောအခါ သူက ယုံသည်ဟု ဆိုပါသည်။ မိမိက အခြားအသက်ရှင်သော နပိုလီယံ၊ ဟစ်တလာ စသဖြင့် မြင်ရသောသူများ၏ နောက်လိုက်များ ယခုအခါ ရှာမတွေ့တော့။ ခရစ်တော်နောက်လိုက်များမှာ တိုးပွားနေဆဲဖြစ်ကြောင်း ပြောပြခဲ့ပါသည်။

 မြန်မာပြည်တွင် နိုင်ငံခြားသံအမတ်များ စုစည်းသောအခါ လာရောက်ပါဝင်သူ မိမိအား ဘယ်နိုင်ငံက သံအမတ်လဲဟု မေးသည်။ မိမိက ခရစ်တော်ရဲ့ သံအမတ်ပါဟု ဖြေလိုက်ပါသည်။ ထို သံအမတ်များ နေထိုင်သောနေရာသည် အလွန်သာယာသည်။ မြန်မာပြည်သားများကို မိမိတို့နိုင်ငံ၊ သာယာ၊ ကောင်းမြတ်ကြောင်းများကို လာရောက်ပြောကြား၊ ပြသရန် မြန်မာပြည်သို့ ရောက်လာသည် ..ဟု ဆိုပါသည်။ မိမိတို့လည်း ခရစ်တော်၏ သံအမတ်များ၊ သံတမန်များဖြစ်သောကြောင့် ခရစ်တော်ကောင်းမြတ်ခြင်းများကို ပြောပြ၊ သက်သေပြရန် လိုပါသည်။

ဆရာဦးတင်မောင်ညိုက မြန်မာပြည်အသုဘတခု (ဦးဝင်းမောင်) တွင် ဟောကြားရာ၊ ခရစ်တော်ကို ယုံသူများသည် သေလျှင်၊ ယေရှုကဲ့သို့ အသက်ပြန်လည် ရှင်ရမည်။ အိုနာသေခြင်းမရှိပဲ သာယာသော ခရစ်တော်နိုင်ငံတွင် ထာဝရနေရမည်ဖြစ်ကြောင်း ပြောသောအခါ၊ အခြားဘာသာဝင် အဖိုး၊အဖွားများသည် သူတို့ပင်လျှင် ခရစ်တော်ခေါ်တော်မူခြင်းကို ခံလိုပါသည် ..ဟု ရင်ဖွင့်ပြောဆိုလာကြသည်။

မိမိတို့အသက်ရှင်စဉ်အသက်တာ
ယခင်က မိမိတို့အသက်ကို ၁၂၀ ဟု ဘုရားက သတ်မှတ်ခဲ့သည်။ ကမ္ဘာဦးက အသက် ၉၀၀ကျော် နေထိုင်ကြသည်။ ဆာလံ ၉၀တွင် အသက်၇၀ သက်မှတ်ထားပြန်ပါသည်။ ယခုအခါ ၇၀နှစ်သာ ဖြစ်သည်။ ကျွန်တော် အသက်၅၀ကျော်ပြီး၊ အချိန်မရွေး သေနိုင်သည်။ တိုတောင်းသော အချိန်အတွင်းတွင် ဘာလုပ်ကြမည်နည်း။

ကျွန်တော်မှာ ခရစ်တော်ရရှိပြီး ခြေစုံပစ် အမှုတော်သို့ဝင်သွားသည်မှာ ၃၅နှစ်ရှိပြီ ဖြစ်သည်။ အမျိုးသမီးများလည်း တရားဟောဆရာများကို အိမ်ထောင်မပြုလိုကြပါ။ လောကဆင်းရဲများကို မခံနိုင်သောကြောင့်ဖြစ်သည်။ သို့သော် လယ်ကွင်းထဲတွင် စပါးများ မှဲ့နေပါသည်။ စပါးရှင်ထံဆုတောင်းပြီး ရိတ်သိမ်းရန် လိုအပ်နေပါသည်။

တရုပ်ပြည် သာသနာပြုဆရာကြီး ဟတ်ဆန်တေလာက ဆုတောင်းသည်။ နောက်ဆုံး ဘုရားသခင်က သူ့ကို ကိုယ်တိုင်ပါဝင်ရန် လွှတ်ပါသည်။ အင်္ဂလန်နိုင်ငံ ဆရာဝန်၂ဦး၊ တရုပ်ပြည်တွင် ရှန်ကေရှိတ်အုပ်စိုးစဉ် တရားဟောရင်း၊ ဆေးကုပေးသည်။ မနှစ်သက်သူများက သူတို့ဆေးကုနေရာကို မီးရှို့ပစ်လိုက်ပြီး၊ အင်္ဂလန်ပြန်ရတော့မည်လား .. အခြေအနေဖြစ်လာသည်။ သို့သော် ရှန်ကေရှိတ် စစ်သားများကို ဆေးကုသပေးသည်။ ထိုအခါတွင် တရုပ်ပြည်အကြီးအကဲဖြစ်သူ ရှန်ကေရှိတ် ကိုယ်တိုင် သိရှိ၊ ခံစားရပြီး ခရစ်တော်ကို လက်ခံလာခဲ့သည်။ သူတို့ ခေါင်းဆောင်ကြီး ကဲ့သို့ တပည့်စစ်သားများစွာ တရုပ်ပြည်တွင် ခရစ်ယာန်ဖြစ်လာခဲ့ရသည်။

ခရစ်ယန်အသက်တာသည်
ခရစ်တော်အားဖြင့်သာဖြစ်သည်။ ခရစ်တော်တန်ခိုးပြရန်မှာ ၀န်ခံရမည်။ ရှင်ပေါလုက နေ့တိုင်း သေသည်။ မိမိရှိသော အသက်၊စည်းစိမ်များကို စွန့်လွှတ်ပြီး ခရစ်တော်ကဲ့သို့ သေရသည်။ ခရစ်တော် မေတ္တာသည် အကန့်အသက်မရှိပါ။ မိမိတို့ မေတ္တာသည် အကန့်အသတ်ရှိပါသည်။ မိမိ ကင်ဗတ်ခရူးဆိတ် ကျမ်းစာ Teaching လုပ်နေစဉ် သားဖြစ်သူ သင်တန်းသားအတွက် မိခင်ဖြစ်သူက မိမိပါးကို ရိုက်သွား၍၊ ခရစ်တော်၏ နောက်ပါးတဖက်ကို ရိုက်ရန်စမ်းသပ်ခဲသည်။ သင်တန်းသားလူငယ်၏ မိဘများ ခရစ်တော်၏ ကြီးမားလှသောမေတ္တာကို လက်ခံခဲ့ကြပါသည်။

ဘာကြောင့် ကျွန်တော်တို့ကို လောကတွင် ထားရပါသလဲ။ ... ခရစ်တော်အတွက် အသက်ရှင်ရန် အတွက် ဖြစ်ပါသည်။ ၀ိညာဉ်အသက်ရှင်ဖို့ လိုပါသည်။ သူများကို ကူညီဖို့၊ မေတ္တာပြဖို့ နှင့် ခရစ်တော်ဘုန်းတော်ထင်ရှားစေဖို့ဖြစ်ပါသည်။

ဆုတောင်းခြင်းဖြင့် ဓမ္မဒေသနာအဆုံးသတ်ပါသည်။

Rev, Dr Paul Kay Kyaing
MCA Thailand , 22-Apr-2012 Sermon
Video links


http://www.youtube.com/watch?v=LIkJVMm1yPY&feature=relmfu


http://www.youtube.com/watch?v=kK_yD1jtd50&feature=relmfu


MP3, VCD, DVD များကို MCA Bangoko Sound Media
kingpeter25@gmail.com  087 669 2289 (Thai) တွင်ဆက်သွယ်မှာယူနိုင်ပါသည်။

မုရန်

Sunday, January 8, 2012

Gospel Undone - မပြီးဆုံးသောသောသတင်းကောင်း

သော်မဆင်လမ်းမ၊ နှစ်ခြင်းအသင်းတော်ကြီး
စင်ကာပူလူမျိုးများရဲ့ အသင်းတော်ကြီးတခုရှိပါတယ်။ အဆောက်ဦးအကြီးကြီး လွန်ခဲ့တဲ့၅နှစ်က ဒေါ်လာ၁၅သန်းလောက် အကုန်ခံပြီးအသစ်ဆောက်ခဲ့ပါတယ်။ အခန်းတွေအများကြီးပိုနေတော့ မြန်မာ၊ကိုးရီးယား၊ တိုင်ဝမ်းတရုပ်၊ ပြည်ကြီးတရုပ် စတဲ့အသင်းတော်များကို ဈေးနှုန်းချိုသာစွာနဲ့ ငှားရမ်းပေးပါတယ်။ မြန်မာ-ယုဒသန်အသင်းတော်က ဒီနေရာမှာအနှစ်၂၀ကျော်မှီခိုနေခဲ့တာ ကျေးဇူးတင်ပါတယ်။

Sunday, December 4, 2011

6-Dec-2011 မှာ ထိုင်းနိုင်ငံ၊ ဖူးခတ်ဒေသကို မစ်ရှင်ခရီးထွက်ကြမယ်


ဂျပ်ဆင်အသင်းတော် (စင်ကာပူ-မြန်မာ) သင်းအုပ်နဲ့ ၂၂ဦး ဒီကနေ့ 6-Dec-2011 မှာ ထိုင်းနိုင်ငံ၊ ဖူးခတ်ဒေသကို မစ်ရှင်ခရီးထွက်ကြမယ်ဖြစ်ပါတယ်။ နှစ်စဉ်သွားနေကျ ဆူနာမီမစ်ရှင်ဖြစ်ပါတယ်။ အသင်းတော်မှာ အိမ်ထောင်ရှင်မ မအေးအေးလွင်ရဲ့ တနင်္ဂနွေ ၀တ်ပြုစည်းဝေးမှာ သက်သေခံစကားပြောချက်ကို မှတ်တမ်းတင်ပါတယ်။

မစ်ရှင်ဆိုတာ
ကျွန်မ ဒီတခေါက် ဆူနာမီမစ်ရှင်ဆိုပြီး ဆရာဘုတ်က ကြေငြာတော့၊ ဇန္န၀ါရီမှာ ကိုယ်မိဘရှိရာ မြန်မာပြည်ပြန်ဖို့ပဲ စိတ်ကူးရှိလို့ ဖာသိဖာသာပဲနေခဲ့ပါတယ်။ ဆရာကလည်း မခေါ်ဘူး။ ကျွန်မကလည်း ကိုယ့်ဘတ်ဂျတ်နဲ့ကိုယ် ကိုယ်ကိစ္စကိုယ် စီမံနေပါတယ်။ ကိုယ်မသွားလည်း တခြားသူတွေရှိတာပဲ ..လို့ ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့ပါတယ်။

Wednesday, January 26, 2011

တီဘီ ဂျော့ခ်ျဝါ T.B Joshua & ဒေဗစ်ယုံကင်ချို David Yonggi Cho


တီဘီ ဂျော့ခ်ျဝါ T.B Joshuaဓမ္မဆရာ - အာဖရိက (နိုင်ဂျီးရီးယား - လူဦးရေ သန်း၁၀၀၊ ခရစ်ယာန် ၈၀%)
June 12, 1963 မှာ ဆင်းရဲသူ မိသားစုမှ မွေးဖွားခဲ့သည်။ အင်္ဂလီကန် မူလတန်းမှာ ပညာသင်ကြားခဲ့ပြီး၊ အလယ်တန်း Secondary မှာ စာမေးပွဲကျပြီး ကျောင်းမတတ်နိုင်ပါ။ Lagos မြိျု့မှာ လမ်းပေါ်မှာ လူခြေထောက်လိုက်ဆေးပေးသော အလုပ်ကို စတင်လုပ်ခဲ့သည်။ ထို့နောက် ကြက်မွေးမြူရေးခြံမှာ အလုပ်လုပ်ရင်း ကျမ်းစာကျောင်းတက်သည်။ ၁၉နှစ်တွင် ဘုရားခေါ်သံရရှိပြီး၊ ဓမ္မဆရာဘ၀ ကူပြောင်းလာခဲ့သည်။ ကြိုတင်နမိတ်ဖတ်နိုင်ခြင်း နှင့် အနာရောဂါပျောက်စေခြင်းများစွာ အံ့သြစရာလုပ်ဆောင်ခဲ့သည်။ မြန်မာပြည် နာဂစ်မုန်တိုင်းကြီးကို ကြိုတင်ပြောကြားခြင်းမှာ သူနမိတ်ဖတ်ခြင်းများစွာမှ တစ်ခုဖြစ်သည်။


အင်တာဗျူး
အပယ်ခံဘ၀၊ အထီးကျန်ဘ၀မှာနေရပါတယ်။ 01.12.2008 By Collins Edomaruse, Abiodun Ajala and Olawale Olaley

မေးး။ အစပြုခြင်းမှာ အကောင်းဆုံးကတော့ မေးလိုက်တာပါပဲ။ ကဲ .. တီ.ဘီ. ဂျော့ခ်ျဝါ ဆိုတာဘယ်သူလဲ ။

ဖြေ။ ကောင်းပြီး။ ပရောဖက် တီ.ဘီ. ဂျော့ခ်ျဝါ နဲ့ပတ်သက်ပြီး ထူးခြားမှုသိပ်မရှိပါဘူး။ သူက သာမန်လူတစ်ယောက်ပဲ။ ဒါပေမဲ့ ခြားနားချက်ကတော့ ဘုရားရှင်ရဲ့ကျေးဇူးတော်ပဲ။ ဘုရားရှင်ရဲ့ ဖြောင့်မတ်ခြင်းပဲ။ ဒါတွေဟာ ဘုရား ထုတ်လုပ်ပေးလိုက်တာပဲ။ ကျွန်တော်ဟာ ဘုရားရှင်ရဲ့ ကျေးဇူးတော်နဲ့ ထုတ်လုပ်ခံရသူ ဖြစ်ပါတယ်။


မေးး။ ဒီတော့ .. ဆရာ ဘယ်လို အမှုတော်ဆောင်လုပ်ငန်း စတင်ခဲ့ပါသလဲ။

ဖြေ။ အသင်းတော် စခဲ့တာလဲ တခြားအမှုတော်ဆောင်လုပ်ငန်းတွေလိုပါပဲ။ ခြားနားတဲ့အချက်ကို ပြောရရင် ဘုရားသခင်ရဲ့ လမ်းခရီး နဲ့ ပုံသက်သေ ပြတဲ့အတိုင်း၊ ကျွန်တော်တို့ဘ၀ကို ဘုရားသခင်ပဲလုပ်ဆောင်တာပါ။ ခင်ဗျားသိတယ်မဟုတ်လား .. ဘုရားသခင်လုပ်ဆောင်မှုဆိုတာ လူတွေလုပ်ဆောင်မှုနဲ့ မတူဘူး၊ ဘုရားဟာ ရူးကြောင်ကြောင်အလုပ်တွေလဲ အသုံးပြုတယ်။ ကျွန်တော်တို့ဘုရားသခင်ဟာ ထူးဆန်းအံ့သြဘွယ်ကောင်းတေယ်။ ဒီလိုပဲ စတင်ခဲ့ပါတယ်။

မေးး။ လူတစ်ယောက်အနေနဲ့ ဒီလိုကြီးထွားလာတာ ဘယ်လိုလဲ ပြောပြပါ။

ဖြေ။ အနှစ်ချုပ်ကတော့၊ ကျွန်တော်ာ ဆင်းရဲတဲ့ဘ၀ကို ခံစားခဲ့သူပါ။ အရှက်ခွဲခံရခြင်း၊ ရှုံချခံရခြင်းများ စွာနဲ့ပါ။ ဒီလို ဘ၀အတွေ့အကြုံများဟာ ကျွန်တော့ကို ဂုဏ်ပြုခြင်းလို့ သက်သေခံပြောချင်ပါတယ်။ ဒီလိုဘ၀မျိုးဟာ ယခုဖြစ်နေတဲ့ အခြေအနေရောက်အောင် တွန်းအားပေးတယ်။ ဘုရားရှင်ရဲ့ ကျေးဇူးတော်များဖြစ်တယ်။ ကျွန်တော့ဘ၀မှာ အရှက်ကွဲခြင်း၊ ဆင်းရဲခြင်းများဟာ ဂုဏ်သိက္ခာများလို့ ခံယူပါတယ်။ ဒီကျေးဇူးတော်ကြောင့် ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်ပါတယ်။

မေးး။ ဒါဆိုရင် ဒီလို ကြမ်းတမ်းလှတဲ့ဘ၀နောက်ခံနဲ့ကြောင့် ဘုရားသခင်ကို စစ်မှန်စွာယုံကြည်လာတယ်။ ဘုရားသခင်နဲ့ တွေ့လာရတယ် ဆိုတဲ့ ကျေးဇူးတော်များ ရလာတယ် ထင်ပါသလား။

ဖြေ။ ကျွန်တော်ကတော့ ဘုရာသခင်ရဲ့အလိုတော်ပဲလို့ ထင်ပါတယ်။ ဘုရားသခင်ဆီ ချီတက်သွားရင် ဘုရားနဲ့အတူသွားရပါမယ်။ ကျွန်တော့်အတွက်တော့ ဘုရားသခင်ဆီ နဲ့အတူချီတက်သွားရတယ်။ ဘုရားသခင်အတွက် ချီတက်သွားရတယ်။ အဲဒီအချိန်အာ စွန့်လွှတ်အနစ်နာခံရတယ်။ ဒီတော့ ကျေးဇူးတော်နဲ့ ကောင်းကြီးမင်္ဂလာများလည်း ရရှိပါတယ်။


မေးး။ ဆရာကို ဘုရားခေါ်သံ ဘယ်အချိန်ကကြားရပါသလဲ၊ ဘယ်လို နိမိတ်အချက်များ ပြပါသလဲ။

ဖြေ။ ၂၃နှစ်လောက် ကြာသွားပါပြီး။ တကြိမ်ထဲမှာပဲ ဖြစ်ပျက်ကုန်တာပါ။ ဘုရားနဲ့တွေ့သူအများစုကတော့ ဘုရာရဲ့လူတစ်ယောက်အားဖြင့် ဘုရားခေါ်သံကြာရတယ် ပြောပေမဲ့ ကျွန်တော့အတွက်တော့ တစ်မျိုးပါ။ ကျွန်တော့်လို ကြုံရသူများလည်း အများအပြားရှိမှာပါ။ ကျွန်တော့အတွေ့အကြုံကတော့ ရထားမှောက်ပျက်စီးစဉ် ခြုံပုတ်တခုမှာ ၃ရက်တိုင်တိုင် တင်နေတဲ့အချိန်မှာပေါ့။ ဘာမှမလုပ်နိုင်ဘူး။ လက်တစ်ခုက ကျမ်းစာအုပ်ကို ညွှန်ပြနေတာမြင်ရတယ်။ အဲဒီကျမ်းစာအုပ်ဟာ ကျွန်တော့ရင်ဘတ်ထဲ ၀င်သွားပြီး၊ ကျွန်တော့နှလုံးသားနဲ့အတူ ရောမွှေနောက်အရည်ပျော်သွားတယ်လို့ ခံစားလိုက်ရတယ်။ အဲဒီမှာပဲ အသက်ကြီးသူ တမန်တော်၊ ပရောဖက်တွေကို မျက်နှာ ကြည့်မြင်လို့မရတဲ့ အရပ်ရှည်ရျည်၊ တစ်စုံတစ်ယောက်နဲ့ ကောင်းကင်ဘုံး၊ လေထဲမှာ တွေ့ရတယ်။ ကျွန်တော်ထင်တာကတော့ သခင်ယေရှုပဲ။ ကျွန်တော်ကိုယ်တိုင်ပဲ လေထဲရောက်နေတယ်။ အဲဒီအရပ်ရှည်သူရဲ့ လက်ကို မြင်ရတယ်။ သူ့ရဲ့မျက်နှာကတော့ တောက်ပလွန်းလို့ မမြင်ရဘူး။ ကောင်းကင်ဘုံအထိ အရပ်ရှည်လှပြီး လေထဲမှာရှိနေတယ်။ တမန်တော်တွေရဲ့ မျက်နှာတွေကိုတော့ မြင်ရပါတယ်။ တမန်တော် ပေါလု၊ ပေတရု၊ မောဇက်၊ ဧလိယ နဲ့ အခြားသူများဖြစ်ကြပါတယ်။ သူတို့ရဲ့နာမည်တွေကို ရင်ဘတ်တွေမှာ ထင်ထင်ရှားရှား ရေးထားတာ တွေ့ရပါတယ်။

အဲဒီမှာ အသံတစ်ခု"ငါသည် ဘုရားသခင်ဖြစ်သည်။ သင့်ကို ၀ိညာဉ်ကောင်းကြီးပေးမည်။ ကောင်းကင်ဘုံမှ သင့်အဘဘုရားသခင်အတွက် အမှုတော်ဆောင်လော့" ကြားရပါတယ်။ အဲဒီ အရပ်ရှည်သူကပဲ လက်ဝါးကပ်တိုင်အသေးလေးနဲ့ ကျမ်းစာအုပ်အကြီးတခုကို ပေးပါတယ်။ စောစောက ကျွန်တော့ နှလုံးသားထဲ ၀င်သွားတဲ့ ကျမ်းစာအုပ်ထက်တဲ့ ကျမ်းစာအုပ်ပါ။ ကျွန်တော့နာမည် နဲ့ အချိန်ကာလကို ပုံနှိပ်ထားပါတယ်။ ပိုကြီးတဲ့ လက်ဝါးကပ်တိုင် ပေးဖို့ဖြစ်ပေမဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်သွားမှာစိုးပုံရပါတယ်။ အရပ်ရှည်သူရဲ့ ဦးခေါင်းကို မမြင်နိုင်ပေမဲ့ အရင်အသံအတိုင်း .. "ငါသည် သင်၏ ထာဝရဘုရားသခင်ဖြစ်သည်။ သင့်ကို ထူးဆန်းတဲ့နည်းလမ်းများ ပြမည်။ သင်၏ သွန်သင်မှု၊ ဓမ္မဒေသနာ၊ အံ့သြဘွယ်ဖြစ်ရပ်များ၊ နမိတ်လက္ခဏာများ နဲ့ ထူးဆန်းတဲ့ကယ်တင်ခြင်းဖြစ်ရပ်များကို သင့်အားဖြင့် ငါ့ကိုသိမြင်စေမည်။ " လို့ ပြောကြားပါတယ်။ အဲဒီအချိန်ကစပြီးတော့ ဘုရားရှင်ကို ယုံကြည်အားကိုးခြင်းအားဖြင့် ကျွန်တော့ အမြင်အာရုံများစွာ တစ်နှစ်ပြီး၊ တစ်နှစ် ရရှိလာပါတယ်။ လက်ဝါးကပ်တိုင်အကြီးဆိုတာ ကျွန်တော့ရဲ့ တာဝန်တွေပဲဖြစ်ပါတယ်။ ကျွန်တော့ နှလုံးသားထဲ ၀င်ရောက်သွားတဲ့ ကျမ်းစာအုပ်ကတော့ ၀ိညာဉ်နဲ့အသက်ရှင်ခြင်း (သန့်ရှင်းသောဝိညာဉ်တော်) ရဲ့ သင်္ကေတလို့ ဆိုရပါမယ်။

Healing Youtube Video: http://www.youtube.com/watch?v=pG8Qzmrj4Go&feature=related


ဒေဗစ်ယုံကင်ချို David Yonggi Cho
တောင်ကိုးရီးယားနိုင်ငံ (လူဦးရေ ၄၈သန်း၊ ခရစ်ယာန် ၂၅% - 12 millions)

၁၉၃၆ မှာမွေးဖွားခဲ့ပြီး ဆယ်တန်းအောင်ပြီးချိန်၊ ဖခင်ဖြစ်သူ စီးပွားပျက်သွားလို့ တက္ကသိုလ်မတက်နိုင်ပဲ၊ ဈေးချိုတဲ့စက်မှုကျောင်းလေးကို တက်ရတယ်။ အနီးနားက အမေရိကန်စစ်စခန်း စစ်သားများထံမှ အင်္ဂလိပ်စာသင်ယူခဲ့ရတယ်။ အသက်၁၉နှစ်အရွယ်မှ အဆုပ်ရောဂါကြောင့် သေအံ့ဆဲ၊ ဘုန်းဘုန်းလဲနေတဲ့ သူဆီကို မိန်မငယ်တစ်ဦးလာရောက်ပြီး ယေရှုအကြောင်းပြောပြ ကျမ်းစာအုပ်ပေးခဲ့တယ်။ ဗုဒ္ဓဘာသာမိရိုးဖလာမှ ခရစ်ယာန်ဘာသာသို့ ပြောင်းလဲခဲ့တယ်။ အင်္ဂလိပ်ဘာသာပြန်အလုပ်လုပ်ရင်း Soul Full Gospel ကျမ်းစာကျောင်းမှာ စကောလားရှစ်နဲ့ တက်ရောက်နိုင်ပြီး ၁၉၅၈ မှာ ဘွဲ့ရရှိတယ်။ နောက်ပိုင်း အမျိုးသမီးကြီးတစ်ဦး နဲ့ သူ့သမီး၃ဦးတို့စုပြီး ဆုတောင်း၊ ၀တ်ပြုပွဲ စတင်လုပ်ဆောင်တယ်။ သမီးတစ်ဦးနဲ့ ဒေးဗစ်ယုံကင်ချို လက်ထပ်ခဲ့တယ်။ ၁၉၆၁မှာ အသင်းသား ၄၀၀ကျော်တဲ့ အသင်းတော်ဖြစ်လာတယ်။

နောက်ပိုင်း အသင်းသား ထောင်နဲ့ချီဖြစ်လာချိန် တစ်ဦးတည်း ဦးဆောင်လုပ်ရာမှာ ကျမ်းမာရေးချို့ယွင်းလာတယ်။ နေရာ၂၀ခုခွဲပြီး လုပ်ဆောင်ခဲ့တယ်။ ၁၉၇၃ မှာ Yoido Church စတင်ခဲ့ပြီးနောက် အသင်းသား ၄သောင်းမှ ၇သောင်းဖြစ်လာတယ်။ ယခု ၂၀၁၁ မှာ အသင်းသား တစ်သိန်းရှိပြီး ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး အသင်းတော်အဖြစ် တည်ရှိနေပါတယ်။

ဆရာထန်ဇခတ် စာအုပ် "ကောင်းကင်နိုင်ငံတော်ရောက်ရန် ခြေလှမ်း (၄)ဆင့်" Page 127 မှာ ဒေးဗစ်ယုံကင်ချို အကြောင်းကို ရေးထားပါတယ်။ ... ကျွန်တော်သည် ဆရာတော် ဒေါက်တာ ယုံကီချိုး၏ လေဟာပြင်လူထု တရားဟောပြောပွဲကြီတစ်ခု၌ ပါဝင်တက်ရောက်ခဲ့ဖူးပါသည်။ သူဟ တရားဟောချက်များသည် သာမန်အဆင့် ရိုးရိုးလေးမှသာ ဖြစ်သဖြင့် အားမလို၊ အားမရ ဖြစ်ခဲ့သည်။ ထိုစဉ် ဆရာတော် ယုံကင်ချို သည် လူနာများ၊ နာတာရှည်ရောဂါသည်များ၊ မျက်စိကန်းသူများ၊ ကိုယ်တစ်ခြမ်းသေသူများမှ အစ ရောဂါသည်များကို ဆုတောင်းပေးရန် ခေါ်ဖိတ်လိုက်ပါသည်။ ထိုအခါ ခရစ်ယာန်များသာမက ခရစ်ယာန်မဟုတ်သူ မြောက်များစွာသည် ဆုတောင်းခံခဲ့ကြသည်။ အချို့မှာ ထမ်းစင်ဖြင့် ထမ်းလာကြသည်။ မျက်မမြင်များသည် ဆွဲခေါ်လာခဲ့ကြသည်။ ရောဂါသည်မျိုးစုံ ချဉ်းကပ်လာရာ ဒေါက်တာ ယုံကင်ချို၏ ဆုတောင်းချက်အပြီးတွင် မြောက်များစွာသော လူနာတို့သည် ထမ်းစဉ်မလိုတော့ပဲ မိမိကိုယ်တိုင် လမ်းလျှောက်၍ ပြန်သွားနိုင်ကြသည်။ ကိုယ်တစ်ခြမ်းသေသောသူများ ကျမ်းမာခြင်း ရလာကြသည်။ မျက်စိကန်းသူများ မျက်စိမြင်လာကြသည်။ နားပင်းသူများ ပကတိုအတိုင်း ကြားလာရသည်။
ဤသို့ဖြင့် ၀ိညာဉ်တော် ဆုကျေးဇူးဖြစ်သော အနာရောဂါငြိမ်းခြင်းတည်း ဟူသော နိမိတ်လက္ခဏာမှာ ပြင်းထန်လွန်းလှပါသဖြင့် မယုံကြည်သောသူများသည် ယေရှုကို ယုံကြည်လာကြ၍ ခရစ်ယာန်မဟုတ်သောသူ မြောက်မြားစွာတို့သည် ညစဉ်ညတိုင်း လူတစ်သောင်းခန့် ခရစ်ယာန်ဘ၀သို့ ကူးပြောင်းလာကြကြောင်း၊ ကျွန်တော်မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါသည်။
ထိုအချိန်တွင် ကျွန်တော့ရင်၌ မည်သို့ခံစားရပါသနည်း ဆိုသော် သြော် ... ဆရာတော် ယုံကင်ချို၏ အသင်းတော်သည် အသင်းသူအသင်းသား ၇သိန်းခွဲ (ထိုစဉ်က) ရှိခြင်းမှာ နည်းပင်နည်းလှ ပါသေးသကား။ ဤသို့သာ ဘုရားသခင်၏ အသုံးတော်ခံ၍ နမိတ်လက္ခဏာများ ဆက်၍ဆက်၍ ဖြစ်မည်ဆိုပါက၊ ကမ္ဘာတစ်ခွင်လုံးကိုပင် ခရစ်ယာန်ဘာသာသို့ သိမ်းပိုက်နိုင်စွမ်း ဘုရားသခင်က ပေးအပ်ပါတကား .. ဟု ခံစားမိပါသည်။ ယခုတွင် ဆရာတော် ယုံကင်ချို၏ အသင်းသူအသင်းသားများမှာ (တစ်သန်း - ၂၀၁၁) ရှိကြောင်း ကမ္ဘာက အသိပင်ဖြစ်သည်။
Healing Youtube 4 min Video: http://www.youtube.com/watch?v=nGDVcqALatg



မဂ္ဂါချပ်ခ်ျ အသင်းတော်ကြီးများ
စင်ကာပူ၊ ကိုးရီးယား၊ အမေရိကား၊ ဥရောပ တွေမှာ လူသောင်းနဲ့ချီတက်ရောက်ကြတာ Spiritual, Healing & Prosperity တွေကို ရရှိကြတဲ့အတွက်ဖြစ်ပါတယ်။ အမှန်တော့ ဒီ၃ချက်ဟာ အသင်းတော်တိုင်းမှာ ယုံကြည်ခြင်းနဲ့ ဆုတောင်း၊ကိုးကွယ်ဝတ်ပြုခြင်းနဲ့လဲ ရရှိနိုင်သော်လည်း လူများစွာနဲ့ Mega Church အသင်းတော်မျိုးမှာတော့ ဆရာ့အားကိုးနဲ့ ပိုအားရကြလို့ ဖြစ်မှာပါ။

ဒီဆရာနှစ်ပါးရဲ့ အသင်းတော် Mega Church ကိုကြည့်ရင် အသင်းသားအများစုဟာ ၀ိညာဉ်ရေးလိုချင်တဲ့အတွက်ဖြစ်ပါတယ်။ ဒီဆရာနှစ်ပါးဟာ အနာရောဂါငြိမ်းစေခြင်း Healing မှာ အလွန်ကောင်းကြီးမင်္ဂလာရှိပါတယ်။ မြောက်များစွာသောသူများ အနာရောဂါပျောက်ကင်းမှုကို ရရှိတဲ့အတွက် မယုံကြည်သူများစွာ လာရောက်ကြတယ်။ ပြောင်းလဲကြပါတယ်။ သေသူပြန်ရှင်ခြင်း၊ ဖျားနာ၊ ကိုယ်လက်သေသူများကို နိုင်ဂျီးရီးယား ဆရာ အီပီ ဂျောခ်ျဝါ ရဲ့ ဆုတောင်းခြင်းများကြောင့် ပျောက်ကင်းသွားခြင်းများ အင်တာနက် YouTube မှာ အများကြီးမှတ်တမ်းတင်ထားပါတယ်။
သို့သော် ဒီဆရာ၂ပါးက တရားဟောတဲ့အချိန်မှာ အနာရောဂါထက် ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုသာ ပဓါနထား ဝေငှပါတယ်။ နှုတ်ကပတ်တော်ကိုသာ မိမိနဲ့အတူ အမြဲရှိနေသူအတွက် အနာရောဂါ၊ နာကျင်မှုဝေဒနာများ ပျောက်ကင်းပါတယ်။ နှုတ်ကပတ်တော် မရှိသေးသော်လည်း ကျေးဇူးတော်ကြောင့် Healin အနာရောဂါပျောက်နိုင်ပါတယ်။ သို့သော် Followup နှုတ်ကပတ်တော် နှလုံးသားထဲ တကယ်ဝင်မသွားရင်တော့ ခဏကြာရင် ဝေဒနာတွေ ပြန်ပေါ်လာမှာပါ။ နှုတ်ကပတ်တော်နဲ့ အမြဲရှိနေမှ ဝေဒနာပျောက်နိုင်မယ်။ ခံနိုင်ပါတယ်။ မခြားမလပ်ဆုတောင်းခြင်း၊ ရွင်လန်းခြင်းဝမ်းမြောက်ခြင်း နဲ့ ကျေးဇူးတော်ချီးမွမ်းနိုင်ကြပါတယ်။

နာမတော်ဖြင့်
ဇော်အောင် (မုံရွာ)

Monday, May 3, 2010

တရားဟောပဒေသာ-ဟေဗြုန်အသင်းတော်၊ ရန်ကုန်

အမှာစာ - ရန်ကုန်မြို့ ဟေဗြုန်ခရစ်ယာန်လူငယ်များအသင်းတော်၌ တနင်္ဂနွေနေ့များတွင် ကျွန်တော်ဟောကြား ဝေငှသည့်တရား ဒေသနာတော်များကို၊ မူလအစက ကက်ဆက် တိတ်ခွေနှင့်အသံဖမ်းယူထားပြီး၊ လိုအပ်သူများအား ပြန်လည်ကူးယူစေခြင်းဖြင့် ဓမ္မဒါနပြုခဲ့ပါသည်။ ထိုမှတဆင့် အသင်းသူ အသင်းသားများ၏ မေတ္တာရပ်ခံချက်အရ လစဉ်ပထမပတ် တနင်္ဂနွေနေ့တွင် ကျွန်တော် ဟောကြားသည့် တရားဟောချက်များကို အကျဉ်းချုံးပုံနှိပ်ပြီး၊ ဘုရားလာရောက် ဝတ်ပြုကြသူ များအားဖြန့်ဝေပေးခဲ့ ပါသည်။ ဤသို့ဖြန့်ဝေပေးရာတွင် အသင်းသူအသင်းသားများသာမက အခြားဓမ္မ မိတ်ဆွေများကပါ ပုံနှိပ်ထုတ်ဝေထားသော တရားဟောချက်များကို ဖတ်ရှုသည့်အခါ ခွန်အားရကြောင်းနှင့် ပုံမှန် စာစောင်များ ထုတ်ဝေပေးရန် တောင်းဆိုလာခဲ့ပါသည်။ သို့အတွက်ကြောင့် ရပ်ဝေးရောက် ခရစ်ယာန်များအတွက်လည်းကောင်း၊ မအားလပ်၍ ဘုရားကျောင်းသို့ မလာရောက်နိုင် သူများ အတွက်လည်း ကောင်း၊ ဖတ်ရှုပြီးဝိညာဉ်ခွန်အားတိုးပွားစေရန်ရည်ရွယ်လျက် ထပ်မံပို့ပေးခဲ့ပါသည်။၎င်းအပြင် သင်းအုပ် ဆရာများ၊ ဓမ္မဆရာများနှင့် ဓမ္မမိတ်ဆွေများ၏တိုက်တွန်း မေတ္တာရပ်ခံတင်ပြချက်အရ၊ ၄င်းတို့အတွက် တရား ဒေသနာတော် ဟောကြားရာ၌ဖြစ်စေ၊ ဝိညာဉ်ခွန်အားတိုးပွားရေးအတွက်ဖြစ်စေ၊ ဓမ္မပညာဖွံ့ဖြိုး တိုးတက်ရေး၌ဖြစ်စေ၊ အထောက်အကူပြုစေရန် ကျွန်တော့်အနေဖြင့် တနင်္ဂနွေနေ့ တရားဟောချက်များကိုစုစည်း၍ “တရားဟောချက်ပဒေသာ” စာအုပ်အဖြစ်၊ ကန့်သတ် ထုတ်ဝေလိုက်ရခြင်း ဖြစ်ပါသည်။ဤ “တရားဟောချက်ပဒေသာ” ကို ဖတ်ရှုကြကုန်သောသူအပေါင်း ဝိညာဉ်ခွန်အားတိုးပွား၍ တဆင့်ပြန်လည်ဝေငှ ပေးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

(သိက္ခာတော်ရဆရာဦးတင်မောင်ထွန်း)
သင်းအုပ်ဆရာကြီး
ခရစ်ယာန်ညီအစ်ကိုများအသင်းတော်၊ ရန်ကုန်မြို့

Editor: ဆရာကြီးကို ၁၉၃၁ နိုဝင်ဘာ ၂၀ တွင် မွေးဖွားခဲ့သည်။ လက်ရှိအသက်ရှင်နေသော သား၃ယောက်နှင့် သမီး၅ယောက်ရှိပါသည်။ သားကြီးဖြစ်သော ဦးဇော်ဝင်းထွန်း ပြည်ပ သာသနာပြု ဖြစ်သလို၊ ဒုတိယသားဖြစ်သော သိက္ခာတော်ရဆရာ ဦးဇော်မင်း သည်လည်း ပြည်ပသာသနာပြုဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၆၇မှစတင်ပြီး ဟေဗြုန်ညီအစ်ကိုများ အသင်းတော်၏ သင်းအုပ်ဖြစ်ပြီး အမှုဆောင်ခဲ့မှု များကြောင့် ၁၉၉၈ခုနှစ်တွင် ပါရဂူဘွဲ့ DD ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ International Biography Centre, Cambridge အဖွဲ့က နှစ်တစ်ရာ ကျော်စွာဘွဲ့ ချီးမြှင့်ခဲ့ပြီး၊ American Biographical Institue မှလည်း 2000 – Man of the Year ဘွဲ့ကို ချီးမြှင့်ခဲ့ပါသည်။
http://burmesebible.com/sermons/utmt/zg/index.htm

Monday, February 22, 2010

မေတ္တာစစ်၏အာနိသင် နှင့် အပတ်စဉ် တရားဒေသနာများ Rev.Dr.Latt Yishey

မြန်မာစကားဖြင့် ဟောကြားသော ဆရာတော်ဦးလတ်ယေရှဲ - မေတ္တာစစ်၏အာနိသင် နှင့် အပတ်စဉ် တရားဒေသနာများကို နားဆင်နိုင်ပါသည်။ တချိန်တည်းတွင် Access2Ministry (San Francisco FBBC Church) မှ ဆရာကိုယ်တိုင် အနှစ်ချုပ်ရေးသားထားသော တရားဒေသနာအချက်အလက်များကို ဖတ်ရှုနိုင်ပါသည်...
Scripture Text: “Then Jesus left the vicinity of Tyre and went through Sidon, down to the Sea of Galilee and into the region of the Decapolis. There some people brought to him a man who was deaf and could hardly talk, and they begged him to place his hand on the man. After he took him aside, away from the crowd, Jesus put his fingers into the man's ears. Then he spit and touched the man's tongue. 34He looked up to heaven and with a deep sigh said to him, "Ephphatha!" (which means, "Be opened!" ). At this, the man's ears were opened, his tongue was loosened and he began to speak plainly. Jesus commanded them not to tell anyone. But the more he did so, the more they kept talking about it. People were overwhelmed with amazement. "He has done everything well," they said. "He even makes the deaf hear and the mute speak." (Mark 7:31-37)
Inspiration: There is a story about a little girl who proudly wore a shiny cross on a chain around her neck. One day she was approached by a man who said to her, "Little girl, don't you know that the cross Jesus died on wasn't beautiful like the one you're wearing? It was an ugly, wooden thing." To which the girl replied, "Yes, I know. But they told me in Sunday school that whatever Jesus touches, He changes."- Howard Strickland
Meditation: The touch of Jesus T-ransforms (2 Corinthians 5:17), O-rdains (John 15:16), U-nifies (Psalms 133:1), C-onquers (Romans 8:37), and H-eals (Matthew 8:3).
Prayer for today: Dear Lord! Touch me and transform me to be your hands so that people will be transformed with my touch. Let me be your healing tool. Amen
http://www.access2ministry.blogspot.com/search/label/?max-result=100

Tuesday, August 25, 2009

ရန်ကုန်ညီအစ်ကိုများအသင်းတော် ၉-၈-၂၀၀၉ နေ့ ဒေသနာဝေငှချက် (ဦးတင်မောင်ထွန်း)

ထိုသူများက မျက်မမြင်သည် ကိုယ်တော်ထံ ရောက်လာလျှင် မျက်စေ့ပြန်၍မြင်မည်ဟု ယုံကြည်၍ ကိုယ်တော်ထံခေါ်လာပြီး တို့တော်မူပါမည်အကြောင်း တောင်းပန်ကြပါသည်။ ဤတွင် မယုံကြည်သေးသောသူ အကျိုးဖို့ဖြစ်ရန် ယုံကြည်သောသူများပြုနိုင်သော မင်္ဂလာကိုတွေ့ရသည်။ .....
ထိုလူကန်းအား ကိုယ်တော်သည် မြေပေါ်၌ တံတွေးထွေး၍ ရွံ့လုပ်ပြီးမှ သူ၏မျက်စေ့ကို ရွံ့နှင့်လူး၍ ရှိလောင်ရေကန်၌ မျက်စေ့ကို ဆေးလော့ဟု မိန့်တော်မူပါသည်။ ထိုသူသည် အမိန့်တော်အတိုင်း နာခံ၍သွားဆေးပြီးမှ မျက်စေ့မြင်လျှက် ပြန်လာပါသည်။
........
မျက်ကန်းသည် မျက်စေ့မြင်ဖို့ရန် မိမိမတတ် နိုင်ကြောင်းကို သိပါသည်။ ယနေ့ ကျွန်ုပ်တို့သည် မိမိတို့မတတ်နိုင်ကြောင်းကို သိဖို့လိုပါသည်။ ထိုသို့သိခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ပြီးနောက် ကိုယ်တော်တတ်နိုင်ကြောင်းကို သိဖို့လိုပါသည်။
.....
မည်သည့်အမှုအရာ၌မဆို ဘုရားသခင်၌ အဖြေရှိပါသည်။ ဘုရားသခင်၏အချိန်ကို ကျွန်ုပ်တို့ စောင့်တတ်ကြဖို့လိုပါသည်။ ကျွန်ုပ်တို့အသက်တာ အမှုအရာကို ကိုယ်တော်၌ အပ်ထားခြင်းမှန်ပြီး ကိုယ်တော် စီရင်ပြုပြင်နေခြင်းမှန်ပါက ကျွန်ုပ်တို့အတွက် အံ့သြဘွယ်ရာသက်သေနှင့် ကောင်းကျိုးရှိပါသည်။ ယနေ့ ကျွန်ုပ်တို့ ကိုယ်တော်ကိုခေါ်၍ ကိုယ်တော် မလာသေးပါက စိတ်မပျက်ပါနှင့်။ ကိုယ်တော်မလာသသင့်သေး၍ အချိန်မကျစေး၍ မလာခြင်းဖြစ်ပါသည်။ ထိုသို့မလာခြင်းမှာ သာ၍ကြီးသော ကျေးဇူးကို ပြုလို၍ဖြစ်ပါသည်။
Click Here for Whole Sermon

Wednesday, August 5, 2009

Sermon by Rev. Ko Lay for Jundon 200 years (2012)

ဆုတောင်းခြင်းဖြင့် စတင်ပါသည်။ အသက်၇၃နှစ်ရှိပြီး အမှုတော်ကို ၄၂နှစ်ထမ်းဆောင်ခဲ့ပြီးဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံနှစ်ခြင်းအဖွဲ့ချုပ်မှ တာဝန်ပေးချက်အရ အမေရိကန်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် ၂၀၁၃ ဆရာယုဒသန် နှစ်၂၀၀ အထိမ်းအမှတ် အတွက် သွားရောက်တွေ့ဆုံ၊ဆွေးနွေးရန်အတွက် အမေရိကန်ပြည်တွင် တလတာ၊ ယခု စင်ကာပူတွင်လည်း ပြောကြားခွင့်ရခဲ့ပါသည်။ ယုဒသန်အနှစ် ၂၀၀ အတွက် လိုအပ်ချက်၊ စီမံချက်များကို ဘဏ္ဍာရေးမှုး ဆရာစံသိန်းထွန်းက ပြောကြားသွားပြီးဖြစ်ပါသည်။ တရားဒေသနာဟောကြားချက်မှာ အမေရိကန်အသင်းတော်များတွင်လည်း ဒီတရားပဲ ဟောခဲ့ပါသည်။ ဘုရားကို သစ္စာရှိရန် အကြောင်းဖြစ်ပါသည်။ ဘုရား၏ အလိုတော်ကို လက်ခံရန်ဖြစ်ပါသည်။ Click Here

Thursday, July 2, 2009

၂၁-၆-၂၀၀၉ ဖခင်များနေ့ ဒေသနာဝေငှချက်

ရန်ကုန်ညီအစ်ကိုများအသင်းတော်၊ (ဦးတင်မောင်ထွန်း) သို့ဖြစ်၍ ဖခင်များအနေနှင့် အထက်ဖော်ပြ ခဲ့သောဗီဇသုံးဖြာကို မိမိတို့သားသမီးများ၌ လက်ဆင့်ကမ်းအမွေပေးနေကြသူများဖြစ်၍ အခွင့်ထူးသလို၊ တာဝန်လည်းကြီးပါသည်။ ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏ (ယော၊ ၁း၁၂)။ ယုံကြည်သူတိုင်းအား ဘုရားသခင်ကပေးသောအမွေဖြစ်သည်။ ထိုဗီဇအမွေကို အလေးထားအသက်ရှင်သောသူတိုင်း လောကကိုအောင်မြင်ကြသူများဖြစ်ကြသည်။ ယနေ့ လောကကို အောင်မြင်သော ဖခင်များကို အသင်းတော်၊ အိမ်ထောင်၊ တိုင်းပြည်၊ ပတ်ဝန်းကျင်တို့၌ လိုအပ်နေပါသည်။ Click Here

Friday, June 26, 2009

ထာဝရဘုရားကိုကြောက်ရွံ။ လမ်းအတိုင်းသွားသူ

ဘုရားကိုကြောက်သောဖခင်
မုဆိုးမတယောက် ဖခင်တာဝန်။မိခင်တာဝန်ယူသောဖခင်ကိုဂုဏ်ပြုသည့်အနေနှင့် သမီးတယောက်စတင်ခဲ့သည်၊ အမျိုးသမီးတယောက် မြေးနှင့်သမီးအိမ်ရောက်လာ။ မြေးလူမမာ ဦးနှောက်အမှေးရောင်ရောဂါရှိသူအတွက် ငွေရေး ကြေးရေး အကူအညီတောင်း။ အဖိုးဆီကအကူညီမရသောကြောင့် မရှက်မကြောက် အကူအညီတောင်းရသည့် အခြေအနေရောက်ရသည်၊၁၂ဂး ၃ ဆာလံကိုအခြေပြု ဟောကြားပါသည်၊ ထာဝရဘုရားကိုကြောက်ရွံ။ လမ်းအတိုင်းသွားသူ မင်္ဂလာရှိသည်၊ ဘုရားသခင်တောင်းဆိုမှု ၂ချက်မှာ ဘုရားကိုကြောက်ပြီး။ ဘုရားလမ်ပြရာလျှောက်သောသူဖြစ်ရန်၊ ရိုသေလေးစားမှူမှ နာခံမှူရစေပါသည်၊ ဖခင်များနေ့ ဒေသနာ Father Day Sermon. Re-posting Sermon by Rev. Myo Maw from NY Burmese Baptist Church Click Here