Showing posts with label ၀ိညာဉ်ရေး. Show all posts
Showing posts with label ၀ိညာဉ်ရေး. Show all posts

Thursday, May 25, 2017

ဝိညာဉ်ရေးဘုရားအမှုတော်ဆောင်များ..အစာရှောင်ခြင်း

ဝိညာဉ်ရေးဘုရားအမှုတော်ဆောင်များ...
အလွန်အရေးကြီးသော အချိန်အခါများတွင် စုပေါင်းအစာရှောင်ခြင်းသည် တလုံးတဝတည်း ဘုရားသခင်အောက်တွင် ညီညွတ်မှုကိုရစေပါသည်။ နိုင်ငံ၊လူမျိုးအတွက် အမျိုးပြုတ်၊ တိုက်ခိုက်ခံရမည့်အခြေအနေမျိုးတွင် ခေါင်းဆောင်မှုဖြင့် တိုက်အရေးကြုံလာချိန် သမ္မာကျမ်းစာအရ စုပေါင်းအစာရှောင်ဆုတောင်းခြင်း၊လျှော်တေအဝတ်ကိုဝတ်ဆင်ခြင်း စသဖြင့်လုပ်ဆောင်ခြင်းဖြင့် ဘုရားနားညောင်းတော်မူသည်။ ကယ်မတော်မူပါသည်။ ညနေစာလုံးဝမစားပဲနေခြင်း၊ နံနက်စာ မစားပဲနေခြင်း၊ တစ်ရက်လုံး ဘာအစာမှမစားပဲနေခြင်း၊ အရည် (ရေနှင့်နို့)ကိုသာ သောက်သုံးခြင်း၊ အပြင်းထန်ဆုံးမှာ ရေနှင့်အစာ လုံးဝမစာပဲနေခြင်း စသဖြင့်အစာရှောင်ခြင်းမျိုးဖြစ်သည်။ အစာရှောင်ခြင်းနှင့်အစာငတ်ခံ ဆန္နပြခြင်းမှာ ရေနှင့်ဆီလို ခြားနားပါသည်။


သမ္မာကျမ်းစာဖြစ်ရပ်များစွာ ရှိပါသည်။
ရှင်ဘုရင်ယောရှဖတ်နှင့်က္ကုသရေလနိုင်ငံအား အင်အားများပြားလှသော ရန်သူများကဝိုင်းရံတိုက်ခိုက်ချိန် ယောရှဖတ်နှင့်တစ်နိုင်ငံလုံး အစာရှောင်ရန်အချိန်ကို ယုဒပြည်တစ်လျှောက်လုံး ကြေညာစေတော်မူသည်။ တလုံးတစ်ဝတည်း အစာရှောင်ဆုတောင်းရန် ဖိတ်ခေါ်သည်။ စစ်အင်အားမမျှမှန်းသိလျက် ရင်ဆိုင်ရန်စစ်မြေပြင်သို့ထွက်ခွာသည်။ ရန်သူတို့အချင်းချင်းတိုက်ခိုက်ပြီး အားလုံး အတုံးအရုံးသေဆုံးသွားချိန် မတိုက်ရပဲစစ်အောင်နိုင်ခဲ့သည်။ ကျေးဇူးတော်ချီးမွမ်းခြင်းကို ကျယ်လောင်သောအသံနှင့်ကြွေးကြော်ခဲ့သည်။ ၆ရာ၁၈
က္ကသရေလနိုင်ငံပြန်လည်ထူထောင်ရန် ဘာဗုလုံမြို့မှထွက်ခွာလာချိန် လမ်းတွင်တိုက်ခိုက်၊လုယက်မှုများကို ဘယ်လိုမှရှောင်နိုင်မည်မဟုတ်။ ဘုရားသခင်ကိုသာ အပ်နှံဆပ်ကပ်ပြီး လူငယ်၊ကလေး၊လူကြီးအားလုံးတို့ ချိုးခြံစွာကျင့်ခြင်းငှာ မြစ်နားတွင် အစာရှောင်ရန်အချိန်ကိုကြေငြာသည်။ အစာရှောင်၍ဆုတောင်းလျက်နေကြသည်။ ဘုရားသခင်သည် နားထောင်တော်မူသည်။ ယေရုဆလင်မြို့သို့ ရက်ပေါင်းများစွာခရီးရှည်ကြီးကို ဓါးပြ။သခိုး၊ရိုင်းစိုင်းသောလူမျိုးများရန်မှ လွတ်ကင်းစေခဲ့သည်။ ထိုသို့အောင်နိုင်ခြင်းသည် ဝိညာဉ်လက်နက် စုပေါင်းအစာရှောင်ဆုတောင်းခြင်း ကျေးဇူးဖြစ်သည်။ ဧဇရ ၈း၂၁

ဧသတာ ဝတ္တုတွင်လည်း ပါရှားပြည်ကြီးတွင် ယုဒလူမျိုး အမျိုးတုံးအောင် သတ်ဖြတ်မည့်အမိန့်စာထုတ်ခံရသောအခါ၊ ခေါင်းဆောင် မော်ဒကဲနှင့်ဧသတာတို့အားဖြင့်၊ ယုဒလူမျိုးအားလုံး ၃ရက် အစာရှောင်ဆုတောင်းခြင်း၊ လျော်တေအဝတ် ဝတ်ဆင်ခြင်းဖြင့် ထမ်ငးနှင့်ရေမစားမသောက်ကြရန် တညီတညွတ်တည်း လုပ်ဆောင်ကြသည်။ ထိုသို့အစာရှောင်ဆုတောင်းခြင်း အကျိုးမှာ ဧသတာဝတ္တုကိုဆက်ဖတ်ကြည့်ပါက တွေ့နိုင်သည်။ ရန်သူစာတန်နောက်လိုက်ဖြစ်သူ ဟာမန်နှင့်အပေါင်းအပါများသာ ပါရှားဘုရင်ကြီးက သုတ်သင်ရှင်းလင်းရန် တန်ပြန်အမိန့်စာထုတ်ခံရသည်။ ရန်သူများ ပျက်စီး၊သေကြေသွားပြီး ယုဒလူမျိုးများ အောင်မြင်ရသည်။

နိနဝေမြို့ကြီးတွင် လူများသည် ဆိုးသွမ်း၊ ရုပ်ထုကိုးကွယ်၊ တရားစီရင်၊ ဖျက်ဆီးခံရတော့မည်ဟု သိရှိသောအခါ နိနဝေမြို့သားများက နောင်တရပြီး၊ လူကြီးအပေါင်းတို့က အစာရှောင်မည့်အချိန်၊နေ့ရက်ကို ကြေညာကာ လျှော်တေအဝတ် ဝတ်ဆင်ကြသည်။ ကြိုးစား၍ဆုတောင်းကြသဖြင့် ဘုရားသခင်သည် ပြင်းပြသောအမျက်တော်ကိုပင် ငြိမ်းစေပါသည်။ နိနဝေမြို့သားများလည်း ဖျက်ဆီးခံရမည့်ဘေးမှ လွတ်ငြိမ်းချမ်းသာရခဲ့ပါသည်။ (ယောန ၃း၅)
အလားတူ ဓမ္မဟောင်းကျမ်းများတွင် ဟေရှာယ၊ ဒံယေလ၊ ယေလ စသည့် ပရောဖက်များ၏ အစာရှောင်၊ဆုတောင်းခြင်းများစွာ တွေ့ရသည်။ ဓမ္မသစ်ကျမ်းစာတွင် အစာရှောင်ဆုတောင်းခြင်း များစွာမတွေ့ရသော်လည်း သခင်ယေရှုမွေးစအချိန် အန္နအမည်ရှိ ပရောဖက်မ၏ အဆက်မပျက် အစာရှောင်၊ဆုတောင်းပေးခဲ့သည် (လု ၂း၃၇)။ ရှင်ပေါလုသည်လည်း ဒမက်သက်သွားရာလမ်းတွင် မျက်စိကွယ်စဉ်ကာလ ၃ရက်တိုင် အစာမစားပဲဆုတောင်းလျက်နေသည်။ ထိုအချိန် အာနန္နိအားဖြင့် ရှင်ပေါလုမျက်စိမှ ငါးကြေးကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိပြန်မြင်လေသည်။ သခင်ယေရှု၏ အစာရှောင်ဆုတောင်းခြင်း ကျမ်းပိုဒ်များကို မသဲ၆း၁၆တွင် အစာရှောင်သောအခါ မျက်နှာညိုးငယ်ခြင်းမ&ှိကြနှင့် .. ဟု တွေ့နိုင်သည်။

ဓမ္မသစ်ကာလ နောက်ပိုင်း
တလုံးတဝ အစာရှောင်ခြင်း၊ လူထုအစာရှောင်ခြင်းများကို တွေ့နိုင်သည်။ မက်သဒစ်အသင်းတော် အစပိုင်းတွင် မှန်မှန်အစာရှောင်ခြင်းကို ဦးစားပေးကြပါသည်။ John Wesly ကိုယ်တိုင် အစာရှောင်ခြင်းကို စည်းကမ်းတကျလုပ်ခဲ့သည်။ ဗုဒ္ဓဟူး၊ သောင်္ကြာနေ့များတွင် ညနေ၄နာရီထိ အစာရှောင်ဆုတောင်းကြသည်။

အစာရှောင်၊ဆုတောင်းရာတွင် ဆုတောင်းစာရင်းမှတ်ပြီး လုပ်သင့်သည်။ စာရင်းမှတ်ရာတွင်
၁။ မိမိဝိညာဉ်ရေးလိုအပ်ချက်များအတွက်
၂။ မိမိ မိသားစုလိုအပ်မှုများအတွက်
၃။ အသင်းတော်၏လိုအပ်မှုများအတွက်
၎။ မိမိတိုင်းပြည်၏လိုအပ်မှုများအတွက် (ဥပမာ - မြန်မာနိုင်ငံ)
၅။ လောက၏လိုအပ်မှုများအတွက် ... စသဖြင့်ဖြစ်ပါသည်။
စာရင်းမှတ်ထားမှုများကို နောင်တချိန် ပြန်လည်ကြည့်ရှုပါက ဆုတောင်းချက်များစွာ ဘုရားသခင်နားညောင်းတော်မူသည်။ ပြည့်စုံသည်ကို တွေ့ရပါသည်။


အမေရိကန်နိုင်ငံသမိုင်းနှင့်အစာရှောင်ဆုတောင်းခြင်းများ
အာဂန္တုများ အမေရိကန်ပြည်သို့ ရောက်ရှိလာစအချိန် အများစုသည် လူငယ်အမျိုးသား၊ အမျိုးသမီးများဖြစ်သည်။ ဥပမာ ၁၆၂၁ ခုနှစ်တွင် William Bradford ကို မြို့တော်ဝန်အဖြစ် ခန့်အပ်သောအခါ အသက် ၃၁နှစ်သာ ရှိသေးသည်။ Plymouth Plantation ဟုခေါ်သော Bradford စာအုပ်တွင် သူတို့၏ ဝိညာဉ်ရေးအတွေ့အကြုံများဖြင့် ဦးဆောင်သွားဖြင်း။ ခြားနားချက်များကို ပြုပြင်ပြောင်းလဲရာတွင် အာဂန္တုများက ဘုရားသခင်၏နိယာမ များဖြင့်၊ ကနဦးအသင်းတော်ပုံစံများဖြင့် စတင်ခဲ့ကြသည်။ မိမိကိုယ်ကို နှိမ့်ချခြင်း၊ ခြိုးခြံစာကျင့်သုံးခြင်း၊ အချိန်သတ်မှတ်ပြီး အစာရှောင်ဆုတောင်းခြင်းဖြင့် များစွာသောမျက်ရည်များ ကျခဲ့ကြသည်။ ဧဇရနှင့်အဖွဲ့ ယေရုဆလင်မြို့သို့ ပြန်လည်ရောက်ရှိလာသကဲ့သို့ ခံယူကြသည်။ Bradford ကိုယ်တိုင် ဖေါ်ပြသော လူထုအစာရှောင်ခြင်းတစ်ခုမှာ စိုက်ပျိုးထားသောပြောင်းပင်များ မိုးမရွာ၊ခြောက်သွေ့နေစဉ် ၁၆၂၃နွေရသီအချိန် ကိုယ်ကိုနှိမ့်ချ၊ စိတ်နှလုံးအကြွင်းမဲ့၊ ဆုတောင်းခြင်းဖြင့် အံ့သြဘွယ် တဖြေးဖြေးမိုးတစစ၊ ရွာသွန်းလာသည်ကို ဝမ်းမြောက်ဘွယ်တွေ့ရှိရသည်။ ရက်အင်ဒီယန်းများလည်း အလွန်အံ့အားသင့်သွားပြီး ကျေးဇူးတော်ချီးမွမ်းကြပါသည်။

Plymouth ကိုလိုနီတွင် ၁၆၃၆ နိုဝင်ဘာလ(၁၅)ရက်နေ့ကို မြို့ဝန်မင်းနှင့်သူ၏လက်ထောက်များသည် အစာရှောင်ကြသည်။ မိမိကိုယ်ကို နှိမ့်ချခြင်းအတွက်လည်းကောင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းအတွက်လည်းကောင်း ဥပဒေတစ်ခုထုတ်ပြန်ကာ အစာရှောင်ဆုတောင်းကြသည်။ ထိုအခြေခံအုတ်မြစ်များသည် အမေရိကန်နိုင်ငံကို နှစ် ရာပေါင်းများစွာ ယနေ့တိုင် တည်ဆောက်နေကြဆဲဖြစ်သည်။

ဂျော့ဝါရှင်တန် ပထမဆုံးသမ္မတ ကာလတွင် ဇွန်လ(၁)ရက်ကို ဘာမှမလုပ်ရသည့်နေ့အား အစာရှောင်ရာနေ့၊ မိမိကိုယ်ကို နှိမ့်ချဆုတောင်းသော နေ့ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။ သမ္မတဂျော့ဝါရှင်တန်ကိုယ်တိုင် သူ၏နေ့စဉ်မှတ်တမ်းတွင် တစ်နေ့လုံးအစာရှောင်သည် ဟူ၍ရေးသားထားပါသည်။ သမ္မတဂျော့ဝါရှင်တန်သည် ဆုတောင်းခြင်းကိုသာ ယုံကြည်သည်မဟုတ်၊ ဆုတောင်းချက်အဖြေရရှိသောအခါ ထိုဘုရားသခင်ကို အသိအမှတ်ပြု၊ ချီးမွမ်းသည်။ အမေရိကန်ပြည်ထောင်စု၏ သမ္မတအနေနှင့် ၁၇၉၅ခု ဖေဖေါ်ဝါရီလ(၁၉)ရက်ကို နိုင်ငံတော်၏ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ဆုတောင်းခြင်းနေ့အဖြစ် ထုတ်ပြန်ကြေငြာခဲ့သည်။ ဒုတိယသမ္မတ ဂျွန်အဒမ်လက်ထက်တွင်လည်း ၁၇၉၈ခုနှစ်၊ မေလ(၉)ရက်နေ့ကို ခြိုးခြံစွာပြုသောအစာရှောင်၊ ဆုတောင်းခြင်းနေ့အဖြစ် ကြေငြာခဲ့သည်။ စတ္တုထသမ္မတ ဂျိမ်းမက်ဒီဆင် လက်ထက်တွင် ၁၈၁၅ ဇန္တဝါရီလ (၁၂)ရက်ကို ပြည်သူလူထု၊ နှီမ့်ချ၍အစာရှောင်သောနေ့အဖြစ် ကြေငြာခဲ့သည်။

သမ္မတလင်ကွန်း လက်ထက်တွင် ကျွန်စနစ်ကိုရပ်ဆိုင်းရန် ပြည်တွင်းစစ်ဖြစ်ခဲ့သည်။ (၃)ကြိမ်တိုင်အောင် သမ္မတလင်ကွန်းက အစာရှောင်ခြင်း ကြေငြာခဲ့သည်။ အမျိုးသားတစ်ရပ်လုံး တညီတညွတ်တည်း ဖြစ်ရန်အတွက် ၊ ငြိမ်သက်ခြင်းကိုပြန်လည်ထူးထောင်ရန်ဖြစ်သည်။ အိမ်ထောင်ဦးစီးအားလုံး ကြေငြာချက်တွင် တိကျထည့်သွင်းခြင်းဖြင့် အိမ်တွင်တလုံးတဝတည်း အစာရှောင်ဆုတောင်း၊ ပုံရပ်ပြသလိုက်ခြင်းဖြစ်သည်။
.
.
.
မြန်မာနိုင်ငံအတွက် အစာရှောင်ဆုတောင်းခြင်း
စစ်အာဏာရှင်စနစ်တွင် မြန်မာနိုင်ငံ၊ မှောင်မိုက်တန်ခိုး၊ ဝိညာဉ်ဆိုးများ ကြီးစိုးခဲ့သည်။ ယုံကြည်သူ ခရစ်ယာန်များစွာ နေ့ညမပျက်၊ အစာရှောင်ဆုတောင်းခြင်း များစွာ ပြုလုပ်ခဲ့သည်။ မျက်ရည်ဖြင့် ဆုတောင်းသံများကို ဘုရားသခင်နားညောင်းတော်မူခဲ့သည်။ ဆုတောင်းချက်များ ပြည့်ဝလာပြီးသည့်နောက် ကျွန်ုပ်တို့ အဆက်မပျက် ဆက်လက်ဆုတောင်းရန်လိုနေဆဲဖြစ်သည်။
.
မိတ်ဆွေတို့၏ အသင်းတော်၊ မိတ်သဟာရများ မြန်မာပြည်ခေါင်းဆောင်များအတွက် အထူးဆုတောင်းခြင်း၊ အစာရှောင်ဆုတောင်းခြင်းများ ဆက်လက်လုပ်ဆောင်သွားရန် အရေးကြီးနေဆဲဖြစ်ပါသည်။ အသင်းတော်တစ်ခုသည် မြန်မာနိုင်ငံအတွက် ဗုဒ္ဓဟူးနေ့တိုင်း နံနက်၁၂နာရီအထိ အစာမစားပဲ အစာရှောင်ဆုတောင်းခြင်းကို ယနေ့တိုင်လုပ်ဆောင်နေဆဲဖြစ်သည်။ ကချင်ပြည်နယ်စစ်ပွဲများ ရပ်ဆိုင်းရန် ငြိမ်းချမ်းရေးအတွက် တဆက်တည်းဆုတောင်းခြင်း Chain Prayers ကို ရက်သတ္တပါတ်လုံး ဆုတောင်းနေသော အသင်းတော်၊ မိတ်သဟာရ များစွားရှိပါသည်။


မြန်မာနိုင်ငံတွင် ရုတ်တရက် (2011-2017) ဖြစ်ပျက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။
စစ်အာဏာရှင်စနစ်မှာ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရာတွင် မြန်မာပြည်တွင်းမှာ အစိုးရမင်းများ၊ နိုင်ငံခြားမှရောက်လာသော ဝိသမလောဘ၊ ခွဲဝေယူသည့်စနစ်ဖြင့် ခရိုနီစီးပွားရေးစနစ်ကြီး ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ပြန်လှည်ဦးတည်ပေးရန် စိတ်စေတနာကောင်းရှိသော နိုင်ငံခေါင်းဆောင်များက ကြိုးစားနေကြပါသည်။

မြန်မာခေါင်းဆောင်များနှင့်လက်နက်ကိုင်များသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ၂၁ရာစု ငြိမ်းချမ်းရေးစတင်နေပါသည်။ ကချင်၊ ဝ၊ ကိုးကန့်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန် စသည့် တိုင်းရင်းသားနယ်စပ်အခက်အခဲများစွာရှိသည်။ တစ်ဦးချင်းစီ အားနည်းချက်များစွာရှိသည်။ လက်နက်ကိုင်ပဋိပက္ခများ ပြေလည်သွားမည်ဟု မျှော်လင့်သည်။ အကျိုးတူ စီးပွားရေးခွဲဝေမှု ပြည်နယ်အုပ်ချုပ်ရေး ဖွဲ့စည်းပုံအသစ်များဖြင့် တရားမျှတသော ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပေါ်လာဖို့ ဆက်လက်ဆုတောင်းရပါမည်။

လက်ရှိ မြန်မာပြည်တွင် ဝိသမလောဘသမားများ၏ စီးပွားရေးလုပ်ငန်းများကို ထိမ်းချုပ်ရန် နိုင်ငံတော်အစိုးရမင်းများ လုပ်ဆောင်လာဖို့ ဆိုသည်မှာ ပြည်သူလူထုအပေါင်းနှင့် ယုံကြည်သူများ ဆက်လက်ပြီး အစာရှောင်ဆုတောင်းခြင်း (ဥပုဒ်စောင်ဆုတောင်းခြင်း)ဖြင့်သာ ဘုရားသခင်နားညောင်းနိုင်မည်ဖြစ်ပါသည်။
CLC ဘာသာပြန်သော, Deriek Prince ရေးသားသည့် အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းဖြင့် စာအုပ်မှကောက်နုတ်တင်ပြပါသည်....။ မုရန်
.
၂၀၁၃ ဆောင်းပါးကို ၂၀၁၇ နှင့်လျော်ညီစွာ ပြန်လည်ဖော်ပြပါသည်။ 

Monday, May 22, 2017

စွဲလမ်းမှုမှလွတ်မြောက်နည်း Escape from Addiction

စွဲလမ်းမှုမှလွတ်မြောက်နည်း Escape from Addiction
တမြန်မနေ့ကသတင်း၊ ။ ရုရှား အာဏာရှင်လက်ကိုင်တုတ်၊ သူဌေးတစ်ဦး၊ Boris Berezovsky 67 နှစ်အရွယ်၊ ဘီလျှံနာ သူဌေးကြီးဖြစ်ပေမဲ့ တိုင်းပြည်ကထွက်ပြေးခြင်း၊ မိန်းမတွေရှုပ်ပြီး ငွေပြက်လို့ဗြိတိန်နိုင်ငံ ၁၂နှစ်လောက် ခြောက်ခြားမှုတွေနဲ့ အသက်ရှင်ခဲ့တယ်။ နောက်ဆုံးမှာ အင်္ဂလန်တောမြို့လေးမှာ စည်းစိမ်ဥစ္စာအားလုံးဆုံးရှုံးပြီး၊ စိတ်ဓါတ်ကျ၊ သေဆုံးရရှာတယ်။
.
.
ငွေကိုစွဲလမ်းခြင်း
ဆရာဦးအောင်သက်ညွန့် ..ဓမ္မပညာအထောက်အကူပြုလစဉ် မေလ၂၀၁၃မှာ ငွေချမ်းသာမှုကို ရေးထားပါတယ်။
လူသည် ဆင်းရဲဒဏ်ကိုခံနိုင်သည်။
ချမ်းသာဒဏ်ကို မခံနိုင်ဟု ဆိုကြသည်။ ထိုစကားသည် လောကသားများအတွက် မှန်နိုင်သော်လည်း နှုတ်ကပတ်တော်ကို ယုံကြည်သောသူများအတွက် မမှန်ကန်ပါ။
.
၂၀၀၃ခုနှစ်မှ ၂၀၁၁ခုနှစ် ၈နှစ်ကာလအတွင် တရုပ်ပြည်မှ ကုဋေကြွယ်သူဌေး ၇၂ဦးအကြောင်း သုတေသနပြုမှန်တမ်းကို ဂျာနယ်တစ်ခုတွင် ဖော်ပြထားပါသည်။ သူဌေးကြီးများ ဇတ်သိမ်းအကြောင်း ဖော်ပြချက်၌ ၁၅ဦး အသတ်ခံရသည်။ ၁၇ဦးက မိမိကိုယ်ကို သတ်သေကြသည်။ ချမ်းသာမှုက လူကို စိတ်ချမ်းသာမှုမပေးပါ။ ၇ဦးက သင်္ကာမကင်းဘွယ်သေဆုံးရသည်။ ၁၄ဦးက ရာဇ၀တ်မှုကြောင့် အဖမ်းခံရကာ သေဒဏ်ပေးခံလိုက်ရသည်။ ၁၉ဦး ရောဂါဆိုးနှင့်သေကြသည်။ အကြောင်းမှာ ကြွယ်ဝ၍အရက်သောက်၊ ဆေးလိပ်သောက်၊ မတရားမေထုန်လိုက်စားပြီး သေကြရသည်။ ၇၂ဦးစလုံး ဇတ်သိမ်းမလှကြပါ။ ထိုငွေကို ဘုရားသခင် ခံစားခွင့်ပေးခြင်းသည် သူတို့က အခြားသူများကို ဝေငှပေးဖို့ဖြစ်ကြောင်း သူတို့မသိလိုက်ကြပါ။
.
အမေရိကန်ပြည်ရှိ သန်းကြွယ်သူဌေးများစွာထဲမှာ တစ်ဦးအကြောင်း ဆင်ခြင်လိုပါသည်။ သူသည် တစ်နာရီလုပ်ရာတွင် လေးပြားရသည်။ သူတို့တိုင်းပြည်၌ တစ်နေ့ရှစ်နာရီလုပ်ရသည်။ ၃၂ပြားရသည်။ သူက ဆယ်ဖို့တစ်ဖို့ပေးဖို အဆင်မပြေ၍ သူ၏သူဌေးအား ၂နာရီတိုးပြီး လုပ်ရဖိုပြောသည်။ သူဌေးက သူ့ကို အိုဗာတိုင်ကြေးမပေးနိုင်ဟု ပြောသည်။ သူက မပေးပါနှင့်၊ အလုပ်သာပေးလုပ်ပါ..ဟု ဆိုသဖြင့် သူဌေးက ပေးလုပ်ပါသည်။ ထိုအခါ သူက ၁၀နာရီလုပ်သဖြင့် လုပ်အားခတွက်ပါက ၄၀ပြားရသင့်၍ ဆယ်ဖို့တစ်ဖို့ ၄ပြား လှုပါသည်။ အချိန်ပိုလုဒပ်ရသော်လည်း မခိုမကပ်ပဲ နေပူထဲလုပ်သဖြင့် အလုပ်ရှင်က သူ့အားခေါ်ပြီး ဘုရားသခင်ကို ယုံကြည်သောသူ၊ ဘုရားဘုန်းရှိသောသူများသည် လူပျင်းများမဟုတ်ကြပါ။ ထိုလူငယ်ကလေးသည် တနာရီ၎ပြားမှ တစ်ပတ်တွင် ဒေါ်လာ၂၀ရသောသူ ဖြစ်လာသညပ်။ သူသည် နောင်တချိန်တွင် သန်းကြွယ်သူဌေး လက်ချိုးရေတွက်ရသည့် အချိန်ကာလက သန်းကြွယ်သူဌေးဖြစ်လာပြီး တစ်နှစ်တစ်နှစ် ကမ္ဘာကြီးကို ဒေါ်လာသန်း၇၅၀ လှုနိုင်သူဖြစ်လာသည်။ ထိုသူဌေးကြီးသည် အသက်၉၇နှစ် အသက်ရှည်ပြီး သွားတစ်ချောင်းမှမကျိုးပါ။ ထိုပုဂ္ဂိုလ်ကြီးမရှိသည့်နောက် သူ့သားစဉ်မြေးဆက်ကလည်း ကမ္ဘာကြီးကို ဆက်လက်အကျိုးပြုနေဆဲဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီးကား အမေရိကန်သူဌေးကြီး ဂျွန်ဒီရောက့ကီဖယ်လာ ဖြစ်သည်။ သူသည် ဘုရားသခင်၏ ဘုန်းထင်ရှားအောင် အသက်ရှင်ခဲ့သလို သားစဉ်မြေးဆက်ကိုလည်း အမွေပေးခဲ့ပါသည်။
.
.
ရွှေကိုစွဲလမ်းခြင်း
မြန်မာပြည်လေယာဉ်ခရီးအတွက် ကီလိုအရောင်းအ၀ယ်ခေတ်စားပါတယ်။ တစ်ကီလို ၅ဒေါ်လာကနေ ၁၀ဒေါ်လာအထိ အရောင်းအ၀ယ်ဖြစ်ပါတယ်။ လူကိုခင်ပါတယ်။ ကီလိုလက်ဆောင်ပစ္စည်းပေးခြင်း သည်းခံပါတဲ့..။ ရွှေတစ်ကီလိုဘယ်လောက်တန်ပါသလဲ...။ တစ်ကီလိုဟာ ၄၄ကျပ်သားရှိပြီး၊ ရွှေတစ်ကျပ်သား ၇သိန်းဈေးပေါက်တော့ ရွှေတစ်ကီလို ကျပ် ၃၀၈သိန်း ဈေးရှိပါတယ်။ မြန်မာပြည်ပြန်လို့ ရတဲ့ ကီလို၂၀ကို ရွှေချည်းသယ်ရမယ်ဆိုရင် ကျပ်သိန်း၆ထောင် (S$600,000 ဒေါ်လာ၆သိန်း) ရှိပါတယ်။ အများကြီးပဲ တစ်သက်စားမကုန်တဲ့ Gold Bar ၊ ကီလို၂၀ကို ကျောပိုးအိပ်ထဲမှာ အသာလေးထည့်လို့ရပါတယ်။ ရွှေက သံထက် ၃ဆလောက် ပိုလေးတော့ ရွှေကီလို၂၀အထုတ်က သေးသေးပါ။ တော်တော်လေးပါတယ်။ ရွှေဘားတွေ အများကြီးတွေ့ဖူးသူတွေကတော့ ဘဏ်ဝန်ထမ်းတွေ၊ လုံခြုံရေးတွေဖြစ်ပါတယ်။ အရံရွှေဆိုပြီး နိုင်ငံအစိုးရဘဏ်များမှာ သိမ်းထားပါတယ်။ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ရွှေပြားတွေ၊ ရွှေခဲတွေပါ။ စင်ကာပူ၊အမေရိကားတွေမှာ နှစ်ပေါင်းများစွာလုပ်ကိုင်ပြီး အိမ်တစ်လုံးအပြီးပိုင်သွားသူတွေ တော်တော်များများရှိပါတယ်။ တချို့အိမ်တန်ဖိုးက ဒေါ်လာ၆သိန်းလောက် တန်တယ်ဆိုတော့၊ ရွှေ ကီလို၂၀လောက် ပိုင်တာပေါ့။ သေတဲ့အထိ ဒီငွေကို ဆုတ်ကိုင်ထားလေ့ရှိတာ လူ့ဗီဇပါ။ ပိုင်ဆိုင်မှုမရှိရင် လူမလေးစားဘူးလို့ ခံယူကြတယ်။ ဒီတော့ ပစ္စည်းဥစွာစွဲလမ်းမှု လူတိုင်းမှာရှိတော့ အပြစ်မဟုတ်ဘူး ပြောနိုင်ပါတယ်။ ဒါပေမဲ့ အပြစ်ကအပြစ်ပါပဲ။
.
လူ့ဖြစ်လာရင် အစွဲအလမ်းတွေရှိပါတယ်။ စွဲလမ်းမှုကို ချွတ်ပစ်တဲ့နည်းလမ်းများ
- အစာစွဲလမ်းမှု.. အရသာမရှိအောင်လုပ်ပစ်ခြင်း
- မျက်စိစွဲလမ်းမှု ... မမြင်ရအောင် ဝေးဝေးနေခြင်း
- အနံ့ စွဲလမ်းမှု ... ဝေးဝေးရှောင်
- အထိတွေ့စွဲလမ်းမှု၊ ...ဝေးဝေးရှောင်
- မေထုံစွဲလမ်းခြင်း ... လူသေ၊အသုဘ
- မူရစ်ဆေး၊အရက် .. ဆေးဖြက်နည်းမျိုးစုံ
- ငွေစွဲလမ်းမှု ...ပေးကမ်းခြင်း
အစားစွဲလမ်းခြင်းက သိပ်အရုပ်မဆိုးပေမဲ့၊ အချစ်၊ တဏှာရာဂ၊ မူးရစ်ဆေး၊ ငွေ၊ အာဏာ စွဲလမ်းမှုတွေက အရုပ်ဆိုးစေပါတယ်။ ပညာစွဲလမ်းခြင်း၊ အပေါင်းသင်းစွဲလမ်းခြင်း၊ ၀ါသနာပါတဲ့အလုပ်တခု စွဲလမ်းခြင်း၊ အင်တာနက်၊ ဖေ့စ်ဘုတ် ..စသည်များလည်း လွန်ကျူးလာရင်၊ မိမိနဲ့ကိုယ့်အပေါင်းသင်းများကိုပါ ထိခိုက်စေပါတယ်။

စွဲလမ်းမှုကို ဖျောက်တဲ့နည်းတွေကတော့ .. အများကြီပါ။ သို့သော်အထက်ပါနည်းများလည်း မထိရောက်ပါ။
.
.

လွတ်မြောက်ခြင်း ကတော
ပိုပြီးစွဲလမ်းစရာတစ်ခုကိုတွေ့သွားခြင်း ပါပဲ။
အရက်ဖြက်ဖို့၊ ဆေးလိပ်သောက်၊ ဆေးလိပ်စွဲတော့ ကွမ်းနဲ့ဖြတ် .. ဒီလိုနဲ့ပဲ စွဲလမ်းမှုသံသရာအောက်က ရုန်မထွက်နိုင်ပါဘူး။ သာ၍ကောင်းသော စွဲလမ်းစရာတစ်ခု တွေ့သွားရင်ကော...။ ဥပမာ ..ဘုရားစွဲလမ်းခြင်းကော.. ကောင်းသလားမေးရင်.. ဘုန်းကြီး၊ သီလရင် အပြီးဝတ်နိုင်ရင် ကျွတ်ပြီလား ..ဆိုပြန်တော့ မဟုတ်ပြန်ဘူး။ သူများကို ပြန်လည်သွန်သင်၊ တရားကိုဖြန့်ဝေနိုင်ခြင်း (ခရစ်ယန် ဧ၀ံဂေလိ) လုပ်ခြင်းဟာ ဘုရားနဲ့မိတ်သဟာရ မှန်ကန်သူလို့ပြောရပါတယ်။ မှန်ကန်တဲ့ ဘုရားဝတ်နဲ့မွှေ့လျှော်သူဟာ အစွဲအလမ်းအားလုံးကို ချွတ်နိုင်ပါတယ်။ ကိုယ်ကိုယ်ကို ငြင်းပယ်ခြင်း၊ ဘုရားထံဆပ်ကပ်အပ်နှံလိုက်ခြင်း ... အဆင့်ရောက်သွားရင်။ ဘုန်းကြီး၊ သီလရင် မဟုတ်ပေမဲ့ ဘုရားဘုန်းတော်ထင်ရှားစေသူများ ဖြစ်ပါတယ်။ တချို့ လည်း ပိုင်ဆိုင်သမျှကို ဇနီး၊သားသမီးများပေးပစ်ပြီး သူကတော့ ဘုရားဝတ်နဲ့မွေ့လျှော်ပြီးနေပါတယ်။ ဒါပေမဲ့ ဇနီးသားသမီးမှာ ကိုယ်ပေးအပ်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကားကားကြီးကျန်နေတာ အကုသိုလ်ပေးသလိုဖြစ်နေပါတယ်။ သူများကိုလျှောက်ပေးကမ်းလှုဒါန်းနေလဲ စွဲလမ်းမှုများ မပျောက်နိုင်ပါဘူး။

ဒါကြောင့် ဘုရားဝတ်၌မွေ့လျှော်ခြင်းဖြင့်သာ စွဲလမ်းမှုကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ တကယ်စွဲလမ်းမှုပျောက်သွားသူများဟာ အသက်ရှင်နေရတာကို အရမ်းကျေနပ်နေပါတယ်။ နောင်ဘ၀အတွက်လည်း စိတ်ချနေပါတယ်။ မိမိဒီအဆင့်ရောက်ပါပြီလား...?
.
.
ကျမ်းပိုဒ်။ ၁တိမောသေ ၆း၉-၁၀
ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြသည်။ ထိုသို့သော သူတို့ကို ရှောင်လော့။ ရောင့်ရဲသော စိတ်ပါလျှင် ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။ အကြောင်းမူကား ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှ မပါပဲ လာသည်ဖြစ်၍ ထွက်သွားလျှင်လည်း အဘယ်အရာမျှ ယူမသွားနိုင်ကြဟု ထင်ရှားလျှက်ရှိ၏။ သို့ဖြစ်၍ စားရန်၊ ၀တ်ရန် ရှိသမျှနှင့် ရောင့်ရဲလျှက် နေကြကုန်အံ့။ ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်၏။ ထိုသို့ သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်ဆီးခြင်း၌ နစ်မွမ်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကိုတပ်မက် ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။

Sunday, May 21, 2017

နှုတ်ကပတ်တော် (ဘုရားသခင်၏သြ၀ါဒ) - ဥပမာ၊ မတရားသော မေထုန်

နှုတ်ကပတ်တော် (ဘုရားသခင်၏သြ၀ါဒ) ဓမ္မဟောင်း (ပညတ်တရားခေတ်-ပညတ်၁၀ပါး) ၁။ ငါမှတပါးအခြားသောဘုရားမကိုးကွယ်ရ ၂။ ငါဖို့အလို့ငှာ ရုပ်ထုမပြုလုပ်ရ ၃။ ငါ့ နာမကို အလွဲမသုံးရ ၄။ ဥပုဒ်နေ့ကို အစဉ်သာ သန့်ရှင်းစေပါ ၅။ သင့်၏မိဘများကို ရိုသေလေးစားပါ ၆။ သူအသက်ကိုမသတ်ရ ရ။ သူမယားကိုမပစ်မှားရ (မတရားသောမေထုံမလုပ်ရ) ၈။ မခိုးရ ၉။ မဟုတ်မမှန်သက်သေမခံရ ၁၀။ တပ်မက်ခြင်းမရှိရ (သူ့တပါးပစ္စည်၊ မယား၊) . ဓမ္မသစ် (ချစ်ခြင်းမေတ္တာ) ၁။ ဘုရားကို ကိုယ်နှင့်အမျှချစ်ခြင်း ၂။ ကိုယ်နှင့်ဆက်ဆိုင်သောသူကိုချစ်ခြင်း . မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ အဆောက်အဦ၊ လောကအရာတွေထက် ၀ိတ်ဝိညာဉ် ပြောင်းလဲခြင်းကို ဦးစားပေးရပါတယ်။ . . ယုံကြည်ခြင်း .... Faith ယေရှုကိုရရှိဖို့၊ ကျေးဇူးတော် ခံစားဖို့ ဆိုတာ အပြောသာလွယ်ပါတယ်။ လက်တွေ့တော့ အလွန့်အလွန်ခက်ပါတယ်။ က ကယ်တင်ခြင်း အရင်ရှင်း ..ဆိုပြီး ယေရှုကို ယုံပါပြီ၊ုယုံပါတယ် ကယ်တင်ခြင်းရပြီလို့ ပြောပေမဲ့ ၀ိညာဉ်ရေးဖြစ်တဲ့အတွက် ခရစ်ယန်အသက်တာ မကောင်းသူတယောက် ကောင်းကင်နိုင်ငံရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ . ဓမ္မဟောင်း ၁၀ပါး၊ ဓမ္မသစ် ၂ပါး ..ဒါတွေဟာ လူသားတယောက်အနေနဲ့ ဘယ်နည်းနဲ့မှ ပြည့်စုံအောင် မကျင့်ကြံနိုင်ပါဘူး။ ဖြောင့်မတ်သောသူ တစ်ယောက်မျှ မရှိ ..ဆိုတဲ့အတိုင်း လောကပညတ်တွေအရဆို ဘယ်သူမှ ကယ်တင်ခြင်း မရနိုင်ပါဘူး။ . ယုံကြည်ခြင်း တခုထဲနဲ့၊ သခင်ယေရှုကို ယုံကြည်ခြင်းနဲ့ပဲ ကယ်တင်ခြင်းကို ရပါတယ်။ ဒီတော့ ပညတ်တရားတွေကို မစောင့်ရတော့ဘူး မဟုတ်ပါ။ ကယ်တင်ခြင်း ရပြီးသူဟာ နေ့တိုင်း၊ အချိန်တိုင်း နောင်တ ရပါတယ်။ အမှားကြီးတွေကို နောင်တရပြီး နောက်တဖန်မလုပ်တော့ပါဘူး။ . ဥပမာ .. မတရားသောမေထုန်၊ ရှင်ယောဟန် အခန်းကြီး(၈း၁၁) မှာ သခင်ယေရှုနဲ့ ခဲပေါက်သတ်ခံရမဲ့ ပြည့်တန်ဆာမိန်းမ အဖြစ်အပျက်ကို ကြည့်နိုင်ပါတယ်။... ငါသည်လည်း သင့်၏အမှုကို မစီရင်၊ သွားလော့၊ နောက်တဖန် ဒုစရိုက်ကို မပြုနှင့် ဟု မိန့်တော်မူသည် ..လို့ ရေးထားပါတယ်။ အဲဒီ မိန်းမ နောင်တ တကယ်ရပြီး နောက်လုံးဝမလုပ်တော့ပဲ ယေရှုနောက်ကို လိုက်ပါတယ်။ တကယ် ကယ်တင်ခြင်း ရရှိပါတယ်။ ဘုရားသခင် ခွင့်မလွှတ်နိုင်တဲ့ အပြစ် မရှိပါဘူး။ နောင်တနဲ့ နောက်တဖန်မလုပ်တာပဲ ဘုရားသခင် နှစ်သက်ပါတယ်။ . မတရားသော မေထုန် ဆိုတာ ဘာလဲ ..ဆိုတဲ့ မေးခွန်းမှာ ပြသနာအကြီးကျယ် ဖြစ်လာပါတယ်။ လက်မထပ်ပဲ အတူနေခြင်းက အလွန်များပြားနေတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ လိင်ဖြေဖျော်ခြင်း၊ ပိုဆိုးဝါးတဲ့ လိင်တူ တွေကိုလဲ အသင်းတော်မှာတောင် ခပ်တည်တည်ဖြစ်နေပါတယ်။ မိုဘိုင်းဖုန်းတွေမှာလဲ လိင်ဓါတ်ပုံ ၊ ဗွီဒီယိုတွေ အလွယ်တကူ ရနေပြီး၊ တယောက်နဲ့တယောက် မိုဘိုင်း၊ ဆိုရှယ်မီဒီယာနဲ့ စက္ကန့်ပိုင်း ဆက်သွယ်၊ ပို့ပေးနိုင်တဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ ဓမ္မဆရာနဲ့ အသင်းတော်လူကြီးတွေလဲ မတရားမေထုန် လုပ်နေသူကို မပြောရဲ၊ ပြောလဲမထူးဘူး .. အသင်းတော်က နဲ့ သင်းအုပ်များ အလွန်အခက်ခဲ ဖြစ်နေရတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ . ဒီအကြောင်းတွေ တခြား ဓမ္မဆရာတွေ ပြက်ပြက်သားသား မပြောကြပေမဲ့၊ GMYC ဆရာဒေးဗစ်လား၊ ဆရာစံတိုး၊ ဆရာဇော်မင်း၊ ဆရာတူးဂျာ်၊ ဆရာသြဂတ်စတပ်၊ ဆရာဒေါမနစ်၊ ဆရာဥိးတင်မောင်ထွန်း ..စတဲ့ ဆရာများစွာ လူငယ်တွေကို ဟောကြား၊ ပြောကြားနေကြပါတယ်။ မီဒီယာမှာလဲ ပြက်သားစွာ ရိုက်ကူးတင်ဆက်တဲ့ ဗွီဒီယိုတွေ အင်တာနက်မှာ တွေ့ရပါတယ်။ . . . ဆရာပက်ထရစ်ဂေဗြဲ .ရဲ့ သက်သေခံခြင်းကို နားထောင်ကြည့်ပါ။ အကျိုးထူးမယ် ဖြစ်ပါတယ်။ ကယ်တင်ခြင်း ရပြီးသူများ မိမိကိုယ်ကို သန့်ရှင်းအောင် ကြိုးစားရပါတယ်။ ကားတိုင်လမ်းသို့ ကြိုးစားတက်မည် ဆိုတာ ကယ်တင်ခြင်း စိတ်ချသူများ လျှောက်ရမဲ့ လမ်းဖြစ်ပါတယ်။ တချိန်မှာ သခင်သခင် လို့ခေါ်ရင် သင့်ကိုငါမသိ လို့ မဖြစ်ရအောင် တိုက်တွန်းနိုးဆော်ခြင်း ဗွီဒီယိုလေး ဖြစ်ပါတယ်။
. Link https://www.youtube.com/watch?v=-Ihb5tCrOTU . . . နောက်ဆုံးသော ကာလကိုလည်း ဆရာပက်ထရစ်ဂေဗြဲ နဲ့ ဆက်လက် လေ့လာနိုင်ပါတယ်။ Sia Sian ဗွီဒီယို သက်သေခံချက်များကို ကျေးဇူးအထူး တင်ပါတယ်။ . . .
BurmeseBible May 2017... . .
.

Sunday, May 7, 2017

အောင်မြင်သူတယောက်ဘဝ

အောင်မြင်သူတယောက်ဘ၀ လူတိုင်းဖြစ်လိုပါတယ်။
.
အခုခေတ် အိုင်ဖုန်းစွန့်ဥိးတီထွင်သူ စတိဂျော့  ကွယ်လွန်သွားချိန် သူ့ဘ၀ မနက်ဖန်ငါသေပြီး ဆိုပြီး အကောင်းဆုံးလုပ်ဆောင်ရင်း၊ မိဘမဲ့ကလေးဘ၀၊ တက္ကသိုလ်ကျောင်းထွက်ဘ၀၊ အေပဲကွန်ပြူတာသူဌေးကြီးအဖြစ်ရောက်ခဲ့တယ်။ လူယုံသတ်သလို အေပဲက ထွက်ခွာခဲ့ရပြီး နှစ်ပေါင်းများစွာ ဆက်လက်ကြိုးစားရင်း နောက်ဆုံး အေပဲက ပြန်ခေါ်တယ်၊ အိုင်ဖုန်း ဆိုတာ တီထွင်ပြီး ဇနီး၊ သားသမီးများနဲ့ အလွန်နာမည်ကျော်၊ အလွန်ချမ်းသာကြွယ်ဝသူ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကင်ဆာရောဂါခံစားပြီး ဘ၀နောက်ဆုံးအချိန်တွေမှာ မေတ္တာတရားအကြောင်း နောင်တနဲ့ပြောခဲ့ပါတယ်။ သူ့မှာ မိသားစုရှိပေမဲ့ အချိန်ပြည့်ဆရာဝန်၊ သူနာပြုတွေ ရှိပေမဲ့ ဘ၀နောက်ဆုံးအချိန်များမှာ မေတ္တာငတ်ခဲ့ကြောင်း ပြောဆိုရင်း တမလွန်ဘ၀ကူးပြောင်းသွားပါတယ်။
.
 ငွေကြေးဥစ္စာကမှ ထီပေါက်၊ ရတနာသိုက်တွေ့ပြီး နေ့ချင်းချမ်းသာနိုင်တယ်။ မေတ္တာတရား ဆိုတာ အချိန်များစွာ ပေးဆပ်ရပါတယ်။ မိမိကို မေတ္တာထားသူ တယောက်ရှိရင်ပဲ ဒီလောကမှာ လုံလောက်ပါတယ်။
.
ငယ်ရွယ်စဉ်မှာတော့ မေတ္တာတရားကို နားမလည်ကြပါ။ ဖိုမ ၊ မောင်နှမ၊ သူငယ်ချင်း ၊ ဆရာတပည့် ချစ်ခင်မှုများ (မြန်မာလို ၁၅၀၀၊ ၅၂၈) တွေပဲ မြင်ကြပါတယ်။ အနန္တမေတ္တာ အင်္ဂလိပ်လို အဂါပေ Agape Love ဆိုတာကိုတော့ ရင့်ကျက်လာချိန်မှာ ပိုပြီးသိလာပါတယ်။
.
အောင်မြင်သူ ဆိုတာ ဘုရားမေတ္တာ ရရှိခံစားနေသူကိုပဲ အောင်မြင်သူလို့ ခေါ်ချင်ပါတယ်။ နောက်သေချာတာတခုက ဘုရားမေတ္တာ ရရှိခံစားသူမှာ သူ့ပတ်ဝန်းကျင်မှာလဲ သူ့ကိုမေတ္တာပေးနေသူတွေ အများအပြားရှိပါတယ်။
.
.
ဘ၀အခက်ခဲဆုံး အချိန်များ
တနေ့က စိတ်ကောင်းရှိတဲ့ မိတ်ဆွေတယောက် ယာဉ်တိုက်မှုနဲ့ လမ်းမပေါ်မှာ ပွဲချင်းပြီးသေဆုံးပါတယ်။ သူ့ဇနီးကတော့ အသုဘမှာ ပြောရှာပါတယ်။ သူကတော့ ပြီးသွားပေမဲ့ ငါကတော့ ဒုက္ခဆင်းရဲတွေနဲ့ ကျန်ရစ်ပြီပေါ့..လို့ ၀မ်းနည်းစွာ ပြောပါတယ်။  နေစရာအိမ်လဲ ရှိ၊ သားသမီး၃ယောက် အလုပ်ကိုယ်စီ ရှိနေကြပြီး အမေမုဆိုးမအိမ်မှာပဲ စုဝေးနေကြတယ်။ နေတတ်ရင်တော့ ဘ၀မဆင်းရဲပါဘူး။ ပတ်ဝန်းကျင်မှာ တလ ကျပ်၃သောင်းပေးရတဲ့ တဲအိမ်လေးတွေမှာ ငှားနေရသူအမြောက်အများ ရှိနေကြတယ်။ တောရွာတွေမှာဆို ပိုဆိုးသေးတယ်။ ဘယ်လောက် ဆင်းရဲပါစေ၊ ကျန်းမာစွာ ၀င်ငွေရှိတဲ့အလုပ်ကလေး၊ အိမ်ငှားခလေး၊ ကူညီပံ့ပိုးမဲ့ မိတ်ဆွေတွေ ရှိနေရင်တော့ ဆင်းရဲမွဲတေပေမဲ့ ဘ၀အခက်ခဲကြီးတော့ မဟုတ်သေးပါဘူး။
.
ဆင်းရဲဒုက္ခများက ဘ၀အခက်ခဲကြီးလားလို့ မေးရင်၊ မဟုတ်ပါ ..လို့ဖြေရပါမယ်။
.
နာမကျန်း၊ ရောဂါခံစားနေချိန်က ဘ၀အခက်ခဲကြီးလားလို့ မေးရင်လဲ၊ မဟုတ်ပါ ..လို့ဖြေရပါမယ်။
.
မူရစ် အရက်စွဲနေခြင်း၊ မတရားသောမေထုန်(အိမ်ထောင်ရေးပြသနာ)၊ ရာဇ၀တ်မှု၊ ခိုးဆိုးလုယက်မှု၊ မတရားစွတ်စွဲခံရမှု၊ ထောင်သွင်းအကျဉ်းချခံမှုကိုပဲ ဘ၀အခက်ကြီးလား။

ပြန်ကောင်းမလာတော့မဲ့ ရောဂါဝေဒနာခံစားနေရချိန်၊ အသက်ကယ်စက်နဲ့နေရချိန်၊ (သို့မဟုတ်) မိမိကိုယ်တိုင် ဘာမှမလှုပ်ရှား၊ မစားသောက်၊ ဆီးဝမ်းမသွားနိုင်၊ ပက်လက်ဘ၀နဲ့ နေရချိန်လား။
.
ဒါတွေအားလုံးဟာ အခက်ခဲကြီးလို့ မပြောနိုင်ပါဘူး။
.
.
.
အကြီးမားဆုံး အခက်ခဲကတော့
အဖေါ်မဲ့ တယောက်တည်း၊ ဘယ်သူနဲ့မှ မိတ်ဆွေမရှိ ဖြစ်နေချိန်ပဲ ဖြစ်ပါတယ်။ Lonely Life လို့ခေါ်ပါတယ်။ တနည်းအားဖြင့် ပွင့်လင်းစွာ စကားပြောဖေါ်မရှိ ဖြစ်နေတဲ့ ဘ၀ဟာ မိမိဘ၀မှာ အလွန်ခက်ခဲတဲ့ ကာလဖြစ်ပါတယ်။ စာဖတ်သူ မိတ်ဆွေရဲ့ အမြင်နဲ့ ကွဲလွဲမှု ရှိနိုင်ပါတယ်။ ကွဲလွဲနိုင်ပါတယ်။
.
.
အဖြေရျာခြင်း။
စာရေးသူ အနေနဲ့ကတော့ စကားပြောဖေါ်မရှိခြင်း ဆိုတဲ့ ဘ၀အကြီးမားဆုံး အခက်ခဲကြီးရဲ့ အဖြေကတော့ မိမိကိုယ်ကို ပြောင်းလဲချိန်တန်ပြီး ဆိုပြီး ပြောင်းလဲဖို့၊ တနည်းအားဖြင့် အခုကတည်းက မေတ္တာရှင်ကို ရှာဇွေဖို့ အချိန်ပေးဖို့ လိုအပ်နေပါတယ်။
.
လူဆိုတာ တကယ်တော့ ကိုယ်ကျိုးရှာ သတ္တ၀ါတွေဖြစ်ပါတယ်။ မိမိအကျိုးပဲ ကြည့်တတ်ကြပါတယ်။ မိမိမှာ ငွေရှိရင် မိမိအတွက်ပဲ သုံးတတ်တယ်။ မိမိသားသမီး၊ ဇနီး၊ ဆွေမျိုး၊ မိတ်ေဆွ၊ စတဲ့ မိမိချစ်နှစ်သက်သူများကို ငွေ၊ လက်ဆောင် ပေးတတ်ပါတယ်။

အလားတူပဲ မေတ္တာဆိုတာလဲ မိမိမှာ ရှိနေမှ သူများကို ပေးနိုင်ပါတယ်။ မေတ္တာ ဘယ်ကရနိုင်မလဲ ..မေးခွန်းကတော့ မေတ္တာရှင်ကနေပဲ မေတ္တာရနိုင်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ မေတ္တာရှင်တွေ များများရှိလေလေ မိမိလည်း သူတို့အမျှဝေတဲ့ မေတ္တာတွေ ရရှိပြီး၊ ကိုယ်ကလဲ တပါးသူတွေကို မေတ္တာပေးဆပ်နိုင်မှာပါ။
.
.
မေတ္တာရှင်ကို ရှာဖွေခြင်း
ဘုရားမဲ့ဝါဒီတွေ၊ ဘုရားစုံဝါဒီတွေ ရှိသလို စာရေးသူကတော့ ခရစ်ယန်အယူဝါဒ သက်ဝင်ယုံကြည်တဲ့အတွက် မေတ္တာရှင်က ဘုရားသခင်ဖြစ်ပါတယ်။ သူနောက်လိုက်၊ သူ့ကို ယုံကြည်၊ သူကိုအားကိုး၊ သူစကားနားထောင်၊ သူကို လေးစား ကြောက်ရွံ့ တယ်ဆိုရင်၊ ဘုရားမကြိုက်တာတွေ မလုပ်ရင်တော့ ဘုရားသခင်ဆီက မေတ္တာတွေ တသွင်သွင် စီးဆင်း၊ ခံစား ရရှိမယ်ဖြစ်ပါတယ်။ ဘုရားသခင်က လောကသားတွေကို ချစ်တဲ့အတွက် တပါးတည်းသောသားတော် ယေရှုကို လောကီသားတွေအတွက် လက်ဝါးကပ်တိုင်ပေါ် အသေခံ စွန့်လွှတ်ခဲ့ပါတယ်။ မိမိကသာ အဲဒီမေတ္တာကို ခံယူတတ်ဖို့ လိုပါတယ်။
.
မေတ္တာရှင် ယေရှုကို တကယ်ရရှိပြီဆိုရင် ဘ၀အောင်မြင်မှု ရရှိပါပြီ။  အခက်ခဲအားလုံးကို ကျော်လွှားအောင်မြင်ပြီ ဖြစ်ပါတယ်။ အထီးကျန် မဖြစ်တော့ပါဘူး။ နေရက်စဉ်တိုင်း၊ အချိန်တိုင်း မိမိနဲ့စကားပြောဖော် ရှိနေပြီ ဖြစ်ပါတယ်။ မိတ်ဆွေကောင်းအဖြစ်၊ မိမိရဲ့ အရှင်သခင်အဖြစ် လက်ခံပြိးချိန်ကစပြီး မိမိဘ၀ အောင်မြင်ပြီ ဖြစ်ပါတယ်။ (ယေရှုနဲ့နေ့စဉ်စကားပြောခြင်း..အကြောင်း၊ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဧ၀ံဂေလိလုပ်ငန်းများ စသဖြင့် ယေရှုနဲ့သွားလာခြင်း ဖြစ်ပါတယ်)။
.
.
ကျမ်းပိုဒ် (၂ကော၅း၁၇)
လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။

Monday, December 12, 2016

လက်တွေ့ ခရစ်ယာန်အသက်တာ ... ဘုရားသခင်ဘုန်းတော်ထင်ရှားပါစေ။

သေချာတာ တခုကတော့ ဒီနေရာမှာရှိတဲ့ နှုတ်ကပတ်တော်နဲ့ပညတ်တရားများဟာ စာကားလုံးများပဲဖြစ်ပါတယ်။ သက်သေပြဖို့ လက်တွေ့အကောင်ထည်ဖော်ဖို့ကတော့ ... ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာ၊ သားတော်သခင်ယေရှုရဲ့ ကျေးဇူးတော် နဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ မိတ်သဟာရဖွဲ့ခြင်း (၃)မျိုးတို့ အလွန်လိုအပ်ပါတယ်။

က .. ကယ်တင်ခြင်း ရပြီးသူများဖြစ်ပါတယ်။
ခ .. ခရစ်ယာန်အသက်တာ လိုက်လျှောက်ဖို့ပဲ လိုပါတယ်။

လက်တွေ့ ခရစ်ယာန်အသက်တာ ... ဘုရားသခင်ဘုန်းတော်ထင်ရှားပါစေ။

Sunday, July 14, 2013

ဆရာကြီးယုဒဿန်အောက်မေ့ဘွယ်ရာ တနင်္ဂနွေ


အောင်ပင်လယ်လက်မရွံထောင်
ညှင်ပမ်းနှိပ်စက်၊ သတ်ဖြတ်ခြင်းအားဖြင့် လူမျိုးတုံး၊ နိုင်ငံရေးမျိုးဆက်တုံးသွားပြီး၊ မိမိတို့ရဲ့အယူအဆကို အများလက်ခံကျင့်သုံး၊ လိုက်နာမယ်လို့ အကြမ်းဖက်၊ စစ်ဝါဒီများက ယူဆမှုဟာ လုံးဝမှားယွင်းပါတယ်။ ရှုံးနိုမ့်သူကို မေတ္တာပြပြီး၊ သူတို့ရဲ့ အခွင့်အရေးတွေကို ပေးမယ်။ ဒါပေမဲ့ လက်နက်ကိုင်တွယ်ခွင့်တော့ မပေးဘူး...ဆိုတဲ့နည်းလမ်းနဲ့ပဲ၊ အုပ်ချုပ်သူများက အနိုင်ယူကြပါတယ်။

အထက်က ပုံကို ကြည့်ပါ။

Wednesday, June 12, 2013

ဓမ္မပညာအထောက်အကူပြု လစဉ်စာစောင် - ဇွန်လ ၂၀၁၃

သခင်အလိုရှိသောအရာကိုပေးပါ - ညီအစ်ကိုကြီးဦးတင်မောင်ထွန်း
လူဦးဆောင်သောအသင်းသည် ရေရှည်မခံပါ၊ ပြသနာများဖြစ်လာတတ်သည်။ ဘုရားဦးဆောင်သော အသင်းတော်သည် ထာဝရတည်သည်။ အသင်းတော်တိုင်း ယခုခေတ်တွင် မပေးလှုနိုင်ပါ။ သခင်အလိုရှိသောအရာကို ပေးလှုတတ်သူ၊ နာခံလိုက်လျှောက်တတ်သူဖြစ်ရန် တိုက်တွန်းနှိုးဆော်ပါသည်။

ကြီးစွာသောကယ်တင်ခြင်းတရား - ညီအစ်ကိုဦးကပ်ခန့်ခုပ်
တနေ့တော့ လောကမှ ထွက်ခွာရမည့်သူချည်းဖြစ်သည်။ ယုံကြည်သူချင်း See You ဟုနှုတ်ဆက်နိုင်သည်။ မယုံကြည်သေးသူဆိုပါက Bye ဟုနှုတ်ဆက်ရမည်သာ...
http://burmesebible.com/pulpit/Pulpit%20Jun%202013.pdf

ကားတိုင်တော်အားဖြင့် - ဆရာဦးညွန့်လှ
သီဆိုချီးမွမ်းရာတွင် မတ်တပ်မရပ်နိုင်၊ လက်မမြှောက်နိုင်၊

Thursday, May 9, 2013



စွဲလမ်းမှုကိုဖြေဖျောက်နည်း Addiction
တမြန်မနေ့ကသတင်း၊  ။ ရုရှား အာဏာရှင်လက်ကိုင်တုတ်၊ သူဌေးတစ်ဦး၊ 
Boris Berezovsky 67 နှစ်အရွယ်၊ ဘီလျှံနာ သူဌေးကြီးဖြစ်ပေမဲ့ တိုင်းပြည်ကထွက်ပြေးခြင်း၊ မိန်းမတွေရှုပ်ပြီး ငွေပြက်လို့ဗြိတိန်နိုင်ငံ ၁၂နှစ်လောက် ခြောက်ခြားမှုတွေနဲ့ အသက်ရှင်ခဲ့တယ်။ နောက်ဆုံးမှာ အင်္ဂလန်တောမြို့လေးမှာ စည်းစိမ်ဥစ္စာအားလုံးဆုံးရှုံးပြီး၊ စိတ်ဓါတ်ကျ၊ သေဆုံးရရှာတယ်။

ငွေကိုစွဲလမ်းခြင်း
ဆရာဦးအောင်သက်ညွန့် ..ဓမ္မပညာအထောက်အကူပြုလစဉ် မေလ၂၀၁၃မှာ ငွေချမ်းသာမှုကို ရေးထားပါတယ်။
လူသည် ဆင်းရဲဒဏ်ကိုခံနိုင်သည်။

Friday, March 8, 2013

အဖေါ်မဲ့ခြင်း၊ အထီးကျန်ခြင်း (Loneliness) - Biligram

လူများစွာသည် ငရဲလို့ ပြောပါက လှောင်ပြောင်၍ မထိတထိ ရယ်ကြသည်။ ၄င်းတို့က "ကောင်းပြီဟေ့၊ ငါတော့ ငရဲကိုပဲ သွားမလို့၊ အဲဒီနေရာမှာ ငါပျော်မှာပါ။ ည ကပွဲရုံ တွေလည်းရှိတယ်။ ပျော်ပျော်ပါးပါး နေမယ်၊ စာတန်၊ နတ်ဆိုးတွေနဲ့ ပျော်ပျော်ကြီး နေလိုက်မယ် " ဟု ပြောသော်လည်း လူ့အထင်နှင့် သမ္မာကျမ်းစာ၌ ဖော်ပြထားသည်မှာ မတူပါ။
အဖေါ်မဲ့ခြင်း၊ အထီးကျန်ခြင်း (Loneliness) - Biligram (Part III) Part I , Part II တို့တွင် ၄ချက်ကို ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ယခုအဆုံးသပ်ပိုင်း Part III ဖြစ်ပါသည်။
ပဉ္စမအချက်-သခင်ယေရှုအဖော်မဲ့ခြင်းအကြောင်း (Loneliness of Jesus) ပြောလိုပါသည်။ ကျွန်ုပ်တို့ ကယ်တင်ရှင်၏ အဖော်မဲ့ခြင်းအကြောင်း ဖြစ်သည်။ ကိုယ်တော်သည် အဖော်မဲ့သူ၊

Friday, June 8, 2012

ကျမ်းစာပါသော၊ ပရောဖက်အကြီးစားနဲ့ပရောဖက်အငယ်စားများ

ဓ မ္မ ဟောင်း ကျမ်းစာကို အောက် ပါ အ တိုင်း လေ့ လာ လို့ ရ ပါ တယ်။
အ ပိုင်း (၁)။ မော ရှေ ၏ စာ များ
အ ပိုင်း (၂)။ အ စ္စ ရေး သ မိုင်း
အ ပိုင်း (၃)။ ဥာ ဏ် အ မြော် အ မြင် နှင့် ဆိုင် သည့် စာ များ
အ ပိုင်း (၄)။ အ ကြီး စား ပ ရော ဖက် ပြု ခြင်း များ
အ ပိုင်း (၅)။ အ သေး စား ပ ရော ဖက် ပြု ခြင်း များ

ပရောဖက်လို့ သတ်မှတ်ခြင်းကို ဓမ္မဟောင်းခေတ်ကို ညွှန်းကြပါတယ်။ ဓမ္မသစ်ခေတ် (သခင်ယေရှု၊ ကြွလာပြီးနောက်ပိုင်းမှာ

Saturday, December 31, 2011

နှစ်သစ်အတွက်ကျမ်းချက်၊ခွန်အားယူရန်နှင့်ဆုတောင်းချက် ..Today's Scripture: 12-31-11

ကျမ်းချက်
သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏၊၊ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့်ပြည့်လေ၏ဟု တပါးကိုတပါး ကြွေးကြော်၍ မြွက်ဆိုကြ၏၊၊ (ဟေရှာယ ၆း၃)
နှစ်သစ်ကိုဆက်လှမ်းလျှောက်ကြပါစို့ 
နှစ်သစ်ကူးအကြိုညမှာ အံ့သြမိပါတယ်။ ရှေ့ဘာဖြစ်လာမလဲ၊ လွန်ခဲ့တဲ့တနှစ်လုံးဖြစ်ပျက်ခဲ့
မှုများကို အံ့သြမိပါတယ်။
သင်္ဘောဟောင်းကြီးနဲ့ ပင်လယ်မုန်တိုင်ကြား ခရီးသွားသလိုခံစားမိပါတယ်။

Tuesday, November 8, 2011

သြော် မိုက်ကယ်ဂျက်ဆင် နဲ့ သူ့ရဲ့ဆရာဝန်



ဒီကနေ့ သတင်းစာတွင် သတင်း၂ခုကို သတိပြုမိသည်။ ပထမတစ်ခုမှာ ကမ္ဘာကျောှ်ဟဲဗီးဝိတ်လက်ဝှေ့သမား မိုဟာမက်အလီ ကို အနိုင်ထိုးခဲ့သူ ဂျိုးဖရေဇီယာ ၆၇နှစ် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။ ဂီတ၊ အားကစား၊ အနုပညာ ဆိုသည်မှာ လောကပျော်ရွှင်မှုများဖြစ်သည်။

နောက်သတင်းတခုမှာ သေဆုံးသွားသော မိုက်ကယ်ဂျက်ဆင်ဖြစ်သည်။ သူ့ကို အိပ်ပျော်အောင်ထိုးပေးသောဆေးကြောင့် သေရသည်ဟု ဂျုရီအဖွဲ့က ၂၂ရက် တရားရုံးမှ ထောာင်၎နှစ် အမိန့်ချမှတ်လိုက်သည်။ ဆရာဝန်က သူ့ကို ဒူးထောက်တောင်းပန်ပြီး အိပ်ပျော်အောင်ဆေးထိုးပေးပါ ခဏခဏပြောသော မိုက်ကယ် ဂျက်ဆင်ကို သူ့အမြင်ဖြင့် အသင့်တော်ဆုံးဆေး ထိုးပေးမိရာမှ သေဆုံးသွားသည်ဟု ဆိုသည်။ သြော် .. ဖြစ်မှဖြစ်ရပလေ။

ကမ္ဘာကျော် အဆိုတော်ကြီး၊ အသုံးအဖြုန်းကြောင့် အကြွေးဒေါ်လာသန်းပေါင်းရာချီနှင့် အိပ်မပျော်နိုင်ဖြစ်နေစဉ် ဆရာဝန်တစ်ဦးကို တစ်လ ဒေါ်လာတသိန်းခွဲ US$150,000 per month လစာပေးပြီး ခန့်ထားသည်။ ဆရာဝန်အလုပ်မှာ မိုက်ကယ်ဂျက်ဆင်တစ်ယောက်နောက် တစ်ကောက်ကောက်လိုက်ပြီး၊ ညတွင် နှစ်သိမ့်စကားနှင့်အိပ်ပျော်ရန်ဖြစ်သည်။ အိပ်ပျော်မှ ဒေါ်လာသန်းချီသော ဖျော်ဖြေပွဲများကို မိုက်ကယ်ဂျက်ဆင်လုပ်နိုင်ပေမည်။

တရားသဘောနှင့်ပြောလျှင် မိုက်ကယ်ဂျက်ဆင်နှင့်သူ့ဆရာဝန်၂ယောက် ငွေ၊ကျော်ကြားမှုနောက် ကောက်ကောက်ပါလိုက်နေသည်မှာ ခြေလှမ်းလွန်သွားလေပြီ။

သက်သေခံခြင်း
ကျွန်တော်လည်း သန်းချီသောငွေကြေးမဟုတ်သော်လည်း ငွေကြေးကြောင့် အိပ်မပျော် ၃နှစ်ဖြစ်ခဲ့ဖူးပါသည်။ အိပ်ဆေး တစ်ရက် ၁လုံးစားလိုက်သောအခါ စိတ်ဖိစီးမှုများမှ ကင်းဝေးသော အိပ်ပျော်ခြင်းသို့ ရရှိပါသည်။ သို့သော် ၃နှစ်ကြာသောအခါ မိမိဖာသာ မြန်မာပြည်မှ ၀ယ်ယူသုံးဆောင်ပြီး တစ်ည အိပ်ဆေးတစ်လုံးမှ ၆လုံးထိ တိုးသာက်မှ အိပ်ပျော်ရသည်။ အခြားဆေးတမျိုးကို ဆရာဝန်တဦးမှစမ်းသပ်သောက်သုံးစေရာ ၃ရက်အကြာတွင် လျှော့ခ်ဖြစ်ပြီး ဆေးရုံတင်လိုက်ရသည်။ တလဆေးရုံတက်ရပြီးနောက် အဖြေရှာသည်။ ညီဖြစ်သူက ရန်ကုန်ညီအစ်ကိုများအသင်းတော်မှ ဆရာဦးတင်မောင်ညို၊ ဦးတင်မောင်ထွန်း ကက်ဆက်ခွေများပေးလိုက်သည်။ ၂၀၀၃ နှစ်သစ်ကူးညတွင် အိပ်ဆေး၊ စိတ်ငြိမ်ဆေးများ လုံးဝရပ်လိုက်ပါသည်။ ဘုရားကိုပဲ စိတ်ထဲမြင်ပြီး တရားခွေများကိုသာ နားထောင်ခြင်းဖြင့် အိပ်ဆေးကို တိတိဖြက်နိုင်ခဲ့သည်။ ပြသနာများလည်း တဖြေးဖြေး ပြေလည်သွားပါသည်။

လောကအရာ ငွေ၊ပစ္စည်း၊ ရာထူး၊ ကာမဂုဏ် စွဲလမ်းမှုများကို ဖျောက်၍မရခြင်းမှာ လူဗီဇဖြစ်သော်လည်း၊ ထိုအရာများ၏ ကျေးကျွန်အဖြစ် အရှက်တကွဲဖြစ်ရချည်ရဲ့။ သေမှာကြောက်ခြင်း၊ သေပစ်လိုက်ချင်ခြင်း .. စသည့် ဗီဇနှင့်စာတန် လျှို့ဆော်ချက်များကြောင့် အိပ်မပျော်ခြင်း ဖြစ်ရပါသည်။

မိုက်ကယ်ဂျက်ဆင်အနေဖြင့် ခရစ်ယန်တစ်ဦးဖြစ်သော်လည်း အိပ်မပျော်သောရောဂါကြောင့် စောစီးစွာ ဘုန်းတော်ဝင်စားသွားရပါသည်။ အသင်းတော် ဆရာတပါးက ပြောပါသည်။ ဆေးလိပ်သောက်တဲ့လူတွေ ကောင်းကင်ဘုံရောက်နိုင်သလား ..မေးခွန်းကို ဖြေသည်။ အေးရောက်တာပေါ့ .. ပိုပြီးစောစောတောင် ရောက်သေးတယ် .. ဟူသတည်။

ကျမ်းစာတွင်မူ ..
ပစ္စည်ဥစ္စာချမ်းသာသူများ (ငွေကျေးကွန်၊ ငွေဂုဏ်မက်သူများ) သည် ကောင်းကင်ဘုံသိုရောက်ရန် ခဲယဉ်းကြောင်း သခင်ယေရှုကပြောရာ ဥစ္စာအလွန်ရတတ်သူ - သူဌေးတစ်ဦးစိတ်မသာစွာဖြစ်သွားလေ၏။ (လုကာ ၁၈း၂၄)၊ မိမိဥစ္စာများကို ကောင်းကင်ဘဏ္ဍာအဖြစ် သိမ်းဆည်းတတ်သူ ချမ်းသာသူများသာမက၊ ဆင်းရဲသော်လည်း ဒေနာရိတစ်ပြားလှုသောမုဆိုမကဲ့သို့ ကောင်းကင်ဘုံသို့ ရောက်နိုင်ကြောင်းကို ကျွနိုပ်နားလည်လိုက်ပါသည်။

သြော် မိုက်ကယ်ဂျက်ဆင် နဲ့ သူ့ရဲ့ဆရာဝန်

ဇော်အောင်
၉-နိုဝင်ဘာ-၂၀၁၁

Monday, September 19, 2011

ကိုးရီးယားခရစ်ယာန်များ

ကိုးရီးယားနိုင်ငံသည် တရုပ်ပြည်အိမ်နီးချင်းလွတ်လပ်သောနိုင်ငံအဖြစ်နေခဲ့သော်လည်း ဂျပန်ကျူးကျော်မှုကို ခံခဲ့ရပါသည်။ နောက်ပိုင်းတွင် စူပါပါဝါ ရုရှား၊တရုပ်၊ အမေရိကန်တို့ အားပြိုင်ဆိုင်မှုတွင် ပြည်တွင်းစစ်ဖြစ်ပြီး စိစိညက်ကျေခဲ့ရှာပါသည် (1952)။ ကြံကြံခံ ရပ်တည်ရင်း ယခုအခါ ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ်သို့ ဘက်စုံချင်းနင်းဝင်ရောက်လျှက်ရှိပါပြီ။ နိုင်ငံတိုးတက်မှုတွင် ခရစ်ယာန်များက အထူးကဏ္ဍမှပါဝင်ကြပါသည်။
ကိုးရီးယားသမ္မတများကိုလေ့လာကြည့်ပါက ..

ဂျပန်များစတင်အုပ်စိုးသည့် ကိုးရီးယားအစိုးရတွင် Syngman Rhee ပထမဆုံး သမ္မတဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ထပ်မံရွေးချယ်ခံရသည်။

List of presidents of the Republic

  1. Syngman Rhee (September 11, 1919 - March 21, 1925)-Impeached by the Provisional Assembly
  2. Park Eunsik (March 24, 1925 – September 1925)
  3. Yi Sang-ryong (September 1925 – January 1926)
  4. Yi Dongnyeong (January 1926 – July 7, 1926)
  5. Hong Jin (July 7, 1926 – December 9, 1926) ရိုမင်ကက်သလစ် (ခရစ်ယန်) ဖြစ်သည်။
  6. Kim Gu (December 9, 1926 – August 1927)
  7. Yi Dongnyeong (August 1927 – October 1933)
  8. Yang Gi-tak (October 1933 – October 1935)
  9. Yi Dongnyeong (October 1935 – 1940)
  10. Kim Gu (1940 – July 24, 1948)
  11. Syngman Rhee (first president of the Republic of Korea, July 24, 1948 - April 26, 1960)
1948 - 1960 Syngman Rhee ဒုတိယကမ္ဘာစစ်အပြီးသမ္မတအရွေးခံခဲ့ရသည်။ သူ့ခေတ်1950-51 ကွန်မြူနစ်ကိုးရီယားနှင့် စစ်ပွဲဖြစ်သည်။ Methodist ခရစ်ယာန်ဘာသာဖြစ်သည်။
1960 - 1962 Yun Bo-seon အရပ်သားနိုင်ငံရေးသမားဖြစ်ပြီး အာဏာသိမ်းခံရသည်။ အတိုက်အခံအဖြစ် သမ္မတ ၂ကြိမ်ထပ်မံပြိုင်ရာ ရှုံးခဲ့သည်။ 1990 တွင်ကွယ်လွန်သည်။
Presbyterianism ခရစ်ယာန်ဘာသာဖြစ်သည်။
1962 - 1979 Park Chung-hee စစ်ဗိုလ်ချုပ်နှင့်စစ်အာဏာရှင်ဖြစ်သည်။ လုပ်ကြံခဲ့ရသည်။ ဗုဒ္ဓဘာသာဖြစ်သည်။
1979 - 1980 Choi Kyu-hah လုပ်ကြံခံရသောသမ္မတသက်တမ်းကို ဆက်ခံသူဖြစ်သည်။ စစ်အာဏာသိမ်းခံရပြီးနောက် 2006 တွင်ကွယ်လွန်သည်။ ဘာသာမရှိသူဖြစ်သည်။
1980 - 1988 Chun Doo-hwan စစ်ဗိုလ်ချုပ်ဖြစ်သည်။ 1983 ရန်ကုန်အာဇာနည်ဗိမာန်တွင် ဗုံးခွဲလုပ်ကြံမှုမှ လွတ်ခဲ့သူဖြစ်သည်။ ဗုဒ္ဓဘာသာဖြစ်ပါသည်။
1988 - 1993 Roh Tae-woo စစ်ဗိုလ်ချုပ်ဖြစ်သည်။ ဗုဒ္ဓဘာသာဖြစ်သည်။
1993 - 1998 Kim Young-sam Presbyterianism ခရစ်ယာန်ဘာသာဖြစ်သည်။
1998 - 2003 Kim Dae-jung ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သည်။ နှစ်ပေါင်းများစွာ အတိုက်ခံအဖြစ်မှ သမ္မတဖြစ်လာသည်။ 2009 ကွယ်လွန်သည်။ စစ်ဗိုလ်ချုပ်သမ္မတဟောင်း၂ဦး Chun Doo-hwan၊ Roh Tae-woo ကို သေဒဏ်၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားခြင်းမှ လွတ်ငြိမ်းချမ်းသာပေးခဲ့သည်။ ကမ္ဘာ့ဖလားဗိုလ်လုံးပွဲကျင်းပခဲ့သည်။ ရိုမင်ကက်သလစ် (ခရစ်ယာန်) ဖြစ်သည်။
2003 - 2008 Roh Moo-hyun.သမ္မတ၅နှစ်သက်တမ်းအပြီး၊ အနားယူချိန်တွင် လပ်စားမှုဖြင့်အရေးယူခံရပြီး မိမိကိုယ်ကိုသတ်သေသွားသည်။ ရိုမင်ကက်သလစ်ဖြစ်သည်။
2008 Lee Myung-bak Presbyterianism ခရစ်ယာန်ဘာသာဖြစ်သည်။

ဗုဒ္ဓဘာသာအများစု ကိုးရီးယားမှာ ၁၈၀၄ ခုနှစ်ကတည်းက ရိုမင်ကက်သလစ် မစ်ရှင်များရောက်ခဲ့ပါသည်။ သတ်ဖြတ်နှိပ်ကွပ်ခြင်းများ 1801, 1866 များတွင် ဖြစ်ပေါ်ခဲ့သော်လည်း တဖြေးဖြေးသာ တိုးပွားလာခဲ့သည်။ ၁၉၆၀ ကိုးရီးယားစစ်နောက်ပိုင်းတွင် ခရစ်ယာန်နိုးကြားမှုများ တဟုန်ထိုးဖြစ်ပေါ်လာသည်။ ယခုအခါ ၂၉ရာနှုန်းမှာ ခရစ်ယာန်များဖြစ်သည်။ ကိုးရီးယားသမ္မတများ (အထက်ပါဇယား) ကို ကြည့်လျှင် အများစုမှာ ခရစ်ယာန်များဖြစ်သည်ကို တွေ့ရသည်။ ကွန်မြူနစ်မြောက်ကိုးရီးယားတွင် ခရစ်ယာန်များစွာရှိပြီး မြို့တော် ပြုံယမ်းကို တချိန်က အာရှယေရုဆလင်ဟုပင်ခေါ်ခဲ့သည်။ ကမ္ဘာပေါ်အကြီးဆုံးအသင်းတော် Yoido Full Gospel Church (အသင်းသား ၁သန်း) တောင်ကိုးရီးယားတွင် ရှိသည်။

မြန်မာနိုင်ငံတွင် Reformist ဟုခေါ်သည့် ပြုပြင်ပြောင်းလဲလိုသည့် အင်အားစုနှင့် Cronies ခရိုနီဟု သတင်းဌာနများကခေါ်ဆိုသော လပ်စား၊ ကိုယ်ကျိုးရှာ၊ စစ်အာဏာရှင်တို့ ၂၀၁၁ ရွှေးကောက်ပွဲပြီးသည့်နောက်တွင် အားပြိုင်လျှက်ရှိပါသည်။

မြန်မာပြည်ကို သံယောဇဉ်ရှိသော ကိုးရီးယား (မြန်မာများစွာအလုပ်သွားလုပ်ကြခြင်း)၊ အင်္ဂလန် (မြန်မာပြည်ကိုနှစ်၁၀၀ကျော် အုပ်စိုးခဲ့ခြင်း)၊ ဂျပန် (မြန်မာပြည်ဒုတိယကမ္ဘာစစ်တွင် ၄နှစ်ခန့်အုပ်ချုပ်ခဲ့ခြင်း)၊ ထိုင်း (အိမ်နီချင်း)၊ တရုပ် (စူပါပါဝါ)။ နေဝေး (ချမ်းသာသောလူအခွင့်ရေးကူညီသည့်နိုင်ငံ)။ စင်ကာပူ၊ မလေးရှား၊ အိန္နိယ စတဲ့ စီးပွားရေးလုပ်ချင်သော နိုင်ငံများရှိပါသည်။ မည်သည့်နိုင်ငံမှာ FDI Foreign Direct Investment ရွေးရမည်ကို မြန်မာခေါင်းဆောင်များ စဉ်းစားရန်ဖြစ်သည်။ လောလောဆယ်တွင် Save Irrawaddy ဖြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို တရုပ်မှချေးငွေ US$3.9 billions နှင့်လုပ်ကိုင်မှုကို၊ မြန်မာများ အပြင်အထန်ကန့်ကွတ်မှုကြောင့် အစိုးရအသစ်မှ ပြန်လည်စဉ်းစားရန်ရှိပါသည်။

ယုံကြည်သူ ခရစ်ယာန်မိသားစုများသည် အလုပ်နှင့်ငွေကို ဘုရားပေးသောအရာများဖြစ်သောကြောင့် Cronies ခေါ်သော မတရား၊၀ိသမစီးပွားရေးလုပ်ငန်းများမှ ရှောင်ရှားရန်လိုအပ်ပါသည်။ လပ်ပေးခြင်းသည်လည်း ..ဘုရားမကြိုက်သလို၊ လပ်ယူခြင်းသည်လည်း စာတန်မာနတ်အလိုဖြစ်သည်။ မြန်မာပြည်တွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလွန်းသောကြောင့် ပြည်တော်မပြန်နိုင်သေးသော်လည်း အမိမြန်မာပြည်အတွက် အထူးဆုတောင်းပေးရန်လိုအပ်နေပါသည်။

ကိုးရိးယားစိတ်ဓါတ်များ မြန်မာပြည်သားများတွင် ရှိနေကြပြီဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသော Reformers များက ကိုးရီးယားရုပ်ရှင်များဖြင့် မြန်မာများကို မိတ်ဆက်ပေးပြိးဖြစ်ပေသည်။ ယခုအခါ ကြည့်ရုံမကပဲ၊ လက်တွေ့ ကိုးရီးယားများလို လုပ်ပြရတော့မည်ဖြစ်သည်။

အစိုးရခေါင်းဆောင်များ (Reformist & Cronies) နှင့် လူထုခေါင်းဆောင်များအားလုံး ညီညွတ်၊ တရားမျှတစွာဖြင့် လုပ်ဆောင်နိုင်ရန် .. နေ့စဉ်၊ ညစဉ်၊ ၀တ်ပြုပွဲများတွင် သတိရဆုတောင်း၊ ဆုတောင်း၊ ဆုတောင်းကြရန်သာရှိပါသည်။

Sunday, August 14, 2011

နောက်ဆုံးသောကာလနှင့် ယေရုဆလင်ဗိမာန်တော်

ကောင်းကင်သစ်နှင့်မြေကြီးသစ်
ကောင်းကင်ဘုံသည်၊ ၀မ်းမြောက်ရွင်လန်းရာ နေရာဖြစ်သည်။ ထိုနေရာကို မိမိတို့ ယခု လူ့ဘ၀ရှိစဉ်တွင်ပင် ဘုရားသခင်နှင့်ဆက်သွယ်ပြီး ခရစ်ယာန်အသက်တာလျှောက်လှမ်းခြင်းဖြင့်၊ ခံစား၊ ရယူနိုင်ပါသည်။ ဗျာဒိတ်ကျမ်း ၂၁၊ ၂၂ အဆုံးသပ်တွင် တမန်တော်ရှင်ယောဟန် ရူပါရုံ၊ အလျှား၊ အနံ၊ အမြင့် ၁၃၆၃မိုင်ရှိသော ဗဟုတုံးသဏ္ဍန်ရှိပြီး၊ အမေရိကန်ပြည်ထောင်စု အရွယ်အစားရှိမည့် ဘုရားသခင်ဘုန်းတော်အလင်းထွန်းတောက်သော
ကောင်းကင်သစ်နှင့်မြေကြီးသစ် အကြောင်း..
Click Here - link

Monday, August 1, 2011

သြဇိမင်းက ကွယ်နေတာမျိုး၊ လောကအရာ တောင်ကြီးများ ကွယ်နေတာမျိုး


ကချင် KIA နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်နေချိန် July 2011 မြစ်ကြီးနား မိဘများထံ ရောက်သွားပါတယ်။ ကချင်လူမျိုးများဟာ ရာနှုန်းပြည့်နီးပါး ခရစ်ယာန်များဖြစ်ပါတယ်။ သို့သော် လောကအရာများဖြစ်တဲ့၊ ရာထူး၊ ငွေ၊ စီးပွားရေး၊ ပညာရေးများနောက် လိုက်ပါသွားရင် သာမန်ယုံကြည်သူတစ်ယောက်ဟာ ဘာသာပြောင်းသွားနိုင်ပါတယ်။ စစ်ပွဲဖြစ်ရခြင်းကတော့ ကချင်များကိုယ်ပိုင်အုပ်ချုပ်ရေးလိုချင်လို့၊ တရားမျှတမှုကိုလိုချင်လို့ ... ပြောကြပေမဲ့၊ ကျောက်စိမ်း၊ ဓါတ်ငွေ၊ ရွှေ၊ သစ်တော၊ ငွေ၊ အာဏာ၊ လူမျိုးရေး.. စတဲ့ လောကအရာများကြောင့်ဖြစ်ပါတယ်။ ယောက္ခမကြီးရှိတဲ့ ပုသိမ်မြို့မှာတော့ စီးပွားရေးမကောင်းတဲ့အတွက် လောကအရေးအခင်းများ သိပ်မတွေ့ရပဲ ဆင်းရဲနေသူများ တွေ့ရပါတယ်။ သို့သော် ဘုရားနံပါတ်(၁)ထားပြီး ၀မ်းမြောက်နေသူများကို တွေ့နေရပါတယ်။

ဘုရားသခင်ကို နံပါတ်(၁) ထားရင်တော့ လူတွေရဲ့ပြသနာများ ရော့နည်းသွားမှာပါ။ မလေးရှား KL မြို့တော်ခဏရောက်သွားချိန်မှာလည်း မလေးရှားရောက်မြန်မာမြောက်များစွာ တတိယနိုင်ငံများသို့ ကုလသမဂ္ဂ UN နဲ့ ရောက်သွားကြတယ်။ ၂၀၀၇ နောက်ပိုင်းမှ မြန်မာပြည်ကနေ မလေးရှား၊ ထိုင်း နိုင်ငံများကို UN အစီအစဉ်နဲ့ သွားနိုင်ဖို့ ရောက်လာကြသူတွေများစွာလည်း တွေ့ရပါတယ်။ ဒါလည်း လောကအရာ တတိယနိုင်ငံရောက်ရေးပါပဲ။

မည်သို့ပင်ဖြစ်စေ ဘုရားသခင်ကို နံပါတ်(၁) မထားနိုင်ရင်တော့ ဘ၀တည်ငြိမ်မှုရမှာမဟုတ်ဘူး၊ ၀ိညာဉ်ပူပန်ခြင်းတွေနဲ့ ကင်းမှာမဟုတ်ပါဘူး။ စင်ကာပူ အီလင်းမြန်မာအသင်းတော်က သင်းအုပ်ဆရာမကြီးအက်စတာက ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ၀ိညာဉ်လေ့ကျင့်ခြင်း နဲ့ ငြိမ်ဝပ်စွာနေခြင်း (၄)ချက်ကို အထက်အရပ်ကဘုရားရှင် ကိုပဲကြည့် ရင် အောက် အရပ်က လောက အရာ၊ ပြသနာများဟာ သေးငယ်၊ ပပျောက်သွားမဲ့အကြောင်း ဒေသနာဟောကြားပါတယ်။ ယုဒသန်သင်းအုပ်ဆရာ သြဂတ်စတပ် (ဆရာဘုတ်)ကလည်း ဆာလံ ၁၂၁ ငါ့ကမစတော်မူသော တောင်ရိုးကိုမျှော်ကြည့်ရာ၊ ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းရှင် အကြောင်း ဒေသနာဟောပြန်ပါတယ်။ မြန်မာပြည်က သူငယ်ချင်း RIT Civil အင်ဂျင်နီယာ၊ ချမ်းသာလှသော်လည်း မူးရစ်သောက်စားပြီး၊ သေဆုံးသွားတော့ ဇနီးသည်က သူအားကိုးတဲ့တောင်ကြီးပြိုလဲသွားကြောင်း ၀မ်းနည်းစာလွှာရေးတယ်။ ဘုရားကိုနံပါတ်(၁)မထားပဲ ငွေရှာတဲ့ ယောင်္ကျားကိုနံပါတ်(၁)ထားတော့ ၀မ်းနည်းစရာဖြစ်ရကြောင်း၊ မြန်မာပြည်မှာလည်း သိန်း၁သိန်း မီးခံသေတ္တာ ဓါးပြမှုတစ်ခု မီးခံသေတ္တာ၁၂လုံး နံပါတ်ပြောအောင် ကလေးရဲ့လက်ကို ဓါးနဲ့တတိတိဖြက်တာ ကုန်ရော၊ နောက်ဆုံး ၉လုံးပွင့်သွားပြီး အားလုံးသတ်ပစ်လိုက်တယ်။ လောကအရာ ဒီစိန်၊ရတနာများကို ခင်တွယ်နေမှုအကြောင်း၊ ဘုရားကိုနံပါတ်(၁)အဖြစ်မထားရင် လောကအရာများနဲ့ကွယ်ကာ၊ ဖုံးလွှမ်းနေမဲ့ဘ၀မှာ ၀မ်းမြောက်ခြင်းမရနိုင်ကြောင်း၊ ဟေရှာရ ဘုရင်၆ပါးကို အစေခံရာမှာ နောက်ဆုံးသြဇိမင်းကွယ်လွန်မှ ဘုရားကိုမြင်ရကြောင်း၊ ဘုရားကိုမြင်ပြီးဝမ်းမြောက်ရမဲ့အရေးအတွက် သြဇိမင်းက ကွယ်နေတာမျိုး၊ လောကအရာ တောင်ကြီးများ ကွယ်နေတာမျိုး ... ၊ ဒါကြောင့် ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောဘုရားကို မြင်ပြီး ၀မ်းမြောက်ခြင်းရဖို့အတွက် ဟောကြားချက်များကို သတိရ၊ အောက်မေ့မိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လောကအရာ ငွေ နဲ့ မကျန်းမာခြင်းတွေရဲ့ကျေးကျွန်ဘ၀က လွတ်မြောက်မဲ့တစ်ရက်ကို ဆုတောင်းလျှက်ရှိပါတယ်။

ငွေဆိုတာ အချိန်တန်ရင် ထိုက်တန်ရင်၊ ရမှာပဲဖြစ်ပါတယ်။ ကျွန်တော်အကြွေးတင်ပြီး ငွေရှာရအောင် အမေရိကား၊ကမ်းလွန်ရေနံလုပ်ငန်းတွေမှာ လစာကောင်းကောင်းတစ်နှစ်လောက်လုပ်မယ် .. လူအကြံနဲ့သွားခဲ့ဖူးပါတယ်။ အမေရိကား ၂၀၀၈-၂၀၀၉ စီးပွားကပ်ကြီးဖြစ်ပြီး၊ Bank Of America ကြီးတောင် ဒေ၀ါလီခံတော့မလို ဖြစ်လာပါတယ်။ ဂျော့ဒဗလျူဗွတ်ခ်ျရဲ့အစိုးရကလည်း ရွေးကောက်ပွဲမှာရှုံးပြီး အတိုက်ခံပါတီက (အမေရိကန်များ..ကျွန်လို့သတ်မှတ်ထားတဲ့) လူမည်းအမျိုးသား အိုဘားမားကို သမ္မတအဖြစ် နိုင်ငံကို ကယ်တင်ဖို့ ရွေးကောက်လိုက်ရပါတယ်။ ကျွန်တော်မျှော်မှန်းတဲ့ အမေရိကားမှာ ဂရင်းကဒ်ကလေးနဲ့ ၀င်ငွေကောင်းမဲ့အလုပ် ရဖို့နေနေသာသာ၊ ဆူရှီလိပ်တဲ့အလုပ်တောင် နေစရိတ်၊ စားစရိတ်ငြိမ်း တလဒေါ်လာ ၅၀၀ပဲပေးမယ် ..ဆိုတဲ့ခေတ် ဖြစ်နေပါတယ်။ ဘယ်တော့မှ ဆူရှီမလိပ်စားဖူး .. မြန်မာပြည်၊ စင်ကာပူကို ပျောက်သောသားလိုပဲ ပြန်မယ် .. ဆုံးဖြတ်ခဲ့ပြီး .. ငွေကုန်၊လူပမ်းနဲ့ ပြန်လာခဲ့ပါတယ်။

ခရစ်တော်ကိုရှာမယ်ဆိုပြီး အမေရိကားရောက်မြန်မာများကို ငွေစုလုပ်ငန်းအတွက် ပြည်နယ်များစွာ၊ ရောက်ရှိခဲ့တာပဲအမြက်ထွက်တယ်။ ၀င်ငွေမရှိတော့ ဇနီးသည်ပို့ပေးတဲ့ငွေကြောင့် ကျွန်တော့ရဲ့ အကြွေးပိုကြီးကျယ်လာပါတယ်။ နောက်ဆုံး အမေရိကားကို ဘိုင်ဘိုင်လုပ်ပြီး ပြန်လာခဲ့ပါတယ်။ ဇနီးသည်က အမေရိကားဆိုတဲ့ စကားလုံးတောင် မကြားချင်လောက်အောင် စိတ်ပျက်ခဲ့ပါတယ်။

အချိန်တန်တော့ ပြသနာများလည်း ပြေလည်ပြီ၊ ငွေကြေးအခက်အခဲတွေလည်း ခံနိုင်ရည်ရှိလာပါတယ်။ မမျှော်လင့်တဲ့နေရာက ငွေကြေးပြန်လည်ရရှိလာခြင်းကြောင့်ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့ ရရှိပါသလဲ ..ဆိုတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

မြန်မာပြည်မှာ ရိုးသားစွာ လုပ်ကိုင်စားသောက်တဲ့ အစိုးရ၀န်ထမ်းတွေရှိပါတယ်။ မမျှော်လင့်ပဲ အစိုးရသစ်က ပင်စင်ငွေများ လစဉ်သိန်းနဲ့ချီပေးတာ၊ သူတို့ရဲ့ ရိုးသားမှုအတွက် ချီးမြှင့်ခြင်းခံရသလိုပါ။ ထို့အတူ အချို့လည်း လုပ်သက်ရင့် နိုင်ငံဝန်ထမ်းများကို အိမ်မြေများရောင်းချပေးခဲ့ပါတယ်။ ကိုယ့်ချွေးနှီးစာနဲ့ ရတဲ့အိမ်၊မြေကို မရောင်းချပဲ နေထိုင်ခဲ့သူများ အခုအချိန်မှာ အိမ်ဈေးတွေ တက်ပြီး ယခင်က ဒေါ်လာ ၁၀၀၀လောက်ပဲ တန်တဲ့အိမ်၊မြေများ အခု ဒေါ်လာ ၁သိန်းလောက် တန်နေကြပါတယ်။ ပရော်ပါတီ ဆိုတဲ့ အိမ်မြေများဟာ ထိုက်တန်သူများနဲ့ပဲ အကျိုးပေးပါတယ်။

ကျွန်တော်လည်း ထို့အတူ စင်ကာပူက အိမ်တခုဟာ ၁၀နှစ်အကြာမှာ ဈေး၂ဆကျော် တက်သွားပါတယ်။ ရောင်းချလိုက်ရင် တသက်တာလုံး စားဝတ်နေရေးမပူမပင်၊ မြန်မာပြည်မှာ နေထိုင်နိုင်ပြီပဲ...

သြော် ဒါနဲ့ ငွေကြေးဆိုတာလည်း ငါ့ဥစ္စာ၊ ကိုယ်ပိုင်ပစ္စည်းလို သဘောထားပြီး သိုမည်း၊စုဆောင်းထားရင် တိုးပွားလာပေမဲ့၊ ကိုယ်မသုံးရပဲ ဘုရားဘဏ္ဍာတော်အဖြစ် ကိုယ်သေဆုံးချိန်မှာရောက်သွားတယ်လို့ သုတ္တံကျမ်းမှာ အသေချာရေးထားပါတယ်။ ကိုယ်သေရင် ကိုယ့်သားသမီးများ ဖြုန်းတီးပစ်တာနဲ့လည်း ကုန်သွားတတ်ပါတယ်။ ငွေဆိုတာ ပဌနာတော်မှာပါတဲ့အတိုင်း နေ့စဉ်လိုသောအစာကို ပေးသနားတော်မုပါ .. ဆုတောင်းချက်အတိုင်း နေ့စဉ်အသက်မွေးလောက်သောအစာနဲ့ပဲ အသက်ရှင်တာကောင်းပါတယ်။

အမေရိကန်ပြည်သားများကို ကြည့်ပါ။ သူတို့က ဆင်းရဲနိုင်ငံများလို ဘဏ်မှာငွေမစုပဲ၊ စတော့၊ရှယ်ယာတွေ ၀ယ်ပြီး အမြက်ငွေရ၊ စုဆောင်းတိုးပွားအောင် လုပ်တတ်သူများ .. ရုတ်တရက်၊ သူတို့တသက်လုံးရှာထားတဲ့ စတော့ရှယ်ယာများ တန်ဖိုးမဲ့လောက်အောင် ကျဆင်းသွားတယ်။ တချို့လည်း ပြန်ရောင်းမရတဲ့အထိဖြစ်သွားပြီး .. အရုပ်ကြိုးပြက်သလို ဖြစ်သွားကြတယ်။ လောကငွေကြေးများဟာ မထိုက်တန်ရင် အချိန်မရွေး ဘုရားသခင်က ရုတ်သိမ်းပစ်လိုက်နိုင်ပါတယ်။

ဒါကြောင့် မိမိမှာ ငွေကြေးပိုလျှံမှုရှိရင် ဘုရားကို ပိုမိုဆက်ကပ်ပါ။ ဘုရားက ငွေကြေးများကို ကာကွယ်စောင့်ရှောက်ပါမယ်။

ငယ်ရွယ်သူဖြစ်ရင်လည်း ပရော်ပါတီဆိုတဲ့ ဈေးမကြီးတဲ့ အိမ်၊မြေ တခုခုကို ၀ယ်ထားလိုက်ပါ။ ၁၀နှစ်အတွင်း ပြန်မရောင်းဘူး သံဓိဌာန်ချပြီး ထားရင် .. နောင်၁၀နှစ်အကြာမှာ အိမ်မြေကို ထိမ်းသိမ်းထားနိုင်တဲ့အတွက် ဆုလပ်အနေနဲ့ ကောင်းကြီးမင်္ဂလာပေးပါမယ်။ လွန်ခဲ့တဲ့ ၁၀နှစ်က ဒေါ်လာ၅၀၀တန် မြေတကွက် မြန်မာပြည်မှာ ၀ယ်ထားခဲ့တာ အခု၊ ဒေါ်လာ ၅သောင်းတန်နေပါပြီ။ လောဘကြီးပြီး အိမ်များစွာ ဘဏ်ကငွေချေးပြီးဝယ်၊ ဖို့ မဆိုလိုပါဘူး။ အိမ်ငှားစားတဲ့ အမေရိကားကန်များ ၂၀၀၉ စီးပွားရေးကပ်မှာ တွက်သားမကိုက်ဖြစ်သွားပါတယ်။

လူငယ်များအတွက် အကောင်းဆုံး သူတို့ရှာတဲ့ငွေကို တိုးပွားတဲ့နည်းလမ်းကတော့ .. ကျမ်းစာအုပ်မှန်မှန်ဖတ်ပါ။ ကျမ်းစာအုပ်ထဲမှာ နည်းလမ်းအများကြီး ဘုရားက လမ်းပြပါတယ်။

နိုင်းနိုင်းစနေရဲ့ Illustration Link:
http://murann.com/stories/life.htm
ဇော်အောင် 1.Aug.2011

Thursday, July 28, 2011

"အန္တိအုတ်မြို့ သို့သာသနာပြုခြင်း:" (Mission To Antoich) - ဆရာမ၀င်နီ

Antoich Mission ရဲ့ အောင်မြင်မှုအဓိက သော့ချက်(၃)ခုကို တွေ့ရပါတယ်။

1. "Christ can cross all boundaries and unify all people" ဆိုတဲ့ ခံယူချက်ပေါ်မှာ သက်ရှင်လှုပ်ရှားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ (၁)ရာစု ယုံကြည်သူများဟာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူမျိုး၊ ဘာသာစကား အတားအဆီးတွေကို ကျော်ဖြက်ထိုးဖေါက်ပြီး Gentile ဆိုတဲ့ တပါးအမျိုးသားတွေကိုသာ သာသနာပြုခဲ့ကြပါတယ်။ ထို့ကြောင့် Antoich အသင်းတော်ဟာ ထူးခြားတဲ့ သာသနာပြုစိတ်ဓါတ်ရှိတဲ့ အသင်းတော် ဖြစ်ပြီး World Wide Mission လို့ခေါ်တဲ့ ကမ္ဘာ့သာသနာပြုလုပ်ငန်းကို မွေးဖွားပေးခဲ့တဲ့ အသင်းတော် ဖြစ်လာပါတယ်။
2. Antoich အသင်းတော်ရဲ့ သာသာနာပြုလုပ်ငန်း အောင်မြင်တဲ့ ဒုတိယအချက်သော့ချက် (တမန်တော် ၁၁း၂၆) မှာ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါသမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံယူခဲ့ကြ၏ ဟု ဖော်ပြထားပါတယ်။ "The principles were called christian first at Antoich". ဘာကြောင့်လဲ ? ယုံကြည်သူအားလုံးဟာ ခရစ်တော်ကဲ့သို့ အသက်ရှင်ကြတဲ့အတွက် ဖြစ်ပါတယ်။ ခရစ်တော်ကဲ့သို့ စိတ်ဓါတ်၊ ခရစ်တော်ကဲ့သို့ ပေါင်းသင်းဆက်ဆံနေထိုင်ပြီး၊ အစေခံတတ်တဲ့ စိတ်ဓါတ်အပြုအမူကြောင့် ခရစ်တော်နောက်လိုက်များ ခရစ်ယာန် (Christian) ဟု ခေါ်ခံခဲ့ရတာဖြစ်ပါတယ်။
3. Antoich အသင်းတော်ရဲ့ သာသနာလုပ်ငန်းအောင်မြင်တဲ့ တတိယသော့ချက်ဟာ ပေးကမ်းစွန့်ကြဲတတ်တဲ့ စေတနာစိတ်ရှိခြင်းဖြစ်ပါတယ်။ (AD 41-45) ရောမဧကရာဇ်မင်း Claudius လက်ထက်မှာ အစာခေါင်းပါးခြင်းဘေးနဲ့ Jeruslem အသင်းတော် ကြုံတွေ့ခဲ့ပါတယ်။ ဒီအချိန်မှာ Antoich အသင်းတော်က မိခင်အသင်းတော်ဖြစ်တဲ့ Jeruslem အသင်းတော်ကို မြောက်များစွာ ထောက်ပံခဲ့ပါတယ်။ ပေးကမ်းကူညီတတ်တဲ့ အသင်းတော်ဖြစ်ပါတယ်။
အမှုတော်မြတ်၌
Rev. Dr. Winnie Zan Hta
မလေးရှား၊ ကေအယ်မြို့၊ မြန်မာမိတ်သဟာရ (၂၀)နှစ်မြောက်စာစောင်မှဖော်ပြပါသည်။ (လင့်ခ်)

Tuesday, May 24, 2011

အန်တီရှန်းလုန်၏ လက်ဆောင်တစ်ခု

၂၀၀၈ အချိန်၊ ကျွန်တော့်ဇနီးသည်ကို အန်တီရှန်းလုန်က သူကိုယ်တိုင်လက်နှင့်ထိုးထားသော လက်ဝါးကပ်တိုင်လေးကို လက်ဆောင်ပေးခဲ့သည်။ အမေရိကား၊ သြစတြေလျား၊ မလေးရှား တို့တွင် လူတိုင်းကားပိုင်ဆိုင်ကြသောကြောင့် ကားမှန်တွင် ချိတ်ဆွဲထားခြင်းအားဖြင့် မိမိသည်ယုံကြည်သူဖြစ်ကြောင်း သိစေပါသည်။ (ထိုနိုင်ငံများရှိ မြန်မာများမှာ ကားတစ်စီး ဒေါ်လာငါးရာမျှဖြင့်ဝယ်နိုင်ပေသည်။ ကားဈေးကြီးသော မြန်မာနိုင်ငံတွင်လည်း မကြာမီ လူတိုင်းကားဝယ်နိုင်မယ်မျှော်လင့်ပါသည်။) ကျွုန်ုပ်၏ ဇနီးသည်က သူ၏ကားတွင် ချိတ်ဆွဲထားခြင်းဖြင့် ဂုဏ်ပြု၊အောက်မေ့ကာ မိသားစု အတွက်၊ ကောင်းကြီး မင်္ဂလာ ဖြစ်စေပါသည်။
လူ့သဘောမှာ မြင်ရသည့်အရာကို ပိုစွဲလမ်းပါသည်။ နှလုံးသားတွင် လက်ဝါးကပ်တိုင်ရှိရန်သာ အဓိကဖြစ်သော်လည်း ဘုရားကိုပိုပြီးသတိရနိုင်ရန် လက်ဝါးကပ်တိုင်ပုံကို အထိမ်းအမှတ်လုပ်ကြသည်။ လယ်ဆွဲထားသည်။ သို့မှ ပိုပြီးနေသာထိုင်သာရှိပါသည်။
အန်တီရှန်းလုန်သည် အသက် ၈၀ ကျော်ပြီဖြစ်သည်။ သူ့ခင်ပွန်းသည် မြန်မာနိုင်ငံတွင် ရာထူးကြီးထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ သူဖခင်သည်လည်း အင်္ဂလိပ်ခေတ်ကတည်းက ရိုးသား၊ဖြောင့်မတ်သော ကချင်အမျိုးသားကြီးဖြစ်သည်။
ယခုအခါ ကျမ်းစာလာသည်အတိုင်းဆိုပါက ကောင်းကြီးမင်္ဂလာရသောသူသည် သားသမီး၊ မြေး များသာမက မြစ်၊တီ၊တွတ်များအထိ မြင်ရသည် ဆိုပါသည်။ အန်တီရှန်းလုန်သည် သားသမီး၊မြေး၊မြစ်များစွာနှင့် ကျမ်းမာစွာနေထိုင်လျှက်ရှိပါသည်။

ဇော်အောင်

Thursday, April 28, 2011

ဘာသာတရားနှင့်ဘာသာမရှိသူ

သင်သည် ဘာသာတရားများကိုလေးစားသော်လည်း ဘာသာမရှိ Free Thinker (or) Atheist ဖြစ်ပါက
၁။ သင်သည်မအားမလပ်အောင်လုပ်စရာရှိသူတစ်ဦးဖြစ်ရမည်။
၂။ သင်သည်စားဝတ်နေရေး၊မပူပင်ရအောင်ဝင်ငွေရှိသူဖြစ်ရမည်။
၃။ သင်သည်အနာရောဂါ၊ဒုက္ခဆင်းရဲ နဲသောသူဖြစ်ရမည်။
၎။ သင်သည် ပညာမတောက်တခေါက် (may be Ph.D) တတ်သောသူဖြစ်ရမည်။
၅။ သင်သည်မိမိအချိန်၊လုပ်စရာများကို စနစ်တကျလုပ်ဆောင်နိုင်သူဖြစ်ရမည်။
၆။ စားဝင်၊အိပ်ပျော်၊ သွားလာနိုင်သူတစ်ဦးဖြစ်ရမည်။
၇။ ပြောရလျှင် သင့်အားကိုးပြီးလောကလိုအပ်မှုများ(အိမ်ထောင်ဘက်နှင့်Sex, မေတ္တာ)ကိုရယူနိုင်သူတစ်ဦးဖြစ်နေပါသည်။

ကျွန်ုပ်မှာ အထက်ပါအချက်များမရှိပါ။ ကျွန်ုပ်အစွမ်းဖြင့် ဤလောကကြီးတွင် ငယ်စဉ်ကရပ်တည်ခဲ့ဖူးပါသည်။ သို့သော်ယခုအခါ ကျွန်ုပ်အစွမ်းဖြင့် ရပ်တည်နိုင်စွမ်းမရှိတော့ပါ။ ကျွန်ုပ်၏ အားနည်းချက်များ၊ မှားယွင်းမှုများ၊ ဆရာလုပ်မှုများ၊ စကားနားထိုးတတ်မှုများ၊ မာန်မာနများ၊ အပြစ်တင်တတ်မှုများ၊ ကိုယ်ကျိုးရှာခြင်းများ စသည့်အောက်တန်းကျသော အကျင့်စာရိတ္တများ ရှိပါသည်။ မိမိကိုယ်ကို မြင့်မြတ်သည်ဟု ခံယူပြီး၊ သူတောင်းစားကဲ့သို့ ဒုက္ခရောက် အားနည်းသူများအား စာနာခြင်းမဲ့စွာ ဥပက္ခာပြုတတ်ပါသည်။ မိမိအားနည်းချက်များကို မိမိစွမ်းအားဖြင့် အစွမ်းကုန် ပြုပြင်ခဲ့သော်လည်း ဘယ်သောခါမှ ကျေနပ်ဖွယ်အဆင့်ရောက်မည်မဟုတ်ပါ။ ဘာသာတရားတစ်ခု၏ ဆုံးမမှုအောက်တွင်သာ ဘ၀ကိုရပ်တည်နိုင်ပါမည်။

ဘာသာတရားများတွင် သခင်ယေရှု၏ လမ်းပြမှု၊ လက်တွေ့ပြခဲ့သော ချစ်ခြင်းမေတ္တာ၊ စွန့်လွှတ်အသေခံခြင်းစိတ်ဓါတ်နှင့် ရှင်ပြန်ထမြောက်မှုမှာ ကျွန်ုပ်အတွက် ထာဝရအသက်လမ်းကြောင်းပင်ဖြစ်ပါသည်။

မှတ်ချက်။
ဘုရားရှင်ယုံကြည်ခြင်းဖြင့် ဘုရားကိုချစ်၊ လူကိုချစ် လာပြီးနောက်၊ ဘုရားရှင်မေတ္တာအောက်တွင်၊ ထာဝရအသက် ဆိုသည်ကိုရရှိပါသည်။ ချက်ခြင်းတော့မဟုတ်ပါ။ ၀ိညာဉ်အသီး၉လုံး ဂလာတိ ၅း၂၂ ဆိုသည်မှာ ရော့၊အခုယူသွား မဟုတ်ပါ။ အချိန်ကာလတခုကို ပေးဆပ်ရပါသည်။ ထိုနောက်ပိုင်းတွင် အထက်ပါ ဘ၀၏ အားနည်းချက်များသည် ပြည့်စုံလာပါသည်။ (၁)အလုပ်မဲ့တွေဝေဘ၀မှအလုပ်များလာမည် (၂)ရသည့်ငွေဖြင့်စားဝတ်နေရေးမပူမပင်ဘ၀ရောက်လာမည် (၃)အနာရောဂါကင်းမည်(သို့)အနာရောဂါရှိမှန်းတောင်သတိမထားမိသည့်လွတ်လပ်မှုကိုရမည် (၄)လောကပညာနည်းသော်လည်း၊ ဘုရားပေးသောဥာဏ်ပညာတိုးပွားလာမည် (၅)မလုပ်တတ်ကိုင်တတ်၊အဆင်မပြေလုပ်ကိုင်မှုများမှ မိမိနှင့်သင့်လျှော်စွာလုပ်နိုင်လာမည် (၆)စာမ၀င်၊အိပ်မပျော်မှုများမှ စားဝင်အိပ်ပျော်လာမည် (၇)အိမ်ထောင်ဘက်၊လိင်၊မေတ္တာတရာများလည်း ပြည့်ဝလာမည် .. ဤဘ၀အသက်ရှင်စဉ်တွင်ပင် ထာဝရအသက် ကိုရရှိပါမည်။

ကျွန်ုပ်သည် Free Thinker ဘ၀မှ ခရစ်တော်ကိုယုံကြည်လာသူဖြစ်ပါသည်။ အားနည်းချက်များရှိနေဆဲဖြစ်သော်လည်း အထူးသဖြင့် နံပါတ်(၆) စားဝင်၊ အိပ်ပျော်မှုကို ရရှိခြင်းမှာ အလွန်ကြီးမားသော ထာဝရအသက် ပင် ဖြစ်ကြောင်း သက်သေခံ ဖြည့်စွတ်ရေးသားရပါသည်။


If you respect religion but you Free Thinker (or) Atheist,
1. You must be Busy to do many things
2. You must be Reasonable income or saving $$ for eating, living
3. You must be Minimum sickness or healthy body
4. You must be Reasonable education knowledge (may be Ph.D)
5. You must be good for time management
6. You must be able to eat, sleep and independent person.
7. Lastly, you may be able to get good partner, sex, love in your present life.

I don't have above capabilities. I need help from a religion.
For me, I can not live in this world without Jesus. He showed role model of LOVE, SCARIFIED ACTION and Finally "RESURRECTION". "Eternal life" is my way of life.

Note
Faith to God give me Love God, Love Others. By God's Love, I will get Eternal Live. Not immediately. There is a time to get Spiritual Fruits Gal 5:22. During this time line, my weakness are slowly become stronger. (1) become busy from crazy thinking life (2) Get reasonable income for living (3) heal sick & disease (or) no pain feeling by my diseases (4) I don't have human education buy I get wisdom from God (5) My poor time management improved or get suitable job (6) Able to eat & sleep (7) lastly, my partner become understood to me, sex, love are blessed by God. That are Eternal Life which is received during I am alive.

I was grown from Free Thinker to Christ believer. My weakness are still have as human being but No.6 item, "I become able to eat, sleep is the best blessing of 'Eternal Life'. That is my short testimony. UZA