Labels
- ကိလေသာ (8)
- ကျမ်းစာလေ့လာခြင်း (29)
- ရသ၊စာပေ (23)
- သက်သေခံ၊ဒေသနာ (11)
- သတင်း၊ဗဟုသုတ (43)
- ဆောင်းပါး (27)
- တေးသီချင်း၊ဗွီဒီယို (17)
- ၀ိညာဉ်ရေး (26)
Showing posts with label သတင်း၊ဗဟုသုတ. Show all posts
Showing posts with label သတင်း၊ဗဟုသုတ. Show all posts
Sunday, July 14, 2013
ဆရာကြီးယုဒဿန်အောက်မေ့ဘွယ်ရာ တနင်္ဂနွေ
အောင်ပင်လယ်လက်မရွံထောင်
ညှင်ပမ်းနှိပ်စက်၊ သတ်ဖြတ်ခြင်းအားဖြင့် လူမျိုးတုံး၊ နိုင်ငံရေးမျိုးဆက်တုံးသွားပြီး၊ မိမိတို့ရဲ့အယူအဆကို အများလက်ခံကျင့်သုံး၊ လိုက်နာမယ်လို့ အကြမ်းဖက်၊ စစ်ဝါဒီများက ယူဆမှုဟာ လုံးဝမှားယွင်းပါတယ်။ ရှုံးနိုမ့်သူကို မေတ္တာပြပြီး၊ သူတို့ရဲ့ အခွင့်အရေးတွေကို ပေးမယ်။ ဒါပေမဲ့ လက်နက်ကိုင်တွယ်ခွင့်တော့ မပေးဘူး...ဆိုတဲ့နည်းလမ်းနဲ့ပဲ၊ အုပ်ချုပ်သူများက အနိုင်ယူကြပါတယ်။
အထက်က ပုံကို ကြည့်ပါ။
Friday, April 5, 2013
ယခုခေတ်ပါလက်စတိုင်းလူမျိုးနှင့်သမ္မာကျမ်းစာဖိလိတ္တိလူမျိုး

Palestine and
Philistines
ပါလက်စတိုင်းလူမျိုး
ယခုခေတ်မှာ ပါလက်စတိုင်းလူမျိုးဆိုတာ နိုင်ငံမရှိတဲ့လူမျိုးလို့ သတ်မှတ်ထားပါတယ်။
ပါလက်စတိုင်းလူမျိုး အများစုဟာ အစ္စရေးနိုင်ငံ (သိမ်းပိုက်ခံ West Bank & Gaza
Strip) ၊ ဂျော်ဒန်နိုင်ငံ၊ လက်ဘနွန်နိုင်ငံ စသည်တို့မှာနေထိုင်ပြီး၊
ကမ္ဘာအနှံအပြားမှာ ၁၁သန်းလောက် ပြန်ကျဲနေထိုင်လျှက်ရှိပါတယ်။ အစ္စရေးလူမျိုးများလိုပဲ
တိုင်းတပါးအုပ်ချုပ်မှုများမှာ နှစ်ပေါင်းထောင်နဲ့ချီနေထိုင်ခဲ့ပြီး ၁၉၄၇ခုနှစ်မှာ
ပါလက်စတိုင်းနိုင်ငံအမည်နဲ့ အစ္စရေး၊ပါလက်စတိုင်း လူမျိုး၂ခုကို
ဗြိတိသျှနဲ့ကုလသမဂ္ဂတို့က ထူထောင်ပေးခဲ့ပါတယ်။ ၂ဖက်စလုံးမကျေမနပ် စစ်တိုက်ခိုက်ရင်း
အစ္စရေးက အပြီးပိုင်သိမ်းယူပြီး အစ္စရေးနိုင်ငံထူထောင်လိုက်ပါတယ်။
သမိုင်းကြောင်းကို ကြည့်ရင် အစ္စရေး (ဂျူးလူမျိုးသမိုင်း) လိုပဲ၊
Tuesday, March 26, 2013
အစ္စရေး၊အာရပ်၊အိုဘားမား-မြန်မာ (Religious Knowledge)
အခုရေးမဲ့ အာရပ်နဲ့အစ္စရေး အရေးအခင်းဆိုတာ လူမျိုးရေးပါ။ နောက်ပိုင်းမှာ ဘုရားတစ်ခုတည်းကို လူမျိုး၂ခုက သူတို့ခံယူချက်တွေနဲ့ဆက်စပ်ပြီး ဂျူးနဲ့ခရစ်ယာန်များက တဖက်၊ မူဆလင်များကတဖက် ရာဇ၀င်တွင်အောင် ပြသနာဖြစ်နေခဲ့တာ အခုမှမဟုတ်ပါ။ မြန်မာပြည်ဟာ နတ်ကိုးကွယ်တဲ့လူမျိုးများနေထိုင်ခဲ့ရက ခရစ်သက္ကရာဇ် ၉၀၀လောက်မှာ ဗုဒ္ဓဘာသာရောက်ရှိလာတဲံနိုင်ငံဖြစ်ပြီး၊ AD1500 လောက်မှာ မူဆလင်၊ ခရစ်ယန်၊ဂျူးများ ဘာသာဝင်များ လာရောက်အခြေချခဲ့ပါတယ်။ အထူးသဖြင့် မူလဘာသာမရှိတဲ့ ဘာသာမဲ့သူများ၊ တောင်ပေါ်သားများ၊ နတ်ကိုးကွယ်သူများဟာ ဗုဒ္ဓ၊ခရစ်ယန်၊မူဆလင် စတဲ့ဘာသာဝင်များဖြစ်လာပါတယ်။ အခုချိန်မှာတော့ Free Thinker ဆိုတဲ့ ဘာသာမဲ့ (သိုမဟုတ်) ဘာသာစုံ လူတန်းစားတစ်ခုလည်း အဟုန်ပြင်းစွာနဲ့ ပေါ်ထွက်နေပါတယ်။
မြန်မာနိုင်ငံမှာ လူများစုဖြစ်တဲ့
Tuesday, March 5, 2013
Myanmar Bible in smart phone (KingOfMyHeart) စံပီး၊ မုရန်
Myanmar Bible app for Android
အရင်က ဒီ Post မှာ
ကျွန်တော် မြန်မာကျမ်းစာအုပ်ကို Apple's i-devices and Android device
ထည့် နည်းကို ရေးခဲ့ပါတယ် ဒါပေမဲ့လဲ ဒီ နည်းလမ်းနဲ့ မြန်မာကျမ်းစာအုပ်ကို
ဖတ်လို့တော့ရပေမဲ့ အလျှင်မြန် တလွယ်တကူ ရှာဖွေဖတ်ရှုလို့မရပါဘူး။ ဒါနဲ့
ကျွန်တော်လဲ Apps ကို လုပ်မယ်ဆို ပြီးတော့ စဉ်းစားမိ ပါတယ်။ ဒါပေမဲ့လဲ
စာမေးပွဲနည်းလာတာနဲ့ အချိန်မပေးတာနဲ့ မလုပ်ဖြစ်မလုပ်ဖြစ်နဲ့ ဟိုတနေ့ကဘဲ
မထင်မှတ်ဘဲ Google store မှာ Myanmar bible ရှိတာကို
သူငယ်ချင်းတစ်ယောက်ဆီကနေ သိလိုက်ရပါတယ်။ ဒီ Myanmar Bible apps လေးက
English version bible တွေလိုဘဲ Chapter, verses တွေကို
သေသေချာချာရှာဖွေပြီး အလွယ်တကူ ဖတ်ရှုလို့ရသလို၊ Offline mode လဲ
အသုံးပြုလို့ ရတဲ့ အတွက် အများကြီးကို အချိန်ကုန်သက်သာပြီး
အလွန်အသုံးတည့်တာကို တွေ့လိုက်ရတဲ့အပြင် Free နဲ့ပေးထားတာကို တွေ့ရတာ
တကယ်ကိုဝမ်းသားစရာကောင်းပါတယ်။ ဒီ Develper က အချိန်တွေ အများကြီးပေးပြီး
သေချာလုပ်ထားတာကိုလဲ တွေ့ရပါတယ် ဒါကြောင့် KingofMyHeart ဆိုတဲ့ ဒီ Myanmar
Bible app Developer ပေါ်မှာလဲ ဘုရားရှင်အထူးကောင်းကြီးပေးပါစေလို့
ဆုတောင်းပေးရင်း ပြန်လည်ဝေမျှလိုက်ပါတယ်။
Android
phone ကနေ Market မှာ သွားပြီးတော့ Myanmar Bible လို့ Search
လုပ်ပြီးတော့ Myanmar Bible လေးကို Install လုပ်ပေးလိုက်ရင် ကိုယ်ရဲ့
Android phone ထဲမှာ Internet မရှိလဲဘဲ မြန်မာကျမ်းစာကို အေးအေးဆေးဆေး
လျှင်လျှင်မြန်မြန် ဖတ်ရှုခွန်အားယူနိုင်ပါပြီး ဖြစ်ကြောင်း
သတင်းကောင်းပေးလိုက်ပါတယ်။
Apple i-devices သမားတွေကတော့ ဒီနည်းနဲ့ဘဲ အသုံးပြုရင်းနဲ့ဘဲမျှော်ကြတာပေါ့။
update (http://www.sbsangpi.com/2013/01/myanmar-bible-for-ipad-iphone.html)
update (http://www.sbsangpi.com/2013/01/myanmar-bible-for-ipad-iphone.html)
DOWNLOAD HERE
SBSangpi(စံပီး)
KingOfMyHeart နှင့်မိတ်သဟာရဖွဲခြင်း
မြန်မာကျမ်းစာကို အင်တာနက်ပေါ်မှာ တင်ခဲ့ပေမဲ့ သိပ်မထိရောက်ခြင်းဟာ အခု smart phone ခေတ်ရောက်တဲ့အချိန် ယုံကြည်သူ လူငယ်တစ်ဦးနဲ့ မိတ်ဆွေများ စုပေါင်းလုပ်ဆောင်မှုကြောင့် iPhone App နဲ့ Android App များအားဖြင့် မြန်မာများ အလွယ်တကူ ကျမ်းစာဖတ်နိုင်ခြင်းကို ရရှိခဲ့ပါတယ်။ နှစ်ပေါင်းများစွာ မျှော်လင့်နေတဲ့ မြန်မာကျမ်းစာကို မူပိုင်ခွင့် စိုးရိမ်မှုတွေကြားက စင်ကာပူရှိ မြန်မာအသင်းတော် တစ်ပါး JBCS Media အဖွဲ့အနေနဲ့ Burmese-English Bible, Study Bible များကို စုပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ အချက်အလက်များ ယုဒသန်ကျမ်းစာ Text များကို iPhone & Sumsung တယ်လီဖုန်းများမှာ အလွယ်တကူ ကြည့်နိုင်ဖို့ အချိန်များစွာ နဲ့ ပညာရပ်ကြွမ်းကျင်မှုများကို ပေးဆပ်ခဲ့ပါတယ်။ စင်ကာပူ Ngee Ann Poly ကျောင်းဆင်း၊ ယခု မကြာခင် အင်္ဂလန်ကို ပညာဆက်လက်သင်ကြားမဲ့ Buu Bu (လားရှိုးသမီးငယ်) အတွက် ဆုတောင်းပါတယ်။ ဘုရားသခင် ဆက်လက်ပြီး ကြီးမားသော အသုံးပြုမှု၊ ဘုန်းတော် ထင်ရှားစေဘို့ ၊ သူမ ၀တ်ပြုကိုးကွယ်တဲ့ Full Gospel အသင်းတော် စင်ကာပူကိုလည်း ဘုရားရှင်အသုံးချနေခြင်းအတွက် ၀မ်းမြောက်ပါကြောင်း။ THANKs to Prayers..

သခင့်စကား မင်းအောင်သက်လွင်၊ Baby Kun Awng, Buu Bu, Zaw Aung, Dee De (Mi Mi) ..
5Feb2012
Buu Bu (အဖြူ၊နက် ကျားသစ်ဒီဇိုင်း၊ လားရှိုးဘူးဘူ) ..thanks
Facebook http://facebook.com/KingOfMyHeart

Wednesday, October 31, 2012
ကိုသာဖြူ - ပထမဆုံးကရင်လူမျိုးနှစ်ခြင်းခရစ်ယာန်သာသနာပြု
ကိုသာဖြူ
၁၇၇၈ ပုသိမ်မြို့ အနီး ဦးတွရွာတွင် မွေးဖွားသည်။ ပထမဆုံး ကရင်အမျိုးသာ နှစ်ခြင်းခရစ်ယာန်ဖြစ်သည်။ အသက်၁၅နှစ်အရွယ်ထိ မိဘများနှင့်နေထိုင်ခဲ့ရာတွင် ဆိုးသွမ်းပြီး၊ ထိမ်းမရသော လူငယ်ဖြစ်ခဲ့သည်။ မိဘအိမ်မနေတော့ပဲ လုယက်ဆိုးသွမ်းသူ၊ လူသတ်သမားဖြစ်လာသည်။ သူ၏ သက်သေခံချက်အရ လူ၃၀ထက်မနည်း သတ်ဖြတ်ခဲ့သည်။ အကြွေးအကြီးကျယ်တင်ပြီးနောက် မော်လမြိုင်ဈေးတွင် ကျွန်အဖြစ်ရောင်းချခြင်းခံရသည်။ ဆရာကြီးယုဒသန်၏ တပည့်ဖြစ်သော ဦးရွှေဘေ ဆိုသူက ၀ယ်ယူခဲ့သည်။ ဆရာကြီးယုဒသန် (ဂျပ်ဆင်) သည် ပထမဆုံး မြန်မာနှစ်ခြင်းခရစ်ယာန် မစ်ရှင်စတင်သူဖြစ်သည်။ ဦးရွှေဘေသည် ကိုသာဖြူကို စာသင်ပေးရာတွင် သိပ်အဆင်မပြေလှပါ။ ဆရာကြီးယုဒသန်ထံ အပ်နှံသင်ကြားပေးရာ စာရေး၊စာဖတ် တတ်လာခဲ့သည်။
၁၈၂၇ ဧပြီလ ၂၂ရက်နေ့ ဆရာကြီးယုဒသန် နေ့စဉ်မှတ်တမ်းတွင် "မောင်ရွှေဘေ ပိုင်ဆိုင်သည့်

Wednesday, July 25, 2012
"S Gum Aung ၏ ဘ၀မှန် " သာသနာ ကာကွယ်စောင့်ရှောက်ရေး အကျိုးတော်ဆောင်များမှ ဖော်ထုတ်ရှင်းလင်းထားသော မှတ်တမ်းဗွီဒီယို
မိတ်ဆွေများ.
S Gum Aung အိနိယနိုင်ငံ မီဇိုပြည်နယ်မှာ ဇွန်လ(၁)ရက်နေ့က ရှင်းလင်းချက်ဗီဒီယိုထုတ်ပါတယ်။ သူက ဂျီဒီအိုင်ဘွဲ့ရဖြစ်ကြောင်း၊ ဗုဒ္ဒဘုန်းကြီးဘွဲ့ရှိကြောင်း တွေကို ပြောသွားတဲ့အခါ အဲဒီမှာရှိတဲ့ ချင်းလူမျိုး သင်းအုပ်ဆရာဆိုသူများကလည်း အတူပါဝင်ပြောဆိုသွားပါတယ်။ နောက် ရခိုင်၊ ရိုဟင်ဂျာအရေးအခင်းမှာ ငြိမ်သွားပြီး လောလောဆယ် ဇူလိုင်(၂၀) ရက်နေ့မှာ သူ့ဗီဒီယို ထပ်ထွက်လာပါတယ်။ အမ်စီအေအသင်းတော်ကိုလည်း ပြောသွားပါတယ်။ ဒီပုဂ္ဂိုလ်ဟာ လိမ်ပြောတတ်တဲ့ စိတ်ရောဂါရှိနေပါတယ်။
ဝန်ချတောင်းပန်ခြင်းမရှိ
RIT, ဗိုလ်ချုပ်မှုးကြီးစောမောင်ရဲ့ဘုန်းကြီး၊ သီရိလင်္ကာနိုင်ငံက ဗုဒ္ဒဘာသာ Ph.D ရရှိခြင်း အစရှိသဖြင့် လိမ်လည်ပြောမိတယ် အပြစ်မ၀န်ခံပဲ၊
Saturday, March 10, 2012
ထိတ်လန့်ဘွယ်ရာ၊အိတ်စ်ရောဂါနှင့်ကာမတဏှာ
ကုလသမဂ္ဂ၏ ၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ ကမ္ဘာတွင် ကျန်းမာရေးHIV စောင့်ရှောက်မှုစနစ် အညံ့ဖျင်းဆုံး နိုင်ငံများထဲ တွင် ပါဝင်သော မြန်မာနိုင်ငံတွင် လူဦးရေ ၂၄၀,၀၀၀ မှာ HIV ပိုး ကူးစက်ခံထားရပြီး နှစ်စဉ် ၁၈,၀၀၀ ခန့် သေဆုံးနေကြရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင်
Tuesday, March 6, 2012
The Global Day of Prayer for Burma.
ဆန်ဖရန်စစ္စကို၊ ဒေးလီစီးတီးက ကိုးရီးယားအသင်းတော်မှာ မြန်မာတိုင်းရင်းသားများအတွက် ဆုတောင်းပွဲတခု မတ်လ(၁၁)ရက်နေ့မှာ ပြုလုပ်မယ်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် မြန်မာပြည်မှ အသင်းတော်များလည်း အစာရှောင်ဆုတောင်းလျှက်ရှိပါတယ်။
Sunday, March 11, 2012 is The Global Day of Prayer for Burma.We'll have Sunday Worship Service to pray for Chin, Kachin, Karen, Shan, . . . and all the citizens and all the leaders of Burma at 6:00 PM.
Location: Korean First Baptist Church of San Francisco
220 Avalon Dr, Daly City, CA 94015
FBBC မြန်မာအသင်းတော် နဲ့ UBCF Fasting ကျမ်းစာလေ့လာခြင်း (၂၀၀၈တွင်ဖေါ်ပြခဲ့ပြီး၊ အစာရှောင်းဆုတောင်းခြင်းအတွက် ပြန်လည်ဖေါ်ပြပါသည်)။
ဆန်ဖရန်စစ္စကိုနဲ့ အမေရိကန်တ၀ှမ်းမှာ ကိုးရီးယားလူမျိုး ၁သန်းကျော်ရှိတာ အများစုက ခရစ်တော်ကိုယုံကြည်သူများဖြစ်ပါတယ်။ ဒေးလီစီးတီး ပစိဖိတ်ပင်လယ်ကမ်းခြေက Korean Central Presbyterian Church ဖြစ်ပြီး ဒီ Church အဆောက်အဦးကို ဆန်ဖရန်စ္စကို သောဒုံမြိုသားပုံစံများလာလို့ ယုံကြည်သူအမေရိကန်လူမျိုးများဟာ ယုံကြည်သူကိုးရီးယားများကို ပေးအပ်ခဲ့ပါတယ်။ ကိုးရီးယားများ သူတို့နိုင်ငံကို ကွန်မြူနစ်မြောက်ကိုးရီး
ယားရန်က ဘုရားအမြဲကွယ်ကာဖို့ဆုတောင်းရင်း တိုင်းပြည်တိုးတက်လာလို အမေရိကန်နိုင်ငံထိ ကြွယ်ဝ၊ကြီးပွားလာပြီး သူတို့နဲ့ သင့်လျှော်တဲ့အသင်းတော် အဆောက်အဦကိုရရှိပါတယ်။ (အမှန်တော့ အသင်းတော် အဆောက်အဦက ကျွန်ပ်တို့ နှလုံးသား ဖြစ်ပေမဲ့ ယုံကြည် သူများစုပေါင်း ကိုးကွယ်ဝတ်ပြု နေရာလဲ လိုပါတယ်။)
ဂျပ်ဆန်မြန်မာအသင်းတော် JBCS မှာလည်း နှစ်ပေါင်းများစွာ ဗုဒ္ဓဟူးနေ့တိုင်း အသင်းသားများအစာရှောင်ဆုတောင်းရင်း အခုဆိုရင် မိခင်အသင်းတော်ဖြစ်တဲ့ Thomson Group Floor ကိုအသုံးပြုခွင့်ရရှိလာပါတယ်။ ပွဲတော်ရက်များမှာ ကျယ်ဝန်းတဲ့နေရာကို နှိမ့်ချမှု၊ကျေးဇူးပြုမှု၊ညှိနှိုင်းမှု ပေးနိုင်တဲ့ အသင်းတော်အတွက် ပိုမိုအဆင်ပြေတဲ့နေရာကောင်းကို ဘုရားသခင်ပေးခြင်းဖြစ်ပါတယ်။ ကိုးရီးယားများ ရက်တို၊ရက်ရှည်အစာရှောင်ခြင်းအကြောင်းကို ဆန်ဖရန်စစ္စကို FBBC မြန်မာအသင်းတော် နဲ့ UBCF ကျမ်းစာလေ့လာခြင်း 31-Feb-2009 (Sat) မှာ အခက်ခဲများစွာတွေ့လာရတဲ့ မြန်မာ၊ အမေရိကန် နိုင်ငံများအတွက် စုပေါင်း၊ အကန့်သတ်အစာရှောင်ခြင်းလုပ်သင့်နေကြောင်း၊ ရှင်မဿဲခရစ်ဝင် Matthew ၄း၂ အရ ယေရှုခရစ် ရက်၄၀ အစာရှောင်ဆုတောင်းရာမှ တောင်ပေါ်ဒေသနာတရားတော်နဲ့ ၃နှစ်အတွင်း အပြစ်သားများအတွက် အသက်အသေခံ၊ရှင်ပြန်ထမြောက်ခြင်း အံ့သြဖွယ်များကို ပုံသက်သေပြသွားခဲ့ကြောင်း ဆွေးဆွေးသွားကြပါတယ်။
The End..

Monday, January 23, 2012
ဝမ်းမြောက်ဆုံးဖခင်အာဒံ နှင့် ၀မ်းနည်း၊၀မ်းသာအဖြစ်ရဆုံးဖခင်နောဧ
Thursday, December 22, 2011
Monday, December 5, 2011
Saturday, November 26, 2011
The Edge of Burma 1982

It is interesting ...
Why karen are more recognized by internationally?
Many Documentary created..
Rambo holywood movie also created
more than 50,000 refugee settled at 3rd countries by UN Program
As I am Christian, I notice the Israel tribe. They suffered, they rebel God, but finally they come back to God .. and God bless them always.....
http://burmesebible.com/ngunjawa/images/history.of.kachen.revolution.htm
Sunday, November 20, 2011
To beat mental sickness, my way of life
Everybody trying they best way to beat mental sickness ..For me, I believe in Jesus Christ who help me.
After age of 40, I got sleepless disease and financial stress. Meditation can not help for my 3 years sleepless days. When my closed friend Professor and NTU Ph.D candidate U Shein Soe Myint died in Singapore , my sleepless nights are more problem with horrible night dreams. I am very afraid to die. Finally Jesus Christ save me from sleepless disease and financial stress. When my friend Professor U Aung Aung Thein came to Singapore for Quick Dying lung cancer, I visited his several times to chat our old days. That time, I no longer afraid to die because I believe Jesus. Later, he died peacefully in Yangon. Dead is path way to go haven and I believe, I will not be coming back to this "human world".. I still meditate when I was alone but most christian sitting at their bed or closed their eyes is called "praying". (Most Buddhist believe ဘ၀သံသရာ၊ အပယ်၎ပါး၊ နိဗာန်၊ but Islam & Christian believe ယခုဘ၀သစ်နှင့် ထာဝရအသက်.
Even the free thinker, multi-God believer, Communist .. also they way of overcoming the stress or mental sickness.
Actually, old day christian monks and pastors used to Meditate but not for public. The believe, people are busy with their daily work, family and meditation can not help. Therefore, I checked working class Burmese Buddhists, they seldom do meditation but
Some (may be high rank people) practise meditation. In Christian and Muslim, "praying" is their main worship and all class of people do "praying". I believed myself that "busy work will released stress, and mental sickness. Actually we all have more or less mental sickness. I need at least one listener who understood me".. Therefore, many ladies life is happy because they have many talking friends.
That is my thinking only. It may not be true for others. My daily talking friend is Jesus. I share my writing, Gospel and my life knowledge to others by internet. That release my mental sickness and escape from MONEY CENTERED LIFE. (To escape from material life is only Jesus Christ who love me, protect me, forgive me, help me, guide me)
Best Regards
Zaw Aung
Family Song
http://murann.com/familyday.htm
Saturday, October 29, 2011
အပြောနဲ့အလုပ် Action speaks louder than word
ဘာသာကြီး၎ခုရှိပါတယ်။ ခရစ်ယန်၊ မူဆလင်၊ ဟိန္ဒြူ နဲ့ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ အခြားယုံကြည်မှုများစွာရှိပါသေးတယ်။ ဘုရားရှိတယ်၊ မရှိဘူး၊ စသဖြင့် .. အားလုံး မိမိတို့ယုံကြည်ချက်နဲ့ လောကခရီးကို လျှောက်နေကြပါတယ်။
ယုံကြည်မှု ကျွန်တော့ Personal အမြင်လေးတခုကို ရေးချင်ပါတယ်။
ယေရှု လူ့လောကကို ရောက်လာပြီး၊ ယုံကြည်မှုအကြောင်းတွေကို ပြောခြင်းကို လက်မခံပဲ၊ ကားတိုင်ပေါ်မှာ အသေသတ်ပစ်လိုက်ပါတယ်။ စွတ်စွဲပြောဆိုခြင်းများကို ပြန်မချေပတော့ပဲ၊ ငြိမ်သက်စွာနဲ့ အသေခံသွားပါတယ်။ ခနွာကိုယ်ညှင်းဆဲ၊သတ်ဖြတ်မှုခံရသော်လည်း ယေရှုရဲ့ဝိညာဉ်ဟာ လွတ်မြောက်၊ငြိမ်းချမ်းလှပါတယ်။ သေလွန်ပြီးတဲ့နောက်ပိုင်းမှာ ထာဝရအသက်ရှင်သန်ခြင်းကိုရရှိကြောင်းလဲ ရှင်ပြန်ထမြောက်ခြင်းဖြင့် သက်သေပြခဲ့ပါတယ်။
လောကကို အောင်မြင်ဖို့ရာ ယေရှုပြောစကားကို နားထောာင်တာထက်၊ ယေရှုလက်တွေ့လုပ်သွားတာကို လိုက်လုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။
ဒါကြောင့် ယေရှုအသေခံပြီးတဲ့နောက်ပိုင်းမှာ တပည့်တော်များလည်း သူ့ရဲ့ပုံသက်သေအတိုင်း ပြသနာ၊အခက်ခဲများကို ငြိမ်သက်စွာပဲ၊ ဘုရားလက်အပ်နှံဖြေရှင်းခဲ့ပါတယ်။ ကနဦးခရစ်ယန်များစွာ အသေသတ်ခံရပါတယ်။ အနှစ်၃၀၀ကြာပြီး .. ရောမဧကရာဇ် ကွန်စတင်တိုင် ကိုယ်တိုင် ခရစ်ယန်တစ်ဥိးဖြစ်လာပါတယ်။ ယခုလည်း ခရစ်တော်ယေရှုရဲ့ ငြိမ်သက်စွာ အသေခံခြင်းနည်းလမ်းဟာ ပြသနာဖြေရှင်းနည်း နံပါတ်(၁) ဖြစ်နေဆဲပါပဲ။
ခရစ်ယန်များ ငြိမ်သက်စွာမနေပဲ တိုက်ခိုက်ကြလို့၊ ဆုံးရှုံးမှုများစွာ သမိုင်းမှာ ကြုံရပါတယ်။ ကရူးဆိတ်စစ်ပွဲကိုလည်း ဥရောပနိုင်ငံများနဲ့မူဆလင်တို့ တိုက်ကြပါတယ်။ ခေတ်သစ်မှာလည်း အမေရိကန်က အီရတ်ကို ၀င်တိုက်တာ အရှုံးကြီးဖြစ်နေပါတယ်။ အမေရိကန် ခရစ်ယန်များ လက်နက်အင်အားနဲ့ ဗီယက်နမ်၊ ကိုးရိးယား၊ တရုပ်များကို မနိုင်ပါဘူး။ သို့သော် ငြိမ်သက်စွာနည်းလမ်းနဲ့ ခရစ်တော်နောက်လိုက်များကြောင့် ခရစ်တော်ကို ဗီယက်နမ်၊ ကိုးရီးယား၊ တရုပ်လူမျိုးများ သိရှိ၊လက်ခံပြီး သူတို့နိုင်ငံလည်း ပြောင်းလဲရပါတယ်။
၁။
ခရစ်တော်ယေရှုနဲ့ သူနောက်လိုက်များဟာ စစ်မတိုက်တဲ့ နည်းလမ်းနဲ့ လက်နက်ချအရှုံးပေးခဲ့ပါတယ်။ ခရစ်ယာန်ဘာသာက မေတ္တာတရားကို ဖေါ်ပြပြီး၊ ခရစ်တော်ကိုယ်တိုင် ငြိမ်သက်စွာနဲ့ ကားတိုင်ပေါ်အသေခံပြီး ခရစ်ယန်ဘာသာကို ပြန့်ပွားစေပါတယ်။
၂။
တမန်တော်မိုဟာမက်ရဲ့ မူဆလင်ဘာသာကလည်း စစ်တိုက်ခြင်းကို အားမပေးပါ။ မူဆလင်ဘာသာက မေတ္တာတရားကို အထူး ဖေါ်ပြပါတယ်။ သို့သော် မိုဟာမက် အသက်ထင်ရှားရှိနေစဉ်မှာပဲ မိုဟာမက်နောက်လိုက်များဟာ စစ်တိုက်ပြီး၊ မူဆလင်ဘာသာကို ပြန့်ပွားစေပါတယ်။
၃။
ဗုဒ္ဓမြတ်စွာဘုရားဟာ စစ်တိုက်ခြင်းကို လုံးဝဆန့်ကျင်သူဖြစ်ကြောင်း ထင်ရှားလှပါတယ်။ သူ့နောက်လိုက်များဟာ ဗုဒ္ဓနဲ့အတူ မေတ္တာတရားနဲ့ ဗုဒ္ဓဘာသာပြန့်ပွားစေပါတယ်။ ဘာကြောင့် တဖြေးဖြေး ဒီလောက်ကောင်းတဲ့ ဘာသာတရားဟာ လျှော့ပါးလာရသလဲဆိုတာတော့ .. နောက်ဆုံးသောကာလ နီးကပ်လာပြီလို့ ပြောရပါမယ်။
ကိုယ်ပိုင်သုံးသပ်ချက်ဖြစ်ပါတယ်။
စာရွက်ပေါ်ရေးထားခြင်း၊ နှုတ်ဖြင့်ပြောဆိုခြင်းများထက် ပုံသက်သေလုပ်ဆောင်ပြခြင်းဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ကျွန်တော်ကတော့ ခရစ်တော်ယေရှုလို သိုးသည်အမွှေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည်နှုတ်ကိုမဖွင့်ဘဲနေ၏၊ မတရားစွာစီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွားကြ၏၊ အသက်ရှင်သောသူတို့၏ နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည် .. (ဟေရှာယ ၅၃) တွင် ဘီစီ ၈ရာစုက ကြိုတင်ပရောဖက်ပြုခဲ့ပြီး၊ အေဒီ၃၀ တွင် ယေရှုက ကားတိုင်ပေါ်တွင် သိုးသငယ်လို အသံမမြည်ပဲ အသေခံ၊ ပုံသက်သေပြသွားပါတယ်။
ကျွန်တော့ဘ၀တွင် ခက်ခဲသောကာလများစွာတွင် ငြိမ်သက်စွာနေခြင်းဖြင့်၊ အောင်မြင်ကျော်လွှားနိုင်ခဲ့သော်လည်း၊ မငြိမ်မသက်နေထိုင်၊ ပြောဆို၊ ရေးသားမှုများကြောင့် ဆုံးရှုံးမှု များစွာလည်း ရှိပါသည်။ သင်အုပ်ဆရာ ၄ပါးက ကျွန်တော်ပြသနာတစ်ခုအတွက် အောင်မြင်စွာဖြေရှင်းနည်းကို ပြောပြပါသည်။ ခရစ်တော်ကဲ့သို့ လက်ဝါးကပ်တိုင်တွင် ငြိမ်သက်စွာအသေခံသည့် နည်းလမ်းသာရှိကြောင်း ပြသနာဖြစ်သူ ၂ဖွဲ့ကို ရှင်းလင်းပြောကြားသော်ပါသည်။ ခန္တာက ငြိမ်သက်စွာနေသော်လည်း အတွင်းစိတ်ဝိညာဉ်က မေတ္တာတရားပါလာသောအခါ ခရစ်တော်နည်းလမ်းကို ကိုယ်၊စိတ်၊၀ိညာဉ် သုံးပါးစလုံး ကျင့်သုံးခြင်းဖြင့် ကျွန်တော့်ပြသနာမှာ အဆင်ပြေသွားမည် ဖြစ်ပါတယ်။
ဇော်အောင်
30-Oct-2011
၇၅နှစ်အရွယ် မိဘ၂ပါး၊ ကျမ်းစာလေ့လာသော ၂၀၁၁ ဓါတ်ပုံ။
Tuesday, October 11, 2011
ဧရာစတီမြစ်ဆုံအတွက်ကျေးဇူးတော်ချီးမွမ်း
မုရန်အင်တာနက်သည်
အသက်ရှင်သောထာဝရဘုရားသခင် ကောင်းမြက်ကြောင်းများကို ဖေါ်ပြပါသည်။
ကချင်ပြည်နယ်၊ မြစ်ဆုံရေအားလျှပ်စစ်ကို ကချင်ပြည်မှ ထာဝရဘုရားကို ကိုကွယ်သော နှစ်ခြင်းခရစ်ယန်၊ ရိုမင်ကက်သလစ်ခရစ်ယန်များ အသင်းတော်များက နိုင်ငံတော်အစိုးရထံ မလုပ်သင့်ကြောင်း ဆုတောင်း၊ တင်ပြခဲ့သည်မျာ ၅နှစ်ကျော်ခဲ့ပြီဖြစ်သည်။ အစိုးရမင်း အမိန့်ကို လိုက်နာခြင်းဖြင့် လူနေ၊ ရွာများကို ဖယ်ပေးခဲ့သော်လည်း၊ ကားတိုင်ကြီးကို မရွှေ့ပါ။ ကားတိုင်သည် ရေကာတာအောက်တွင် ထာဝရရှင်သန်နေမည် ဟု ဒေသခံ၊ခရစ်ယာန်များက ယုံကြည်ပါသည်။ မြန်မာအစိုးရသစ်မှ သမ္မတကြီး ဥိးသိန်းစိန်က အံ့သြဘွယ်ရာ ထိုရေကာတာစီမံကိန်းကြီးကိ ရွှေ့ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ပြည်သူများ၏ ဆန္ဒကို အစိုးရသစ်က အလေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့ နိုင်ငံတွင် မှောင်မိုက်တန်ခိုး၊ ၀ိညာဉ်ဆိုးများ ရာစုနှစ်တစ်ဝက်ကျော် ခံစားနေရခြင်းမှ လွတ်မြောက်ရန် လမ်းစဖြစ်ပါသည်။ ကျေးဇူးတော်ချီးမွမ်းပါသည်။
အမျိုးသားရေး (ATTITUDE)အသက်ရှင်သောထာဝရဘုရားသခင် ကောင်းမြက်ကြောင်းများကို ဖေါ်ပြပါသည်။
ကချင်ပြည်နယ်၊ မြစ်ဆုံရေအားလျှပ်စစ်ကို ကချင်ပြည်မှ ထာဝရဘုရားကို ကိုကွယ်သော နှစ်ခြင်းခရစ်ယန်၊ ရိုမင်ကက်သလစ်ခရစ်ယန်များ အသင်းတော်များက နိုင်ငံတော်အစိုးရထံ မလုပ်သင့်ကြောင်း ဆုတောင်း၊ တင်ပြခဲ့သည်မျာ ၅နှစ်ကျော်ခဲ့ပြီဖြစ်သည်။ အစိုးရမင်း အမိန့်ကို လိုက်နာခြင်းဖြင့် လူနေ၊ ရွာများကို ဖယ်ပေးခဲ့သော်လည်း၊ ကားတိုင်ကြီးကို မရွှေ့ပါ။ ကားတိုင်သည် ရေကာတာအောက်တွင် ထာဝရရှင်သန်နေမည် ဟု ဒေသခံ၊ခရစ်ယာန်များက ယုံကြည်ပါသည်။ မြန်မာအစိုးရသစ်မှ သမ္မတကြီး ဥိးသိန်းစိန်က အံ့သြဘွယ်ရာ ထိုရေကာတာစီမံကိန်းကြီးကိ ရွှေ့ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ပြည်သူများ၏ ဆန္ဒကို အစိုးရသစ်က အလေးထားခြင်းဖြစ်သည်။ ကျွန်ုပ်တို့ နိုင်ငံတွင် မှောင်မိုက်တန်ခိုး၊ ၀ိညာဉ်ဆိုးများ ရာစုနှစ်တစ်ဝက်ကျော် ခံစားနေရခြင်းမှ လွတ်မြောက်ရန် လမ်းစဖြစ်ပါသည်။ ကျေးဇူးတော်ချီးမွမ်းပါသည်။
A=1, B=2, ...Y-25, Z=26 စသဖြင့်သတ်မှတ်ပါက၊ HARDWORK = 98, KNOWLEDGE=96, LOVE=54, LUCK=47, MONEY=89 ရရှိမည်ဖြစ်သည်။ ATTITUDE=100% ရမည်ဆိုသော ကျော်ကြားသည့်၊ ဖေါ်မြူလာမှာ အလွန်ရေပန်းစားလှပါသည်။ ကောင်းမွန်သော အကျင့်ကောင်းများ Good Attitude သို့ ပြောင်းလဲရန် ဖြစ်သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်း၊ နိုင်ငံတော်အစိုးရလွှတ်တော်ဥက္ကဋ္ဌ မှ ဒီမိုကရေစီနေ့တွင် သူလည်းဒီမိုကရေစီဘက်တော်သားဖြစ်ကြောင်း ကြေငြာခြင်းများမှာ အားရဘွယ်ရာများဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အလွန်ထက်မြက်သူဖြစ်သည်ဟု မြှောက်ပင့်ပြောသံများလည်း အစိုးရအရာရှိကြီးများထံမှ ကြားရသည်။ မကြာမီ တိုင်းရင်းသားငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်ချည်များ ရှိလာပါသည်။ နိုင်ငံအကျိုးကိုမျှော်ကြည့်ပြီး သည်းခံ၊ပြောင်းလဲရပါမည်။ အဓိက ပြောင်းလဲရန်မှာ ကျွန်ုပ်တို့ မြန်မာပြည်သား တစ်ဦးစီဖြစ်သည်။ ထစ်ကနဲရှိ ဒေါသထွက်၊အော်ဟစ်၊အတင်းကြပ်လုပ်တတ်သော ပင်ကိုယ်စိတ်ထားမှ၊ စိတ်ရှည်၊ ချိုသာစွာပြောဆို၊ နားထောင်၊ညှိနှိုင်းတတ်သော ဒီမိုကရေစီစရိုက်များသို့ မိမိတဦးချင်း မိသားစုတွင်းဆက်ဆံရေးမှ စတင်ပြောင်းလဲရမည်ဖြစ်သည်။
ဂလာတိ ၅း၂၂ တွင် ၀ိညာဉ်အသိး ၉လုံးအကြောင်း၊ ဝိညာဉ် ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သော အကျင့် ကိုအဘယ်တရားမျှမမြစ်တား။ ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ် များနှင့် အလိုဆန္ဒများကို၎င်း၊ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားထားကြပြီ။ သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိ အတိုင်း ကျင့်ကြကုန်အံ့။
နာကျည်းမှုများကို ပြေငြိမ်းစေသော ထိုစိတ်သဘောထားများ (Good Attitude) ရရှိရန်မှာ ဘုရားထံမှမေတ္တာ ရရှိမှသာ ဖြစ်နိုင်ပေသည်။ ပရောဖက်နေဟမိ အစ္စရေးနိုင်ငံ ယေရုဆလင်ကို ပြန်လည်တည်ဆောက်ရာတွင် နေဟမိနှင့်အားလုံး ဘုရားထံဝန်ချတောင်းပန်၊ ဘုရားမေတ္တာကို ရယူပြီး၊ ညီညွတ်မှုရခဲ့ပါသည်။ မြန်မာပြည် ပြန်လည်တည်ဆောက်ရာတွင် မြန်မာနှင့်တိုင်းရင်းသားအားလုံးလည်း သားတော် ခရစ်တော်၊ သခင်ယေရှုကို ရရှိရန်လိုသည်။ ယော၃း၁၅ တွင် ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။
တိုင်းပြည်တည်ဆောက်ရာတွင်၊ မြစ်ဆုံကို ကယ်တင်နိုင်ခဲ့ခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းပါသည်။ ထိုမှတဆင့် မြန်မာပြည်သားအားလုံး ခရစ်တော်ကို သိရာမှ၊ လက်ခံ၊ ရရှိလာရန်အတွက် ဆက်လက်ဆုတောင်းကြရမည်ဖြစ်သည်။
ဇော်အောင် (မုံရွာ)
၁၂-အောက်တိုဘာ-၂၀၁၁
Monday, August 29, 2011
မြန်မာပြည်ရွေးကောက်ပွဲပြီး အစိုရသစ်
လပ်စားမှုနည်းပါးလာပြီး၊ အလုပ်ကိုင်အခွင့်လမ်းများလာရန် ဆုတောင်းပါသည်။
Wednesday, August 17, 2011
အာရပ်လူမျိုး ခရစ်ယာန်များ
သို့သော် အာရပ်-ခရစ်ယာန်များရဲ့ ကြီးမားလှတဲ့ ယုံကြည်မှုများနဲ့ မူဆလင်နိုင်ငံမှာ နှစ်ပေါင်း၂၀၀၀ မားမားမတ်မတ်ရပ်တည်ခြင်းဟာ ဘုရားရှင်ရဲ့ ခွန်အားကြောင့်သာဖြစ်ပါတယ်။ သူတို့ဘ၀ဟာ မြန်မာခရစ်ယာန်ဘ၀ထက် အများကြီး ကြမ်းတမ်းလှပါတယ်။
အာရပ်မဟုတ်တဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများမှာ ၂၀ရာနှုန်းလောက်ဟာ ခရစ်ယာန်များဖြစ်ကြပါတယ်။ အာရပ်လူမျိုးစစ်စစ် ခရစ်ယာန်အများစုဟာ အီဂျစ်၊ လက်ဘနွန်၊ ဆီးရီယား၊ အီရက်၊ ဂျော်ဒန်၊ အစ္စရေး၊ ပါလက်စတိုင်းနယ်မြေ .. စသည့်တို့မှာ အများဆုံးနေကြပါတယ်။ အင်တာနက်နဲ့ဝီကီပီဒီယာ ဓါတ်ပုံ (Doom of the Rock & Orthodox Church) , အချက်အလက်များကို အောက်မှာ ကြည့်နိုင်ပါတယ်။
Tuesday, August 9, 2011
တကျော့တဖန် ပညာရေး၊ သမိုင်းပေးတာဝန်
မြန်မာပြည်ပြန်ပြီး လပ်စားမှု အနည်းဆုံးနဲ့အလုပ်လုပ်ချင်တယ်လို့ နိုင်ငံခြားရောက်မြန်မာများ စိတ်ကူးကြပါတယ်။ လပ်စားမှုမှာ မြန်မာနိုင်ငံက ဘိတ်ရှေ့ရောက်နေခြင်းကို သဘောမကျသော်လည်း စာပို့သမားကအစ ပိုက်ဆံ ပေးထားမှ စာပို့ပေးတဲ့အခြေအနေကြောင့် .. The Most Corrupted Country အဆင့် ရောက်နေတာကို လက်ခံ လိုက်ရပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က မြန်မာနိုင်ငံမှာ အဆင်ရဲဆုံးဝန်ထမ်းဆိုရင် ကျောင်းဆရာမများဖြစ်ပါတယ်။ ပညာရေးစနစ်ကလည်း အလွန်ဆိုးဝါးတော့ ၁၀တန်းအောင် အမှတ်တောင် မြန်မာနိုင်ငံစာ စစ်ဌာနအထိ ပြင်လို့ ရခဲ့ဘူးပါတယ်။ လပ်ပေးပြီးအမှတ်တွေယူ၊ စင်ကာပူကို ၁၀တန်းအောင်အမှတ် ထိပ်ဆုံးတွေနဲ့ Polytechnic ၀င်ခွင့်ရတဲ့ အချိန်ပါ။ အခုတော့ တိုင်းပြည်အစိုးရ ဓါတ်ငွေ၊ သယံဇာတတွေကြောင့် အစိုးရ ၀င်ငွေရလာတယ်။ သံယာ့အရေးခင်း၊ နာဂစ်၊ ဂီရိ မုန်တိုင်းများအပြီးမှာ ၁၀တန်းအောင်မှတ်အတွက် အရင်လိုလပ်ပေးမရတဲ့ အခြေအနေကို ရောက်လာပါတယ်။ (အခြေခံပညာရေးဌာန နဲ့ အုပ်ချုပ်အစိုးရကို ကျေးဇူးတင်ရမဲ့ အချက်တစ်ခုပါ။)
အခုမြန်မာပြည်မြို့ကြီးတွေမှာ ချမ်းသာနေတဲ့ တိုက်အကြီးကြီးတွေပိုင်ရှင်များကို ကြည့်လိုက်ရင် ၁၀တန်းဘော်ဒါဆောင် ဖွင့်စားတဲ့ ကျောင်းဆရာတွေ ဖြစ်နေတာ အံ့သြဘွယ်တွေ့ရပါတယ်။ သူတို့ဟာ ပိုက်ဆံဈေးကြီးကြီး တောင်းယူတယ်ဆိုပေမဲ့ သမာဇီဝနဲ့ လုပ်ကိုင်စားသူများဖြစ်ပြီး၊ သူတို့တပည့်တွေကို လပ်စားမှုနဲ့ ဝေးအောင် သင်ကြား၊ ပုံသက်သေပြနေတဲ့ ဆရာ၊ ဆရာမများ ဖြစ်ကြပါတယ်။
ဘော်ဒါကျောင်းများမှာ ၂မျိုးရှိပါတယ်။ ဂုဏ်ထူး၊အမှတ်ကောင်းရေး အဓိကထားတဲ့ ဘော်ဒါဆောင်များနဲ့ ၁၀တန်းအောင်ရေးအဓိက ထားတဲ့ ဘော်ဒါဆောင်တို့ဖြစ်ပါတယ်။ ဘော်ဒါကျောင်းသားများကို မိဘနဲ့အဆက်ဖြက်ထားပြီး၊ ဖျော်ဖြေမှုများနဲ့လည်း အဆက်ဖြက်ထားပါတယ်။ ငွေရှိတိုင်း အပြင်ထွက်သုံးခွင့်မရတဲ့အပြင်၊ အစားအသောက်များလည်း အပြင်အစာ မစားရပဲ၊ ဘော်ဒါဆောင် ချက်တဲ့အစာများကို တန်းတူညီမျှ စားသောက်ရပါတယ်။ အားလုံးကို ကျောင်းစာသင်ကြားတဲ့အခါမှာလည်း တန်းတူသင်ကြားပေးကြတယ်။
ပြင်ပလောကမှာ ဆင်းရဲ၊ ချမ်းသာ အလွန်ကွာခြားနေတဲ့ မြန်မာပြည် ၁၀တန်းဘော်ဒါဆောင်မှာ ကျောင်းသားအားလုံး အဆင့်အတန်းတူ ဖြစ်နေကြပါတယ်။ ငွေချမ်းသာတဲ့ မိဘများကလည်း မိမိသားသမီးများကို ကောင်းစွာမထိန်းနိုင်ရင် ဘော်ဒါဆောင်ကို ပို့ကြပါတယ်။
ဘော်ဒါကျောင်းဖွင့်တဲ့ ကျောင်းဆရာ၊ ဆရာများကို ဂုဏ်ပြုပါတယ်။ သူတို့ဟာ မြန်မာပြည်ကို နွံထဲက၊ ကယ်မမဲ့သူများဖြစ်ပါတယ်။ နောင် အစိုးရသစ်မှာ ထိုကျောင်းဆရာ၊ဆရာများစွာ ပါဝင်လာကြမယ်လို့ မျှော်လင့်ပါတယ်။
မိတ်ဆွေတို့ .. ဒီဘော်ဒါဆောင် ကျောင်းဆရာ၊ ဆရာမများကို ဘယ်လိုကူညီနိုင်မလဲ။ ကျွန်တော်တို့ မြန်မာပြည်ကို မစ်ရှင်ပြန်လုပ်တဲ့အခါ ပညာရေးနဲ့ပဲ အမေရိကန်မစ်ရှင်များရဲ့ အမွေအနှစ်ကို ထိမ်းသိမ်းဖို့ တကျော့တဖန် သမိုင်းပေးတာဝန် ကျရောက်လာပြီ မျှော်လင့်မိပါတယ်။
ဇော်အောင် (မုံရွာ)
မှတ်ချက်၊ စင်ကာပူ ယုဒသန်အသင်းတော်မှ ဆရာသြဂတ်စတတ်၏၊ အမေရိကန်မစ်ရှင် Baptist ပထမဆုံးနိုင်ငံခြားသာသနာပြုခြင်းသည် မြန်မာနိုင်ငံဖြစ်ကြောင်း ၊ နာဂစ်၊ ဂီရိ ပညာရေးဘော်ဒါဆောင်များ လုပ်ဆောင်နေခြင်း တရားဒေသနာများကို မှီငြမ်းရေးသားပါသည်။
Sunday, June 5, 2011
ကျွန်တော်တို့က ပျဉ်းမနား (အခု နေပြည်တော် ဒေသ) မှာ အလုပ်လုပ်ခဲ့သူတွေပဲ
စာတွေ မြောက်များစွာရေးနိုင်ပြီး စာအုပ်တွေလည်း ထုတ်ဝေနိုင်တာကို လေးစားဂုဏ်ယူပါတယ်။
ကျွန်တော်တို့က ပျဉ်းမနား (အခု နေပြည်တော် ဒေသ) မှာ အလုပ်လုပ်ခဲ့သူတွေပဲ။ ဆရာအေးငြိမ်း၊ ဆရာမအေးအေး တို့ကတော့ ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ကျွန်တော်ကတော့ ပျဉ်းမနားသကြားစက်ရုံ (၁၉၈၆-၁၉၉၀)။
ကျွန်တော်ရေးခဲ့သော ခရီးသွားဆောင်းပါးပေါင်းချုပ် .. ငွေအကုန်ကျများ၍ စာအုပ်အဖြစ် မရောက်သေးပါ။
http://www.scribd.com/doc/
USA တနှစ်တာ ဘလောက်မှာရေးခဲ့တာတွေထဲက အချို့ကို Attach လုပ်ပေးလိုက်ပါတယ်။ အထူးသဖြင့် စာမျက်နှာ ၅၁ - ၅၉ Page 51-59 မှာ ကားမောင်းတဲ့အကြောင်းနည်းနည်းရေးထားပါတယ်။ မလေးရှားမှာ ကားတ၀ီဝီမောင်းတဲ့ ဆရာမတို့ ဖနီးမောင်နှံကတော့ မလေးရှား ဂျပိုးဖြစ်လို့၊ ကားမောင်း အတွေ့အကြုံ အများကြီးရှိမှာပါ။
http://murann.com/documents/ usa.10.month.in.2008.some. pages.of.300p.pdf
ရေးတဲ့စတိုင်က ဆရာလုပ်ချင်တဲ့ပုံစံရှိပေမဲ့ စာရေးသူတို့ထုံးစံအတိုင်း စေတနာဗလပွနဲ့ရေးလိုက်တာကြောင့် အမှားတွေပါမှာပါ။ ပါတဲ့ အမှားတွေကိုလည်း ကျွန်တော့်ကို မသိသောသူများ၊ ကျွန်တော့်ကို နားလည်မယ် မျှော်လင့်ပါကြောင်း.. .
ဇော်အောင် (မုံရွာ)
ရေးတဲ့စတိုင်က ဆရာလုပ်ချင်တဲ့ပုံစံရှိပေမဲ့ စာရေးသူတို့ထုံးစံအတိုင်း စေတနာဗလပွနဲ့ရေးလိုက်တာကြောင့် အမှားတွေပါမှာပါ။ ပါတဲ့ အမှားတွေကိုလည်း ကျွန်တော့်ကို မသိသောသူများ၊ ကျွန်တော့်ကို နားလည်မယ် မျှော်လင့်ပါကြောင်း..
ဇော်အောင် (မုံရွာ)
Thursday, May 26, 2011
နှစ်ပေါင်း၃၀ကျော်ခရီး ဘုရားဘုန်းတော်ထင်ရှားစေခဲ့သည်
ဒေါင်းလုပ်ရန်လင့်။ http://murann.com/images/fbbc.sf2011.pdf
Subscribe to:
Posts (Atom)