Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, May 25, 2017

ဝိညာဉ်ရေးဘုရားအမှုတော်ဆောင်များ..အစာရှောင်ခြင်း

ဝိညာဉ်ရေးဘုရားအမှုတော်ဆောင်များ...
အလွန်အရေးကြီးသော အချိန်အခါများတွင် စုပေါင်းအစာရှောင်ခြင်းသည် တလုံးတဝတည်း ဘုရားသခင်အောက်တွင် ညီညွတ်မှုကိုရစေပါသည်။ နိုင်ငံ၊လူမျိုးအတွက် အမျိုးပြုတ်၊ တိုက်ခိုက်ခံရမည့်အခြေအနေမျိုးတွင် ခေါင်းဆောင်မှုဖြင့် တိုက်အရေးကြုံလာချိန် သမ္မာကျမ်းစာအရ စုပေါင်းအစာရှောင်ဆုတောင်းခြင်း၊လျှော်တေအဝတ်ကိုဝတ်ဆင်ခြင်း စသဖြင့်လုပ်ဆောင်ခြင်းဖြင့် ဘုရားနားညောင်းတော်မူသည်။ ကယ်မတော်မူပါသည်။ ညနေစာလုံးဝမစားပဲနေခြင်း၊ နံနက်စာ မစားပဲနေခြင်း၊ တစ်ရက်လုံး ဘာအစာမှမစားပဲနေခြင်း၊ အရည် (ရေနှင့်နို့)ကိုသာ သောက်သုံးခြင်း၊ အပြင်းထန်ဆုံးမှာ ရေနှင့်အစာ လုံးဝမစာပဲနေခြင်း စသဖြင့်အစာရှောင်ခြင်းမျိုးဖြစ်သည်။ အစာရှောင်ခြင်းနှင့်အစာငတ်ခံ ဆန္နပြခြင်းမှာ ရေနှင့်ဆီလို ခြားနားပါသည်။


သမ္မာကျမ်းစာဖြစ်ရပ်များစွာ ရှိပါသည်။
ရှင်ဘုရင်ယောရှဖတ်နှင့်က္ကုသရေလနိုင်ငံအား အင်အားများပြားလှသော ရန်သူများကဝိုင်းရံတိုက်ခိုက်ချိန် ယောရှဖတ်နှင့်တစ်နိုင်ငံလုံး အစာရှောင်ရန်အချိန်ကို ယုဒပြည်တစ်လျှောက်လုံး ကြေညာစေတော်မူသည်။ တလုံးတစ်ဝတည်း အစာရှောင်ဆုတောင်းရန် ဖိတ်ခေါ်သည်။ စစ်အင်အားမမျှမှန်းသိလျက် ရင်ဆိုင်ရန်စစ်မြေပြင်သို့ထွက်ခွာသည်။ ရန်သူတို့အချင်းချင်းတိုက်ခိုက်ပြီး အားလုံး အတုံးအရုံးသေဆုံးသွားချိန် မတိုက်ရပဲစစ်အောင်နိုင်ခဲ့သည်။ ကျေးဇူးတော်ချီးမွမ်းခြင်းကို ကျယ်လောင်သောအသံနှင့်ကြွေးကြော်ခဲ့သည်။ ၆ရာ၁၈
က္ကသရေလနိုင်ငံပြန်လည်ထူထောင်ရန် ဘာဗုလုံမြို့မှထွက်ခွာလာချိန် လမ်းတွင်တိုက်ခိုက်၊လုယက်မှုများကို ဘယ်လိုမှရှောင်နိုင်မည်မဟုတ်။ ဘုရားသခင်ကိုသာ အပ်နှံဆပ်ကပ်ပြီး လူငယ်၊ကလေး၊လူကြီးအားလုံးတို့ ချိုးခြံစွာကျင့်ခြင်းငှာ မြစ်နားတွင် အစာရှောင်ရန်အချိန်ကိုကြေငြာသည်။ အစာရှောင်၍ဆုတောင်းလျက်နေကြသည်။ ဘုရားသခင်သည် နားထောင်တော်မူသည်။ ယေရုဆလင်မြို့သို့ ရက်ပေါင်းများစွာခရီးရှည်ကြီးကို ဓါးပြ။သခိုး၊ရိုင်းစိုင်းသောလူမျိုးများရန်မှ လွတ်ကင်းစေခဲ့သည်။ ထိုသို့အောင်နိုင်ခြင်းသည် ဝိညာဉ်လက်နက် စုပေါင်းအစာရှောင်ဆုတောင်းခြင်း ကျေးဇူးဖြစ်သည်။ ဧဇရ ၈း၂၁

ဧသတာ ဝတ္တုတွင်လည်း ပါရှားပြည်ကြီးတွင် ယုဒလူမျိုး အမျိုးတုံးအောင် သတ်ဖြတ်မည့်အမိန့်စာထုတ်ခံရသောအခါ၊ ခေါင်းဆောင် မော်ဒကဲနှင့်ဧသတာတို့အားဖြင့်၊ ယုဒလူမျိုးအားလုံး ၃ရက် အစာရှောင်ဆုတောင်းခြင်း၊ လျော်တေအဝတ် ဝတ်ဆင်ခြင်းဖြင့် ထမ်ငးနှင့်ရေမစားမသောက်ကြရန် တညီတညွတ်တည်း လုပ်ဆောင်ကြသည်။ ထိုသို့အစာရှောင်ဆုတောင်းခြင်း အကျိုးမှာ ဧသတာဝတ္တုကိုဆက်ဖတ်ကြည့်ပါက တွေ့နိုင်သည်။ ရန်သူစာတန်နောက်လိုက်ဖြစ်သူ ဟာမန်နှင့်အပေါင်းအပါများသာ ပါရှားဘုရင်ကြီးက သုတ်သင်ရှင်းလင်းရန် တန်ပြန်အမိန့်စာထုတ်ခံရသည်။ ရန်သူများ ပျက်စီး၊သေကြေသွားပြီး ယုဒလူမျိုးများ အောင်မြင်ရသည်။

နိနဝေမြို့ကြီးတွင် လူများသည် ဆိုးသွမ်း၊ ရုပ်ထုကိုးကွယ်၊ တရားစီရင်၊ ဖျက်ဆီးခံရတော့မည်ဟု သိရှိသောအခါ နိနဝေမြို့သားများက နောင်တရပြီး၊ လူကြီးအပေါင်းတို့က အစာရှောင်မည့်အချိန်၊နေ့ရက်ကို ကြေညာကာ လျှော်တေအဝတ် ဝတ်ဆင်ကြသည်။ ကြိုးစား၍ဆုတောင်းကြသဖြင့် ဘုရားသခင်သည် ပြင်းပြသောအမျက်တော်ကိုပင် ငြိမ်းစေပါသည်။ နိနဝေမြို့သားများလည်း ဖျက်ဆီးခံရမည့်ဘေးမှ လွတ်ငြိမ်းချမ်းသာရခဲ့ပါသည်။ (ယောန ၃း၅)
အလားတူ ဓမ္မဟောင်းကျမ်းများတွင် ဟေရှာယ၊ ဒံယေလ၊ ယေလ စသည့် ပရောဖက်များ၏ အစာရှောင်၊ဆုတောင်းခြင်းများစွာ တွေ့ရသည်။ ဓမ္မသစ်ကျမ်းစာတွင် အစာရှောင်ဆုတောင်းခြင်း များစွာမတွေ့ရသော်လည်း သခင်ယေရှုမွေးစအချိန် အန္နအမည်ရှိ ပရောဖက်မ၏ အဆက်မပျက် အစာရှောင်၊ဆုတောင်းပေးခဲ့သည် (လု ၂း၃၇)။ ရှင်ပေါလုသည်လည်း ဒမက်သက်သွားရာလမ်းတွင် မျက်စိကွယ်စဉ်ကာလ ၃ရက်တိုင် အစာမစားပဲဆုတောင်းလျက်နေသည်။ ထိုအချိန် အာနန္နိအားဖြင့် ရှင်ပေါလုမျက်စိမှ ငါးကြေးကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိပြန်မြင်လေသည်။ သခင်ယေရှု၏ အစာရှောင်ဆုတောင်းခြင်း ကျမ်းပိုဒ်များကို မသဲ၆း၁၆တွင် အစာရှောင်သောအခါ မျက်နှာညိုးငယ်ခြင်းမ&ှိကြနှင့် .. ဟု တွေ့နိုင်သည်။

ဓမ္မသစ်ကာလ နောက်ပိုင်း
တလုံးတဝ အစာရှောင်ခြင်း၊ လူထုအစာရှောင်ခြင်းများကို တွေ့နိုင်သည်။ မက်သဒစ်အသင်းတော် အစပိုင်းတွင် မှန်မှန်အစာရှောင်ခြင်းကို ဦးစားပေးကြပါသည်။ John Wesly ကိုယ်တိုင် အစာရှောင်ခြင်းကို စည်းကမ်းတကျလုပ်ခဲ့သည်။ ဗုဒ္ဓဟူး၊ သောင်္ကြာနေ့များတွင် ညနေ၄နာရီထိ အစာရှောင်ဆုတောင်းကြသည်။

အစာရှောင်၊ဆုတောင်းရာတွင် ဆုတောင်းစာရင်းမှတ်ပြီး လုပ်သင့်သည်။ စာရင်းမှတ်ရာတွင်
၁။ မိမိဝိညာဉ်ရေးလိုအပ်ချက်များအတွက်
၂။ မိမိ မိသားစုလိုအပ်မှုများအတွက်
၃။ အသင်းတော်၏လိုအပ်မှုများအတွက်
၎။ မိမိတိုင်းပြည်၏လိုအပ်မှုများအတွက် (ဥပမာ - မြန်မာနိုင်ငံ)
၅။ လောက၏လိုအပ်မှုများအတွက် ... စသဖြင့်ဖြစ်ပါသည်။
စာရင်းမှတ်ထားမှုများကို နောင်တချိန် ပြန်လည်ကြည့်ရှုပါက ဆုတောင်းချက်များစွာ ဘုရားသခင်နားညောင်းတော်မူသည်။ ပြည့်စုံသည်ကို တွေ့ရပါသည်။


အမေရိကန်နိုင်ငံသမိုင်းနှင့်အစာရှောင်ဆုတောင်းခြင်းများ
အာဂန္တုများ အမေရိကန်ပြည်သို့ ရောက်ရှိလာစအချိန် အများစုသည် လူငယ်အမျိုးသား၊ အမျိုးသမီးများဖြစ်သည်။ ဥပမာ ၁၆၂၁ ခုနှစ်တွင် William Bradford ကို မြို့တော်ဝန်အဖြစ် ခန့်အပ်သောအခါ အသက် ၃၁နှစ်သာ ရှိသေးသည်။ Plymouth Plantation ဟုခေါ်သော Bradford စာအုပ်တွင် သူတို့၏ ဝိညာဉ်ရေးအတွေ့အကြုံများဖြင့် ဦးဆောင်သွားဖြင်း။ ခြားနားချက်များကို ပြုပြင်ပြောင်းလဲရာတွင် အာဂန္တုများက ဘုရားသခင်၏နိယာမ များဖြင့်၊ ကနဦးအသင်းတော်ပုံစံများဖြင့် စတင်ခဲ့ကြသည်။ မိမိကိုယ်ကို နှိမ့်ချခြင်း၊ ခြိုးခြံစာကျင့်သုံးခြင်း၊ အချိန်သတ်မှတ်ပြီး အစာရှောင်ဆုတောင်းခြင်းဖြင့် များစွာသောမျက်ရည်များ ကျခဲ့ကြသည်။ ဧဇရနှင့်အဖွဲ့ ယေရုဆလင်မြို့သို့ ပြန်လည်ရောက်ရှိလာသကဲ့သို့ ခံယူကြသည်။ Bradford ကိုယ်တိုင် ဖေါ်ပြသော လူထုအစာရှောင်ခြင်းတစ်ခုမှာ စိုက်ပျိုးထားသောပြောင်းပင်များ မိုးမရွာ၊ခြောက်သွေ့နေစဉ် ၁၆၂၃နွေရသီအချိန် ကိုယ်ကိုနှိမ့်ချ၊ စိတ်နှလုံးအကြွင်းမဲ့၊ ဆုတောင်းခြင်းဖြင့် အံ့သြဘွယ် တဖြေးဖြေးမိုးတစစ၊ ရွာသွန်းလာသည်ကို ဝမ်းမြောက်ဘွယ်တွေ့ရှိရသည်။ ရက်အင်ဒီယန်းများလည်း အလွန်အံ့အားသင့်သွားပြီး ကျေးဇူးတော်ချီးမွမ်းကြပါသည်။

Plymouth ကိုလိုနီတွင် ၁၆၃၆ နိုဝင်ဘာလ(၁၅)ရက်နေ့ကို မြို့ဝန်မင်းနှင့်သူ၏လက်ထောက်များသည် အစာရှောင်ကြသည်။ မိမိကိုယ်ကို နှိမ့်ချခြင်းအတွက်လည်းကောင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းအတွက်လည်းကောင်း ဥပဒေတစ်ခုထုတ်ပြန်ကာ အစာရှောင်ဆုတောင်းကြသည်။ ထိုအခြေခံအုတ်မြစ်များသည် အမေရိကန်နိုင်ငံကို နှစ် ရာပေါင်းများစွာ ယနေ့တိုင် တည်ဆောက်နေကြဆဲဖြစ်သည်။

ဂျော့ဝါရှင်တန် ပထမဆုံးသမ္မတ ကာလတွင် ဇွန်လ(၁)ရက်ကို ဘာမှမလုပ်ရသည့်နေ့အား အစာရှောင်ရာနေ့၊ မိမိကိုယ်ကို နှိမ့်ချဆုတောင်းသော နေ့ရက်အဖြစ် သတ်မှတ်လိုက်ကြသည်။ သမ္မတဂျော့ဝါရှင်တန်ကိုယ်တိုင် သူ၏နေ့စဉ်မှတ်တမ်းတွင် တစ်နေ့လုံးအစာရှောင်သည် ဟူ၍ရေးသားထားပါသည်။ သမ္မတဂျော့ဝါရှင်တန်သည် ဆုတောင်းခြင်းကိုသာ ယုံကြည်သည်မဟုတ်၊ ဆုတောင်းချက်အဖြေရရှိသောအခါ ထိုဘုရားသခင်ကို အသိအမှတ်ပြု၊ ချီးမွမ်းသည်။ အမေရိကန်ပြည်ထောင်စု၏ သမ္မတအနေနှင့် ၁၇၉၅ခု ဖေဖေါ်ဝါရီလ(၁၉)ရက်ကို နိုင်ငံတော်၏ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ဆုတောင်းခြင်းနေ့အဖြစ် ထုတ်ပြန်ကြေငြာခဲ့သည်။ ဒုတိယသမ္မတ ဂျွန်အဒမ်လက်ထက်တွင်လည်း ၁၇၉၈ခုနှစ်၊ မေလ(၉)ရက်နေ့ကို ခြိုးခြံစွာပြုသောအစာရှောင်၊ ဆုတောင်းခြင်းနေ့အဖြစ် ကြေငြာခဲ့သည်။ စတ္တုထသမ္မတ ဂျိမ်းမက်ဒီဆင် လက်ထက်တွင် ၁၈၁၅ ဇန္တဝါရီလ (၁၂)ရက်ကို ပြည်သူလူထု၊ နှီမ့်ချ၍အစာရှောင်သောနေ့အဖြစ် ကြေငြာခဲ့သည်။

သမ္မတလင်ကွန်း လက်ထက်တွင် ကျွန်စနစ်ကိုရပ်ဆိုင်းရန် ပြည်တွင်းစစ်ဖြစ်ခဲ့သည်။ (၃)ကြိမ်တိုင်အောင် သမ္မတလင်ကွန်းက အစာရှောင်ခြင်း ကြေငြာခဲ့သည်။ အမျိုးသားတစ်ရပ်လုံး တညီတညွတ်တည်း ဖြစ်ရန်အတွက် ၊ ငြိမ်သက်ခြင်းကိုပြန်လည်ထူးထောင်ရန်ဖြစ်သည်။ အိမ်ထောင်ဦးစီးအားလုံး ကြေငြာချက်တွင် တိကျထည့်သွင်းခြင်းဖြင့် အိမ်တွင်တလုံးတဝတည်း အစာရှောင်ဆုတောင်း၊ ပုံရပ်ပြသလိုက်ခြင်းဖြစ်သည်။
.
.
.
မြန်မာနိုင်ငံအတွက် အစာရှောင်ဆုတောင်းခြင်း
စစ်အာဏာရှင်စနစ်တွင် မြန်မာနိုင်ငံ၊ မှောင်မိုက်တန်ခိုး၊ ဝိညာဉ်ဆိုးများ ကြီးစိုးခဲ့သည်။ ယုံကြည်သူ ခရစ်ယာန်များစွာ နေ့ညမပျက်၊ အစာရှောင်ဆုတောင်းခြင်း များစွာ ပြုလုပ်ခဲ့သည်။ မျက်ရည်ဖြင့် ဆုတောင်းသံများကို ဘုရားသခင်နားညောင်းတော်မူခဲ့သည်။ ဆုတောင်းချက်များ ပြည့်ဝလာပြီးသည့်နောက် ကျွန်ုပ်တို့ အဆက်မပျက် ဆက်လက်ဆုတောင်းရန်လိုနေဆဲဖြစ်သည်။
.
မိတ်ဆွေတို့၏ အသင်းတော်၊ မိတ်သဟာရများ မြန်မာပြည်ခေါင်းဆောင်များအတွက် အထူးဆုတောင်းခြင်း၊ အစာရှောင်ဆုတောင်းခြင်းများ ဆက်လက်လုပ်ဆောင်သွားရန် အရေးကြီးနေဆဲဖြစ်ပါသည်။ အသင်းတော်တစ်ခုသည် မြန်မာနိုင်ငံအတွက် ဗုဒ္ဓဟူးနေ့တိုင်း နံနက်၁၂နာရီအထိ အစာမစားပဲ အစာရှောင်ဆုတောင်းခြင်းကို ယနေ့တိုင်လုပ်ဆောင်နေဆဲဖြစ်သည်။ ကချင်ပြည်နယ်စစ်ပွဲများ ရပ်ဆိုင်းရန် ငြိမ်းချမ်းရေးအတွက် တဆက်တည်းဆုတောင်းခြင်း Chain Prayers ကို ရက်သတ္တပါတ်လုံး ဆုတောင်းနေသော အသင်းတော်၊ မိတ်သဟာရ များစွားရှိပါသည်။


မြန်မာနိုင်ငံတွင် ရုတ်တရက် (2011-2017) ဖြစ်ပျက်မှုများစွာ ဖြစ်ပေါ်ခဲ့သည်။
စစ်အာဏာရှင်စနစ်မှာ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရာတွင် မြန်မာပြည်တွင်းမှာ အစိုးရမင်းများ၊ နိုင်ငံခြားမှရောက်လာသော ဝိသမလောဘ၊ ခွဲဝေယူသည့်စနစ်ဖြင့် ခရိုနီစီးပွားရေးစနစ်ကြီး ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ပြန်လှည်ဦးတည်ပေးရန် စိတ်စေတနာကောင်းရှိသော နိုင်ငံခေါင်းဆောင်များက ကြိုးစားနေကြပါသည်။

မြန်မာခေါင်းဆောင်များနှင့်လက်နက်ကိုင်များသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ၂၁ရာစု ငြိမ်းချမ်းရေးစတင်နေပါသည်။ ကချင်၊ ဝ၊ ကိုးကန့်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန် စသည့် တိုင်းရင်းသားနယ်စပ်အခက်အခဲများစွာရှိသည်။ တစ်ဦးချင်းစီ အားနည်းချက်များစွာရှိသည်။ လက်နက်ကိုင်ပဋိပက္ခများ ပြေလည်သွားမည်ဟု မျှော်လင့်သည်။ အကျိုးတူ စီးပွားရေးခွဲဝေမှု ပြည်နယ်အုပ်ချုပ်ရေး ဖွဲ့စည်းပုံအသစ်များဖြင့် တရားမျှတသော ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်ပေါ်လာဖို့ ဆက်လက်ဆုတောင်းရပါမည်။

လက်ရှိ မြန်မာပြည်တွင် ဝိသမလောဘသမားများ၏ စီးပွားရေးလုပ်ငန်းများကို ထိမ်းချုပ်ရန် နိုင်ငံတော်အစိုးရမင်းများ လုပ်ဆောင်လာဖို့ ဆိုသည်မှာ ပြည်သူလူထုအပေါင်းနှင့် ယုံကြည်သူများ ဆက်လက်ပြီး အစာရှောင်ဆုတောင်းခြင်း (ဥပုဒ်စောင်ဆုတောင်းခြင်း)ဖြင့်သာ ဘုရားသခင်နားညောင်းနိုင်မည်ဖြစ်ပါသည်။
CLC ဘာသာပြန်သော, Deriek Prince ရေးသားသည့် အစာရှောင်ခြင်းနှင့်ဆုတောင်းခြင်းဖြင့် စာအုပ်မှကောက်နုတ်တင်ပြပါသည်....။ မုရန်
.
၂၀၁၃ ဆောင်းပါးကို ၂၀၁၇ နှင့်လျော်ညီစွာ ပြန်လည်ဖော်ပြပါသည်။ 

Monday, May 22, 2017

စွဲလမ်းမှုမှလွတ်မြောက်နည်း Escape from Addiction

စွဲလမ်းမှုမှလွတ်မြောက်နည်း Escape from Addiction
တမြန်မနေ့ကသတင်း၊ ။ ရုရှား အာဏာရှင်လက်ကိုင်တုတ်၊ သူဌေးတစ်ဦး၊ Boris Berezovsky 67 နှစ်အရွယ်၊ ဘီလျှံနာ သူဌေးကြီးဖြစ်ပေမဲ့ တိုင်းပြည်ကထွက်ပြေးခြင်း၊ မိန်းမတွေရှုပ်ပြီး ငွေပြက်လို့ဗြိတိန်နိုင်ငံ ၁၂နှစ်လောက် ခြောက်ခြားမှုတွေနဲ့ အသက်ရှင်ခဲ့တယ်။ နောက်ဆုံးမှာ အင်္ဂလန်တောမြို့လေးမှာ စည်းစိမ်ဥစ္စာအားလုံးဆုံးရှုံးပြီး၊ စိတ်ဓါတ်ကျ၊ သေဆုံးရရှာတယ်။
.
.
ငွေကိုစွဲလမ်းခြင်း
ဆရာဦးအောင်သက်ညွန့် ..ဓမ္မပညာအထောက်အကူပြုလစဉ် မေလ၂၀၁၃မှာ ငွေချမ်းသာမှုကို ရေးထားပါတယ်။
လူသည် ဆင်းရဲဒဏ်ကိုခံနိုင်သည်။
ချမ်းသာဒဏ်ကို မခံနိုင်ဟု ဆိုကြသည်။ ထိုစကားသည် လောကသားများအတွက် မှန်နိုင်သော်လည်း နှုတ်ကပတ်တော်ကို ယုံကြည်သောသူများအတွက် မမှန်ကန်ပါ။
.
၂၀၀၃ခုနှစ်မှ ၂၀၁၁ခုနှစ် ၈နှစ်ကာလအတွင် တရုပ်ပြည်မှ ကုဋေကြွယ်သူဌေး ၇၂ဦးအကြောင်း သုတေသနပြုမှန်တမ်းကို ဂျာနယ်တစ်ခုတွင် ဖော်ပြထားပါသည်။ သူဌေးကြီးများ ဇတ်သိမ်းအကြောင်း ဖော်ပြချက်၌ ၁၅ဦး အသတ်ခံရသည်။ ၁၇ဦးက မိမိကိုယ်ကို သတ်သေကြသည်။ ချမ်းသာမှုက လူကို စိတ်ချမ်းသာမှုမပေးပါ။ ၇ဦးက သင်္ကာမကင်းဘွယ်သေဆုံးရသည်။ ၁၄ဦးက ရာဇ၀တ်မှုကြောင့် အဖမ်းခံရကာ သေဒဏ်ပေးခံလိုက်ရသည်။ ၁၉ဦး ရောဂါဆိုးနှင့်သေကြသည်။ အကြောင်းမှာ ကြွယ်ဝ၍အရက်သောက်၊ ဆေးလိပ်သောက်၊ မတရားမေထုန်လိုက်စားပြီး သေကြရသည်။ ၇၂ဦးစလုံး ဇတ်သိမ်းမလှကြပါ။ ထိုငွေကို ဘုရားသခင် ခံစားခွင့်ပေးခြင်းသည် သူတို့က အခြားသူများကို ဝေငှပေးဖို့ဖြစ်ကြောင်း သူတို့မသိလိုက်ကြပါ။
.
အမေရိကန်ပြည်ရှိ သန်းကြွယ်သူဌေးများစွာထဲမှာ တစ်ဦးအကြောင်း ဆင်ခြင်လိုပါသည်။ သူသည် တစ်နာရီလုပ်ရာတွင် လေးပြားရသည်။ သူတို့တိုင်းပြည်၌ တစ်နေ့ရှစ်နာရီလုပ်ရသည်။ ၃၂ပြားရသည်။ သူက ဆယ်ဖို့တစ်ဖို့ပေးဖို အဆင်မပြေ၍ သူ၏သူဌေးအား ၂နာရီတိုးပြီး လုပ်ရဖိုပြောသည်။ သူဌေးက သူ့ကို အိုဗာတိုင်ကြေးမပေးနိုင်ဟု ပြောသည်။ သူက မပေးပါနှင့်၊ အလုပ်သာပေးလုပ်ပါ..ဟု ဆိုသဖြင့် သူဌေးက ပေးလုပ်ပါသည်။ ထိုအခါ သူက ၁၀နာရီလုပ်သဖြင့် လုပ်အားခတွက်ပါက ၄၀ပြားရသင့်၍ ဆယ်ဖို့တစ်ဖို့ ၄ပြား လှုပါသည်။ အချိန်ပိုလုဒပ်ရသော်လည်း မခိုမကပ်ပဲ နေပူထဲလုပ်သဖြင့် အလုပ်ရှင်က သူ့အားခေါ်ပြီး ဘုရားသခင်ကို ယုံကြည်သောသူ၊ ဘုရားဘုန်းရှိသောသူများသည် လူပျင်းများမဟုတ်ကြပါ။ ထိုလူငယ်ကလေးသည် တနာရီ၎ပြားမှ တစ်ပတ်တွင် ဒေါ်လာ၂၀ရသောသူ ဖြစ်လာသညပ်။ သူသည် နောင်တချိန်တွင် သန်းကြွယ်သူဌေး လက်ချိုးရေတွက်ရသည့် အချိန်ကာလက သန်းကြွယ်သူဌေးဖြစ်လာပြီး တစ်နှစ်တစ်နှစ် ကမ္ဘာကြီးကို ဒေါ်လာသန်း၇၅၀ လှုနိုင်သူဖြစ်လာသည်။ ထိုသူဌေးကြီးသည် အသက်၉၇နှစ် အသက်ရှည်ပြီး သွားတစ်ချောင်းမှမကျိုးပါ။ ထိုပုဂ္ဂိုလ်ကြီးမရှိသည့်နောက် သူ့သားစဉ်မြေးဆက်ကလည်း ကမ္ဘာကြီးကို ဆက်လက်အကျိုးပြုနေဆဲဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီးကား အမေရိကန်သူဌေးကြီး ဂျွန်ဒီရောက့ကီဖယ်လာ ဖြစ်သည်။ သူသည် ဘုရားသခင်၏ ဘုန်းထင်ရှားအောင် အသက်ရှင်ခဲ့သလို သားစဉ်မြေးဆက်ကိုလည်း အမွေပေးခဲ့ပါသည်။
.
.
ရွှေကိုစွဲလမ်းခြင်း
မြန်မာပြည်လေယာဉ်ခရီးအတွက် ကီလိုအရောင်းအ၀ယ်ခေတ်စားပါတယ်။ တစ်ကီလို ၅ဒေါ်လာကနေ ၁၀ဒေါ်လာအထိ အရောင်းအ၀ယ်ဖြစ်ပါတယ်။ လူကိုခင်ပါတယ်။ ကီလိုလက်ဆောင်ပစ္စည်းပေးခြင်း သည်းခံပါတဲ့..။ ရွှေတစ်ကီလိုဘယ်လောက်တန်ပါသလဲ...။ တစ်ကီလိုဟာ ၄၄ကျပ်သားရှိပြီး၊ ရွှေတစ်ကျပ်သား ၇သိန်းဈေးပေါက်တော့ ရွှေတစ်ကီလို ကျပ် ၃၀၈သိန်း ဈေးရှိပါတယ်။ မြန်မာပြည်ပြန်လို့ ရတဲ့ ကီလို၂၀ကို ရွှေချည်းသယ်ရမယ်ဆိုရင် ကျပ်သိန်း၆ထောင် (S$600,000 ဒေါ်လာ၆သိန်း) ရှိပါတယ်။ အများကြီးပဲ တစ်သက်စားမကုန်တဲ့ Gold Bar ၊ ကီလို၂၀ကို ကျောပိုးအိပ်ထဲမှာ အသာလေးထည့်လို့ရပါတယ်။ ရွှေက သံထက် ၃ဆလောက် ပိုလေးတော့ ရွှေကီလို၂၀အထုတ်က သေးသေးပါ။ တော်တော်လေးပါတယ်။ ရွှေဘားတွေ အများကြီးတွေ့ဖူးသူတွေကတော့ ဘဏ်ဝန်ထမ်းတွေ၊ လုံခြုံရေးတွေဖြစ်ပါတယ်။ အရံရွှေဆိုပြီး နိုင်ငံအစိုးရဘဏ်များမှာ သိမ်းထားပါတယ်။ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ ရွှေပြားတွေ၊ ရွှေခဲတွေပါ။ စင်ကာပူ၊အမေရိကားတွေမှာ နှစ်ပေါင်းများစွာလုပ်ကိုင်ပြီး အိမ်တစ်လုံးအပြီးပိုင်သွားသူတွေ တော်တော်များများရှိပါတယ်။ တချို့အိမ်တန်ဖိုးက ဒေါ်လာ၆သိန်းလောက် တန်တယ်ဆိုတော့၊ ရွှေ ကီလို၂၀လောက် ပိုင်တာပေါ့။ သေတဲ့အထိ ဒီငွေကို ဆုတ်ကိုင်ထားလေ့ရှိတာ လူ့ဗီဇပါ။ ပိုင်ဆိုင်မှုမရှိရင် လူမလေးစားဘူးလို့ ခံယူကြတယ်။ ဒီတော့ ပစ္စည်းဥစွာစွဲလမ်းမှု လူတိုင်းမှာရှိတော့ အပြစ်မဟုတ်ဘူး ပြောနိုင်ပါတယ်။ ဒါပေမဲ့ အပြစ်ကအပြစ်ပါပဲ။
.
လူ့ဖြစ်လာရင် အစွဲအလမ်းတွေရှိပါတယ်။ စွဲလမ်းမှုကို ချွတ်ပစ်တဲ့နည်းလမ်းများ
- အစာစွဲလမ်းမှု.. အရသာမရှိအောင်လုပ်ပစ်ခြင်း
- မျက်စိစွဲလမ်းမှု ... မမြင်ရအောင် ဝေးဝေးနေခြင်း
- အနံ့ စွဲလမ်းမှု ... ဝေးဝေးရှောင်
- အထိတွေ့စွဲလမ်းမှု၊ ...ဝေးဝေးရှောင်
- မေထုံစွဲလမ်းခြင်း ... လူသေ၊အသုဘ
- မူရစ်ဆေး၊အရက် .. ဆေးဖြက်နည်းမျိုးစုံ
- ငွေစွဲလမ်းမှု ...ပေးကမ်းခြင်း
အစားစွဲလမ်းခြင်းက သိပ်အရုပ်မဆိုးပေမဲ့၊ အချစ်၊ တဏှာရာဂ၊ မူးရစ်ဆေး၊ ငွေ၊ အာဏာ စွဲလမ်းမှုတွေက အရုပ်ဆိုးစေပါတယ်။ ပညာစွဲလမ်းခြင်း၊ အပေါင်းသင်းစွဲလမ်းခြင်း၊ ၀ါသနာပါတဲ့အလုပ်တခု စွဲလမ်းခြင်း၊ အင်တာနက်၊ ဖေ့စ်ဘုတ် ..စသည်များလည်း လွန်ကျူးလာရင်၊ မိမိနဲ့ကိုယ့်အပေါင်းသင်းများကိုပါ ထိခိုက်စေပါတယ်။

စွဲလမ်းမှုကို ဖျောက်တဲ့နည်းတွေကတော့ .. အများကြီပါ။ သို့သော်အထက်ပါနည်းများလည်း မထိရောက်ပါ။
.
.

လွတ်မြောက်ခြင်း ကတော
ပိုပြီးစွဲလမ်းစရာတစ်ခုကိုတွေ့သွားခြင်း ပါပဲ။
အရက်ဖြက်ဖို့၊ ဆေးလိပ်သောက်၊ ဆေးလိပ်စွဲတော့ ကွမ်းနဲ့ဖြတ် .. ဒီလိုနဲ့ပဲ စွဲလမ်းမှုသံသရာအောက်က ရုန်မထွက်နိုင်ပါဘူး။ သာ၍ကောင်းသော စွဲလမ်းစရာတစ်ခု တွေ့သွားရင်ကော...။ ဥပမာ ..ဘုရားစွဲလမ်းခြင်းကော.. ကောင်းသလားမေးရင်.. ဘုန်းကြီး၊ သီလရင် အပြီးဝတ်နိုင်ရင် ကျွတ်ပြီလား ..ဆိုပြန်တော့ မဟုတ်ပြန်ဘူး။ သူများကို ပြန်လည်သွန်သင်၊ တရားကိုဖြန့်ဝေနိုင်ခြင်း (ခရစ်ယန် ဧ၀ံဂေလိ) လုပ်ခြင်းဟာ ဘုရားနဲ့မိတ်သဟာရ မှန်ကန်သူလို့ပြောရပါတယ်။ မှန်ကန်တဲ့ ဘုရားဝတ်နဲ့မွှေ့လျှော်သူဟာ အစွဲအလမ်းအားလုံးကို ချွတ်နိုင်ပါတယ်။ ကိုယ်ကိုယ်ကို ငြင်းပယ်ခြင်း၊ ဘုရားထံဆပ်ကပ်အပ်နှံလိုက်ခြင်း ... အဆင့်ရောက်သွားရင်။ ဘုန်းကြီး၊ သီလရင် မဟုတ်ပေမဲ့ ဘုရားဘုန်းတော်ထင်ရှားစေသူများ ဖြစ်ပါတယ်။ တချို့ လည်း ပိုင်ဆိုင်သမျှကို ဇနီး၊သားသမီးများပေးပစ်ပြီး သူကတော့ ဘုရားဝတ်နဲ့မွေ့လျှော်ပြီးနေပါတယ်။ ဒါပေမဲ့ ဇနီးသားသမီးမှာ ကိုယ်ပေးအပ်ခဲ့တဲ့ ပိုင်ဆိုင်မှုတွေနဲ့ ကားကားကြီးကျန်နေတာ အကုသိုလ်ပေးသလိုဖြစ်နေပါတယ်။ သူများကိုလျှောက်ပေးကမ်းလှုဒါန်းနေလဲ စွဲလမ်းမှုများ မပျောက်နိုင်ပါဘူး။

ဒါကြောင့် ဘုရားဝတ်၌မွေ့လျှော်ခြင်းဖြင့်သာ စွဲလမ်းမှုကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ တကယ်စွဲလမ်းမှုပျောက်သွားသူများဟာ အသက်ရှင်နေရတာကို အရမ်းကျေနပ်နေပါတယ်။ နောင်ဘ၀အတွက်လည်း စိတ်ချနေပါတယ်။ မိမိဒီအဆင့်ရောက်ပါပြီလား...?
.
.
ကျမ်းပိုဒ်။ ၁တိမောသေ ၆း၉-၁၀
ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြသည်။ ထိုသို့သော သူတို့ကို ရှောင်လော့။ ရောင့်ရဲသော စိတ်ပါလျှင် ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။ အကြောင်းမူကား ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှ မပါပဲ လာသည်ဖြစ်၍ ထွက်သွားလျှင်လည်း အဘယ်အရာမျှ ယူမသွားနိုင်ကြဟု ထင်ရှားလျှက်ရှိ၏။ သို့ဖြစ်၍ စားရန်၊ ၀တ်ရန် ရှိသမျှနှင့် ရောင့်ရဲလျှက် နေကြကုန်အံ့။ ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်၏။ ထိုသို့ သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်ဆီးခြင်း၌ နစ်မွမ်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကိုတပ်မက် ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။

Thursday, February 23, 2017

Buddhist law, one wife law in Myanmar

In Singapore, leader Mr. Lee Kuan Yew implemented a law. Result is last 60 years ago, Muslim 15% and now also Muslim 15%, same same percentage.  Similarly, Japan government also prevented local religion by law.

In Myanmar, last government gave favour to Ma.Ba.Tha (leftist Buddhist) and implemented a
Buddhist law, one wife law. That law indent to prevent Buddhist woman not to marry other religion. Result is wonderful. Almost 100 law suit filed for Buddhist couple who made adultery.

စင်ကာပူမှာ လွန်ခဲ့တဲ့နှစ်၆၀ ကလည်း မွတ်ဆလင်၁၅%၊ အခုလဲ ၁၅% ..တိုးပွားမလာတာ ဥပဒေပညာရှင် လီကွမ်းယူ ကိုလေးစားစရာပါ။ အလားတူ ဂျပန်နိုင်ငံမှာလဲ ဥပဒေနဲ့ မွတ်ဆလင်တိုးပွားခြင်းကို ကာကွယ်ထားပါတယ်။
.
မြန်မာနိုင်ငံမှာ မ.ဘ.သ ကောင်းစားတဲ့ခေတ်မှာ မျိုးစောင့်ဥပဒေ၊ တလင်တမယားဥပဒေ ပြဌာန်းခဲ့တယ်။ အခြားဘာသာဝင်လူဦးရေ မတိုးပွားဖိုက ရည်ရွယ်ချက်ပါ။ အခု ၃နှစ်လောက် ကြာတော့ ...ဒိဥပဒေအရ တရားစွဲခံရသူများက ဗုဒ္ဓဘာသာဝင် မြန်မာတွေချည်းဖြစ်နေပါတယ်။ အမှု၁၀၀ လောက်ရှိမယ်။
.
တလင်တမယား ဥပဒေကို ခရစ်ယာန် ဥပဒေပညာရှင်တဦးက ပို့ချ၊ အပြန်လှန်ဆွေးနွေးကြပါတယ်။ ရှင်းရှင်းပြောရရင် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းကလေးတွေကို အခြားဘာသာဝင်နဲ့ လက်မထပ်ရ .. လက်ထပ်ရင် အလွန်ခက်ခဲစေတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကြောင့် မှတ်ပုံတင်မှာ မိန်းကလေးက ဗုဒ္ဓဘာသာ ရေးထားရင်.. အုပ်ချုပ်ရေးမှုးတွေ .. လက်ထပ်စာချုပ်လုပ်ပေးခွင့်ရှိသူတွေက ..လက်ထပ်မပေးတော့ဘူး။ တရားဝင် ဘာသာကူးပြောင်းခိုင်းတယ်။ ဒီတော့ လက်မထပ်ပဲ အတူနေလိုက်တယ်ပေါ့။
.
ပတ်ဝန်းကျင်ကလဲ လင်မယားလို့ အသိအမှတ်ပြုပါတယ်။ ကလေးရှိလာသည်ဖြစ်စေ မရှိသည်ဖြစ်စေ.. အိုအောင်ပေါင်းသင်းသွားရင်တော့ အိုကေပေါ့။ ကလေးမွေးစာရင်းမှာ ဖခင်အမည် ထည့်ပေးလိုက်တော့ ခလေးတွေအဖိုက အမွေရနိုင်တယ် ဆိုပေမဲ့၊ ဇနီးသည်အဖို့တော့ ..ခင်ပွန်းလုပ်စာ စားနေရတဲ့ မိန်းမဆိုရင် အကယ်၍ ကွာရှင်းမယ်ဆိုရင် ဘာမှ ခံစားခွင့်မရတော့ပါဘူး။ တရားဝင် လက်ထပ်ထားတာမှ မဟုတ်ပဲကိုး။
.
ဒီပြသနာ တရားမဝင်ပဆိုးတန်းတင် လင်မယားဖြစ်တာ၊ ဗုဒ္ဓဘာသာမှာ တလင်တမယား လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မိန်းမ၊ကလေး အကြမ်းဖက်မှုတွေမှာ ဆိုးဝါးစွာ တွေ့နေရပါတယ်။
ခရစ်ယာန်တွေကတော့ သခင်ယေရှုခေတ် လွန်ခဲ့တဲ့ နှစ်၂ထောင်ကတည်းက တလင်တမယား စနစ်ဖြစ်လို့ အမျိုးသမီးတွေ အခွင့်ရေးမဆုံးရှုံးပါဘူး။
.
.
မွတ်ဆလင်လူဦးရေမတိုးရေး
ဒိအတွက်ပဲ မျိုးစောင့်ဥပဒေ၊ တလင်တမယားဥပဒေတွေ ပြဌာန်းပါတယ်။ မွတ်ဆလင်တွေမှာ အများစုက အေးချမ်းစွာနေကြပေမဲ့ အကြမ်းဖက် အိုင်အက်စ် မွတ်ဆလင်များ မြန်မာနိုင်ငံတွင်းမှာ ခြေကုတ်မယူနိုင်အောင် ဒိဥပဒေတွေ ပြဌာန်းခြင်းပါ။
ကိုယ့် ခရစ်ယာန်အကြောင်းပဲ ဆက်ရေးပါတယ်။
.
.
ခရစ်ယန်ဓမ္မဆရာ၊ သူ့မှတ်ပုံတင်မှာဗုဒ္ဓ ..
ဒိပြသနာကတော့ ခရစ်ယန်ဓမ္မဆရာ၊ ဧဝံဂေလိဆရာ၊ သင်းအုပ်တွေမှာ သိပ်ဂရုမစိုက်တဲ့ ဖြစ်ရပ်ပါ။ ယုံကြည်ခြင်းဆိုတာ မှတ်ပုံတင်စာရွက်ပေါ်မှာ မဟုတ်ဘူး၊ နှလု့းသားမှာ ဝိညာဉ်ရေးဖြစ်တယ် ..လို့ ခံယူထားကြပါတယ်။ မှန်လဲ အလွန်မှန်ပါတယ်။ ပညာတတ်တဲ့ ဓမ္မဆရာများကတော့ မှတ်ပုံတင်ထဲက ကိုးကွယ်ဘာသာ ဗုဒ္ဓ ဆိုတာကို ခရစ်ယန် လို့ ပြောင်းပစ်ဖို့ကြိုးစားပေမဲ့ အင်မတန်မလွယ်လို့ လက်လျှော့ ထားရပါတယ်။ (ဟိုး ခရစ်ယန်များတဲ့ ကချင်ပြည်နယ်၊ လ.ဝ.က မှာ ပိုင်အောင်ပေါင်းပြီး ပြောင်းရင်တော့ ရနိုင်ပေမဲ .. အရေးကြီးတဲ့ လ.ဝ.က၊ အခွန်ဌာန တွေမှာ မြန်မာ၊ ဗုဒ္ဓတွေပဲ ခန့်ထားခဲ့တဲ့ စစ်အာဏာရှင်စနစ်ကြောင့် သိပ်တော့မလွယ်လှပါ)။ ဒါကြောင့် မှတ်ပုံတင်က ဗုဒ္ဓ ဆိုတာ စာရွက်ထဲမှာပဲ ရှိပါစေ။ ဒီအတွက်လဲ စိတ်ညစ်မနေသင့်သလို အပြစ်တင်ပြောဆိုတဲ့ ဘလိုင်းခရစ်ယန်တွေကိုလဲ ဂရုစိုက်စရာမလိုပါ။
.
မှတ်ပုံတင်မှာ လူမျိုး၊ ကိုးကွယ်ဘာသာ တွေကို မြန်မာနိုင်ငံက သုံးနေပါတယ်။ လူမျိုးဆိုရင် ဖခင်လူမျိုးက ရှေ့ဆုံးမှာ၊ မိခင်လူမျိုးက နောက်မှာ ရေးပါတယ်။ ဘာသာ ကိုတော့ လ.ဝ.က အရာရှိတွေက မိဘတယောက်က မြန်မာဆိုရင် ဗုဒ္ဓ လို့ ကောက်ရေးလေ့ရှိပါတယ်။ ရေးပြိးရင် ပြောင်းဖို့မလွယ်တော့ပါ။ နိုင်ငံတကာမှာတော့ မှတ်ပုံတင်မှာ လူမျိုးပဲ ပါပါတယ်။ ကိုးကွယ်ဘာသာ မပါရှိပါ။ လူမျိုးတောင် တခုပဲ ရေးရပါတယ်။ မြန်မာနိုင်ငံမှာတော့ "ကရင်၊မြန်မာ၊ချင်း၊ဂျာမန်" .. ဆိုပြီး ၄ခုရေးထားတာတွေ့ဖူးပါတယ်။ (ရယ်စရာ)။ ဘာပဲဖြစ်ပစေ.. မှတ်ပုံတင် ကဒ်ပြားမှာပဲ ဗုဒ္ဓ ဖြစ်ပေမဲ့ နှလုံးသားကတော့ ပြောင်းလဲနေပါတယ်။
.
.
ခရစ်ယန်များ ဘာဆက်လုပ်ရမလဲ...
ဒိဥပဒေကို ပြင်ဆင်ဖို့ အခုအစိုးရသစ်မှာ ကြိုးစားကြပေမဲ့ ဒီထက်အရေးကြီးတာတွေ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ..စတဲ့ အရေးကြီးပြသနာများကြောင့် တလင်တမယားဥပဒေ၊ မျိုးစောင့်ဥပဒေ တွေ ပြင်ဆင်ဖို လွှတ်တော်မှာ မဖြစ်နိုင်သေးပါ။ ခရစ်ယန်များ နိုင်ငံတော်အာဏာဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားရေး၊ ဥပဒေပြုရေး နဲ့ စစ်ရေး(တပ်မတော်) တွေမှာ ပါဝင်ခွင့်ရလာဖို့ပါ။ အခု အစိုးရသစ်မှာ အုပ်ချုပ်ရေး ခရစ်ယန်များ ဒုသမ္မတ၊ ဝန်ကြီးချုပ်၃ယောက် ရှိနေပြီ ဖြစ်ပါတယ်။ ဒီတော့ ခရစ်ယန် များပြားတဲ့ ကချင်၊ ဧရာဝတီ၊ ကရင်ပြည်နယ်တွေမှာ ခရစ်ယာန်ဥပဒေပညာရှင်များ နေရာရဖို့ လိုပါတယ်။
.
ဥပဒေဘွဲ့ရပြီး လုပ်သက်ရ၊ မှတ်ပုံတင်ထားမှ ရှေ့နေဖြစ်လာပါတယ်။ ရှေ့နေလုပ်သက်များပြီး တရားရုံးတက် အတွေ့ကြုံများမှ တရားသူကြီးဖြစ်မယ်။ ဥပဒေပညာရှင်ဖြစ်မယ်။ တရားသူကြီး အတွေ့အကြုံများမှ ပြည်နယ်တိုင်း တရားသူကြီးချုပ် ဖြစ်မယ်။ (သို့မဟုတ်) ဥပဒေပြုလွှတ်တော်မှာ ပါဝင်နိုင်မယ်။
.
လောလောဆယ်တော့ မြန်မာနိုင်ငံရဲ့ ဥပဒေတွေက ရှုပ်တွေးနေပြီး၊ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်တွေလည်း တပုံကြီးဖြစ်ပါတယ်။ တရားဥပဒေလဲ မစိုးမိုးတော့ တရားရုံးနဲ့ ရဲတပ်ဖွဲ့မှာ အမှုဖွင့်လို့လဲ မလွယ်ပါဘူး။ ဒါကြောင့် ရပ်ကျေး စည်ပင် (သို့မဟုတ်) အုပ်ချုပ်ရေးမှုး (သို့မဟုတ်) လယ်ယာမြေကော်မတီ၊ အခွန်ကော်မတီ တွေကို တိုင်စာမှန်ကန်စွာပို့၊ တဆင့်မရရင် တဆင့်တက်ရင်း။ ဝန်ကြီးချုပ်၊ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အထိ တိုင်လို့ရနေပါပြီ။ မီဒိယာကိုလဲ အားကိုးရပေမဲ့ မီဒိယာက မထိရောက်တော့ပါဘူး။ တရားတဘောင်ဖြစ်လာမယ်..အိမ်ခြံမြေ၊ လယ်ယာမြေ ပြသနာဖြစ်လာရင် ..ပေါက်ရောက်တဲ့ အုပ်ချုပ်ရေး၊ တရားရေး အရာရှိတွေကို ပြေးကပ်နေရဆဲပါပဲ...။ (လာပ်ပေးပါ မဆိုလိုပါ)။ ၂၀၁၇ ခုနှစ်မှာပါ။

Friday, May 24, 2013

မိမိဘ၀အတွက် မှန်ကန်သောမိတ်ဆွေဖွဲ့မှု တည်ဆောက်ခြင်း

(အပိုင်း ၁)
အထီးကျန်ခြင်းသည် အလွန်အဖြစ်များလှသောပြသနာဖြစ်သည်..ဟုဆိုကြသည်။ တကမ္ဘာလုံး အထီးကျန်ပုဂ္ဂိုလ်များနှင့် ပြည့်နှက်နေလေသည်။ ဘာကြောင့်လဲဟု မေးပါက ကျွန်ုပ်တို့တွင် မိတ်ဆွေစစ်မရှိသောကြောင့်ဖြစ်ပေသည်။

ဘာကြောင့် ကျွန်ုပ်တို့ မိတ်ဆွေစစ် အလွန်လိုအပ်နေရပါသလဲ။ အကြောင်းမှာ ကျွန်ုပ်တို့သည် မိတ်ဆွေဖြစ်ခြင်းနှင့်မိတ်သဟာရဖြစ်ခြင်းတို့ လိုအပ်သောကြောင့်ဖြစ်သည်။ လူကိုဖန်ဆင်းသော ဘုရားသခင်က  တစ်ဦးတည်းရှိခြင်းသည်မကောင်းပါ ..ဟု

Monday, May 20, 2013

လိင်ဖောက်ပြန်ခြင်းနှင့်လိင်တူ ဘုရားမကြိုက်

မိမိဘ၀အတွက် အပြစ်များကို ၀န်ချတောင်းပန်ခြင်း၊ ဘုရားထံဆပ်ကပ်အပ်နှံခြင်း ပြုလုပ်လိုသူများအတွက် စွဲလမ်းမှုအားလုံးကို ဘုရားစွဲလမ်းမှုနဲ့လမ်းလွှဲပစ်တဲ့နည်းဖြစ်ပါတယ်။

လိင်ဖောက်ပြန်ခြင်း
အိမ်ထောက်ရှိသောယောင်္ကျားတစ်ယောက်သည် ဇနီးမဟုတ်သော အခြားမိန်းမတစ်ဦးနှင့် လိင်ဆက်ဆံခြင်းဟု အဓိပ္ပါယ်သတ်မှတ်သည်။ ဘာသာရေးနှင့်ဥပဒေပိုင်းဆိုင်ရာတွင် ကွဲပြားမှုများစွာရှိသည်။ လူသမိုင်းအဆက်ဆက်တွင် လိင်ဖောက်ပြန်ခြင်းသည် ကြီးလေးသောပြစ်မှုဟု လူအမျိုးမျိုးတို့၏ ယဉ်ကျေးမှုများတွင် သတ်မှတ်သည်။ ထိုဖေါက်ပြန်မှုဖြင့် လင်မယားကွာရှင်းခွင့်ရှိသည်။ မိသားစု၊ သားသမီးနှင့် လူမှုရေးများကို ဆိုးကျိုများကျရောက်လာနိုင်သည်။ လိင်ဖောက်ပြန်ခြင်းကို တရားဥပဒေဖြင့် ပြစ်မှုသတ်မှတ်ထားသော နိုင်ငံများတွင် ပြစ်ဒဏ်မှာ ဒဏ်ငွေမှ သေဒဏ်အထိ ရှိသည်။ ၂၁ရာစုတွင် အပြစ်ပေးမှုမှာ ကိုယ်ဝန်ဖျက်ချခြင်းဥပဒေကြောင့် ရှုပ်ထွေးလာသည်။

ခရစ်ယာန်ဘာသာ
လိင်ဖောက်ပြန်ခြင်းသည် လူ့ကျင့်ဝတ်ပျက်ခြင်းဖြစ်ပြီး၊ အပြစ် ဖြစ်သည်ဟု ဆိုသည်။ ၁ကော၆း ၉-၁၀.  ပညတ်တော်၁၀ပါးတွင် နံပါတ်၆ တွင် သူတပါးမယားအားမပြစ်မှားရ ဟု ပါရှိသည်။ သခင်ယေရှုက ပိုပြီးပြင်းထန်သည်။ မဿဲ၆း၂၈တွင် စိတ်ဖြင့်ပြစ်မှားသည်ကိုပင်လိင်ဖေါက်ပြန်ခြင်းဟု

Thursday, May 9, 2013



စွဲလမ်းမှုကိုဖြေဖျောက်နည်း Addiction
တမြန်မနေ့ကသတင်း၊  ။ ရုရှား အာဏာရှင်လက်ကိုင်တုတ်၊ သူဌေးတစ်ဦး၊ 
Boris Berezovsky 67 နှစ်အရွယ်၊ ဘီလျှံနာ သူဌေးကြီးဖြစ်ပေမဲ့ တိုင်းပြည်ကထွက်ပြေးခြင်း၊ မိန်းမတွေရှုပ်ပြီး ငွေပြက်လို့ဗြိတိန်နိုင်ငံ ၁၂နှစ်လောက် ခြောက်ခြားမှုတွေနဲ့ အသက်ရှင်ခဲ့တယ်။ နောက်ဆုံးမှာ အင်္ဂလန်တောမြို့လေးမှာ စည်းစိမ်ဥစ္စာအားလုံးဆုံးရှုံးပြီး၊ စိတ်ဓါတ်ကျ၊ သေဆုံးရရှာတယ်။

ငွေကိုစွဲလမ်းခြင်း
ဆရာဦးအောင်သက်ညွန့် ..ဓမ္မပညာအထောက်အကူပြုလစဉ် မေလ၂၀၁၃မှာ ငွေချမ်းသာမှုကို ရေးထားပါတယ်။
လူသည် ဆင်းရဲဒဏ်ကိုခံနိုင်သည်။

Tuesday, March 26, 2013

အစ္စရေး၊အာရပ်၊အိုဘားမား-မြန်မာ (Religious Knowledge)



အခုရေးမဲ့ အာရပ်နဲ့အစ္စရေး အရေးအခင်းဆိုတာ လူမျိုးရေးပါ။ နောက်ပိုင်းမှာ ဘုရားတစ်ခုတည်းကို လူမျိုး၂ခုက သူတို့ခံယူချက်တွေနဲ့ဆက်စပ်ပြီး ဂျူးနဲ့ခရစ်ယာန်များက တဖက်၊ မူဆလင်များကတဖက် ရာဇ၀င်တွင်အောင် ပြသနာဖြစ်နေခဲ့တာ အခုမှမဟုတ်ပါ။ မြန်မာပြည်ဟာ နတ်ကိုးကွယ်တဲ့လူမျိုးများနေထိုင်ခဲ့ရက ခရစ်သက္ကရာဇ် ၉၀၀လောက်မှာ ဗုဒ္ဓဘာသာရောက်ရှိလာတဲံနိုင်ငံဖြစ်ပြီး၊ AD1500 လောက်မှာ မူဆလင်၊ ခရစ်ယန်၊ဂျူးများ ဘာသာဝင်များ လာရောက်အခြေချခဲ့ပါတယ်။ အထူးသဖြင့် မူလဘာသာမရှိတဲ့ ဘာသာမဲ့သူများ၊ တောင်ပေါ်သားများ၊ နတ်ကိုးကွယ်သူများဟာ ဗုဒ္ဓ၊ခရစ်ယန်၊မူဆလင် စတဲ့ဘာသာဝင်များဖြစ်လာပါတယ်။ အခုချိန်မှာတော့ Free Thinker ဆိုတဲ့ ဘာသာမဲ့ (သိုမဟုတ်) ဘာသာစုံ လူတန်းစားတစ်ခုလည်း အဟုန်ပြင်းစွာနဲ့ ပေါ်ထွက်နေပါတယ်။

မြန်မာနိုင်ငံမှာ လူများစုဖြစ်တဲ့

Tuesday, March 29, 2011

ဘုရားနှင့်လူတို့၏ ယုံကြည်ခြင်း Faith & Trust


Respect earned - လူလေးစားခံရခြင်း ဆိုတာ မိမိရဲ့လုပ်ရပ်များရဲ့ ရလဒ်ဖြစ်ပါတယ်။

သက်သေခံချက်
ကျွန်တော့်အလုပ်သစ်ကို ရောက်တဲ့အချိန် တစ်လလောက်အကြာမှာ လူငယ်တစ်ဦး မလေးမစား၊ ဆက်ဆံခြင်းခံရပါတယ်။ မနက်စောစော ကုမဏ္ဍီကနေ သင်္ဘောကျင်းဆီ သွားဖို့ ပြင်နေချိန်ပါ။ အင်ဂျင်နီယာဖြစ်တဲ့ ကျွန်တော်ထိုင်ရမဲ့ ကားရှေ့ခန်းကို ဒီလူငယ်လေးက စောစောစီးစီးနေရာယူပြီး ၀င်ထိုင်နေပါတယ်။ ကားဒရိုင်ဘာကလည်း မထိုင်နဲ့မပြောပဲ ထိုင်ခိုင်းထားပါတယ်။ စင်ကာပူမှာ လောရီကားနောက် အလုပ်သမားများ စုစည်းထိုင်၊ သွားလာကြတဲ့ ၂၀၀၉ အချိန်ကပါ။ ကျွန်တော်လည်း တော်တော်စိတ်ပျက်သွားပြီး ကိုယ်နဲ့ရင်းနှီးတဲ့ မန်နေရာ နံပါတ်(၁) နဲ့ နံပါတ်(၂) နှစ်ယောက်ကို အခြေအနေခေါ်ပြလိုက်ပါတယ်။ မန်နေဂျာ နံပါတ်(၃)ကတော့ မြှောက်ပေးတဲ့လူဖြစ်တဲ့အတွက် အဝေးက မယောင်မလည်နဲ့ အဖြစ်အပျက်ကို ကြည့်နေပါတယ်။ မန်နေဂျာနံပါတ်(၁)ကတော့ သဘောပေါက်ပါတယ်။ ဒါပေမဲ့ ဘာမှမပြောတော့ ကျွန်တော်ကားနောက်မှာ တခြားအလုပ်သမားတွေနဲ့ တက်ထိုင်ရင်း ဒရိုင်ဘာကို မောင်းတော့လို့ အမိန့်ပေးလိုက်ပါတယ်။ ကားထွက်သွားပါတယ်။

နောက်ပိုင်း မန်နေဂျာ (၁) နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ဒီလူငယ်လေးက အင်ဂျင်နီယာကို မလေးမစား ဆက်ဆံတဲ့အကြောင်း ပြောတော့ မန်နေဂျာ(၁)က Respect Earned လို့ တစ်ခွန်းပဲ ပြန်ပြောပါတယ်။ ကျွန်တော်လည်း ငြိမ်နေလိုက်ပါတယ်။

ဒီကုမဏ္ဍီကို အလုပ်ပြောင်းလာတာလည်း ဘ၀စိတ်ပျက်မှု ဒါဏ်တွေ မြောက်များစွာ တွေ့ကြုံရစဉ်မှာ ဦးနှောက်ခြောက် သက်သာတဲ့အလုပ်ဖြစ်တဲ့အတွက် ၀င်လုပ်ပါတယ်။ ပထမ တစ်လမှာ ကိုယ်တိုင်လုပ်မပြပဲ အလုပ်သမားတွေကို သူတို့စိတ်ကြိုက်လုပ်စေပါတယ်။ အလုပ်သမားတွေက ဒီအင်ဂျင်နီယာအသစ်က သိပ်မတတ်ပါလား လို့ ထင်သွားပုံရပါတယ်။

သင်ခဏ်းစာ
ကျွန်တော့ အမှားကြီးကတော့ ဒီလူငယ်အလုပ်သမားနဲ့ ဒရိုင်ဘာတွေရဲ့ အားနည်းချက်များကို ကျွန်တော်က ထုတ်ဖေါ်ပြောဆိုမိခြင်းပါပဲ။ သူတို့ ဘယ်ကြိုက်တော့မလဲ...။ ဒီတော့ ၂ယောက်ပေါင်းပြီး ကျွန်တော့ကို ပြန်ခံဖို့ လုပ်တာပေါ့။ သူတို့ရဲ့ လေးစားကြောက်ရွံ၊ ချစ်ခင်ခြင်းကို ရအောင် နောက်ထပ် ၂လလောက် ကြိုးစားရပါမယ်။

လစာနည်းနည်းနဲ့ပဲ ၀င်လုပ်ခဲ့တာကြောင့်၊ အလုပ်သစ်ပဲ (ကိုထူးဆန်းပြောနေကျစကား - အလစ်သုတ်၊ အလုပ်သစ်) ရှာတော့ လစာပိုကောင်းတဲ့အလုပ်တစ်ခုဆီ ပြောင်းလိုက်ရပါတယ်။ ဒီကုမဏ္ဍီမှာ ၃လပဲ ခံပါတယ်။




ဘာကြောင့် လူတွေ အာဏာ၊ ငွေ မက်ကြပါသလဲ..?

မိတ်ဆွေတစ်ယောက်က မေးပါတယ်။ ငွေရရင် ကိုယ်လိုတာ ရမှာမို့လို့လား၊ အာဏာ၊ ရာထူးရှိရင် လစာများများ၊ လုပ်ပိုင်ခွင့်များများရတော့ ဘ၀က ဘာထူးခြားမလဲ ... လို့မေးလာပါတယ်။

"လူတွေ့ရဲ့ လေးစားမှုကို ရချင်လို့ပေါ့" လို့ပဲ တိုရင်းလိုရှင်း ဖြေလိုက်ပါတယ်။

တစ်ချို့၊ ငွေနဲ့အာဏာကို ရရှိထားသော်လည်း သူတို့အောက်ကလူတွေပဲ ကြောက်ရွံလိုက်နာ ကြတယ်။ အပြင်လောကလူတွေက မလေးစားတဲ့အပြင်၊ ကဲ့ရဲ့ ရှုံ့ ချခြင်း ခံရတယ်။ တချိန်မှာ ငွေ၊ အာဏာ လက်မဲ့ ဖြစ်သွားချိန်မှာတော့ ဒီလူတွေရဲ့ဘ၀ဟာ အထီးကျန်ဖြစ်သွားလေ့ရှိပါတယ်။ သူတို့ဟာ မင်္ဂလာမရှိကြပါဘူး။

ကိုယ့်ကို လေးစားမှ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာကြတယ်။ လေးစားမှုကို ငွေ၊ အာဏာ၊ ရင်းနှီးမှု များနဲ့ လုပ်ယူကြတယ်။ လူတွေ ကိုယ်ပြောတဲ့အတိုင်း လုပ်ပေမဲ့ စိတ်မပါပဲ၊ လုပ်ရတဲ့အခါ အဲဒီအလုပ်ဟာ ပြီးမြောက်ပေမဲ ရေရှည်မခံပါဘူး။

ဒါကြောင့် ဘ၀မှာ လေးစားမှုရဖို့ဆိုတာ ကျွန်တော့ ပုံသက်သေကောင်းကောင်းပြနိုင်မှ ဖြစ်မယ်။ ကျွန်တော့ရဲ့ နှုတ်ကတိ ပြောတဲ့အတိုင်း လုပ်နိုင်အောင် ဆုတောာင်းလုပ်ဆောင်ရပါတယ်။ အသေးအမွှားကစပြီး လုပ်မယ် ပြောပြီးရင် လုပ်ကိုလုပ်ပြရပါမယ်။ မလုပ်နိုင်ဘူး ပြောပြီးရင်မလုပ်တော့တာပ နေရပါမယ်။ ဆုံးဖြတ်ချက်တစ်ခုကို မပြေခင်ကတည်းက လျှပ်တပြက်ဆုတောင်းရပါတယ်။ အို.. အဖဘုရား၊ အကောင်းဆုံးဆုံးဖြက်ချက်ကို ပေးပါ လို့တစ်စက္ကန့်အတွင်း ဆုတောင်းရပါတယ်။ မဆုံးဖြတ်ခင်မှာ ပြဿနာအကြောင်းကို စုံလင်သလောက် မေးမြန်း၊ သိရှိထားပြီးမှ ဆုံးဖြတ်တာ ပိုကောင်းပါတယ်။ တစ်ခါတစ်ရံ ဘာမှန်းမသိတဲ့ ပြဿနာတစ်ခုကို ခဏနေပါဦး စောင့်ထားလို့ လုံးဝမရပဲ ဆုံးဖြတ်ရတာမျိုးရှိပါတယ်။ ဥပမာ .. ကားမီးနီကို ဖြတ်မလား၊ ရပ်မလား လျှပ်တစ်ပျက်ဆုံးဖြတ်ရမဲ့ အချိန်မျိုးပေါ့။ တစ်ခါတစ်လေလဲ Speed Camera မရှိ၊ Traffic ကားရှင်းပြီး၊ Urgent အရေးပေါ်မြန်မြန်ရောက်ချင်နေချိန်မှာ မီးနီကို ကျော်ပစ်မိပါတယ်။ ရဲမိသွားရင်တော့ သေပြီပေါ့။ စည်းကမ်းအတိုင်း လိုက်နာနေထိုင်ရတာ စိတ်ရှင်းပါတယ်။ ဘ၀လည်း သက်သာပါတယ်။


လူယုံကြည်မှု Trust - ရရှိခြင်း နှင့် ဆုံရှုံးခြင်း
ယုံကြည်မှုရလာအောင် Respect Earned ဆိုတဲ့အတိုင်း ပြောတဲ့အတိုင်းလုပ်ဖို့ ၊ နှုတ်ကိုစောင့်ထိန်းပြီး လုပ်ဆောင်ပြသရပါတယ်။ ဥပမာ .. အလုပ်သစ်ကိုဝင်ရင် ပထမ ၂လလောက်ကို အထူးလုပ်ဆောင်ရပါတယ်။ ဒါမှ တဖြေးဖြေး လုပ်ဖေါ်ကိုင်ဖက်များရဲ့ ယုံကြည်မှု Trust ကို ရရှိပြီး၊ လုပ်ဖေါ်ကိုင်ဖက်များရဲ့ လေးစားမှုကို ရလာပါတယ်။ အဲ ... ယုံကြည်မှု ပျက်ပြားစေချင်ရင်တော့ သိပ်လွယ်ပါတယ်။ အသက်၆၀ကျော်အထိ ဥပဒေပညာရှင်အဖြစ် လုပ်ကိုင်လာတဲ့လူ ကာမတဏာနဲ့ အိမ်စေမကို မတရားကျင့်လိုက်တော့ ထောင်ကျသွားတယ်။ သွားလေရော။ ဆင်ပြောင်ကြီး အမြှီးကျမှ တစ်ဆိုသလို တစ်ချက်ထဲနဲ့ ဘ၀ပျက်သွားရတတ်ပါတယ်။ ယုံကြည်လေးစားမှုလည်း ဆုံးရှုံးသွားပြီပေါ့။


ဘုရားရှင်အတွက် ယုံကြည်ခြင်း Faith
ကျွန်တော်တို့ရဲ့ ဘုရားသခင်ကို ရိုသေလေးစားမှု ရှိခြင်းဟာ ယုံကြည်ခြင်းရဲ့ အစပဲလို့ ကျမ်းစာက ဆိုပါတယ်။ က္ကုသရေလ (အစ္စရေးလူမျိုးတို့ရဲ့ ဖခင်ဆိုတဲ့ က္ကုဇက်ရဲ့သား ယာကုပ်ဆိုသူဟာ လိမ်မာပါးနပ်ခြင်း၊ လယ်လယ်ဝယ်ဝယ်ရှိခြင်း၊ နောက်ဆုံး ကလိန်ကကျစ်လုပ်ခြင်း များစွာ ကမ္ဘာဦးကျမ်းမှာ တွေ့ရပါတယ်။ သို့သော်လည်း သူဟာ ဘုရားသခင်ကို အလွန်ရိုသေ၊ လေးစားပြီး၊ ကိုးကွယ်ဆပ်ကပ်ပါတယ်။ ဖြောင့်မတ်ခြင်းမှာတော့ အစ်ကို ဧသော လောက်မရှိပေမဲ့၊ ဘုရားသခင်ကို ရိုသေလေးစား၊ကိုးကွယ်မှုကြောင့် ဘုရားရဲ့လေးစားမှုကို ပြန်လည်ရရှိပါတယ်။ ယခုဘ၀ နဲ့ နောင်ဘ၀တွေ ၂ခုစလုံးမှာ ကောင်းစားပါတယ်။

ကျမ်းစာတဲကယောဘကြီးလို ဘုရားရှင်ရဲ့ယုံကြည်မှုကိုရရှိခြင်းဟာ ယောဘကိုယ်တိုင်ရဲ့ လုပ်ရပ်များရလဒ်ဖြစ်ပါတယ်။

ဇော်အောင် (မုံရွာ)
၃၀-မတ်-၂၀၁၁

Sunday, March 27, 2011

ငလျှင်ဒါက်များ နှင့် ဂျပန်၊မြန်မာ ၂၀၁၁

ဂျပန်နိုင်ငံသည် ငလျှင်ကြောတွင်ရှိပြီး ငလျှင်အတွက် အမြဲကြိုတင်၊သတိထားနေရသည်။ ၂၀၁၁ မတ်လတွင် ငလျှင်ကြီးလှုပ်ပြီး ယခုအချိန်ထိ သေဆုံးသူ 10668 ဦး၊ 2777 ဦး ဒဏ်ရာရပြီး၊ ပျောက်ဆုံးနေသူ (သေပြီယူဆရသူ) 16574 ဦးရှိသည်။ (27-Mar-2011 Wikipedia)။ ငလျှင်ကြောင့်ဖြစ်သော ဆူနာမီလှိုင်းလုံးကြီးကြောင့်လည်း ပိုအထိနာ၊ သေကြေပျက်စီးရပြီး၊ ညူကလီယာ ဓါတ်အားစက်ရုံများ ထိန်မနိုင် ပေါက်ကွဲ၊ အရည်ပျော်ကျမှုကြောင့် ဓါတ်ရောင်ခြည်ပြသနာက အဆိုးဝါးဆုံးဖြစ်နေရသည်။ ဂျပန်များ၏ တည်ငြိမ်သော စိတ်ဓါတ်ကို ကမ္ဘာမှ မြင်ကြရသည်။
မြန်မာပြည်တွင်လည်း ရွှေကြိဂံနယ်မြေ တာချီလိတ်အနီး ငလျှင်ကြီးတခု လှုပ်သွားရမှ ယခု အိမ်ခြေ ၂၀၀ကျော် ပြိုကျပျက်စီးပြီး၊ လူတစ်ရာခန့် (အထိအနာဆုံး တာလောမြို့တွင်) သေကြေရသည်။ မြန်မာပြည်တွင် မုန်တိုင်း၊ ငလျှင်များ ဆက်တိုက်ဖြစ်နေပြီး၊ တိုးတက်လှသော ဂျပန်များလည်း ရုတ်တရက် ငလျှင်ဒဏ်အလူးအလဲခံလိုက်ရခြင်းသည် ဘုရားသခင်ကို အားကိုးဖို့ လိုအပ်နေကြောင်း ဓမ္မဆရာများက ဟောပြော၊ ရေးသားနေကြပါသည်။

ငလျှင်အကြောင်း ဆောင်းပါး
http://www.murann.com/ezine/index.php?option=com_content&view=article&id=478:aa-aa-&catid=1:spiritual&Itemid=2

Saturday, January 1, 2011

ဒေါသနှင့်အပြစ်တင်ခြင်း (Anger & Blame)


ကျွန်တော့်မိတ်ဆွေတစ်ဦး တက္ကသိုလ်ဘုန်းကြွယ် ပြောစကားကို အမြဲမှတ်ထားမိသည်။
'၂ခုရှိတယ် .. လူတစ်ယောက်ကို အတင်းအကြပ်မလုပ်ခိုင်နဲ့၊ ပြီးတော့ စကားနာမထိုးပါနဲ့' ဟူသတည်။ ကျွန်တော်က တစ်ခုထပ်တိုးထားသည် .. 'ပြောပြီးမှ လုပ်ပါ'။

တစ်ခါက
၂၀၀၄ခုနှစ် ကမ္ဘာ့ဖလားဖိုင်နယ်ဖြစ်ပါသည်။ လက်ရှိချန်ပီယန် ပြင်သစ်အသင်းနှင့် အိမ်ရှင် အီတလီအသင်းတို့ ပြိုင်ကြစဉ် ပွဲပြီးခါနီးအထိ အနိုင်အရှုံးမပေါ်သေး။ နာမည်ကျော် ပြင်သစ်တိုက်စစ်မှုး ဇာဒိန်း ဆိုသူအား အီတလီဘော်လုံးသမားတစ်ဦးက မျက်နှာခြင်းဆိုင်တွေ့ချိန် စကားနာထိုးခြင်းလား၊ ဆဲဆိုခြင်းလား တစ်ခုခုပြောလိုက်သည်။ ဒေါသထွက်သွားသော ပြင်သစ်တိုက်စစ်မှုးက ရုတ်တရက် သူ၏ ခေါင်းကုတုံးဖြင့် အီတလီဘော်လုံးသမား ရင်ဘတ်ကို ဆောင့်ပစ်လိုက်မိသည်။ သိပ်မနာသော်လည်း ထုံးစံအတိုင်း အီတလီဘော်လုံးသမား ပစ်လဲကျသွားပြီး ပွဲရပ်သွားသည်။ ဒိုင်လူကြီးက အနီကပ်ပြပြီ ဒေါသကြီးသူ ကမ္ဘာကျော်ဘော်လုံးသမားကြီး ဇာဒိန်းကို ထုတ်ပစ်လိုက်သည်။ နောက်ဆုံး ပင်နယ်တီကန်၊ ဆုံးဖြတ်ချိန် စိတ်ဓါတ်ကျသွားသော ပြင်သစ်အသင်း ရှုံးသွားရှာသည်။ ရလဒ်ကတော့ ပြင်သစ်နိုင်ငံ ကမ္ဘာ့ဖလားလွဲသွားပြီး၊ ဇာဒိန်းလည်း အဖွဲ့ချုပ်၏ ဘော်လုံးပွဲပြီး ပွဲပယ်ခံ၊ ဒဏ်ငွေချခံ လိုက်ရသည်။ အပြစ်တင်စကား Blame (ဒေါသထွက်အောင် လျှို့ဆော်သူ အီတလီ ဘော်လုံးသမားကတော့ ပျော်လို့ပါးလို့၊ သူရဲကောင်းလို ဖြစ်နေသည်။

လောကမှာတော့ အပြစ်တင်စကားပြောသူများ Blamer ဆုံးရှုံးမှုသိပ်မရှိလှပါ။ ဒေါသကြီးသူ Anger များသာ မိမိကိုယ်တိုင်လည်း ဆုံးရှုံး၊ တရားရုံးတွင်လည်း အပြစ်ပေးခံရပါသည်။ လောကအမြင်တွင် ဒေါသကြီးသူသာ ခံရရှာသည်။ သို့သော် ဘုရားအမြင် (ဘာသာတရားအားလုံးတွင်) အပြစ်တင်၊ အပြစ်ဖို့ ပြောဆိုသူသည်လည်း အတူတူပင်ဖြစ်သည်။ နောင်ဘ၀တွင် ထိုအပြစ်အတွက် ပေးဆပ်ရမည်ဖြစ်သည်။


ကျွန်တော့အားနည်းချက်
ဇနီးသည်က ပြောပါသည်။ ပုံမှန်ဆက်ဆံရေးမလုပ်ပဲ လိုတမျိုး၊မလိုတစ်မျိုးလုပ်တတ်သူ ကျွန်တော့ကို "နင်ကတော့ ဘောစ်၊ စိတ်ဆိုးအောင် လုပ်တတ်သူပဲ" ဟူသတည်း။ ဇနီး၊ သားသမီးများဆိုလျှင် ဖခင်ဖြစ်သူ ကျွန်တော့ကို ခဏခဏ စိတ်ဆိုးခြင်း ဖြစ်ရသည်။ ကျွန်တော်ကတော့ ဘောစ်ကိုသာမက မိတ်ဆွေ၊ လုပ်ဖေါ်ကိုင်ဖက်များကိုလဲ ဆရာလုပ်တတ်သောကြောင့် လူတိုင်းစိတ်ဆိုးစေပါသည်။ ပြန်တောင်းပန်ရသည်မှာလည်း ဘုန်းကြီးခေါင်းခေါက်-ပြန်တောင်းပန်ရသည်။ တစ်ခါတစ်ရံ လုံခြုံရေးအစောင့်များနှင့်လည်း ရန်ဖြစ်တတ်ပါသေးသည်။ မနိတ်လှပါ။


ဒေါသချုပ်တည်းခြင်း နှင့် နှုတ်စောင့်စည်းခြင်း
ဒေါသသည် မကောင်းကြောင်း၊ မိမိကိုသာလျှင် ဆိုးကျိုးပေးသည်ကို သိသော်လည်း ချုပ်တည်းရန်မလွယ်လှပါ။ ကျွန်တော်သည် မိမိဒေါသကို ချုပ်တည်းရန်၊ တဖက်လူကို မကြည့်ပဲ၊ ခေါင်းငုံက ဘုရားရှင်ထံ လျှပ်တပြက်ဆုတောင်းနိုင်ဖို့ ကြိုးစားရသည်။ မိမိခွန်အားဖြင့် ဒေါသချုပ်တည်းနိုင်ဖို့ မဖြစ်နိုင်တော့ပါ။ အပြစ်တင်ခြင်းအတွက် နှုတ်စောင့်ထိန်းရတွင်မူ ပိုပြီးခက်လှပေသည်။ မိမိအားနည်းချက်များကို ဘုရားရှင်ထံ ကျိုးပဲ့၊ ကျေမွသော နှလုံးသားဖြင့် ၀န်ချတောင်းပန်ရပါသည်။ လူကိုတော့ သိပ်မတောင်းပန်ချင်သော်လည်း မိမိသည် ဒေါသကြီးသူဖြစ်ကြောင်း၊ အပြစ်တင်၊ မကောင်းမြင် Negative Thinker ဖြစ်ကြောင်းကိုတော့ ကြိုပြောထားရပါသည်။ ဘုန်းကြီးခေါင်းခေါက်ပြီးမှ တောင်ပန်သလို ဖြစ်တာများသောကြောင့် တစ်ခါတစ်ရံ လူလောကတွင် နေရသည်မှာ စိတ်ပျက်စရာကောင်းလှပါသည်။ သို့သော် အသက်ရှင်နေခြင်းသည် ဘုရားကျေးဇူးတော်ဖြစ်ပြီး ဘုရားရှင်ကိုသာ ချီးမွမ်း၊ ဘုန်းတော်ထင်ရှားစေရေးအတွက် ဘုရားအံ့သြဘွယ်များကိုသာ တွေးတောခြင်း၊ ဆင်ခြင်ခြင်းအားဖြင့် ချုပ်တည်းနိုင်မှုကို ဘုရားရှင်ထံသာ အပ်နှံလိုက်ပါသည်။

လေ့ကျင့်ရန်
ကျွန်တော်သည် အသက်ရွယ်ရပါပြီး။ သေသည်အထိ လေ့ကျင့်နေရန်ဖြစ်သောကြောင့် ... မိမိနှင့်ဆက်ဆိုင်သောသူ (မိမိဇနီး၊သားသမီးများဖြင့် လေ့ကျင့်နေဆဲ ဖြစ်ပါသည်။)

Note: ကျေးဇူးတော်အားဖြင့် ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်းရရှိပြီးသည့်နောက်တွင် အတင်းလေ့ကျင့်နေစရာမလိုတော့ပါ။ အသစ်သောအသက်တာတွင် လိုက်လျှောက်ရန်ဖြစ်ပါသည်။

ဇော်အောင် (မုံရွာ)

Thursday, December 30, 2010

နှစ်သစ် ၂၀၁၀ တစ်ဖန်ရောက်လာပါပြီ

ကျွန်တော်တို့ မိတ်ဆွေများ ၂၀၁၀ တုန်းက ဘုရားအလိုတော်ဆောင်ရွက်ချက် များစွာပြီးမြောက်ခဲ့ပါတယ်။ အလိုတော်မဟုတ်သော်လည်း ဘုရားခွင့်ပြုချက်အရာ အချို့လည်းရှိပါတယ်။ ကျမ်းစာအရတော့ လောကကြီးကတော့ ပိုပြီးဆိုးဖို့ပဲရှိပါတယ်။

ခရစ်တော်သက်သေခံသည့် ကြီးမားတဲ့လုပ်ဆောင်မှုတွေကို မြန်မာပြည်တွင်း၊ ပြည်ပတွင် မြင်လာရပါသည်။

မြန်မာပြည်မှာတော့ ရခိုင်မုန်တိုင်း၊ ရွေးကောက်ပွဲတွင်း နယ်စပ်တင်းမာမှု အချို့ပဲရှိပါတယ်။ ရွေးကောက်ပွဲပြီးတော့ အသစ်တက်မဲ့ တပ်မတော်ကွပ်ကဲတဲ့ အစိုးရသစ်အတွက် ဆုတောင်းပါသည်။ ကျွန်တော်တို့ ဘာမှ မတတ်နိုင်ပါ။ ဘုရားရှင် ဘုန်းတော်ထင်ရှားပါစေ....။

Sunday, October 10, 2010

GOD FIRST - FAMILY SECOND ခရစ်ယာန်မိသားစု

ယနေ့သည် ၁၀ရက်၊ ၁၀လ၊ ၂၀၁၀ ခုနှစ်ဖြစ်သည်။
၁၀၊၁၀၊၁၀ ဟုလည်းပြောနိုင်ပါသည်။
ကျွန်တော်တို့ ရှစ်လေးလုံး နှင့်လည်း ကြုံဖူးကြပါသည်။ 8.8.88ကိုးလေးလုံးနှင့်လည်း ကြုံဖူးကြပါသည်၊ 9.9.99ယခု ဆယ်သုံးလုံးနှင့် ကြုံနေပါပြီ။ 10.10.10

ကျွန်တော်တို့အသက်တာတွင် လောကကြီးကိုပြောင်လဲပစ်လိုက်မည်ဟု ကြွေးကြော်ကြီးပြင်လာခဲ့ကြပါသည်။ လူ့မှာအကြံ ခရုမှာအဆံ ဆိုသကဲ့သို့ သေသည့်တိုင်၊ မာန၊ ဇွဲ မလျှော့ပါ။ ယခု သင်ဘယ်အသက်အရွယ် ရှိပါသနည်။ အသက်၃၀အောက် ဆိုလျှင်တော့ ကျွန်ုပ်ရေးမည့် အရာကို သင့်မိခင်၊ဖခင်၊ ဦးလေးများထံ ဖေါဝပ်လုပ်ဖို့တော့ အသုံးကျကောင်း ကျပါမည်။ သင် (သို့မဟုတ်) သင့်မိဘများမှာ အောင်မြင်နေသူ ဖြစ်ပါကလည်း ယခုစာမှာ အသုံးကျမည်မဟုတ်ပါ။ တကယ်တော့ လူ့အကြံ၊ သေခါမှလျှော့ ၊ လူ့အလို-နတ်မလိုက်နိုင် .. ဆိုသကဲ့သို့ပင် လူသည် မည်သည့်အခါမှ ကျေနပ်ရောင်ရဲသူမဟုတ်ပါ။

ကျွန်န်ုပ်ကိုယ်ကိုပဲ ပြောလိုပါသည်။

မြန်မာနိုင်ငံသား (သို့မဟုတ်) မြန်မာနိုင်ငံဖွား ဖြစ်နေသော မိတ်ဆွေ။ ကျွန်ုပ်၏ ဖခင်ဖြစ်သော န.အ.ဖ စစ်အစိုးရနှင့် ကျွန်ုပ်၏မိခင်ဖြစ်သော အတိုက်အခံ ဒီမိုကရေစီ အင်အားစုတို့ နှစ်ပေါင်း ၅၀ခန့် မိသားစုပြဿနာ ရှိပါသည်။ အာဏာရှင် ဖခင် န.အ.ဖ ဖြစ်သူက ငါကြိုက်တာ..လုပ်မယ်။ စည်းကမ်းရှိသော ဒီမိုကရေစီဖြစ်ရမယ်.. မကြိုက်ရင် အိမ်ကထွက်၊ မထွက်ရင် ထောင်ချပစ်လိုက်မယ်၊ ထိုးကြိတ်၊ရိုက်နှက်မယ် ... ဆိုပြီး အော်ဟစ်သည်။
အတိုက်အခံ ဒီမိုကရေစီ မိခင်ကလည်း လွတ်လပ်တရားမျှတသော ဒီမိုကရေစီပေးရမယ်။ မတရား လုပ်တာမခံဘူး။ ဒို့အရေး...ဒို့အရေး ... အောင်ရမည်၊ ဦးရန်အောင် .. အော်ဟစ်ကြသည်။ မိခင်ဖြစ်သူက အိမ်က မဆင်းဘူး။ ဖခင်ဖြစ်သူက "အိမ်ကမဆင်းရင် နေအိမ်မှာပဲ အကျယ်ချုပ်ထားမယ်၊ အပြင်မထွက်နဲ့ " လုပ်ထားချင်သည်။ သားသမီးများ (တိုင်းရင်းသား၊ ပြည်သူလူထုအများ) အိမ်က ထွက်ပြေးကြသည်။ လက်နက်ကိုင် သူပုန်ထ၊ တော်လှန်ကြသည်။ တိုင်းပြည်ကြီး ပျက်စီးပြီး လူတွေလည်း နာကျင်၊ ခံစားရသည်။

အိမ်ပြေး ဘ၀ကတော့ ကိုယ့်အိမ်မှာလောက် ဘယ်အဆင်ပြေပါ့။ တိုင်းပြည်လဲ ဖွတ်ဖွတ် ကျေတော့သည်။
ဒီလိုပင်ဖြစ်သည် .. ကျွန်တော်တို့ မိမိ အိမ်ထောင်စုကိုပဲ ပြန်ကြည့်ပါ။ ယနေ့မနက်မှာ မိတ်ဆွေ၂ဦးကို Shouting Father & Mother is useless ဆိုတာ ဆွေးနွေးကြသည်။ ဟုတ်ပါသည်။ ယောင်္ကျားဖြစ်သူ ဖခင်ကလည်း မိမိအလုပ်လုပ်၊ ၀င်ငွေရှာရသည်။ " ဒီကလေးတွေကို မိခင်ကမထိန်းဘူး၊ ဖြစ်ချင်တာဖြစ်၊ စာမကြည့်၊ ဂိမ်းကစား၊ ..." ...အပြစ်တင် အော်ဟစ်လျှင် (မအော်တောင် .. အသံမာသွားလျှင်).. မိခင်ဖြစ်သူလည်း ဘယ်ခံမလဲ၊ အနဲဆုံး အသံမာမာနဲ့ ပြန်တွယ်ပါသည်။ တချို့ လင်မယားများ အိုးခွက်၊ဂုန်ဂွမ် မက၊ ရိုက်နှက် လုပ်ရင်လဲ အားနဲသော ဒီမိုကရေစီ မိန်းမပဲခံရ ရှာပါသည်။ အမေကို အဖေကရိုက်တော့ သားသမီးတွေလည်း ငိုယိုကြရသည်။ မိဘရန်ဖြစ်လျှင် သားသမီးတွေ အရမ်း စိတ်ထိခိုက်ပါသည်။ မိမိရှေ့မှာ မိခင်ကို ဖခင်က ရိုက်နှက်၊ ထိုးကြိတ် သည်ကို တွေ့ဖူးသော မိတ်ဆွေများ ပိုပြီး ကိုယ်ချင်း စာမိမည် ဖြစ်ပါသည်။

ဘယ်သူက စပြီးပြင်ရမည်နည်း ။ ..

မိန်းမနဲ့ သားသမီးများက အာဏာရှင် ယောင်္ကျားပြောတဲ့အတိုင်း လိုက်လုပ်သင့်သလား ... လိုက်လုပ်လျှင် နှစ်တော်တော် ကြာသွားသောအခါ ဗမာနိုင်ငံကြီးကဲ့သို့ ပျက်စီးရေးကို ရောက်သွားနိုင်ပါတယ်။ စင်ကာပူနိုင်ငံလေး ကဲ့သို့ အဆင်ပြေသွားမည် လည်းဖြစ်နိုင်သော်လည်း ဖခင်က အရမ်းသိတတ်၊ လိမ်မာပါးနပ်မှ ဖြစ်နိုင်မည်။ မိခင်ကိုလည်း လျှော့မတွက် စေလိုပါ...။ ဒီတော့ မိတ်ဆွေ၊ သင်က အိမ်ထောင်ဦးစီး ဆိုရင် ပညာပိုရှိသည်။ ပိုသိတတ်သည်။ ၊ ပိုပြီးတာဝန်ရှိသည် .. မဟုတ်ပါလား။ ပြင်မယ်ဆိုလျှင် ကျွန်ုပ်က စပြီး ပြင်သည်က ပိုလွယ်မယ် ထင်ပါသည်။ အော်မယ် Shouting ကြံရင် တနာရီ စောင့်လိုက်ပါ။ အသက်၊ စည်းစိမ်၊ ကျန်းမာရေးကို ရုတ်တရက် မထိခိုက်မဲ့ ကိစ္စကို အိမ်ထောင်ဖက်၊ သားသမီးနဲ့ ငြင်းခုန် ရတော့မည် ဆိုလျှင်.. ဂျမန်စစ်တပ် ကျင့်သုံးသလို တရက် စောင့်ပြီးမှ ပြောပါ။

ဒေါသ၊ ဒေါသ၊
သင်မပြောသော်လည်း သင့်အမူအရာက ဒေါသထွက်ကြောင်း ပြနေပါသည်။
တဖက်သားမှာလည်း ဒေါသရှိပါသည်။
သင်ကဦးနှောက်သမား .. သင့်ဇနီးကနှလုံးသားသမား
တ၀က်စီမျှစားကြပါလား.....

မဿဲ ၂၂း ၃၆-၄၀ထာဝရ ဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်လော့၊ ကိုယ်နှင့် စက်ဆိုင်သော သူကို ကိုယ်နှင့်အမျှ ချစ်လော့၊ ဤပညတ် နှစ်ပါး တို့ကား ပညတ္တိကျမ်း နှင့် အနဂတ္တိကျမ်း ရှိသမျှ တို့၏ အချုပ်အခြာ ပင်ဖြစ်သတည်း ဟု မိန့်တော် မူသည်။

ဇော်အောင် (မုံရွာ)
၁၀၊ ၁၀၊ ၁၀
http://www.murann.com/images/love.and.anger.for.10.10.10.htm

Sunday, July 4, 2010

ကျွန်တော်နှင့် ရွှေငါးကလေးများ၊ ကြယ်ကလေးများ အံ့သြဘွယ်

အံ့သြဘွယ် ရွှေငါး၊ ကြယ်ကလေးများ နဲ့အတူ ဘုရားကျေးဇူးတော် Amazing Grace
How Big Are We?
ကျွန်တော့်ထမင်းစားစားပွဲ၏ ရှေ့မလှမ်းမကမ်းတွင် စားပွဲတစ်လုံးရှိရာ ထိုစားပွဲပေါ်၌ ကျွန်တော်တို့ရုံးမှ မန်နေဂျာ တစ်ယောက်၏ အလှမွေး ငါးကန်တစ်ခု ရှိသည်။ ကန်ထဲ၌ ရွှေငါးလေး နှစ်ကောင်ကို မွေးမြူထားသည်။ တစ်ကောင်မှာ ခပ် ကြီးကြီး၊ တစ်ကောင်မှာ ခပ်သေးသေးဖြစ်၏။ကျွန်တော်အလုပ်မှ ပြန်လာချိန်မှာ ညနေ ခုနစ်နာရီခန့်ဖြစ်သည်။ အလုပ်မှ ပြန်ရောက်ရောက်ချင်း ချက်ပြုတ်၊ ရေမိုးချိုးကာ စားပွဲ၌ အကျအနထိုင်လျှက် ညနေစာကို သေသေချာချာ စားလေ့ရှိ၏။ (သေသေချာချာ စားသည်ဟု ဆိုရခြင်းမှာ တောင်တောင်အီအီမတွေးဘဲ ထမင်း၌သာ အာရုံဝင်စားလျှက် အေးအေးဆေးဆေးစားခြင်းကို ဆိုလိုပါသည်။)ထမင်းစားပြီးလျှင် အိုးခွက်ပန်းကန်အားလုံးကို ဆေးကြော၏။ အားလုံးပြီးပြီဆိုမှ စားပွဲတွင် အကျထိုင်ကာ သစ်သီး တစ်မျိုးမျိုးကို စားပြီး ကော်ဖီတစ်ခွက်ကို ဇိမ်ဆွဲကာ အရသာခံလည်း သောက်လိုက်ပါသေးသည်။ ထိုသို့ အသီးစားနေစဉ် နှင့် ကော်ဖီသောက်နေစဉ်တွင်မူ ထမင်းစားစဉ်ကကဲ့သို့ ဘာမှမတွေးပဲ မနေနိုင်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်မျက်စိ ရှေ့တွင် ငါးနှစ်ကောင် လူးလာခေါက်ပြန် ကူးခပ်နေသည်ကို တွေ့နေရ၍ ဖြစ်သည်။ငါးနှစ်ကောင် အရှေ့နှင့်အနောက်၊ အထက်နှင့်အောက် မရပ်မနားကူးခပ်နေသည်ကို ကြည့်ရင်း ကျွန်တော့်တွင် တွေး စရာများ ရလာပါသည်။ ကျွန်တော် နေ့တိုင်းအလုပ်ကပြန်ရောက် ထမင်းစားပြီး မည်သည့်အခါမဆို ကြည့်လိုက်တိုင်း ထို ငါး နှစ်ကောင်မှာ ထိုအတိုင်း မရပ်မနား ဆက်တိုက် လူးလာတုံ့ပြန် ကူးခပ်နေသည်ကိုသာ တွေ့နေရသည်။ မနေ့ကလဲ ဒီအတိုင်း၊ ဒီနေ့လဲ ဒီအတိုင်း။ နက်ဖြန်လဲ ဒီအတိုင်း ဆက်လက်ကူးခပ်နေဦးမည်သာ ဖြစ်သည်။
http://burmesebible.com/story/goldfish.htm

Sunday, November 22, 2009

Red Sea Crossing - Facts


Did the Biblical Characters involved with the Exodus really exist?
Satellite picture of the wadi leading to the only exit: Nuweiba Beach! Pretty big beach no? For 2 million people? So Wyatt decided to go scuba diving & look underwater there! Guess what he discovered… Since 1987, Ron Wyatt found three four-spoke gilded chariot wheels. A coral-encrusted chariot wheel, filmed off the Saudi coastline, matches chariot wheels found in Tutankhamen's tomb.
Mineralized bone, one of many found at the crossing site tested by the Department of Osteology at Stockholm University, was found to be a human femur, from the right leg of a 165-170cm tall man.It is essentially 'fossilized, ' i.e., replaced by minerals and coral, hence cannot be dated by radiocarbon methods, although this specimen was obviously from antiquity.
Sad to say mainstream anti-God media do not portray these true facts in the light of faith But prefer to sceptically doubt such archaeological proofs to the veracity & historicity of the Biblical account, one of the most accurate history books in the world..
Think “PowerPoint”
Think “Paradise”
Think…
Powerpointparadise.com Click Here to Download 1MB file

Monday, November 2, 2009

Doulos သင်္ဘော

၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁၁)ရက် တနင်္ဂနွေနေ့ တွင် JBCS မှ အသင်းအုပ် ဆရာ Rev. Augustus နှင့် အသင်းတော် လူကြီးများ၊ အသင်းသူ အသင်းသား များနှင့် Doulos သင်္ဘော မှ ဦးဆောင်သူများ ပူးပေါင်း၍ မြန်မာတိုင်းရင်းသား (၃၀၀) ကျော်ကို သင်္ဘော ခန်းမ အပြည့် အလျှံ ဖိတ်ခေါ် နိုင်ခဲ့ပါသည်။
JBCS နှင့် M.V Dolous သင်္ဘောမှ ဦးဆောင်သူများက လာရောက် လေ့လာ လည်ပတ်သူ များကို အခမ်းအနား အပြင်အဆင် ဖြင့်ကြိုဆို၍ မြန်မာ့ရိုးရာ မုန့်ဟင်းခါး၊ မြန်မာ့ ရိုးရာ ၀ိညာဉ်ရေးရာအငြိမ့်သဘင် နှင့် ဓမ္မဒေသနာ သင်္ဘော အတွေ့ အကြုံ များကို သက်သေခံ ဝေငှ ခြင်းများဖြင့် မိတ်သဟာရ ဖွဲ့ နိုင်ခဲ့ပါတယ်။
Click Here to Article ... 7mins Youtube Sermon

Thursday, October 22, 2009

Christinity - translated to Burmese

This is a translation of "History of CHRISTIANITY" in Burmese Language
နောက်ဆုံးမှာတော့ စာရေးသူ စပီဂယ်လ်ရဲ့ ကိုယ်ပိုင် မှတ်ချက်လေးဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အရှေ့တိုင်းတွေမှာ အထူးသဖြင့် တရုပ်ပြည်ကြီးမှာ ဘာသာရေးလွတ်လပ်ခွင့်ရရှိချိတ် ခရစ်တော်ကို ယုံကြည်သူ အထူးများလာခြင်းဟာ အမှန်ပါပဲ။ ကျွန်တော်တို့ မြန်မာများလည်း ခရစ်တော်ကို ပိုမိုသိကျွမ်းလာကြပါတယ်။
Click Here

Tuesday, September 22, 2009

"မည်သူနှင့် လက်ထပ်ပေါင်းသင်းရပါအံ့"


လူငယ်ထုအတွက် ရည်ရွယ်ပြီး နေ့စဉ်ခွန်အား အယ်ဒီတာတဦးဖြစ်သူ Kurt De Haan ရဲ့ စာအုပ်ငယ်ကို "မည်သူနှင့် လက်ထပ်ပေါင်းသင်းရပါအံ့" စာအုပ်ခေါင်းစဉ်နဲ့ နော်တာမလာဖော ဘာသာပြန်ထားပါတယ်။ စာမျက်နှာ ၄၃ မျက်နှာရှိပြီး ကမ္ဘာဦးကျမ်း ၂၄ က္ကုဇက် နှင့် ရဗက္ကာ တို့အကြောင်းကို အခြေခံပါတယ်။ ခေတ်သစ် လူငယ်များ၊ မျက်မှောက်ခေတ်စနစ်၊ အခြေအနေများနဲ့ လိုက်လျောညီထွေစွာ ရေးသားထားခြင်းဖြစ်ပါတယ်။

Wednesday, September 9, 2009

Passionletter-September-09 - U Naw Church, Yangon


သင်းအုပ်သ၀ဏ်လွှာ
ကနဦး အသင်းတော် ဦးနှောနှင့်အတူ ဒေါ်မင်းလေး အောက်မေ့ဘွယ်ရာ - ရွှေမြိုင်မြကြီး
ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းခြင်း - ဆရာဂျေပီတာ
အချင်းတို့ များပြားစွာမွေးဖွားကြလော့ - ဆရာဦးလှိုင်ဝင်အောင်
အသင်းတော် ကျောင်းနေ့ - ဇော်(ထီလာ)
အမှတ်တရမှ ထာဝရသို့ - မမိုးသစ်


Click Here

Saturday, August 22, 2009

Saya Mu Le and USA trip in 1956

ဆရာကြီးမူလယ် ၁၉၅၆ခုနှစ်က အမေရိကန်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ နိုင်ငံအနှံ့ ဘုရားကျောင်းတွေမှာ သက်သေခံ၊ဟောပြောရင်း အမေရိကန်နိုင်ငံရဲ့ တိုးတက်မှု၊စက်မှု၊အလုပ်ရုံများကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ အမေရိကန်များ မြန်မာပြည်နဲ့ အိန္နိယပြည်တို့ကို သာသနာပြုခဲ့ရာမှ အသီးအပွင့်များအဖြစ် မြန်မာ(ကရင်)တဦး၊ အိန္နိယပြည်သားတဦးတို့ အမေရိကန်ဘုရားကျောင်းမှာ မြန်မာလိုသီချင်းသီဆိုပြတဲ့အခါ အမေရိကန်များရဲ့ နှလုံးထားအထိ ထိုးဖေါက်ခံစားစေခဲ့ပါတယ်။ ပန်းသီးလက်ဆောင်ရတဲ့အခါ ပန်းသီးပင်လေး တနှစ်ထက်တနှစ် အသီးပိုသီး၊ အသီးပိုကြီးလာခြင်းများ ဥပမာနဲ့ အသီးသီးဖို့လိုအပ်ကြောင်း ဆရာကြီးကိုယ်တိုင်ရေးအထုပ္ပတိမှ အမေရိကန်ခရီးစဉ်တပိုဒ်ကို ပြန်လည်တင်ပြလိုက်ပါတယ်။ Click Here - Scribd Document