ပရိုတက်စတင့် ဆိုသည်မှာ ယခု ရှိသော ဧ၀ံဂေလိ အသင်းတော်များ၊ နှစ်ခြင်း (ဘက်ပတစ်)၊ မက်သဒစ်၊ အင်ဂလိကန်၊ ပါရစ်ဘေးရီယန်း၊ လူသာရီယာန် စသည်တို့ဖြစ်သည်။
ရိုမင်ကက်သလစ်မှာ လူဦးရေ အများဆုံးဖြစ်သည်။ Bipshop ဘုန်းတော်ကြီး များမှာ မိန်မ မယူရပါ။ သီလရှင် များမှာလည်း ယောင်္ကျား မရှိဖူးသူ ဖြစ်ရသည်။ အိမ်ထောင် ထူထောင်ပါက ဘုန်းကြီး၊ သီလရှင် ဘ၀မှ အပြီး ထွက်ရ ပါသည်။ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး၊ သီလရှင် တို့ကဲ့သို့ အိမ်ထောင် လက်ရှိမဖြစ်ရပါ။ ပရိုတက်စတင့် အသင်းတော် များမှာ များသော အားဖြင့် စည်းကမ်း သိပ် မကြီးလှပါ။ ဘုန်းတော်ကြီး၊ သီလရှင် လုပ်လို ပါက အိမ်ထောင် ရှိ၊မရှိ အရေး မကြီးပါ။ ဗုဒ္ဓဘာသာ ကဲ့သို့ဖြစ်သည်။ သို့သော် ခရစ်ယာန် (ကာသိုလစ်) ဘုန်းတော်ကြီး၊ သီလရှင်တို့မှာ အပြင် ထွက်လျှင် လူဝတ်နှင့် သွားလာ ခွင့်ရသည်။
Ref: bishop, priest, and deacon.
ပွဲတော် Communion (mass) စားသုံးသည့်ဓလေ့
ခရစ်ယာန် များသည် ဘုရား (သခင်ယေရှု) ကို မမေ့ရန်၊ ကားတိုင်ပေါ်တွင် လူသားများ အတွက် အသေခံပြီး၊ အပြစ် များကို ဖြေလွှတ် သည်ကို သတိရအောက်မေ့သည့် အနေဖြင့် သခင်ယေရှု၏ အသားနှင့် အသွေး ကိုယ်စား မုန့်နှင့် စပျစ်ရည်ကို အတူ စားသုံးခြင်းဖြစ်သည်။ ပရိုကတ်စတင့် များသည် အများ အားဖြင့် တစ်လ တကြိမ် (ပထမအပတ်) သို့မဟုတ် တစ်ပါတ် တစ်ကြိမ် စားသုံးကြသည်။ ရိုမင်ကက်သလစ် များမှာ နေ့စဉ် လာရောက် စားသုံးရန် အားပေးကာ နေ့တိုင်း Mass ရှိကြသည်။
သာမန် အားဖြင့် ခရစ်ယာန် ပွဲတော် စားသုံး သင့်သူမှာ ဗတ္တိဇံမင်္ဂလာ ခံယူပြီးသူ (နှစ်ခြင်း သို့မဟုတ် ဖျန်းခြင်း) ခံပြီး သူသာ စားသုံး ရပါသည်။ ခရစ်ယန် မဟုတ်သူများ မစားသုံးရန် အထူး တားမြစ် ပါသည်။ ရိုမင်ကက်သလစ် များလည်း ပရိုတက်စတင့် အသင်းတော် များတွင် ၀တ်ပြုပါက စားသုံးခွင့် ရှိပါသည်။ သို့သော် ရိုမင်ကက်သလစ် များမှာ သူတို့ပွဲတော်ကို ခရစ်ယန် မဟုတ်သူ များသာမက ပရိုတက်စတင့် များပါ မစားရန် အနူးအညွတ် မေတ္တာ ရပ်ခံလေ့ရှိသည်။ ရိုမင်ကက်သလစ် အဖြစ် ဗတ္တိဇံ မင်္ဂလာခံပြီးမှ စားသုံးခွင့် ပေးပါသည်။
ယခုခေတ်တွင် ဘုရားကျောင်းတက်သူများကို ဗတ္တိဇံခံပြီးသူလား၊ မခံသေးသူလား မခွဲခြားနိုင်ပါ။ ခရစ်ယန် ဘုရားကျောင်းတွင် အာမင် လုပ်တတ်ပြီး၊ သူများ ထလျှင် လိုက်ထမည်၊ သူများ သီချင်းဆိုလျှင် လိုက်ဆိုနိုင် ပါသည်။ ရိုမင်ကက်သလစ် ဘုရားကျောင်း တွင်မူ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော် အဖြစ် ညာလက်ဖြင့် နဖူး၊ ရင်ဘတ် ၂ဘက်ကို တို့ပြီးမှ အာမင် လုပ်ကြသည်။ ခရစ်ယာန် ဘုရားရှိခိုး ပွဲကို လူတိုင်း တက်နိုင်သဖြင့် အာမင် မလုပ်တတ်၊ မရွတ်ဖတ်တတ် လျှင်လဲ ကိစ္စမရှိပါ။ အထူးသဖြင့် ပွဲတော်ကို မစားသောက်ရန် Courtesy အထူး သတိထား ရပါသည်။ ခရစ်ယာန် မဟုတ်ပဲ ပွဲတော် စားသောက် ပါက မရိုသေ၊ မလေးစား သလို ဖြစ်နေပါသည်။
ရိုမင်ကက်သလစ် နှင့် ပရိုတက်စတင့် ကျမ်းပိုဒ်၊ သီချင်း၊ ဆုတောင်းချက် များမှာ အတူတူဖြစ်သည်။ ရိုမင်ကက်သလစ် များမှာ အလွတ် ကျက်ရသော စာပိုဒ် များစွာရှိသည်။ ဗုဒ္ဓဘာသာ များကဲ့သို့ ငယ်စဉ် ကတည်းက များစွာ အလွတ် ကျက်ရသည်။ သို့သော် ယခုခေတ် ရိုမင်ကက်သလစ် များမှာ အလွတ်ကျက်မှု များ သိပ် မလို တော့ပါ။
အာပတ်ဖြေခြင်း။ ရိုမင်ကက်သလစ် များအတွက် ဘုရားကျောင်းသည် နေ့တိုင်း ဖွင့်ထားပြီး၊ ဘုန်းတော်ကြီးထံ အပြစ်များ ၀န်ချ တင်ပြနိုင်ပါသည်။ ပရိုတက်စတင့် များ ထိုထုံးစံ မရှိပါ။ အချို့ ပရိုတက်စတင့် ဘုရားကျောင်းများ တနင်္ဂနွေ တနေ့ပဲ ဖွင့်သည်မှာ နေရာကို အသုံးမချနိုင်၊ ၀မ်းနည်း ဖွယ်ဖြစ်သည်။
အဓိက ယုံကြည်ချက် ခြားနားမှု (၄)ချက်
နှစ်မျိုးစလုံးသည် ထာဝရဘုရားဆိုသည်မှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် - သုံးပါး တစ်ဆူ အဖြစ် ယုံကြည်ကြသည်။ ပရိုတက်စတင့် များမှာ ကျမ်းစာ(နှုတ်ကပတ်တော်) Solar Scriptura တွင် ယုံကြည်ခြင်း အားလုံးပါသည်၊ ကျမ်းစာ ကို လိုက်နာရန် နေ့တိုင်း ကျမ်းစာဖတ်ခြင်း အဓိက ထားသည်။ ရိုမင်ကက်သလစ် များ၏ ကျမ်းအရေအတွက် ပိုများသည်။ ကျမ်းစာကို အဓိက ယုံကြည်ခြင်း အဖြစ် လက်မခံ။ အခြား ဓလေ့ထုံးစံ များဖြစ်သော အာပတ်ဖြေခြင်း (ဘုန်းတော်ကြီးထံ နှုတ်ဖြင့် အပြစ် ၀န်ချခြင်း)၊ သူတော်စ င်များဖြင့် ဆုတောင်းခြင်း၊ မယ်တော် မာရိ ကို ရှိခိုး၊ အလေးမြက်ပြုခြင်း .. စသည်များပါဝင်မှ ပြည့်စုံသော ယုံကြည်ခြင်းဟု သတ်မှတ်သည်။ ကျမ်းစာအုပ် Scripture မှာ အယူဝါဒ ၂ခု အဓိက ကွဲပြားခြားနားမှု ပထမအချက်ဖြစ်သည်။
ဒုတိယအချက်မှာ ရိုမင်ကက်သလစ်များတွင် အဆင့်ဆင့်အုပ်ချုပ်မှုရှိပြီး၊ ပုပ်ရဟန်းမင်းကို အထွဏ်အမြက်ထားသည်။ ဘုရားကျောင်းထိုင် ဘုန်းကြီးများကို ဘုန်းတော်ကြီးအဖွဲ့ကသာ ခန့်အပ်သည်။ ပရိုတက်စတင့်များက ထိုကဲ့သို့ ပုပ်ရဟန်းမင်း မရှိ။
တတိယအချက်မှာ ကယ်တင်ခြင်းရခြင်းဖြစ်သည်။ ပရိုတက်စတင့်များမှာ Five Solas ဟုခေါ်သော - Scripture, Faith, Grace, Christ & God တို့ဖြစ်ပြီး ၊ ရိုမင်ကက်သလစ်များ အချက်၇ချက်မှာ - : Baptism, Confirmation, the Eucharist, Penance, Anointing of the sick, Holy Orders, and Matrimony. တို့ဖြစ်ကြသည်။ ပရိုတက်စတင့်အများစုသည် သခင်ယေရှုအသေခံခြင်းဖြင့် မိမိတို့အပြစ်အားလုံး လွှတ်ခြင်းခံရသည် ဟု ခံယူကြသော်လည်း၊ ရိုမင်ကက်သလစ်တို့က မခံယူ၊ လုပ်ဆောင်မှုများပါဝင်ရမည် ဟု ဆိုသည်။
စတုထ္ထ အချက်မှာ သေလွန်ပြီးနောက်ပိုင်း အချက်ဖြစ်သည်။ ရိုမင်ကက်သလစ် များမှာ သေလွန်သူအတွက် Purguraty ဟုခေါ်သော ယာယီ အပြစ်လွှတ်တဲ့ ဓလေ့ထုံး တစ်ခုရှိပါသည်။ ပရိုတက်စတင့် များကတော့ သေပြီး တဲ့နောက် ဘုရားသခင် တိုက်ရိုက် ဆုံးဖြက်ပြီး၊ ကောင်းကင်ဘုံ ကို တိုက်ရိုက်ရောက်မယ် ခံယူ ပါတယ်။ (Corinthians 5:6-10 and Philippians 1:23).
ထို အဓိက ၄ချက်အပြင် ဒေသန္တရအသင်းတော်များအလိုက် ကွဲပြားခြားနားချက်များစွာရှိသည်။ အလှုငွေပေးခြင်းဖြင့် အပြစ်လွှတ်သည်ဆိုသော အချက်လည်း အငြင်းပွားစရာဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ ရိုးရာရိုမင်ကက်သလစ် အတွက် ဓလေ့ထုံးစံ လိုက်နာရန်များစွာရှိပြီး၊ ပလ္လင်ပေါ်တက်သူများမှာ ဘုန်းတော်ကြီးနှင့် ဘုရားကို အလွန့်၊အလွန် ရိုသေစွာ လက်ဝါးအုပ် လှုပ်ရှား၊ အရိုသေပေးကြပါသည်။ ပိုမို စည်းရုံး ကြသောကြောင့် အစိုးရ၊ အုပ်ချုပ်သူ များ၏ လေးစားမှု ကို ပိုမို ရရှိသည်။ ပရိုတက်စတင့် များမှာမူ အတော် လွတ်လပ်ကြပါသည်။ ယခုခေတ်တွင် ချီးမွမ်းခြင်း Charismatic Movement များစွာပေါ်ပေါက်လာသည်။ ပရိုတက်စတင့် များက ၁၉၆၂ ခန့်တွင် စတင်ခဲ့ပြီး၊ ရိုမင်ကက်သလစ် များက ၁၉၆၇ တွင် လှုပ်ရှား လာသည်။ ဂိုဏ်းဂဏ မရွေး သီဆိုချီးမွမ်း၊ သန့်ရှင်းသော ၀ိညာဉ် အားဖြင့် ၀တ်ပြု ကိုးကွယ်မှု တဟုန်ထိုး တိုးတက် လာသည်ကို တွေ့ရပါသည်။ ကာသိုလစ်များ သည် Charismatic Movement အားဖြင့် ဥပမာ - ဘုရားကျောင်း အချိန် မပေးနိုင်တော့သော လူငယ် အများစု အတွက် ဓလေ့ ထုံးစံ များကို လျှော့ပေး လာကြပါသည်။
နိဂုံး
ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် လူအားလုံး ယခုဘ၀၊ နောင်ဘ၀ ကယ်တင်ခြင်းရရှိရေးပင်ဖြစ်သည်။ တူညီသော ဓလေ့များ ဥပမာ - ခရစ်စမတ်၊ မဟာသောင်္ကြာနေ့ စသည်တို့တွင် အတူဆင်နွဲနိုင်ပါသည်။ တစ်ဖက်နှင့်တစ်ဖက် လေးစားကာ၊ မပုတ်ခတ်ရန် - ခရစ်တော်အောက်တွင် အတူရှိရန်သာ အရေးကြီးပါသည်။ မည်သို့ပင်ဖြစ်စေ ယခုဘ၀ တွင် မူ ဝေဒနာ ခံစားမှုများ ရှိမည်ဖြစ်သော်လည်း ဝေဒနာများကို ခရစ်တော် အားဖြင့်လွတ်ငြိမ်းမှု ရရှိသလို၊ နောင်ဘ၀ တွင် လည်း ထာဝရ အသက် ရရှိစဉ်တွင် လောကတွင် ခံရသော ကိုယ်၊စိတ်၊၀ိညာဉ် ဆင်းရဲမှု အားလုံး ကင်းရှင်းသော ကောင်းကင်ဘုံ သို့ ရောက်ရန် အတွက် ကျွန်ုပ်တို့ ခရစ်တော်ကို ယုံကြည်၊ လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ ထာဝရဘုရားသည်သာ အကြီးမြတ်ဆုံးဖြစ်ပြီး ဘုရားအလိုတော်ကို လက်ခံလိုက်နာရန်ခြင်းသာ အဓိကဖြစ်သည်။ မိမိအတွက် ဝိညာဉ် ပကတိ၏အကျိုးဖြစ်သော ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ဂလာတိ ၅း ၂၂ တို့ ရရှိပါက ကာသိုလစ်၊ ပရိုတက်စတင့် ဘာပဲဖြစ်ပါစေ ကောင်းပေသည်။ ကောင်းပေသည်။
ဇော်အောင် (မုံရွာ)
မှတ်ချက်၊ ကျွန်ုပ်သည် ပရိုတက်စတင့်ဖြစ်သော်လည်း ရိုမင်ကက်သလစ်ဘုရားကျောင်းများတက်လေ့ရှိပါသည်။ အဘယ့်ကြောင့်တက်ရသနည်းဆိုသော်
၁။ နေ့တိုင်း ၀တ်ပြုပွဲရှိခြင်း နှင့် အိမ်မှ ၁၅မိနစ်လမ်းလျှောက်သွားနိုင်ခြင်း.
၂။ တစ်နာရီအချိန်အတွင်း ကျမ်းပိုဒ်များရွတ်ဆိုခြင်း၊ နားထောင်ခြင်း။ ဓမ္မသီချင်များအတူသီဆိုခြင်း၊
၃။ ပလ္လင်ပေါ်တက်လာသော ဘုန်းတော်ကြီး၊ တူညီဝတ်စုံလူရွယ်ကလေးများ၏ ဘုရားကို အလွန်ရိုသေကိုင်းရှိုင်း၊ အထွဏ်အမြက်၊ အရိုသေပေးပုံများ၊ ကျမ်းစာ အပြန်အလှန် ဖတ်ခြင်းများ၊ ဘုန်းတော်ကြီး၏ ၁၅မိနစ် တရားဟောချက် .. စသည်တို့မှာ ဘုရားစကားနားထောင်နေရသည်နှင့်တူခြင်း .. စသည်တို့ကြောင့်ဖြစ်သည်။
No comments:
Post a Comment