လူဖြစ်သောကြောင့် မွေးကတည်းက အပြစ်ရှိပါသည်။ အပြစ်တရားကို လူသားအနေနှင့် မကျော်လွှားနိုင်ပါ။ ရှင်ယာကုပ် ၃ တွင် လျှာဟူသော ကျွန်ုပ်တို့ နှုတ်ပါးစပ်သည် အလွန်အပြစ်ကြီးကြောင်း ရေးသားထားပါသည်။ သတ်ဖြတ်ခြင်း၊ သူ့တစ်ပါးအား ရိုက်နှက်နာကြင်စေခြင်း၊ ခိုးဝှတ်ခြင်း၊ သူမယားပြစ်မှားခြင်း မရှိပါက လောက တရားရုံးတွင် အပြစ်မရှိပါ။ သို့သော် နှုတ်မှ မဟုတ်သက်သေခံခြင်း၊ လိမ်လည်ခြင်း၊ နာကြင်အောင်ပြောဆိုခြင်း တို့သည် ရှင်ယာကုပ်ရေးထားသော လျှာသည် သေးငယ်သော်လည်း အပြစ်ကြီးလှကြောင်း၊ နှုတ်မှ ဘုရားရှင်ကို ချီးမွမ်းခြင်းနှင့် ဘုရားကိုသံသယ၊အပြစ်တင်ခြင်း စသည့် ပိုမိုကြီးမားသောအပြစ်ကို လုပ်ဆောင်ပါသည်။ စိတ်၊၀ိညာဉ်နှင့် ပတ်သတ်လျှင်ကား အပြစ်ကြီးမားလှသည်မှာ မိမိအပြစ်ကို မိမိသိပါသည်။ သခင်ယေရှု မင်္ဂလာတရားတော်တွင် ဒေါသထွက်ခြင်းသည် သူ့အသက်ကိုသတ်ခြင်းကဲ့သို့၎င်း၊ သူ့တပါးပစ္စည်ကို လိုချင်တက်မက်ခြင်းသည်၎င်း၊ သူ့တပါးကိုလိင်စိတ်တက်မက်မှုသည်၎င်း၊ လိမ်ပြောရန်ကြံစည်လိုက်ခြင်းသည်၎င်း စိတ်ပိုင်းဆိုင်ရာ ကြီးမားလှသော အပြစ်တရားဖြစ်သည်။ နောက်ဆုံး၊ ဘုရားကို နေ့စဉ်မချီးမွမ်းနိုင်ပဲ မိမိပြဿနာများကိုသာ စိုးရိမ်၊ပူပန်၊ ကြောက်လန့်ကာ ၅မိနစ်ဆုတောင်းရာတွင် မိမိအခက်အခဲမှ ကယ်မတော်မှုပါဘုရား .. ဟု အဆက်မပြက်ရေရွတ်၊ဆုတောင်းတတ်ခြင်းသည် အဆိုးဝါးဆုံးအပြစ်ဖြစ်ပါသည်။ အခက်အခဲ၊ သေခါနီးအချိန်တွင်ပင် ဘုရားရှင်ကို ချီးမွမ်း၊ ကောင်းကြီးများရေတွက်တတ်ခြင်းသည် အထွဏ်အထိပ်သော ယုံကြည်ခြင်းပင်ဖြစ်သည်။
မိမိအပြစ်ကို ဘော်ပြတောင်းပန်ရာတွင် ၀ိညာဉ်ရေးခေါင်းဆောင်များက ပုံသက်သေပြရန်လိုသည်။ သိုးမဲများသည် ဘုရားကျောင်းအပြင်တွင် ဆိုး၊မိုက်၊ ပျက်စီးနေသူများကို အသင်းတော်သို့ ပြန်လာရေးအတွက် ကျွန်ုပ်တို့ ဘာလုပ်နေကြပါသလဲ။ ဖုန်းဆက်ပြီး နေကောင်းလား ဟုတောင် မမေးနိုင်ပဲ၊ ပစ်ထားလိုက်မည်လော၊ သူတို့နေရာကိုသွား၍ မဖြစ်ဘူး။ ဆာလံ၁အရ လူဆိုးတို့သွားရာလမ်းမရပ်မနေ၊ မထီမဲ့မြင်ပြုသူများအစည်းအဝေးမထိုင် ဟု ဝေးဝေး နေခြင်းသည် ကောင်းပါသည်။ သို့သော်လည်း ထိုသိုးမဲများ အေးဆေးစွာနေထိုင်တတ်သော အလုပ်လုပ်ရာနေရာ၊ စားသောက်ဆိုင်၊ မင်္ဂဆောင်များတွင်၎င်း၊ သိုးမဲများလည်းမကင်းနိုင်သော ဆေးရုံ၊ တရားရုံး၊ ထောင်များ၊ အင်မီဂရေးရှင်းများတွင်၎င်း သွားရောက်တွေ့ဆုံရန်ကော မဖြစ်နိုင်ဘူးလား၊ သိုးမဲများကို ဘုရားကျောင်းခေါ်လာရေးတွင် Action speaks louder than word ဆိုသည့်အတိုင်း "ဘုရားကျောင်းကို လာနော်" ဟု ပြောဆိုသည်ထက် "ဘုရားကျောင်းမှ မိမိဝမ်းမြောက်ခံစားမှုများကို တိုရင်းလိုရှင်းပြောပြ၊ မေတ္တာပြခြင်း" သည် ပိုမိုထိုရောက်ပေသည်။
သူများကို မေတ္တာပြရာတွင် မိမိသည် မဖြူစင်ပါ။ သင်နှင့်အတူတူ အပြစ်သားပင်ဖြစ်ကြောင်း၊ ယာကုတ် (အစ္စရေးလူမျိုးများ ဖခင်ကြိး) သည် လိမ်မာပါးနပ်ခြင်း သို့မဟုတ် လည်လည်ဝယ်ဝယ်ရှိခြင်း နှင့် တခါတရံ ကလိန်ကကျစ်လုပ်တတ်ခြင်း တို့ဖြင့် အပြစ်ကြီးလှသော ငွေရတတ်သော သူဌေးကြီးဖြစ်သည်။ သို့သော်လည်း အဘယ့်ကြောင့် ဘုရားသခင်ကောင်းကြီးများ ရရှိသနည်း ကျွန်တော်စဉ်းစားပါသည်။
မည်မျှဆိုးပေ၊မိုက်မဲသော်လည်း ဘုရားရှင်ရှေ့တွင် ဒူးထောက်၊ အပြစ်ဝန်ချပြီး ကျိုးပဲ့ကြေမွသောစိတ်နှလုံးဖြင့် ကိုယ်၊စိတ်၊၀ိညာဉ် (၃)ပါးစလုံးဖြင့် ကိုးကွယ်ဝတ်ပြုခြင်းသည် ယာကုတ် ၀ိသေသဖြစ်ပါသည်။ ထိုသို့သောသူများကို ဆင်းရဲ၊ချမ်းသာမရွေး ဘုရားသခင်စိတ်တော်နှင့်တွေ့ပါသည်။
ဇော်အောင် (မုံရွာ)
No comments:
Post a Comment