မြန်မာခရစ်ယာန်များ နိုင်ငံအရေးကိစ္စကိုလည်း သိပြီးဖြစ်မည် ယုံကြည်ပါသည်။ Burmese Bible မှလည်း သမ္မတဦးသိန်းစိန်အစိုးရ လုပ်ရပ်များကို ကြိုဆိုပါသည်။ တရုပ်ပြည်တွင် အချမ်းသာဆုံးပြည်နယ်ပင်လျှင် ထိုင်းနိုင်ငံစီးပွားရေးကို မမှီပါ။ ထို့ကြောင့် မြန်မာများတရုပ်ပြည်သွားအလုပ်မလုပ်ကြပါ။ ထိုင်း၊ မလေးရှား၊ စင်ကာပူသို့ အများဆုံးလာရောက် လုပ်ကိုင်ကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံအားလုံး ပူးပေါင်းလုပ်ဆောင်ကြရန်၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်။ ဧရာဝတီစီမံကိန်းကို ပြန်လည်စဉ်းစားရန်။ ပြည်ပနိုင်ငံများ အထူးသဖြင့် အရှေ့တောင်အာရှ၊ ထိုင်းနိုင်ငံ၊ EU နှင့် ဂျပန်၊အမေရိကန်များကို ဦးစားပေး စီးပွားလုပ်ဆောင်ရန် မျှော်လင့်ပါသည်။
လပ်စားမှုနည်းပါးလာပြီး၊ အလုပ်ကိုင်အခွင့်လမ်းများလာရန် ဆုတောင်းပါသည်။
No comments:
Post a Comment