Sunday, May 7, 2017

အောင်မြင်သူတယောက်ဘဝ

အောင်မြင်သူတယောက်ဘ၀ လူတိုင်းဖြစ်လိုပါတယ်။
.
အခုခေတ် အိုင်ဖုန်းစွန့်ဥိးတီထွင်သူ စတိဂျော့  ကွယ်လွန်သွားချိန် သူ့ဘ၀ မနက်ဖန်ငါသေပြီး ဆိုပြီး အကောင်းဆုံးလုပ်ဆောင်ရင်း၊ မိဘမဲ့ကလေးဘ၀၊ တက္ကသိုလ်ကျောင်းထွက်ဘ၀၊ အေပဲကွန်ပြူတာသူဌေးကြီးအဖြစ်ရောက်ခဲ့တယ်။ လူယုံသတ်သလို အေပဲက ထွက်ခွာခဲ့ရပြီး နှစ်ပေါင်းများစွာ ဆက်လက်ကြိုးစားရင်း နောက်ဆုံး အေပဲက ပြန်ခေါ်တယ်၊ အိုင်ဖုန်း ဆိုတာ တီထွင်ပြီး ဇနီး၊ သားသမီးများနဲ့ အလွန်နာမည်ကျော်၊ အလွန်ချမ်းသာကြွယ်ဝသူ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ကင်ဆာရောဂါခံစားပြီး ဘ၀နောက်ဆုံးအချိန်တွေမှာ မေတ္တာတရားအကြောင်း နောင်တနဲ့ပြောခဲ့ပါတယ်။ သူ့မှာ မိသားစုရှိပေမဲ့ အချိန်ပြည့်ဆရာဝန်၊ သူနာပြုတွေ ရှိပေမဲ့ ဘ၀နောက်ဆုံးအချိန်များမှာ မေတ္တာငတ်ခဲ့ကြောင်း ပြောဆိုရင်း တမလွန်ဘ၀ကူးပြောင်းသွားပါတယ်။
.
 ငွေကြေးဥစ္စာကမှ ထီပေါက်၊ ရတနာသိုက်တွေ့ပြီး နေ့ချင်းချမ်းသာနိုင်တယ်။ မေတ္တာတရား ဆိုတာ အချိန်များစွာ ပေးဆပ်ရပါတယ်။ မိမိကို မေတ္တာထားသူ တယောက်ရှိရင်ပဲ ဒီလောကမှာ လုံလောက်ပါတယ်။
.
ငယ်ရွယ်စဉ်မှာတော့ မေတ္တာတရားကို နားမလည်ကြပါ။ ဖိုမ ၊ မောင်နှမ၊ သူငယ်ချင်း ၊ ဆရာတပည့် ချစ်ခင်မှုများ (မြန်မာလို ၁၅၀၀၊ ၅၂၈) တွေပဲ မြင်ကြပါတယ်။ အနန္တမေတ္တာ အင်္ဂလိပ်လို အဂါပေ Agape Love ဆိုတာကိုတော့ ရင့်ကျက်လာချိန်မှာ ပိုပြီးသိလာပါတယ်။
.
အောင်မြင်သူ ဆိုတာ ဘုရားမေတ္တာ ရရှိခံစားနေသူကိုပဲ အောင်မြင်သူလို့ ခေါ်ချင်ပါတယ်။ နောက်သေချာတာတခုက ဘုရားမေတ္တာ ရရှိခံစားသူမှာ သူ့ပတ်ဝန်းကျင်မှာလဲ သူ့ကိုမေတ္တာပေးနေသူတွေ အများအပြားရှိပါတယ်။
.
.
ဘ၀အခက်ခဲဆုံး အချိန်များ
တနေ့က စိတ်ကောင်းရှိတဲ့ မိတ်ဆွေတယောက် ယာဉ်တိုက်မှုနဲ့ လမ်းမပေါ်မှာ ပွဲချင်းပြီးသေဆုံးပါတယ်။ သူ့ဇနီးကတော့ အသုဘမှာ ပြောရှာပါတယ်။ သူကတော့ ပြီးသွားပေမဲ့ ငါကတော့ ဒုက္ခဆင်းရဲတွေနဲ့ ကျန်ရစ်ပြီပေါ့..လို့ ၀မ်းနည်းစွာ ပြောပါတယ်။  နေစရာအိမ်လဲ ရှိ၊ သားသမီး၃ယောက် အလုပ်ကိုယ်စီ ရှိနေကြပြီး အမေမုဆိုးမအိမ်မှာပဲ စုဝေးနေကြတယ်။ နေတတ်ရင်တော့ ဘ၀မဆင်းရဲပါဘူး။ ပတ်ဝန်းကျင်မှာ တလ ကျပ်၃သောင်းပေးရတဲ့ တဲအိမ်လေးတွေမှာ ငှားနေရသူအမြောက်အများ ရှိနေကြတယ်။ တောရွာတွေမှာဆို ပိုဆိုးသေးတယ်။ ဘယ်လောက် ဆင်းရဲပါစေ၊ ကျန်းမာစွာ ၀င်ငွေရှိတဲ့အလုပ်ကလေး၊ အိမ်ငှားခလေး၊ ကူညီပံ့ပိုးမဲ့ မိတ်ဆွေတွေ ရှိနေရင်တော့ ဆင်းရဲမွဲတေပေမဲ့ ဘ၀အခက်ခဲကြီးတော့ မဟုတ်သေးပါဘူး။
.
ဆင်းရဲဒုက္ခများက ဘ၀အခက်ခဲကြီးလားလို့ မေးရင်၊ မဟုတ်ပါ ..လို့ဖြေရပါမယ်။
.
နာမကျန်း၊ ရောဂါခံစားနေချိန်က ဘ၀အခက်ခဲကြီးလားလို့ မေးရင်လဲ၊ မဟုတ်ပါ ..လို့ဖြေရပါမယ်။
.
မူရစ် အရက်စွဲနေခြင်း၊ မတရားသောမေထုန်(အိမ်ထောင်ရေးပြသနာ)၊ ရာဇ၀တ်မှု၊ ခိုးဆိုးလုယက်မှု၊ မတရားစွတ်စွဲခံရမှု၊ ထောင်သွင်းအကျဉ်းချခံမှုကိုပဲ ဘ၀အခက်ကြီးလား။

ပြန်ကောင်းမလာတော့မဲ့ ရောဂါဝေဒနာခံစားနေရချိန်၊ အသက်ကယ်စက်နဲ့နေရချိန်၊ (သို့မဟုတ်) မိမိကိုယ်တိုင် ဘာမှမလှုပ်ရှား၊ မစားသောက်၊ ဆီးဝမ်းမသွားနိုင်၊ ပက်လက်ဘ၀နဲ့ နေရချိန်လား။
.
ဒါတွေအားလုံးဟာ အခက်ခဲကြီးလို့ မပြောနိုင်ပါဘူး။
.
.
.
အကြီးမားဆုံး အခက်ခဲကတော့
အဖေါ်မဲ့ တယောက်တည်း၊ ဘယ်သူနဲ့မှ မိတ်ဆွေမရှိ ဖြစ်နေချိန်ပဲ ဖြစ်ပါတယ်။ Lonely Life လို့ခေါ်ပါတယ်။ တနည်းအားဖြင့် ပွင့်လင်းစွာ စကားပြောဖေါ်မရှိ ဖြစ်နေတဲ့ ဘ၀ဟာ မိမိဘ၀မှာ အလွန်ခက်ခဲတဲ့ ကာလဖြစ်ပါတယ်။ စာဖတ်သူ မိတ်ဆွေရဲ့ အမြင်နဲ့ ကွဲလွဲမှု ရှိနိုင်ပါတယ်။ ကွဲလွဲနိုင်ပါတယ်။
.
.
အဖြေရျာခြင်း။
စာရေးသူ အနေနဲ့ကတော့ စကားပြောဖေါ်မရှိခြင်း ဆိုတဲ့ ဘ၀အကြီးမားဆုံး အခက်ခဲကြီးရဲ့ အဖြေကတော့ မိမိကိုယ်ကို ပြောင်းလဲချိန်တန်ပြီး ဆိုပြီး ပြောင်းလဲဖို့၊ တနည်းအားဖြင့် အခုကတည်းက မေတ္တာရှင်ကို ရှာဇွေဖို့ အချိန်ပေးဖို့ လိုအပ်နေပါတယ်။
.
လူဆိုတာ တကယ်တော့ ကိုယ်ကျိုးရှာ သတ္တ၀ါတွေဖြစ်ပါတယ်။ မိမိအကျိုးပဲ ကြည့်တတ်ကြပါတယ်။ မိမိမှာ ငွေရှိရင် မိမိအတွက်ပဲ သုံးတတ်တယ်။ မိမိသားသမီး၊ ဇနီး၊ ဆွေမျိုး၊ မိတ်ေဆွ၊ စတဲ့ မိမိချစ်နှစ်သက်သူများကို ငွေ၊ လက်ဆောင် ပေးတတ်ပါတယ်။

အလားတူပဲ မေတ္တာဆိုတာလဲ မိမိမှာ ရှိနေမှ သူများကို ပေးနိုင်ပါတယ်။ မေတ္တာ ဘယ်ကရနိုင်မလဲ ..မေးခွန်းကတော့ မေတ္တာရှင်ကနေပဲ မေတ္တာရနိုင်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ မေတ္တာရှင်တွေ များများရှိလေလေ မိမိလည်း သူတို့အမျှဝေတဲ့ မေတ္တာတွေ ရရှိပြီး၊ ကိုယ်ကလဲ တပါးသူတွေကို မေတ္တာပေးဆပ်နိုင်မှာပါ။
.
.
မေတ္တာရှင်ကို ရှာဖွေခြင်း
ဘုရားမဲ့ဝါဒီတွေ၊ ဘုရားစုံဝါဒီတွေ ရှိသလို စာရေးသူကတော့ ခရစ်ယန်အယူဝါဒ သက်ဝင်ယုံကြည်တဲ့အတွက် မေတ္တာရှင်က ဘုရားသခင်ဖြစ်ပါတယ်။ သူနောက်လိုက်၊ သူ့ကို ယုံကြည်၊ သူကိုအားကိုး၊ သူစကားနားထောင်၊ သူကို လေးစား ကြောက်ရွံ့ တယ်ဆိုရင်၊ ဘုရားမကြိုက်တာတွေ မလုပ်ရင်တော့ ဘုရားသခင်ဆီက မေတ္တာတွေ တသွင်သွင် စီးဆင်း၊ ခံစား ရရှိမယ်ဖြစ်ပါတယ်။ ဘုရားသခင်က လောကသားတွေကို ချစ်တဲ့အတွက် တပါးတည်းသောသားတော် ယေရှုကို လောကီသားတွေအတွက် လက်ဝါးကပ်တိုင်ပေါ် အသေခံ စွန့်လွှတ်ခဲ့ပါတယ်။ မိမိကသာ အဲဒီမေတ္တာကို ခံယူတတ်ဖို့ လိုပါတယ်။
.
မေတ္တာရှင် ယေရှုကို တကယ်ရရှိပြီဆိုရင် ဘ၀အောင်မြင်မှု ရရှိပါပြီ။  အခက်ခဲအားလုံးကို ကျော်လွှားအောင်မြင်ပြီ ဖြစ်ပါတယ်။ အထီးကျန် မဖြစ်တော့ပါဘူး။ နေရက်စဉ်တိုင်း၊ အချိန်တိုင်း မိမိနဲ့စကားပြောဖော် ရှိနေပြီ ဖြစ်ပါတယ်။ မိတ်ဆွေကောင်းအဖြစ်၊ မိမိရဲ့ အရှင်သခင်အဖြစ် လက်ခံပြိးချိန်ကစပြီး မိမိဘ၀ အောင်မြင်ပြီ ဖြစ်ပါတယ်။ (ယေရှုနဲ့နေ့စဉ်စကားပြောခြင်း..အကြောင်း၊ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဧ၀ံဂေလိလုပ်ငန်းများ စသဖြင့် ယေရှုနဲ့သွားလာခြင်း ဖြစ်ပါတယ်)။
.
.
ကျမ်းပိုဒ် (၂ကော၅း၁၇)
လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တ၀ါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ဖြစ်ကြ၏။

No comments: