Thursday, September 24, 2015

နောက်ဆုံးသော အချိန်ကာလနီးပြီ။ အချိန်ပြည် ဘုရားနှင့်အတူရှိနေဖို့

အင်တာနက်အားဖြင့်လူတွေပျက်စီးတာများသည်
ဟိုးယခင်က အင်တာနက်မှာ ပေါက်ကရ၊ ပုံတွေမြင်ရတယ်၊ လိင်စာတွေတင်ထားကြတယ်။ အခုခေတ်မှာ ပေါက်ကရဗီဒီယိုတွေပါ လူတွေရဲ့ မိုဘိုင်းဖုန်းတွေထဲ ရောက်ကုန်တယ်။ မိမိရဲ့ ဝိညာဉ်ရေးဆိုင်ရာ ဘလောက်တခုကို လာရောက်ကြည့်သူ၊ ရှာဖွေသူများရဲ့ Search Word .. ကိုကြည့်လိုက်တော့ ..အား..လား.. လား.. ဝိညာဉ်ရေးရာစာစောင်ထဲမှာတော့ .. လိင်..မိန်းမ.. ဆိုတဲ့ညစာလုံးတွေ ရိုက်ပြီး ရှာဖွေနေတဲ့ မြန်မာတွေ မြောက်များစွာတွေ့ရပါတယ်။ ကိုယ်တင်ထားတဲ့ မြန်မာစာဝိညာဉ်ရေးစာအုပ် eBook တခုဆိုရင်  ၃၀၀၀ လောက် လာဖတ်သွားကြလို့ တော်တော်လူဖတ်များတယ် ထင်ခဲ့တယ်။ တခြားနာမည်ကြီး မြန်မာစာရေးဆရာတွေရဲ့ နာမည်ကျော်ဝတ္တုတွေတောင် အင်တာနက်မှာ လာဖတ်သူ တစ်သောင်းကျော်ပဲ ရှိတော့ .. အင်း..မိမိတင်ပေးထားတဲ့ ဝိညာဉ်ရေးစာအုပ်ကို . ဓမ္မမိတ်ဆွေတွေ ဆာငတ်စွာ ဖတ်ရှုနေကြတယ်...လို့ ရိုးသားစွာ မြင်လိုက်ပါတယ်။

ရုတ်တရက် .. Recommend to Read .. ဆိုတဲ့ စာတန်းအောက်မှာ စာအုပ်တချို့ကို မြင်လိုက်ပါတယ်။ တစ်သိန်းကျော် လာရောက်ဖတ်ရှုသွားတဲ့ မြန်မာစာအုပ်တွေပါ။ အသက် နဲ့ ရမက် .. စတဲ့ခေါင်းစဉ်နဲ့ စာအုပ်တချို့ကို ..ဘာများရေးထားသလဲ ကလစ်လုပ်ပြီး ကြည့်လိုက်မိပါတယ်။ အလိုလေး.. မြန်မာလူမျိုး မြောက်များစွာ ဖတ်ရှုတဲ့စာအုပ်က .. တနှာစာအုပ်ကြီးဖြစ်နေတာ ..တအံ့တသြ တွေ့လိုက်ရပါတယ်။
.
ဒါ..ယောင်္ကျားတွေပဲ ဖတ်တာဖြစ်ပါမယ်။ သမ္မာကျမ်းစာထဲမှာ ယောင်္ကျားသည်တယောက်တည်း မနေကောင်း ...လို့ရေးထားပါတယ်။ မိန်းမကို မပြောပါဘူး။ ဒါကြောင့် အင်တာနက်မှာ ညစ်ညမ်းတဲ့ ဗီဒီယို၊ ဓါတ်ပုံ၊ စာပေတွေ လိုက်လံကြည့်ရှုနေသူများဟာ ယောင်္ကျားတွေ ၉၀% အထက်ပဲ ဖြစ်ပါတယ်။ မိန်းမတွေတွေ ညစ်ညမ်းပုံများ တိတ်တဆိတ် တစ်ယောက်ထဲ ကြည့်ခဲပါတယ်။ ယောင်္ကျားများပဲ ဒီအလုပ် ဘုရားမကြိုက်တာကို စွဲစွဲမြဲမြဲ လုပ်ချင်ကြလို့.. ဘာသာရေးခေါင်းဆောင်များ .. ဆန့်ကျင်ဘက်လိင်နဲ့ စကားကြာကြာပြောဆိုတာမျိုး မလုပ်ကြပါဘူး။ ဗုဒ္ဓဘာသာ ဝိနည်းများမှာ ..ဘုန်းကြီးတွေ မိန်းမဆိုရင် သေတဲ့မသာတောင် လက်နဲ့မထိရဘူး.. ဆိုတဲ့အထိ ကြပ်တည်းစွာ တားမြစ်ထားပါတယ်။

အခုခေတ် မိုဘိုင်းဖုန်းတွေ ရောက်လာတော့ .. တယောက်ထဲနေချိန်မှာ ညစ်ညမ်းပုံတွေ မက်ဆေ့တွေ ဝင်လာလေ့ရှိပါတယ်။ ကြမ်းတမ်းညစ်ညမ်း၊ သတ်ဖြတ်တဲ့ မီဒီယာများကို အထူးသဖြင့် ယောင်္ကျားများ နှစ်သက်စွာ ကြည့်ရှုကြပါတယ်။ မိန်းမများကတော့ လှပတဲ့ရုပ်ရှင်မင်းသားပုံကို စွဲမက်စွာကြည့်ရှုတဲ့ ဒရမ်မာများကို နှစ်သက်ပါတယ်။ ဖေ့ဘုတ် ဆိုတဲ့ လူမျက်နှာများ .. ပေါ်လာတော့ အင်တာနက်မှာ ကိုယ်နှစ်သက်သူ ဘာတွေလှုပ်ရှားနေသလဲ ဆိုတာကို တိတ်တခိုး ကြည့်ရှုနေခြင်းကလဲ .. စာတန်မာနတ်က အချိန်တွေကို ခိုးယူနေပါတယ်။

မြန်မာပြည်ကလူတွေ .. မိုဘိုင်းဖုန်း၊ အင်တာနက်ရပြီး ပျက်စီးသူတွေ များနေပြီ။ ယုံကြည်သူ ..ကိုယ့်လူတွေ မပါသွားအောင် ဆုတောင်းကြပါ။ ယုံကြည်သူများ ..ကျမ်းစာ၊ နှုတ်ကပတ်တော်နဲ့ ပျော်မွေ့အောင် ဆုတောင်းကြပါ။

ဒါကြောင့် ... ညစ်ငြမ်းတဲ့ ဗီဒီယို၊ ရုပ်ပုံ၊ စာပိုဒ်များကို ရှောင်ရှားနိုင်ဖို့က အားလပ်ချိန်များမှာ မိမိစိတ်ဝင်စားတဲ့ အလုပ်ကိုအချိန်ပေးခြင်း၊ မိမိရဲ့ အရှင်သခင် ယေရှုခရစ်တော်အကြောင်းကိုပဲ ဖတ်ရှု၊ ဆွေးနွေး၊ ပြောဆိုခြင်းများ... တနည်းအားဖြင့် ဘုရားသခင်နဲ့မွေ့လျော်ရုံသာမက.. မိမိရဲ့ မိသားစုနဲ့လည်း အချိန်ပေးဖို့ပါ။

နောက်ဆုံးသော အချိန်ကာလနီးပြီ။ အချိန်ပြည် ဘုရားနှင့်အတူရှိနေဖို့ အသင့်ပြင်ထားဖို့ပါပဲ။

No comments: